Skip to main content

Windows XP မှာ Default Shares တွေ ပွင့်နေလို့ စိတ်ညစ်နေလား....

Windows XP မှာ Default Shares တွေ ဖြစ်တဲ့ C$ , D$ , E$ , ADMIN$ , ... စတဲ့ ကိုယ်က share မပေးပေမယ့် ပွင့်နေတဲ့ share လေးတွေ ရှိနေပါတယ်... ဒါလေးတွေက အန္တရာယ် ရှိလားဆိုတော့ ရှိတယ်လို့ပဲ ဖြေပါရစေဗျာ... ကိုယ်နဲ့ network အတူတူထဲမှာ ရှိနေတဲ့ အခြားလူ တစ်ယောက်က မိမိကွန်ပျူတာထဲမှာ ရှိတဲ့ data တွေကို အလွယ်တကူ ၀င်ကြည့်လို့ ရနိုင်လို့ပါပဲ... လွယ်တာမှ အရမ်းလွယ်တာပါ... ဥပမာ- ကျတော့်ရဲ့ ကွန်ပျူတာ အမည်က MgHla ဆိုပါတော့... အခြား ကွန်ပျူတာ ၁-လုံးရဲ့ Run ကနေဖြစ်ဖြစ်၊ Windows Explorer ရဲ့ Address bar ကနေဖြစ်ဖြစ် \\MgHla\D$ လို့ ရိုက်ထည့်လိုက် ကျတော့် ကွန်ပျူတာရဲ့ D ထဲမှာ ရှိတဲ့ ဒေတာတွေ အကုန် ဒီလူ ယူလို့ရသွားပြီဗျ... အန္တရာယ် အရမ်းကြီးတယ်နော်... အဲဒါ Windows XP ရဲ့ Default Shares တွေကြောင့် ဖြစ်ရတာပါ... Default Shares ပေးထားလား မပေးထားဘူးလား သိချင်ရင်... My Computer ကို Right Click လုပ်ပါ... ပေါ်လာတဲ့ menu ထဲက Manage ကို ရွေးပါ... System Tools > Share Folders > Shares ကိုရွေးပါ... အဲဒီထဲမှာ နာမည်နောက်ဆုံးမှာ $ အဆုံးသတ်ထားတာတွေဟာ Default Shares တွေပါပဲ...

အဲဒီ Windows XP Default Shares တွေ ပိတ်ချင်ရင် ဒီလို ပိတ်ရင် ရတယ်ဗျ...
၁- Run command (Windows Key + R ) ထဲဝင်ပါ...
၂- Regedit လို့ ရိုက်ထည့်ပါ... Registry ကို ပြင်တာ ဖြစ်တဲ့ အတွက် အန္တရာယ်များပါတယ်... Registry ကို backup လုပ်ထားလိုက်ပါဦး...
၃- HKEY_LOCAL_MACHINE ထဲက SYSTEM > CurrentControlSet > Services> LanManServer >Parameters ကိုသွားပါ...
၎- ညာဘက်မှာ AutoShareWks ဆိုတာလေး ရှိလား ရှာကြည့်ပါ... မရှိရင်တော့ ညာဘက် ၀င်းဒိုး လွတ်တဲ့နေရာမှာ Right click လုပ်ပါ... New > DWORD value ကိုရွေးပါ...
၅- New Value #1 ဆိုတဲ့ စာသားကို နေရာမှာ AutoShareWks ဆိုတာ အစားထိုးလိုက်ပါ...
၆- ပြီးရင် AutoShareWks ကို double click လုပ်ပြီး ပေါ်လာတဲ့ dialog box ထဲက Value data မှာ 0 ဟုတ်ရဲ့လားလို့ စစ်မှာ... 0 ဆို Default Shares တွေကို ပိတ်တာ... 1 ဆို Default Shares တွေကို ဖွင့်တာပါ...
၇- ပြီးရင် ကွန်ပျူတာ restart လုပ်လိုက်ပါ... ဒါဆိုရင် Default Shares ကို ပိတ်ပြီးသား ဖြစ်သွားပါပြီ...

Comments

ကွန်ပြူတာကို ပတ်စ်ဝက်နဲ့ပိတ်ထားရင်ကော ရလားမသိဘူး...
ဒါမှမဟုတ် lock လုပ်ထားရင်ကော ၀င်လို့ရလားမသိဘူး...
ပြောပြထားတာနဲ့ဒီမေးခွန်းတွေနဲ့ဆိုင်လာတော့မသိဘူး...ဆောရီးနော်
MgHla said…
မနိုင်းနိုင်းစနေ ခင်ဗျား...
ကွန်ပျူတာ ဖွင့်ထားရင်ကို Network ထဲက အခြားကွန်ပျူတာ တစ်လုံးကနေ ကိုယ့်ကွန်ပျူတာ hard disk ထဲကို ၀င်လို့ ရတတ်တာပါ... တခါတလေ ကျရင်တော့ user name နဲ့ password တောင်းတတ်ပြီး တခါတလေ မတောင်းဘဲ အသုံးပြုလို့ ရတတ်ပါတယ်... ၀င်လို့ရပြီဆို hard disk ထဲမှာ ရှိတဲ့ ဒေတာတွေကို အဲဒီလူက ခိုးကြည့်၊ ခိုးကူး ထားလို့ရပါတယ်ခင်ဗျား...

Popular posts from this blog

မနေ့က...

ရုံးကနေ ည ၇-နာရီလောက်မှပြန်ဖြစ်တယ်... FMI ထဲဝင်ပြီး ထမင်းဝင်စားပြီးမှ တည်းတဲ့ ဟိုတယ်ကို ၈-နာရီကျော်မှ ပြန်ရောက်တယ်... အမျိုးသမီးက ဖုန်းဆက်လာတယ်... သမီးက သူပြောချင်လို့ဆိုပြီး ဖုန်းဝင်ပြောတယ်... မူကြိုတက်နေတာ ၂-ပတ်နီးနီးပဲရှိသေးတာ တော်တော်လေး စကားတွေ ပြောတတ်လာပြီ... ဖုန်းဆက်တိုင်း သမီးမှာတတ်တာက J Donuts ဝယ်ခဲ့ပေးဖို့ပဲ... သမီးက J Donuts ကြိုက်တယ်လေ... မန္တလေးမှာ J Donuts မရှိဘူး... ရှိတဲ့ M Donuts ကိုကျတော့ သမီးက မကြိုက်ဘူးလေ... ရုံးက ဝယ်ထားပေးတဲ့ laptop မှာ လိုတဲ့ drivers တွေတင်ရင်း ၁၁း၃၀-နာရီလောက်မှ အိပ်ဖြစ်တယ်... သြော် ... ဘာလိုလိုနဲ့ ... ဒီနေ့ဆို ရန်ကုန် ရုံးကို ရောက်နေတာ ၂၇-ရက်တောင် ရှိနေပြီ... ဒါနဲ့ စကားမစပ် web cam ပါတဲ့ laptop တွေမှာ login လုပ်တဲ့နေရာမှာ Face Recognition နဲ့ လုပ်ချင်တယ်ဆိုရင် Lenovo က သူ့ laptop တွေအတွက် ရေးထားတဲ့ Lenovo VeriFace recognition လေးကို ရှာပြီး သုံးကြည့်ပါ... acer, dell, hp laptop တွေမှာ သုံးကြည့်တာ အဆင်ပြေကြောင်းပါ...

မြန်မာလို ဘလော့စရေးမယ်ဆိုရင်...

ပထမဆုံး ကျတော် ရေးခဲ့ဖူးတဲ့ Blog မှာ မြန်မာလို ရေးရတာ အဆင် ပြေအောင်... ကို အရင်ဖတ်ပြီး စမ်းကြည့်ပါ... post အသစ်ရေးဖို့ အတွက် compose လုပ်တဲ့နေရာရောက်သွားရင် “ဒီစာကို Select ပေးပြီးရေးပါ...” လို့မြင်ရရင်၊ ဖတ်လို့ရရင် လုပ်ထားတာမှန်တယ်... စာကို select ပေးပြီး ကိုယ်ရေးချင်တာရေးပေတော့... select ပေးထားတဲ့အချိန် delete မလုပ်ပါနဲ့၊ backspace မနှိပ်ပါနဲ့... ဒါက post တွေကိုပဲ မြန်မာလို မြင်ရအောင် လုပ်ပေးတာပါ... title တွေ၊ heading တွေ၊ ဘာညာတွေကို မြန်မာလို မြင်ရအောင် မလုပ်ပေးပါဘူး... ဒါနဲ့ အဆင်မပြေဘူးဆိုရင် ကိုယ်ရေးချင်တဲ့စာတွေကို notepad (သို့မဟုတ်) Word ထဲမှာ ရိုက် copy ကူးပြီး post အသစ်တင်တဲ့ထဲမှာ လာပြီး paste လုပ်... blog စာမျက်နှာ တစ်ခုလုံးကို Zawgyi-One font နဲ့ ပေါ်စေချင်တယ် ဆိုရင် How to Assign Zawgyi-One font in Blog [NLS] ကို လေ့လာပါ... ဒီအပေါ် ၂-ခုကို အရင်လေ့လာပါ... အဲဒီ ၂-ခုရရင် ဘလော့စာမျက်နှာ တစ်ခုလုံး မြန်မာလို အဆင်ပြေပြေနဲ့ ပေါ်ပါလိမ့်မယ်... မရသေးဘူးဆိုရင်လည်း ပြင်ကြည့်ပါ... အကြိမ်ကြိမ်ကြိုးစားကြည့်ပါ... ခေါင်းတွေ သေရည် သေရက် မသောက်ရဘဲ ခေါင်းတွေ ချာချာလည်မူးနောက်လိမ့်မည်... ကျတော်လည်...

PonNya Myanmar Unicode Font

ပုည font ကို ဘယ်လို install လုပ်နပီး ဘယ်လို အသုံးင်္ိပရြမလဲ…? 1. http://mamboforge.net/frs/download.php/6224/PonNya_Web_v1.1.zip ထဲမဋ္ဋ PonNya_web Installer ကို Download လုပ်နပီး Install လုပ်ပြ။ 2. PonNya_Web font ကိုတော့ C:\Windows\Fonts folder အောက်ထဲ copy ကူးထည့်ပြ (သိုဿ) Control Pannel အတ့င်းရဋ္ဋိ Fonts မဋ္ဋလည်း Install လုပ်ြိုင်ပသြည်။ 3. Install လုပ်နပီးပကြ Start > All Programs > Tavultesoft Keyman > Keyman ကို click ခေက်ြနပီး run ပြ။ 4. Task Bar မဋ္ဋာ ရဋ္ဋိတဲ့ နာရီ ဘေးမဋ္ဋာ Tavultesoft Keyman 6.0 icon လေးတှေ့ရပလြိမ့်မယ်။ ၎င်း icon မဋ္ဋာ Keyman ၏ မူလ icon အတိုင်း K icon လေး င်္ိဖစ်နေသည့် အခ္လိန်တ့င် ပုည font ငေ်္ိပာင်းနပီး ရိုက်ထားသော စာမ္လားသည် English လို ပေပြလြိမ့်မည်။ 5. င်္ိမန်မာလို ရိုက်ခ္လင်ပကြ ၎င်း icon ပေတြ့င် click ဋ္ဋြိပ်ပြ။ ပေလြာမယ့် pop-up menu ထဲမဋ္ဋ myanmarmtn ကို ရေ့းပြ။ K icon မဋ္ဋ င်္အိဖရြောင် နောက်ခံင်္ိဖင့် P icon သိုဿ ငေ်္ိပာင်းလဲသ့ားပလြိမ့်မည်။ ယင်းအခ္လိန်တ့င် PonNya_Web စာလုံးမ္လားကို အသုံးင်္ိပနြပီး င်္ိမန်မာလို ရိုက်ြိုင်ပသြည်။ 6. English လို ရိုက်ခ္လင်ပကြ P icon ပေမြဋ္ဋာ click ဋ္ဋြိပ်ပြ။ ပေလြာမယ့် pop-up me...