Skip to main content

Posts

Showing posts from April, 2019

Facebook 3D Photo ဖြစ်အောင် Photoshop သုံးပြီး လုပ်ရအောင်...

(1) Photoshop ကို ဖွင့်ပါ... (2) 3D Photo ဖြစ်ချင်တဲ့ ဓာတ်ပုံကို ဖွင့်ပါ... ကျော့်နမူနာလုပ်ပြမယ့်ပုံက အောက်ကပုံပါ... ဖိုင်နာမည်က _DSF4116.jpg ပါ... _DSF4116.jpg (3) ပုံထဲက ဘုရားဆင်းတုတော်လေးကို select ပေးပြီး ဖြတ်ထုတ်ပါ... ကျော့် အဖြူရောင် ဖြည့်ပြထားပါတယ်... (4) အဲဒါကို select ပေးပြီး Expand လုပ်ပြီး Feather လုပ်ပါ... Layer အသစ်ခေါ်ပြီး select လုပ်ထားတဲ့ထဲကို gray ထဲက ပိုနုတဲ့ gray အရောင်ကို ဖြည့်ပါ... (5) နောက်ထပ် layer တစ်ခုခေါ်ပြီး ပိုရင့်တဲ့ gray အရောင်ဖြည့်ပါ... အောက်ကပုံထဲမှာ layer အစီအစဉ်တွေ ပြထားပါတယ်... (6) အဆင့် (2) မှာ မြင်နေရတဲ့ အခြေအနေတိုင်း ထားပြီး File > Export > Export As ထဲဝင်ပြီး JPG/PNG format နဲ့ သိမ်းပေးပါ... ကျော့်ကတော့ ဖိုင်နာမည်ကို _DSF4116.jpg လို့ပေးလိုက်ပါတယ်... ဖိုင်နာမည်ပေးတာ အရေးကြီးပါတယ်... (7) အဆင့် (4) မှာ မြင်နေရတဲ့ အခြေအနေအတိုင်းထားပြီး ပုံကို Export လုပ်ပြီး အဆင့် (6)မှာ ပေးထားတဲ့ ဖိုင်နာမည်ရဲ့ နောက်မှာ _depth ထည့်ပြီး သိမ်းပါ... ကျော့်ကတော့ ဒီအဆင့်မှာ ဖိုင်နာမည်ကို မဖြစ်မနေ _DSF4116_depth.jpg လို့ ပေးရပါတယ်... ဖိုင်နာမည်ေ