Skip to main content

Posts

Showing posts from December, 2011

X'mas Eve @ St. Josept Catholic Church Mandalay, Myanmar

၂၄-ဒီဇင်ဘာ-၂၀၁၁ ညက ကိုစူပါ က St. Josept Catholic Church (ကျတော်တို့ခေါ် ဖားသားလဖုန်း)မှာ X'mas Eve ရှိတယ်ဆိုတာနဲ့ ကိုစူပါ ၊ ကိုရှု တို့နဲ့ အတူ ဓာတ်ပုံ သွားရိုက်ဖြစ်ပါတယ်...  ၂၅-ဒီဇင်ဘာ-၂၀၁၁ မနက် ၂-နာရီလောက်မှ ဖားသားလဖုန်းကနေ ပြန်လာဖြစ်ပါတယ်... အဲဒီနေ့က ရိုက်ဖြစ်တဲ့ ဓာတ်ပုံလေးတွေကို အားပေးပါဦး... My Labels: X'mas Eve, Mandalay News, Religious news, Christmas

မန္တလေးတွင် ၂၀-ဒီဇင်ဘာ-၂၀၁၁ ရက်နေ့မှ စပြီး ဂုံးကျော် တံတား ၂-ခုအား ဆိုင်ကယ် စက်ဘီး အသုံးပြုခွင့် မပြုခြင်းကြောင့် ယာဉ်ကြောများ ယခုထက် ပိုမို ပိတ်ဆို့နိုင်

ဂုံးကျော်တံတား ၂-ခုအား ၂၀-ဒီဇင်ဘာ-၂၀၁၁ ရက်နေ့မှ စပြီး ဆိုင်ကယ် စက်ဘီး သွားလာခွင့် ပိတ်ပင်မှုအား မန္တလေးထုတ် သတင်းစာ ဖတ်သည့် လူအနည်းစုသာ သိရှိကြပြီး ၇-ရက်ခန့်သာ သတင်းစာထဲမှ ကြိုတင်ကြေငြာ... (သတင်းစာထဲ ပြန်ကြည့်တော့ ၁၇-ဒီဇင်ဘာ-၁၁ ထုတ် သတင်းစာမှသာ ကြေငြာချက် စတွေ့) ၃၅-လမ်း ဂုံးကျော် ပုံမှန် အသုံးပြုနေသော ဆိုင်ကယ်စီးသူများမှာ အနီးဆုံး ၃၆-လမ်းမှ ဂုံးကျော်ရှောင်ပြီးသွားရန်လိုအပ်သည်... ၃၆-လမ်း ပေါ် ၇၈-လမ်းနှင့် လမ်း-၈၀ လမ်းဆုံများမှာ ယခင်ကတည်းက ကား၊ ဆိုင်ကယ်၊ စက်ဘီး အရမ်းရှုပ်သည့် လမ်းဖြစ်ပြီး ယာဉ်ထိန်းရဲများ လမ်းရှင်းပေးမှု အားနည်းသည့် လမ်းဆုံများ ဖြစ်ပါသည်။ ၃၅-လမ်းပေါ် လမ်း ၈၀ နှင့် ၈၁-လမ်း လမ်းဆုံများမှာလည်း လမ်းပိတ်ဆို့မှု ပိုမို ဖြစ်ပေါ်လာနိုင်.... လမ်းပိတ်ဆို့မှုဖြေရှင်းလိုသည့် အတွက် ဂုံးကျော် တံတားများအား ဆိုင်ကယ်၊ စက်ဘီး အသုံးပြုခွင့် ပိတ်ပင်သည်ဆိုပါက ဆေးမီးတိုနှင့် ကုသည့် လုပ်ဆောင်ချက်ဟုသာ မြင်ပါသည်။ ၂၆-လမ်းမှ ၃၅-လမ်း အတွင်း ၃၅-လမ်း ဂုံးကျော် တစ်ခုသာလျှင် အခမဲ့ အဆင်ပြေစွာ အသုံးပြုနိုင်သည့် အတွက်သာ ၃၅-လမ်း ဂုံးကျော်မှာ လမ်းပိတ်ဆို့မှု များနေရခြင်းသာ ဖြစ်သည်ဟု မြင်ပါသည်... မီးရထား ဘ