Skip to main content

Posts

Showing posts from February, 2008

မီးထပ်လောင် ပြန်ခြင်း (Mandalay Fire News)

ဒီနေ့ မနက် ၁၀း၁၅ နာရီဝန်းကျင် CAE အဆောင် နားမှာ မီးလောင်ပါတယ်... ယင်းဘော်ဒါ ဆောင်နားမှာရှိတဲ့ အားလူးကြော်ဖိုက နေစလောင်ပြီး CAE အဆောင်ဘက်ကိုပါ ကူးစက်ကြောင်း ကြားသိရပါတယ်... အချို့လူတွေကတော့ CAE စားဖိုဆောင်မှ စတင် လောင်ကျွမ်းခြင်း ဖြစ်တယ်လို့ ပြောကြပါတယ်... ဘယ်သတင်း က အမှန်လဲ တော့ မသိပါဘူး... ကျတော်ကိုယ်တိုင်လည်း အိမ်နဲ့ နီးတဲ့အတွက် အိမ်ကို ပြန်ပြေးပြီး ပစ္စည်းမှား ပြန်သိမ်းရပါတယ်... လာကြည့်သူ ဆိုင်ကယ်များ အရမ်းများတဲ့ အတွက် မီးလောင်ပြင်ဘက်ကို တော့ သွားရောက် ကြည့်ရှုနိုင်ခြင်း မရှိပါဘူး... အဆောင်နေ ကလေးများကတော့ ၃၂-လမ်းပေါ် စာအုပ်များ ပိုက်ပြီး အရှေ့မှ အနောက်ဘက်ကို ပြေးနေကြတာ တွေ့ရပါတယ်... ဖြစ်ဖြစ်ချင်း ဖြတ်သွားတဲ့ ကလေးတွေဆို မျက်နှာမှာ ထိခိုက်ဒဏ်ရာ ရသည့် ကလေးများ ပါဝင်ကြောင်း သိရပါတယ်... ပြေးလာတဲ့ ကျောင်းသားများရဲ့ အဆိုရ အချို့ကျောင်းသားများရဲ့ စာအုပ်များနဲ့ ပစ္စည်းများ မီးလောင်ရာမှာ ပါသွားတယ်လို့ဆိုပါတယ်... ၁၀း၄၅ မီနစ်ခန့်မှာ မီးငြိမ်းသွားပါပြီ... CAE ဘော်ဒါဆိုတာ မန္တလေးရဲ့ နာမည်ကြီး ဘော်ဒါဆောင်ဖြစ်ပြီး ၃၂-လမ်းနှင့် ၃၃-လမ်းကြား၊ ၆၄-လမ်းမပေါ်မှာ တည်ရှိပါတယ်... ဒီဓာတ်ပုံကို Sony Ericsson K510i

Fire @ Yadanabon Zay (Market) Part III

မနေ့က မီးထဲမှာ MCC ရဲ့ ရုံးခန်း ပါသွားပါတယ်... ဒီနေ့လောင်တဲ့ မီးထဲမှာ MCC အကုန်ပြာကျသွားတယ်... MCC အောက်ထပ်က Orange super market ပါ... Orange က air-con တက်ဖြုတ်ရင်း gas အိုး ပေါက်လို့ မီးထလောင်တာလို့ အခင်းဖြစ်ပွားစဉ်မှာ ရှိနေတဲ့ သူငယ်ချင်းက ပြောပါတယ်... မနေ့ညကတည်း ကွန်ပျူတာများကို သယ်နိုင်ခဲ့တဲ့ အတွက် စက်ခန်း ၃-ခန်းမှ ကွန်ပျူတာများကို သယ်ယူနိုင်ခဲ့တယ်လို့လည်း သိရပါတယ်... ဒီနေ့ ခုံနဲ့ အခြား ပစ္စည်းများကို သယ်ယူဖို့ ခွင့်ပြုချက်ကို လမ်းမပေါ်မှာ စောင့်ဆိုင်းနေရင်း အခုလို မီးလောင်တာ ဖြစ်ကြောင်း သိရပါတယ်... MCC မှ ၀န်ထမ်းများ ထိခိုက်ဒဏ်ရာ ရမှုလည်း မရှိဘူးလို့ သိရပါတယ်... MgHla ex-Lecturer (MCC Mandalay Branch) My labels: Mandalay News, Fire at Yadanabon Zay, မန်းလေး, မန္တလေး, ရတနာပုံဈေး မီးလောင်ခြင်း

Fire @ Yadanabon Zay (Market) Part II

ရတနာပုံဈေးမှာ မီးလောင်နေတာ အခုအချိန်အထိ မငြိမ်းသေးပါဘူး... ကြိုးစား ငြိမ်းသတ်နေကြတာကို တွေ့ရပါတယ်... အောက်က ပုံတွေက အခုနေ့လယ် ၂ နာရီ ဝန်းကျင်က ရိုက်ထားတာပါ... ကျတော့်ရဲ့ Google Pages မှာ တင်ထားတဲ့ အထက်ကပုံတွေ bandwidth ကျော်သွားလို့ မမြင်ရဘူး ဖြစ်နေပါတယ်... ဒီပုံတွေကို ကြည့်ချင်တယ် ဆိုရင်တော့ NativeMyanmar Forum မှာ သွားကြည့်နိုင်ကြောင်းပါ... My labels: Mandalay News, Fire at Yadanabon Zay, မန်းလေး, မန္တလေး, ရတနာပုံဈေး မီးလောင်ခြင်း

ရတနာပုံဈေး မီးလောင်နေခြင်း... (Mandalay News)

ရတနာပုံဈေးမှာ မီးလောင်နေတယ်... အခုအချိန်အထိ မငြိမ်းနိုင်သေးဘူး... ဘယ်အချိန်က စလောင်နေတာလဲတော့မသိပါ... ကျတော် ရုံးလာတော့ မီးခိုးတွေ တွေ့လို့ကြည့်လိုက်တော့ ရတနာပုံဈေး အပေါ်ထပ် ဖြစ်နေတယ်... ရတနာပုံဈေး အပေါ်ဆုံးထပ် အရှေ့ဘက်ခြမ်းလို့ ပြောကြတာပဲ... ရတနာပုံဈေးမှာ မြေညီထပ်မှာ ရတနာပုံဈေး၊ ပထမထပ်မှာ Skywalk shopping mall ၊ ဒုတိယထပ်မှာ ကုန်သည်ကြီးများ အသင်း၊ MCC ၊ ဓာတ်ပုံအသင်းများ၊ Relax စားသောက်ဆိုင်၊ တတိယထပ်မှာ MICT park၊ စတ္ထုထပ်မှာ Ray World Office တို့ရှိပါတယ်... ဓာတ်ပုံကြည့်လိုပါက NativeMyanmar Forum ရဲ့ မန္တလေး သတင်း တော့ပစ်အောက် မှာ သွားကြည့်နိုင်ပါတယ်... 10:50AM : အခုအချိန်အထိ လောင်နေတုန်းပါ... မန္တလေး ကွန်ပျူတာလောက ကြီးတော့ သွားတော့မယ် ထင်ပါတယ်... 11:50AM : 11း40 နာရီ ခန့်ကရိုက်ကူးထားသည့် ဓာတ်ပုံ Update 11:56AM: NativeMyanmar Forum မန္တလေး သတင်းတော့ပစ်အောက်တွင် အခြားသူများ ရိုက်ကူးထားသော ဓာတ်ပုံများကို ကြည့်နိုင်ပါသည်။ My labels: Mandalay News, Fire Yadanabon Zay, မန်းလေး, မန္တလေး, ရတနာပုံဈေး မီးလောင်ခြင်း

Way Back Home (Photos)

NativeMyanmar Forum မှာ ကိုသခင်ကြီး ဦးဆောင် ကျင်းပနေတဲ့ Weekly Photo Contest အတွက် ဒီတပတ် ခေါင်းစဉ် ဖြစ်တဲ့ အိမ်အပြန်လမ်း အတွက် ရိုက်ထားတဲ့ ပြိုင်ပွဲဝင်တဲ့ ပုံတွေပါ... My labels: Mandalay Photos, come back home, မန်းလေး, မန္တလေး, အိမ်ပြန်ချိန်, အိမ်အပြန်လမ်း, ဓာတ်ပုံ

Hindu Fire Walking Ceremony (Mandalay News)

ကျတော့် အမျိုးသမီးရဲ့ အကိုကြီးက ၇၇-လမ်းနဲ့ ၂၇-လမ်းထောင့်မှာ မီနင်းပွဲတော်ရှိတယ် ဆိုတာနဲ့ ကိုသခင်ကြီး ကို ဝင်ခေါ်ပြီး အရောက်သွားဖြစ်တယ်... ညနေ ၅း၁၅-နာရီလောက် ဟိုရောက်တော့ လူတွေ အများကြီး ရောက်နေပြီ... ဆိုင်ကယ်ကို လမ်းဘေးမှာ ထိုးရပ်ရင်း လူအုပ်ထဲ ဘယ်နားက ဝင်တိုးရင် ကောင်းမလဲ စဉ်းစားမိတယ်... ကိုဂျေ့နောက်လိုက်ဝင်ပြီး ရပ်နေတော့ ယောက်ဖက ဖုန်းဆက်ပြီး အဲဒီဘက်က အဝင်ဘက် ဓာတ်ပုံရိုက်လို့ ကောင်းမှာ မဟုတ်ဘူး၊ သူ့ဘက်လာခဲ့ပါဆိုလို့ ဝင်သွားလိုက်တာ မီးပုံဘေး ကပ်ရက်ကို ရောက်သွားတယ်... ဟော... သတင်းထောက် ကိုဇော်ဌေးလည်း ကာထားတဲ့ တန်းပေါ် တက်ထိုင်ပြီး ဓာတ်ပုံရိုက်ဖို့ စောင့်နေတယ်... ဓာတ်ပုံထဲမှာကြည့်ရင်တော့ ပြာဖုံးနေတဲ့ မီးခဲတွေလို့ ထင်ရပေမယ့်... တကယ်ပူတဲ့ မီးဗျာ... မီးနင်းမယ့်လူတွေ မရောက်ခင် မျက်နှာကို လက်နဲ့ ကွယ်ထားရတယ်... ခဏနေတော့ ကျတော့်ရှေ့ကို လူငယ်အဖွဲ့ရောက်လာတယ် မီးပုံထဲ ပြုတ်ကျမှာစိုးလို့ လက်တွေနဲ့ ကာထားလေရဲ့... မီးနင်းမယ့်လူတွေလည်း လာရော ဓာတ်ပုံတွေ တစ်ပုံပြီး တစ်ပုံ ဆက်တိုက် ရိုက်ဖြစ်တယ်... အမြန် တစ်ခါမှ မရိုက်ဖူးလို့ ရိုက်ရတာ ဒုက္ခရောက်တယ်... နေဝင်တော့မှာမို့ အမြန်လည်း ရိုက်လို့ရအောင် ISO 1600 တင်

မန်းတောင်ခြေက သတ်သတ်လွတ်စား ခြင်္သေ့ကြီး (Mandalay Hill & Lion)

မနေ့က ကိုဂျေရယ်၊ ကျတော်ရယ်၊ ဘုဃံနက်ရယ် သုံးယောက်သား မန္တလေးတောင်ကို ဓာတ်ပုံရိုက်မယ်ဆိုပြီး သွားကြတယ်... မန္တလေးတောင်ကို မရိုက်ဖြစ်ဘဲ တောင်ခြေက ခြင်္သေ့ကြီး ၂-ကောင်ကိုပဲ လှည့်ပတ်ရိုက်ပြီး ပြန်လာခဲ့ကြတယ်... ရိုက်ထားတဲ့ ထဲက ကျတော် အကြိုက်ဆုံး ၁-ပုံ... My labels: Mandalay Hill, Lion, Night Shot, မန္တလေးတောင် ဓာတ်ပုံ

What are you thinking at the moment?

အခုဘာတွေ စဉ်းစားနေလဲ ဟုတ်စ... အေးအေး လူလူနေပြီး ကိုယ်ကြိုက်တာ ကိုယ်လုပ်ခွင့် ရမယ်၊ လခလည်း ကောင်းမယ်၊ facilities လည်း ကောင်းမယ့် အလုပ်မျိုးမှာ လုပ်ချင်နေတယ်... ဒီအင်တာနက်ကြီးက နှေးလို့ Bgan ၀ယ်တပ် ပေးပါဆိုရင် ချက်ချင်း ၀ယ်တပ်ပေးမယ်... BaganNET connection မှာသုံးဖို့ ကွန်ပျူတာ တစ်လုံး၊ MPT connection နဲ့သုံးဖို့ ကွန်ပျူတာ တစ်လုံး၊ Bgan connection နဲ့သုံးဖို့ ကွန်ပျူတာ တစ်လုံး၊ အွန်လိုင်း တီဗီကြည့်ဖို့ ကွန်ပျူတာ တစ်လုံး၊ အိမ်မှာ သမီး DVD ကြည့်ဖို့ laptop တစ်လုံးရယ်၊ အိမ်မှာ ညစိတ်ကူးပေါက်လာရင် အလုပ်လုပ်ဖို့ အင်တာနက်လိုင်း တစ်လိုင်း လိုချင်ပါတယ်လို့ ပြောလိုက်ရင် ချက်ချင်း ရော့ ကြိုက်တာ ၀ယ်ဆိုပြီး ပိုက်ဆံတွေပေးမယ့် သူဌေးမျိုး ရရင် ကောင်းမယ် လို့ စဉ်းစားနေမိတယ်... အင်း အသံမထွက်တဲ့ မီးစက်မျိုးရရင် လိုချင်သေးတယ်... ကျတော် အခုကိုင်နေတဲ့ Nikon D60 လေး battery မကောင်းတော့လို လဲချင်လို့ပါ သူဌေးလို့ သွားပြောတာနဲ့ battery လဲမနေနဲ့တော့ အခု နောက်ဆုံးပေါ်နေတဲ့ Nikon D300 နဲ့ ရှိသမျှ lens အကုန်၊ flash အမျိုးအစားအကုန်၊ လိုအပ်သမျှ သွားဝယ်ချေလို့ ငွေပါပေးပြီး သွားဝယ် ခိုင်းမယ့် သူဌေးမျိုး ရရင် ကောင်းမယ

Burglish WebText Editor

မနေ့က ညီငယ် Saturngod's Blog ကို ရောက်သွားတော့မှ သူညွှန်းထားတဲ့ Burglish WebText Editor ကို စမ်းကြည့်မိတယ်... တော်တော်လေးကို သဘောကျမိတယ်... Zawgyi keyboard layout မရှိတဲ့ ကွန်ပျူတာတွေမှာ Zawgyi-One နဲ့ စာရိုက်ချင်တယ် ဆိုရင် အဲဒီမှာ ရိုက်လို့ရတယ်... အဲဒါ အပြင် burglish သုံးပြီး Zawgyi-One, UniBurma, Myazedi, PadaukOT, Myanmar3 စာလုံးတွေနဲ့ မြန်မာလို ပေါ်အောင်လည်း ရိုက်လို့ရတယ်... ကျတော်ကတော့ မြန်မာတွေ burglish သုံးတာကို အားမပေးပေမယ့်... မြန်မာစာ လေ့လာနေတဲ့ နိုင်ငံခြားသားတွေ burglish သုံးဖို့အတွက် လုပ်ပေးနေတာကို ထောက်ခံတယ်... အားပေးတယ်... အခု ပြောနေတဲ့ Burglish ရယ်၊ Font converter များကို အခမဲ့ download လုပ်ခွင့် ပေးထားတာကို လည်း တွေ့ရတော့ တီထွင်သူများကို လေးစား ကြည်ညိုမိတယ်... အရင်တုန်းက အခု ပုံစံ ဖြစ်လာမယ့် burglish ကို စမ်းသုံးကြည့် ဖူးပေမယ့် မကြိုက်ခဲ့ဘူး... အခု ဖြစ်လာတဲ့ burglish ကို တော်တော်လေး ကြိုက်မိတယ်... ကိုစိုးမင်း ဦးဆောင် ရေးသား နေတဲ့ burglish project ဟာ web အခြေပြုတင်မက Windows မှာ ပါသုံးနိုင်တဲ့ Microsoft ကပါ အသိအမှတ်ပြုမယ့် keyboard layout/IME တစ်ခုလည်း ဖြစ်လာပါစေလု

မနေ့က...

မနေ့က ဘုဃံနက် ရယ်၊ ကျတော်ရယ် ၂-ယောက်သား D40တွေ ကိုင်ဆောင်ပြီး Swan Hotel (အရင်က မန္တလေး ဟော်တယ်)ကို ချီတက်ခဲ့ရတယ်... PUPA က ဦးဆောင် ကျင်းပတဲ့ Mr. & Ms Valentine ရွေးချယ်ပွဲကြီး ရှိတာကိုး... ဘယ်သူတွေ ဆုရရှိသွားတယ် ဆိုတာတော့ မသိခဲ့ပါဘူး... အိမ်က မာရှယ်လော ထုတ်ထားလို့ ၉-နာရီခွဲလောက်မှာ ပြန်ခဲ့ရလို့ပါ... မနေ့က ရိုက်ခဲ့တဲ့ ဓာတ်ပုံတွေကို ကြည့်ရှုပါဦး... Miss Valentine ပြိုင်ပွဲဝင်တွေ စုံတွဲပြိုင်ပွဲဝင်သူတွေ သူကတော့ နာမည်ကျော် blogger ကြီး တစ်ယောက်ပေါ့... My labels: Mandalay News, Valentine

ဒီနေ့ဟာ... ဖေဖော်ဝါရီ ၁၃ရက်နေ့ဟာ...

ဒီနေ့ဟာ... ဖေဖော်ဝါရီ ၁၃ရက်နေ့ဟာ... ကိုသခင်ကြီး ဆီမှ ခွင့်ပြုချက်တောင်းပြီး ကိုသခင်ကြီးရဲ့ ဘလော့ မှ ရယူပါသည်။ ဗိုလ်ချုပ်ကို အသက်သေအောင် သတ်ခဲ့ ဂဠုန်ဦးစောနဲ့ အပေါင်းအပါတွေကို ကျတော် မကျေနပ်ဘူး... အခုလည်း ဗိုလ်ချုပ် နာမည်ကို ...........

လွတ်လပ်မှု နဲ့ ကရဝိတ်...

ဆုပ်ကိုင် ဖမ်းပြလို့မရတဲ့ အင်တာနက်ဆိုတဲ့ထဲက blog လောကမှာ ဆုံဆည်းခဲ့သူ သူငယ်ချင်းရေ... ရန်ကုန် ကန်တော်ကြီးက ကရဝိတ်ကို လွတ်လွတ်လပ်လပ် ပြန်ကြည့်နိုင်ပြီး ကဗျာတွေ စာတွေ ရေးနိုင်ပါစေခင်ဗျာ... My Labels: Photo, Night Sense, Karawait, Kandawgyi, Yangon