Skip to main content

Posts

Showing posts with the label htooeinthin

ထူးအိမ်သင် (HtooEainThin.com) web site အတွက် အလှူငွေ ထည့်ရအောင်

ထူးအိမ်သင် ( HtooEainThin.com ) web site အစဉ်အမြဲ ရေရှည် တည်တံ့နေစေရေးအတွက် အလှူငွေများကို အောက်ဖော်ပြပါ Make a Donation button ကို နှိပ်ခြင်းအားဖြင့် လှူဒါန်းနိုင်ပြီ ဖြစ်ပါကြောင်း လေးစားစွာဖြင့် အသိပေးအပ်ပါသည်။ My Labels: htooeainthin.com, het, htooeinthin,

ရောက်တတ်ရာရာ...

ဒီနှစ်ထဲရောက်မှ ဘာမှ မရေးဖြစ်တာ နည်းနည်း ကြာသွားတယ်... အလုပ်တွေကလည်း ရှုပ်သွားသလို၊ အဲဒီ ရှုပ်တဲ့ အလုပ်တွေကြောင့် စိတ်လေနေတာလည်း ပါပါရဲ့... ကျတော့်ကို အကူအညီလာတောင်းတဲ့ သူတွေကိုတောင် ပြန်မဖြေပေးနိုင်ဘူး ဖြစ်သွားတယ်... ပညာလျှိုထားတယ်၊ မာနကြီးတဲ့ ကောင်ကြီးလို့တော့ ထင်ကြတော့မှာပဲ... ခုရုံးမှာ ကျတော်က ဒီဇိုင်း ၊ ကွန်ပျူတာ ပြင်ဆင်ထိန်းသိမ်းရေးနဲ့ ပတ်သက်တာ၊ ကွန်ပျူတာ ပစ္စည်း ဝယ်ပေးရတာ၊ ဈေးစုံစမ်း ပေးရတာ၊ ရုံး website တက်လား မတက်လား စစ်ဆေးပေးရတာ၊ e-mail တွေ စစ်ပေးရတာ၊ တခါတလေ ကွန်ပျူတာ ပရိုဂရမ်ငယ်လေးတွေ ရေးပေးရတာ မျိုးတွေ လုပ်ပေးရတယ်... တောက်တိုမယ်ရ လုပ်တဲ့ ကောင်လေးပါ... ဟိုကောင်လေး ကွန်ပျူတာ ဖုန်သုတ် စမ်းဆိုလဲ ကျတော်ပါပဲ... ဟိုဟာလေးကို ဟိုနေရာ ရွေ့လိုက်ပါဦး ဆိုလည်း ကျတော်ပါပဲ... ဒါပေမယ့် ကျတော် အများဆုံး လုပ်နေရတာက ဒီဇိုင်းအလုပ်တွေပါ... ၃-လ လောက်ရှိပြီ ထင်တယ်... marketing က ခိုင်းတဲ့ ဒီဇိုင်းတွေ ပြီးသွားပြီ ဆိုပြီး နားမယ် ကြံလိုက်ရင် ဟော စက်ရုံက လာခိုင်းပြန်ပါပြီ... နားမယ် ထပ်ကြံလိုက်ပြန်ရင် ဟော ဒါရိုက်တာက လာခိုင်းပြန်ပါပြီ... ဒီကြားထဲ ဒုက္ခပေးလိုက်ကြတဲ့ ကွန်ပျူတာတွေ... အဲဒီ လို အလုပ် ရှုပ်နေတဲ့