Skip to main content

Posts

Showing posts with the label ooredoo

MgHla နှင့် #ooredoo စိတ်ကြိုက်နံပါတ် ဝယ်ယူခြင်း အတွေ့အကြုံ

ooredoo အရောင်းဆိုင်မှာ ဝယ်လို့ရမယ်ထင်လို့ အရောင်းဆိုင်ကို မနေ့က သွားတော့ ooredoo call center 234 ကို ဖုန်းဆက်မှာပြီးမှ အရောင်းဆိုင်မှာ ပြန်လာဝယ်ရမှန်း သိခဲ့ရတယ်။ အဲ့ဒါနဲ့ ooredoo ဖုန်းနဲ့ 234 ကိုဆက်ပြီး ကျတော်လိုချင်တဲ့ နံပါတ်ရှိလား စုံစမ်းတော့ ရှိတယ်လို့ ပြန်ဖြေတယ်... ဈေးမေးကြည့်တော့ ကျတော်လိုချင်တဲါ နံပါတ်က ၁၅၀ဝိ/- ပါပဲ... ယူမယ်ပြောလိုက်တာနဲ့ call center ဝန်ထမ်းက အခြားသူတွေ ဝယ်လို့မရအောင် password လိုမျိုး ကိုယ်ပေးချင်တဲ့ code ၈-လုံးပြောခိုင်းပါတယ်... ပြီးရင် ဝယ်ချင်တဲ့ ဖုန်းနံပါတ်နဲ့ code ၈-လုံးကို သေချာ ပြန်ပြောပြပါတယ်... ဆိုင်မှာ သွားဝယ်တဲ့အခါဝယ်မယ်ပြောထားတဲ့ ဖုန်းနံပါတ်နဲ့ code ၈-လုံး တူမှ ဝယ်လို့ရမယ့် အကြောင်းရယ်၊ မှတ်ပုံတင် သို့မဟုတ် ယာဉ်မောင်းလိုင်စင် ယူသွားဖို့ရယ်၊ ဖုန်းဆက်တဲ့ အချိန်ကစပြီး ၂၄-နာရီ အတွင်းသာ ဝယ်ယူနိုင်ကြောင်း ရှင်းပြပါတယ်... ၂၄-နာရီအတွင်း မဝယ်ဖြစ်ခဲ့ရင် 234 ကိုဖုန်းခေါ်ပြီး အခုလို ပြန်လုပ်ဖို့ ရှင်းပြပါတယ်... Call Center က ဝန်ဆောင်မှု ကောင်းပါတယ်... ဒီနေ့ ၇၃-လမ်းပေါ်က ooredoo အရောင်းဆိုင်ကိုသွားပြီး token နံပါတ်ယူပါတယ်... ရှေ့မှာ လူ ၇-ယောက် ၈-ယောက်လောက