Skip to main content

Posts

Showing posts with the label သတင်း

တက်ကုန်ပြီ...

မနေ့ကမှ ဆိုင်ကယ် ဆီထုတ်ခဲ့တာ ၁-ဂါလန်ကို ၁၅၀၀-ကျပ်တဲ့... အခုမနက် သွားထုတ်ပြီး ပြန်လာတဲ့သူတွေ ပြောတာ ဓာတ်ဆီက ၁-ဂါလန်ကို ၂၅၀၀-ကျပ်၊ ဒီဇယ်က ၃၀၀၀-ကျပ်တဲ့.... အမလေး... မောင်မင်းကြီး သားတို့ရေ... My Labels: Mandalay News, Myanmar News, မန္တလေး သတင်း, သတင်း, ရန်ကုန် သတင်း,

ဒါနဲ့စကားမစပ်...

ဒါနဲ့စကားမစပ်... (ယူသုံးတယ်ဟေ့ ဘုဃံဏက်) Blogspot ပေါ်တင်တဲ့ပုံတွေကို Picasa Web Album မှာ သိမ်းထားပေးတာကို ဒီနေ့မှ သတိထားမိတယ်... အရင်က ဖျက်ချင်ရင်တောင် ဘယ်နား ပြန်ရှာ ဖျက်ရမှန်းမသိဘူး... ဒါနဲ့စကားမစပ်... မနေ့ညက ၈-နာရီကျော်ကျော်မှာ လေတွေတိုက်ပြီး မိုးတွေရွာတယ်... ညဘက်အိပ်လို့ ကောင်းလိုက်တာ အေးအေးလေးနဲ့ အိပ်လိုက်တာ မနက် ၇-နာရီကျော်မှ နိုးတယ်... ဒါနဲ့စကားမစပ်... ကျတော် ညွှန်းထားတဲ့ နဝရတ် ဖူဂျီ ဓာတ်ပုံကူးဆိုင်က 4x6 ဆိုဒ် ၁-ပုံကို ၁၀၀-ကျပ် ဖြစ်သွားပြီ... My Labels: သတင်း, ဒါနဲ့စကားမစပ်, မန္တလေး သတင်း, Mandalay News,

အနုပညာ ပြပွဲ ရှိတယ်...

မန္တလေး၊ ၆-ဒီဇင်ဘာ-၀၆ မြန်မာနိုင်ငံ ပန်းချီ၊ ပန်းပု၊ အနုပညာ ပြပွဲကို ယခုလ ၁၀-ရက်နေမှ ၁၆-ရက်နေ့အထိ မန္တလေးမြို့၊ မြို့တော် ခန်းမ-၁ မှာ ကျင်းပပြုလုပ်မှာ ဖြစ်ကြောင်း ကြော်ငြာထားသော လမ်းဖြတ် ကြော်ငြာများအရသိရပါတယ်...

... Mandalay & Pyin-Oo-Lwin (MayMyo) News ...

မန္တလေးမှာ ဘောလုံးပွဲရှိတယ်... Grand Royal က ဦးစီးကျင်းပပြီး မြန်မာ၊ အင်ဒို၊ မလေး (U23) ၊ မြန်မာ (U23) တို့ပါမယ့် Grand Royal ဖိတ်ခေါ် ဖလား ဘောလုံးပြိုင်ပွဲကို ဒီဇင်ဘာလ ၁၇-ရက် ကနေ ၂၃-ရက်နေ့ အထိ မန္တလေးမြို့ ဗထူးကွင်းမှာ စည်ကား သိုက်မြိုက်စွာ ကျင်းပမယ်လို့သိရပါတယ်... ပြင်ဦးလွင် စိန်ရတုပွဲ... ဒီဇင်ဘာလ ၁၄-၁၈ ရက်အတွင်း ပြင်ဦးလွင် (မေမြို့) အမျိုးသားကန်တော်ကြီး ဥယျာဉ် စိန်ရတုပွဲတော်ကိုလည်း ပြင်ဦးလွင်မှာ ကျင်းပပြုလုပ်မယ်လို့ သတင်းရထားကြောင်းပါ...

...လျှပ်တစ်ပြက်ဂျာနယ်မှ ဆောင်းပါး တစ်ပုဒ်...

ဖတ်ကြည့်ပါဦး ... လျှပ်တစ်ပြက်ဂျာနယ်မှာ မကွေးလှမြင့် ရေးထားတာလေးပါ... အဲဒီလိုနဲ့ ကျွန်တော်တိုႛလည်း နောက်ထပ် ငွေ(၇)သိန်းခွဲ သွင်းပြီးနိုံင်ငံခြားကို ခရီးထွက်ဖိုႛ စီစဉ်ခဲ့ပါ တယ်။ လေယာဉ်လက်မှတ်ကို ပွဲစားက ယူထားပြီး၊ ထွက်ရမယ့်နေႛ လေ ယာဉ်ကွင်းမှာ ဆုံကြဖိုႛပြောပြီးလူချင်းခွဲ ခဲ့ကြပါတယ်။ ထွက်မယ့်နေႛ လေယာဉ် ကွင်းကို ရောက်သွားတော့ ပွဲစားက လေယာဉ်ခရီးစဉ် ပြောင်းလိုက်လိုႛ (၉း၃၀) က လေယာဉ်ထွက်သွားပြီ လိုႛပြောပၝတယ်။ ကျန်နေခဲ့တာပေၝ့နိုင်ငံခြားသွားဖူးတဲ့ အတွေႚအကြုံ လည်းမရှိ၊ လေယာဉ်တွေရဲႚ သဘော သဘာဝကိုနားမလည်သူတွေအတွက် သင်ခန်းစာယူစရာပါ။ ကျန်နေတဲ့ အတွက် နောက်ကျကြေးတစ်သိန်းခွဲ ထပ်ပြီး၊ ကုမ္ပဏီကို သွင်းရမယ်လိုႛ ဆိုပၝတယ်။ အဲဒီငွေ မပေနိုင်ရင် ပထမသွင်းထားတဲ့ ငွေ(၇)သိန်းခွဲလည်း ဆုံးမယ်တဲ့ နိုင်ငံခြားလည်း မသွားရဘူးတဲ့။ more...

သတင်းလား အတင်းလား ပေါက်ကရတွေလား...

mghla.com domain ကို ဘန်ကောက် ရောက်နေတဲ့ ချစ်သူငယ်ချင်းကြီး ဝေဖြိုးအောင် ကောင်းမှုနဲ့ ရပါပြီ... ခုတလော အဲဒါကိုပဲ လျှောက်စမ်းနေမိသည်... ဟိုစမ်း ဒီစမ်း လုပ်နေတုန်းမို့ http://blog.mghla.com နဲ့ ဒီ blog ထဲကို ရောက်အောင် လုပ်ထားသည်... သူငယ်ချင်းဝေဖြိုးအောင်ကို ကျေးဇူးအထူး တင်ပါသည်... ထိုင်းမ အပျိုစစ် ချောချောလေးနဲ့ ရပါစေ... စာပြင် - dns လျောက်စမ်းရင်းနဲ့ ဒုက္ခရောက်နေလို့ blog ကို http://blog.mghla.com နဲ့ လာလို့ရအောင် လုပ်ထားသည်... ၁-ပတ် လောက်တော့ ရှိပြီ မန္တလေးမှာ သိသိသာသာ အေးလာသည်... တော်တော်လေးကို ချမ်းလာသည်... နေ့လည်စာ ထမင်းစားပြန်တာ အနွေးထည် ၀တ်ပြန်မှ အဆင်ပြေသည်... မန္တလေးမှာ သိသိသာသာ မီးပျက်ချိန်လည်း များလာသည်... ၆-နာရီလာရမည်ကို အလွန်ဆုံး ၃-နာရီလောက် လာတာမျိုး၊ ည ၆-နာရီ စလာရမှာကို ည ၈-နာရီ ၉-နာရီလောက်မှ လာတာမျိုးတွေ၊ ဒါပေမယ့် လာချိန် ပျက်ချိန်တော့မှန်သည်... ဥပမာ - ဒီနေ့ဆို မနက် ၆-နာရီလာရမယ်... ဟုတ်ကဲ့ပါ ၆-နာရီမှာ ၅-မိနစ်လောက် ခဏလာပြီး ပြန်ပျက်သွားသည်... ၁၂-နာရီ ပျက်ရမှာဆိုတော့ ၁၂-နာရီထိုးတော့ ခဏလင်းပြီး မျက်စိတမှိတ် လျှပ်တပြက်အတွင်း ပြန်ပျက်သွားသည်...

မန္တလေးအတင်း (Mandalay News)

ကျုပ်က မန္တလေးမြို့က အိမ်တိုင်းနီးပါးမှာရှိတဲ့ အိမ်ရှေ့မျက်နှာစာမှာနေရတဲ့ ဂဏန်းလေးတွေ တက်အောင် လည်ရတဲ့ စက်ကလေးပေါ့ဗျာ... ပြီးခဲ့တဲ့ ၂-ကျော် ၃-လ ၀န်းကျင်လောက် ကျုပ် ၂၄-နာရီ အလုပ် လုပ်ရတယ်... ခုတော့လေ ကျုပ် အိပ်လိုက် အလုပ်လုပ်လိုက်နဲ့ပေါ့... ကျုပ်ဒီလို ဖြစ်တာ မိုးတွေရွာ ရေတွေကြီးပြီးတဲ့ အချိန် ကတည်းကပေါ့... ကျုပ်နေတဲ့ အိမ်က သခင်ပြောတာကတော့ ညောင်ရွှေမှာလည်း ရေတွေ ကြီးတယ်တဲ့... ကျုပ်အလုပ်လုပ်ဖို့အတွက် ရေလိုအပ်တဲ့ အင်းထဲကိုကျတော့ မရောက်ဘူး ထင်ပါရဲ့... ကျုပ် ဒီနေ့ည ၇-နာရီက စပြီး နောက်နေ့မနက် ၇-နာရီအထိ အလုပ်လုပ်မယ် ပြီးရင်တော့ အိပ်လိုက်ဦးမယ်ဗျာ... ပြီးရင် နေ့လယ်စာ ထမင်းစားပြီး နေ့လယ် ၁၂-နာရီကနေ ညနေ ၆-နာရီ အထိ အလုပ်လုပ်လိုက်ဦးမယ်... ပြီးရင် နောက်နေ့ မနက် ၇-နာရီအထိ အိပ်မယ်ဗျာ... ခုဘယ်လောက် ကောင်းလိုက်လဲ ကျုပ်မှာ အလုပ်လုပ်လိုက် အိပ်လိုက်လိုက်နဲ့ ... ဒီနှစ် မန္တလေးဆောင်း ထင်သလောက် မအေးသေးဘူးဗျာ...

သိလား

ဒါနဲ့ သိလားဗျာ... မန္တလေးကနေ ကျတော်တို့ Broadband သမားတွေသုံးတဲ့ 203.81.71.148 Proxy Server ကြီးက နေ၀င်ကြည့်လို့ မရဘူး ဖြစ်နေတယ်... ခုတောင် အခြား တစ်ခုကနေ ကျော်ခွဝင်နေရတယ် သိလား... ကိုသခင်ကြီး ဆီမှာ မင်္ဂလာမော်ဒယ်ရွေးပွဲ ဗီဒီယိုတွေ တင်ထားတယ်သိလား... ခုတလော မန္တလေးမှာ လျှပ်စစ်မီးတွေ ပြန်ပျက်နေပြီ သိလား... မန္တလေးမှာ မနက်ခင်းရောက်ရင် ချမ်းလာပြီ သိလား... ညီလင်းဆက် ရန်ကုန်ပြန်ရောက်နေတယ် သိလား...

မန္တလေး-ရန်ကုန် မီးရထားလမ်းများနှင့် ကားလမ်းများ ရေကျော်

မန္တလေး-ရန်ကုန် မီးရထားလမ်းများနှင့် ကားလမ်းများ ရေကျော်နေတယ်လို့ မနေ့ကမှ ရန်ကုန်က ပြန်ရောက်သူ တစ်ဦးရဲ့ ပြောပြချက် သိရပါတယ်... ၎င်းင်းသည် ရန်ကုန်မှ ၈-ရက်နေ့ ညနေ ၅-နာရီ ထွက်ရှိသည့် ရန်ကုန်-မန္တလေး express ကားဖြင့် မန္တလေးသို့ ပြန်လာရာ လမ်းမတွင် ရေများကျော်နေသည့်အတွက် ၉-ရက်နေ့ နေ့လယ် ၁း၃၀-နာရီ လောက်မှ မန္တလေးသို့ ရောက်ရှိကြောင်းသိရသည်... မီးရထား ခရီးစဉ်များကိုလည်း ၉-ရက်နေ့မှ စပြီး ၅-ရက်တာ ရပ်နားထားကြောင်းလည်း မီးရထား ၀န်ထမ်း အသိုင်းအ၀ိုင်းနှင့် နီးစပ်သူထံမှ ကြားသိရပါသည်...

မန္တလေး နဲ့ မိုး .... မိုး နဲ့ မန္တလေး

မန္တလေးမှာ မိုးကောင်းသလား မမေးနဲ့ဗျို့... ပြီးခဲ့တဲ့ အဖိတ်နေ့က (အဖိတ်နေ့ဆိုတာရော သိကြရဲ့လား မသိဘူး... ၂၈-၉-၀၆ နေ့) ညနေ ၅း၁၅ နာရီ ၀န်းကျင်က မိုတွေ စရွာတာ ည ၉ နာရီ ၀န်းကျင်မှ စဲသွားတယ်ဗျ... လမ်းမပေါ်လည်း ရေတွေကြီးပဲ... ကျတော်တို့အိမ်ထဲလည်း ရေတွေ ၀င်တယ်... မနေ့က လမ်း-၂၀ ကနေ ရွှေတစ်ချောင်းဘက်သွားတာ ရွှေတချောင်းမြောင်းကြီးလည်း ရေတွေ လျှံလို့ဗျ...၂၂-လမ်း ကနေ ၂၅လမ်းအထိ ၈၄ လမ်းမပေါ်မှာ ရေတွေဗျို့... ရွှေတံချောင်းမြောင်းက လျှံတက်လာတဲ့ရေတွေရော မိုးရေတွေပါ... ဆန်နီ ပစ်ကပ်ကားဘီး တစ်ဝက်လောက်ကို မြှပ်တယ်... မြို့သစ်ဘက်မှာဆို ပေါင်လည်လောက်ကို မြှပ်တယ်လို့ ကြားတယ်...

လမ်းမတွေ ရေမြုပ်နေတဲ့ မန္တလေး (Mandalay News)

ဒီနေ့ မနက် ၅-နာရီ ၀န်းကျင်လောက်က စပြီး မိုးရွာနေတာ ခုချိန်ထိ မတိတ်သေးပါဘူး... အောက်ပြည် အောက်ရွာမှာ ရွာတဲ့ပုံစံမျိုး သည်းသည်းမည်းမည်းနဲ့ကို ရွာနေတာပါ... ဒီနေ့ တစ်နေကုန်တောင် ရွာမယ် ထင်ပါတယ်... လမ်း-၈၀ တစ်လျှောက်လုံးလည်း ရေတွေနဲ့ အပြည့်ပါ... လမ်းလယ်ခေါင်မှတောင် ရေက ၆-လက်မ ၀န်းကျင်လောက် ရှိပါတယ်... keywords: Mandalay News MDY မန်းလေး မန္တလေး သတင်း မိုး rain