- mghla.com domain ကို ဘန်ကောက် ရောက်နေတဲ့ ချစ်သူငယ်ချင်းကြီး ဝေဖြိုးအောင် ကောင်းမှုနဲ့ ရပါပြီ... ခုတလော အဲဒါကိုပဲ လျှောက်စမ်းနေမိသည်... ဟိုစမ်း ဒီစမ်း လုပ်နေတုန်းမို့ http://blog.mghla.com နဲ့ ဒီ blog ထဲကို ရောက်အောင် လုပ်ထားသည်... သူငယ်ချင်းဝေဖြိုးအောင်ကို ကျေးဇူးအထူး တင်ပါသည်... ထိုင်းမ အပျိုစစ် ချောချောလေးနဲ့ ရပါစေ...
- စာပြင် - dns လျောက်စမ်းရင်းနဲ့ ဒုက္ခရောက်နေလို့ blog ကို http://blog.mghla.com နဲ့ လာလို့ရအောင် လုပ်ထားသည်...
- ၁-ပတ် လောက်တော့ ရှိပြီ မန္တလေးမှာ သိသိသာသာ အေးလာသည်... တော်တော်လေးကို ချမ်းလာသည်... နေ့လည်စာ ထမင်းစားပြန်တာ အနွေးထည် ၀တ်ပြန်မှ အဆင်ပြေသည်...
- မန္တလေးမှာ သိသိသာသာ မီးပျက်ချိန်လည်း များလာသည်... ၆-နာရီလာရမည်ကို အလွန်ဆုံး ၃-နာရီလောက် လာတာမျိုး၊ ည ၆-နာရီ စလာရမှာကို ည ၈-နာရီ ၉-နာရီလောက်မှ လာတာမျိုးတွေ၊ ဒါပေမယ့် လာချိန် ပျက်ချိန်တော့မှန်သည်... ဥပမာ - ဒီနေ့ဆို မနက် ၆-နာရီလာရမယ်... ဟုတ်ကဲ့ပါ ၆-နာရီမှာ ၅-မိနစ်လောက် ခဏလာပြီး ပြန်ပျက်သွားသည်... ၁၂-နာရီ ပျက်ရမှာဆိုတော့ ၁၂-နာရီထိုးတော့ ခဏလင်းပြီး မျက်စိတမှိတ် လျှပ်တပြက်အတွင်း ပြန်ပျက်သွားသည်...
ရုံးကနေ ည ၇-နာရီလောက်မှပြန်ဖြစ်တယ်... FMI ထဲဝင်ပြီး ထမင်းဝင်စားပြီးမှ တည်းတဲ့ ဟိုတယ်ကို ၈-နာရီကျော်မှ ပြန်ရောက်တယ်... အမျိုးသမီးက ဖုန်းဆက်လာတယ်... သမီးက သူပြောချင်လို့ဆိုပြီး ဖုန်းဝင်ပြောတယ်... မူကြိုတက်နေတာ ၂-ပတ်နီးနီးပဲရှိသေးတာ တော်တော်လေး စကားတွေ ပြောတတ်လာပြီ... ဖုန်းဆက်တိုင်း သမီးမှာတတ်တာက J Donuts ဝယ်ခဲ့ပေးဖို့ပဲ... သမီးက J Donuts ကြိုက်တယ်လေ... မန္တလေးမှာ J Donuts မရှိဘူး... ရှိတဲ့ M Donuts ကိုကျတော့ သမီးက မကြိုက်ဘူးလေ... ရုံးက ဝယ်ထားပေးတဲ့ laptop မှာ လိုတဲ့ drivers တွေတင်ရင်း ၁၁း၃၀-နာရီလောက်မှ အိပ်ဖြစ်တယ်... သြော် ... ဘာလိုလိုနဲ့ ... ဒီနေ့ဆို ရန်ကုန် ရုံးကို ရောက်နေတာ ၂၇-ရက်တောင် ရှိနေပြီ... ဒါနဲ့ စကားမစပ် web cam ပါတဲ့ laptop တွေမှာ login လုပ်တဲ့နေရာမှာ Face Recognition နဲ့ လုပ်ချင်တယ်ဆိုရင် Lenovo က သူ့ laptop တွေအတွက် ရေးထားတဲ့ Lenovo VeriFace recognition လေးကို ရှာပြီး သုံးကြည့်ပါ... acer, dell, hp laptop တွေမှာ သုံးကြည့်တာ အဆင်ပြေကြောင်းပါ...
Comments