Skip to main content

Posts

Showing posts from June, 2006

Windows XP မှာ Default Shares တွေ ပွင့်နေလို့ စိတ်ညစ်နေလား....

Windows XP မှာ Default Shares တွေ ဖြစ်တဲ့ C$ , D$ , E$ , ADMIN$ , ... စတဲ့ ကိုယ်က share မပေးပေမယ့် ပွင့်နေတဲ့ share လေးတွေ ရှိနေပါတယ်... ဒါလေးတွေက အန္တရာယ် ရှိလားဆိုတော့ ရှိတယ်လို့ပဲ ဖြေပါရစေဗျာ... ကိုယ်နဲ့ network အတူတူထဲမှာ ရှိနေတဲ့ အခြားလူ တစ်ယောက်က မိမိကွန်ပျူတာထဲမှာ ရှိတဲ့ data တွေကို အလွယ်တကူ ၀င်ကြည့်လို့ ရနိုင်လို့ပါပဲ... လွယ်တာမှ အရမ်းလွယ်တာပါ... ဥပမာ- ကျတော့်ရဲ့ ကွန်ပျူတာ အမည်က MgHla ဆိုပါတော့... အခြား ကွန်ပျူတာ ၁-လုံးရဲ့ Run ကနေဖြစ်ဖြစ်၊ Windows Explorer ရဲ့ Address bar ကနေဖြစ်ဖြစ် \\MgHla\D$ လို့ ရိုက်ထည့်လိုက် ကျတော့် ကွန်ပျူတာရဲ့ D ထဲမှာ ရှိတဲ့ ဒေတာတွေ အကုန် ဒီလူ ယူလို့ရသွားပြီဗျ... အန္တရာယ် အရမ်းကြီးတယ်နော်... အဲဒါ Windows XP ရဲ့ Default Shares တွေကြောင့် ဖြစ်ရတာပါ... Default Shares ပေးထားလား မပေးထားဘူးလား သိချင်ရင်... My Computer ကို Right Click လုပ်ပါ... ပေါ်လာတဲ့ menu ထဲက Manage ကို ရွေးပါ... System Tools > Share Folders > Shares ကိုရွေးပါ... အဲဒီထဲမှာ နာမည်နောက်ဆုံးမှာ $ အဆုံးသတ်ထားတာတွေဟာ Default Shares တွေပါပဲ... အဲဒီ Windows XP Default Shares တွေ ပိတ်ချင်ရင် ဒီ

မြန်မာအသင်းအတွက် နောက်တစ်မျိုး

နေးတစ်မြန်မာက စပွန်ဆာပေးသည်....

Planet Team ရဲ့ Blog

www.planet.com.mm ကို လည်ပတ်နေကြတဲ့ Planet Team ရဲ့ ရင်ဖွင့်သံတွေကို နားဆင်ချင်ရင် ဒီမှာ http://planetteam.blogspot.com သွားရောက် ဖတ်ရှုနိုင်ကြောင်းပါ...

မြန်မာဘောလုံး အသင်းအတွက် အင်္ကျီ ဒီဇိုင်း - ၁

ဘောလုံးတော့ ၀ါသနာမပါဘူးဗျာ... ဒါပေမယ့် ကမ္ဘာ့ဖလား ဖိုင်နယ်ပွဲဆိုရင်တော့ကြည့်တယ်... ခု ဘီအိုဒီ မီတင်ရှိတော့ စတန်းဘိုင်နေနေရတော့ အားသလိုလို မအားသလိုလို ဖြစ်နေတာနဲ့ တချိန်ချိန် မြန်မာအသင်း ကမ္ဘာ့ဖလားပွဲတွေဘာတွေ တက်နိုင်ရင် ၀တ်ရအောင် အင်္ကျီဒီဇိုင်း လုပ်ထားတာပါ... စိတ်ပါရင် နောက်ထပ် ထပ်လုပ်ဦးမယ်ဗျို့...

သြော် ... ပညာ ... ပညာ ...

ရာသီဥတုက ကိုယ့်ဘက်ပါနေတော့ ....

မနေ့ညကတော့ မိုးရွာမှာမို့ မပူ မအေးလေး ဖြစ်နေတော့ ညအိပ်လို့ အဆင်ပြေသည်... ရာသီဥတု ပူရင်လည်း အရမ်းပူ၊ လေတိုက်ရင်လည်း အရမ်းတိုက် ဖြစ်နေသည်... ခုလည်း ညက မိုးရွာထားတဲ့ အရှိန်နဲ့ အေးအေးလေးနဲ့ နေလို့ ထိုင်လို့ကောင်းသည်... ဟိုနေ့ညက တစ်ညလုံးနီးပါ မိုးတွေ သည်းသည်းမည်းမည်း ရွာပါသော်လည်း ဒီလောက် မအေး... အေးသလို ပူသလိုနှင့် စပ်ဖျင်းဖျင်းကြီးနဲ့ ခံစားရသည်... မိုးရွာတာ အေးတာတော့ ကောင်းသည်... မကောင်းတာက လမ်းမပေါ်မှာ ရေတွေကြီးပဲ... ကျတော်တို့ မန္တလေး၏ ရေနှုတ်မြောင်းစနစ်ကို လာပြင်ပေးမယ့် လူ ရှိရင် ကောင်းမည်... ခုတော့ လူကြီးလာတော့မယ့် လမ်းဆို မီးသတ်ကားနဲ့ ရေတွေလိုက် စုတ်ရင်စုတ် မစုတ်ရင် လူတွေနဲ့ လမ်းမပေါ်ကရေတွေ အခြားနေရာတွေကို ပတ်ထုတ်နေရသည်... အား... အိမ်မှာ အိပ်လိုက်ရရင် ဘယ်လောက် ကောင်းမလဲ...

Win-2-Zawgyi or Zawgyi-2-Win Convertor

ဇော်ဂျီ နဲ့ရိုက်ထားတာတွေကို ၀င်း-မြန်မာ စာလုံး (-win-innwa, -win---kalaw, metrix-1, w01arthouse, etc) ပြောင်း ချင်သူများအတွက် စမ်းသပ်ရေးထားတာပါ... http://maunghla.googlepages.com/ZawGyi-2-Win-beta1.htm NativeMyanmar Forum မှ ကို LilMaster ရေးထားတဲ့ Win2Zawgyi Convertor ကို ကျတော် ပြန်ပြင်ထားတာပါ... Win2Zawgyi ကို ဒီမှာ သုံးနိုင်ပါတယ်... http://maunghla.googlepages.com/Win2ZawGyi_convert_0.1.htm ကိုLilMaster ကို အထူးပဲ ကျေးဇူးတင်ပါတယ်...

ရေဘေးဒုက္ခသည် မောင်လှ...

ကျတော်တို့ မန္တလေးမှာ ရာသီဥတုက ပူသလား မမေးနဲ့ဗျို့... လာစရာရှိရင်တောင် မလာကြနဲ့ဦး... နေ့လည်းပူ၊ ညလည်းပူ.... ညဘက်ဆို အိပ်မရအောင်တောင် ပူလွန်းလို့ မနေ့ညက အိမ်မပျော်တာနဲ့ ၀ါသနာမပါတဲ့ ဘောပွဲ ထကြည့်နေမိတယ်... ပထမပိုင်းပြီးအောင်ပဲ ကြည့်မယ်ဆိုပြီး ကြည့်တာ စိတ်ဝင်စားသွားတာနဲ့ ပွဲအဆုံးထိ ကြည့်လိုက်မိတယ်... ဘယ်အသင်းနဲ့ အဘယ်အသင်း ကန်တာလဲဆိုတော့ဗျာ အဖြူသင်းနဲ့ အနီလိုလို လိမ္မော်ရောင်လိုလို ၀တ်ထားတဲ့ အသင်း နှစ်သင်းကန်တာဗျ.... အနီသင်းနိုင်သွားတယ်လေဗျာ... အ၀ါကဒ်တွေဆို အလကားပေးသလား အောက်မေ့ရတယ်... မီးကလည်း ပျက်တယ်ဗျ... ၄-ရက်ပေါင်းမှ ၂၄-နာရီ မီးလာတဲ့ စနစ်ဖြစ်တာ တစ်လခွဲလောက်ရှိပြီ... ကျတော်တို့ ရပ်ကွက် ထရန်စဖော်မာ ပေါက်တာနဲ့ အတူတူပဲ... မနေ့ညက မီးလာရက်ဗျ... မီးကြိုးပေါ် အုန်းလက်ပြုတ်ကျပြီး ရှော့ဖြစ်လို့တဲ့လေ တစ်ညလုံး မလာဘူး... ဘာနဲ့ ဘောပွဲကြည့်လဲလို့ မေးတာလာ စိနတိုင်းပြည်ကလာတဲ့ ခဏခဏ ပြင်ရတဲ့ မီးစက်လေးထဲကို ဓာတ်ဆီထည့်ပြီး နှိုးကြည့်တာခင်ဗျ... မီးစက် ဘယ်လောက် ပျက်သလဲဆိုတော့ အိမ်က အကိုတောင် မီးစက်ပြင်တတ်သွားပြီ.... နေပါဦးမောင်လှရ ခေါင်းစဉ်တင်ထားတာက “ ရေဘေးဒုက္ခသည် မောင်လှ ” ဆို ခုဘာတွေ ရေးနေတာလဲကွ.... စိတ်အေ

ဖြူဖွေးသော အသားအရေ ဖြစ်အောင် ဖန်တီးခြင်း (Photoshop Tutorial)

ပြင်မယ့် ဓာတ်ပုံကိုဖွင့်ပြီး ဓာတ်ပုံ layer ကို duplicate (Ctrl+J) လုပ်လိုက်ပါ… မူရင်း layer ကို org ၊ ပွားထားတဲ့ layer ကို white လို့ အမည်ပြောင်းပေးပါ... white layer ကို layer mask ထည့်ပြီး အနက်ရောင် ဖြည့်ပေးပါ... white layer ကို Layer Palette က blending mode မှာ Screen ပြောင်းပေးပါ... Foreground ကို အဖြူရောင်ရွေးပြီး Brush tool ကိုရွေးပါ... brush size ကိုတော့ အဆင်ပြေမယ့် အရွယ်အစားရွေးပြီး hardness ကိုတော့ 0% ပဲ ထားပေးပါ... Layer Palette ထဲက white layer mask ကို click ခေါက်ပြီး select လုပ်ထားပေးပါ... အသားအရေရှိတဲ့ နေရာတွေ၊ ပိုဖြူစေချင်တဲ့ နေရာတွေကို စုတ်တံ နဲ့ လိုက်ခြယ်တဲ့ အခါ ပိုမို ဖြူဖွေးတဲ့ အသားအရေ ဖြစ်လာတယ် ဆိုတာကို တွေ့ရပါလိမ့်မယ်... ပိုဖြူချင်ရင်တော့ white layer ကို duplicate ထပ်ပြီး လုပ်လိုက်ပါ... အခြားနည်းတွေနဲ့လည်း ပြင်လို့ရသေးတယ် ခင်ဗျ... အသားမည်းချင်ရင်တော့ layer blending mode ကို multiply ထားပေးပါ...

သမီးလေးရေ...

သမီးလေး နေမကောင်းဖြစ်တဲ့ အချိန်တိုင်း သူ့အမေ အလုပ်မအားတာနဲ့ အမြဲ တိုက်ကို တိုက်ဆိုင် နိုင်လွန်းတယ်... သူ့အမေက ခွင့်ယူဖို့ အဆင်မပြေဆိုတော့ အဆင်ပြေတဲ့ ကျတော်ပဲ ခွင့်ယူရတာပေါ့... ရပ်ကွက်ထဲက ပြောလှပြီ သမီးကို အမေထက် အဖေက ပိုချစ်တယ်ထင်ပါ့တဲ့... ကလေးနေမကောင်းတိုင်း အဖေကချည်းပဲ ခွင့်ယူပြီး ချော့နေလို့တဲ့လေ... အို.. သမီးရေ... နေမကောင်းဖြစ်မယ်ဆိုရင်လည်း သမီးအမေ ခွင့်ယူလို့ရတဲ့ အချိန်မှ ဖြစ်ပါလားကွယ်... သမီးရေ နေမကောင်းတာ မဖြစ်ရင် အကောင်းဆုံးပေါ့ကွာ...

စကားပြောခြင်း

အရေးကြီးသောကိစ္စ စကားကိုဖြည်းဖြည်းပြောပါ။ ပြဿနာကြီးမားပါက စကားအားသေချာပြောပါ။ ပြဿနာသေးလျှင် စကားကိုဟာသနှော၍ပြောပါ။ မယုံကြည်ရသောကိစ္စ စကားကိုဆင်ခြင်ပြောပါ။ မဖြစ်ပွားသေးသောကိစ္စ အဓိပ္ပါယ်မဲ့မပြောပါနှင့်။ မလုပ်နိုင်သောကိစ္စ လျောက်မပြောပါနှင့်။ လူတစ်ဖက်သား ထိခိုက်စေသောစကားများ မပြောပါနှင့်။ မပျော်ရွှင်သောကိစ္စ စိတ်တူသောလူနှင့်ပြောပါ။ ပျော်ရွှင်စရာကိစ္စ လူအများရှေ့တွင်ပြောပါ။ စိတ်ထိခိုက်စရာကိစ္စ လူတွေ့တိုင်းမပြောပါနှင့်။ သူတပါးကိစ္စ သတိထားပြီးပြောပါ။ ကိုယ့်ကိစ္စ တစ်ပါးသူဘယ်လိုပြောလဲနားထောင်ပါ။ သက်ကြီးသူကိစ္စ များများနားထောင်ပြီး နည်းနည်းသာပြောပါ။ လင်မယားကိစ္စ တိုင်ပင်ပြီးပြောပါ။ သားသမီးကိစ္စ လမ်းညွှန်ပြီးပြောပါ။ ...ကိုနိုင်းနိုင်းစနေ ရဲ့ blog မှ ကူးယူဖော်ပြသည်... အမှားပြင်ဆင်ချက် -ကိုနိုင်းနိုင်းစနေ မဟုတ်ဘူးတဲ့ မနိုင်းနိုင်းစနေတဲ့

သတင်းအရေးအသားတွေလဲလျော့ဦးမှ

အင်တာနက် မသုံးဖြစ်တာကြာပြီဖြစ်တဲ့ သူငယ်ချင်းအရင်း ခေါက်ခေါက်ကြီးက မင်းနာမည်တွေ ကြီးနေတယ်တဲ့... ကိုးကားပြီးရေးတာမှန်ပေမယ့် အရေးအသားတွေက တွယ်သလို ဖြစ်နေတယ်တဲ့... သတိထားဦးတဲ့... လို့ဆိုလာတဲ့အတွက် နာမည်ကြီးမှုကို မနှစ်သက်တဲ့ ကျတော် သတင်း၊ အတင်း၊ ကောလဟာလ အရေးအသားများကို လျော့ချပြီး ကိုယ်ပိုင်ဒိုင်ယာရီ အနေနဲ့ ဆက်သွားဖို့ လက်တလော ဆုံးဖြတ်ထားကြောင်းပါ... ကျတော် သတင်းထောက် မဟုတ်ပါ... ကျတော် ဂျာနယ်လစ် မဟုတ်ပါ... ကျတော် နိုင်ငံရေးသမား မဟုတ်ပါ... ကျတော် အဖွဲ့အစည်း တစ်ခုခုရဲ့ ၀ါဒဖြန့်ချီရေးသမား မဟုတ်ပါ... ကျတော် အစိုးရ ၀န်ထမ်း မဟုတ်ပါ... ကျတော် ပိုက်ဆံရလို့ ရေးနေခြင်းမဟုတ်ပါ... ကျတော်ဟာ စိတ်ကူးပေါက်ရာ လျှောက်ရေးတတ်သူ တစ်ယောက်ပါ... ကျတော်ဟာ မိသားစုကို လုပ်ကြွေးနေရတဲ့ သာမာန်ပြည်သူ တစ်ယောက်ပါ... နိုင်ငံရေးသမားကြီးတွေတောင်မှ ဖိအားပေးရင် ဘာခံနိုင်လို့လဲ... ကျတော်လဲ ဖိအားပေးမှု မခံရခင်... အရေးအသားများကို လျော့ပါတော့မယ်... Personal Diray လေးအဖြစ်သို့ ပြန်အသွင်ပြောင်းပါတော့မယ်... အစကတည်းက ဒါလေးက ကျတော့်ရဲ့ ဒိုင်ယာရီလေးပါ... ကျတော့် မိသားစု ထမင်းကောင်းကောင်းစားရဖို့၊ ညကောင်းကောင်း အိပ်ရဖို့ ကျတော် နေရပါမည်..

My New Signature

လူရွှင်တော်ကြီး မြို့တော် ဦးပေါစံ

သြော်.. ကျတော် မဖြစ်ပါစေနဲ့ လို့ ဆိုတောင်းမိတာ ဆုတောင်း မပြည့်ပါလား... ကျတော် ရုံးသွား ရုံးပြန် သွားရတဲ့ လမ်းက လူရွှင်တော်ကြီး ဘဘ မြို့တော် ဦးပေါစံ တို့ အိမ်ရှေ့ကနေဖြစ်သွားရပါတယ်... ခါတိုင်းဆို မနက်တိုင်း အိမ်ရှေ့မှာ ထိုင်ထိုင်နေတာ မြင်မိပါတယ်... ခုမှ သတိထားမိတာ မမြင်မိတာ တော်တော် ကြာသွားပါပြီလား... မနေ့ ရုံးက ပြန်တော့ ဘဘတို့ အိမ်ရှေ့က ဖြတ်တော့ နာရေး ကိစ္စရှိတဲ့ပုံစံပေါက်နေတယ်... ဒီနေ့ မနက် ရုံးလာတော့ ယာယီမဏ္ဍပ်တောင် ဆောက်ထားတယ်... ကျတော် ဆုတောင်းမိတယ် ဘဘ ဦးပေါစံ မဖြစ်ပါစေနဲ့လို့... ခုတော့ဗျာ ဆုတောင်း မပြည့်ပါဘူး... မနေ့က ဘဘ ဦးပေါစံ ကွယ်လွန်သွားပြီတဲ့လေ... NativeMyanmar Forum မှာ StevenAlexander ရေးထားတာပါ.... မန္တလေးမြို့၊လမ်း ၈၀၊၁၅ လမ်းနှင့် ၁၆ လမ်းကြားနေ လူရွှင်တော်ကြီးမြို့တော်ဦးပေါစံ( အနုပညာဦးစီးဌာန(အကြံပေး) ) ( အသက် ၈၁ နှစ် ) သည် မန္တလေးမြို့၌ ၈-၀၆-၂၀၀၆ ညနေ ၅း၃၀ တွင် ကွယ်လွန်၍ ၁၀-၀၆-၂၀၀၆ မွန်လွဲ ၂ နာရီတွင် အထက်ပါနေအိမ်မှ ကြာနီကန်သုသာန်သို့ ပို့ဆောင်သဂြိုလ်မည် ဖြစ်ပါသည်။ ကွယ်လွန်ချိန်၌ ဇနီး ဒေါ်ဒေါ နှင့်သားသမီး ၅ ယောက် ၊ မြေး ၄ ယောက် ၊ မြစ် ၁ ယောက်တို့ကျန်ရစ်သည်။

My New Avator

ကျတော့်ရဲ့ avator အသစ်ပါ... စာလုံး အရောင်တွေက Gtalk စတိုင်ယူထားတာပါ... Google က သုံးတဲ့ အရောင်လေးတွေကို ကျတော်ကြိုက်လို့ အခုရက်ပိုင်း လုပ်စားနေတယ်ဗျာ...

သြော် ... ရှမ်းခေါက်ဆွဲ ...

ရုံးနားက သတ်သတ်လွတ် ရှမ်းခေါက်ဆွဲဆိုင်လေး စဖွင့်တော့ တစ်ပွဲ ၂၀၀-ကျပ်တဲ့ ... ဓာတ်ဆီဈေးတွေ ပြောင်းလဲမှုလုပ်ပြီး သိပ်မကြာပါဘူး ၂၅၀ ဖြစ်သွားရော... ခု အစိုးရ ၀န်ထမ်းတွေ လစာလည်းတိုးပြီးရော ၃၀၀ တဲ့... ၂၅၀ လည်းဖြစ်သွားရော ဘိုင်ကောင် မောင်လှ မနက်စာ မစားပဲ အငတ်ခံနေတာ ကြာပြီဆိုပါတော့ဗျာ... သူတို့တွေသာ တက်.. ကျတော်တို့ ကုမ္ပဏီဝန်ထမ်းလစာ တွေမှ မတက်ဘဲ... မလောက်မငှ ဖြစ်တော့ မနက်စာနဲ့ နေ့လည်စာ ပေါင်းစားရတဲ့ ဘ၀ရောက်သွားတယ် ဆိုပါတော့ဗျာ... နေ့လည် သုံးနာရီမှာ ပေးတဲ့ ကော်ဖီသောက်ချိန်လေးမှာတော့ ကော်ဖီသောက်နေသေးတယ်ဗျ... ဟိုနေ့က လူက ၂-ယောက် တစ်ယောက်က နက်စ်ဘလက် (ရန်ကုန်အခေါ် ဘလက်အော ဆိုလား အောဘလက် ဆိုလား) တစ်ယောက်က နက်စ်ပလိန်းနဲ့ လန်ဒန်သောက်တာ ၆၅၀ တောင် ရှင်းလိုက်ရတယ်ဗျ... လန်ဒန်က ၁-လိပ်လား ၂-လိပ်လား မသိပါဘူးဗျာ... ကိုယ့်ဘာသာကိုယ် ကော်ဖီဖျော်ယူသွားပြီး သူတို့ဆိုင်မှာ မုန့်ပဲ စားသာ ကောင်းမယ် ထင်ပါရဲ့ဗျာ... အေးဗျာ... စိတ်များညစ်ပါတယ်... ခု မနက်စာနဲ့ နေ့လည်စာ ပေါင်းစားရတဲ့ ဘ၀ရောက်နေပြီ... နေ့လည်စာနဲ့ ညစာ ထပ်ပြီး ပေါင်းစားရမယ့် ဘ၀ မရောက်ပါစေနဲ့လို့ ဆုတောင်းပေးကြပါဦးဗျာ... ကျတော် လစာဘယ်လောက်ရလဲ ဟုတ်စ... အေးဗျာ ကျ

Myanmar Unicode စာလုံးပုံစံ ဖွာတာတာနဲ့ ပေါ်နေလား...?

Myanmar Unicode သုံးရင် ကြည့်လို မလှဘူး ဖြစ်နေပါတယ်၊ စာလုံးအနားတွေက ဖွာလန်ကြဲနေပါတယ် ဆိုတဲ့ သူငယ်ချင်းများ အတွက်ပါ... သူငယ်ချင်းတစ်ယောက်က ပြောတယ်ဗျ... မင်းယူနီကုတ်စာလုံးက ဖွာထွက်နေတာပဲ မကြိုက်ဘူးတဲ့... ၀င်းအင်းဝကမှ လှတာတဲ့... ကျတော်က ဟာ ကျတော့်ဆီမှာ ၀င်းအင်းဝထက်တောင် ပိုလှတယ်ပြောတာကို သူမယုံပါဘူး... ကျတော် ရန်ကုန်သွားရတော့ အဲဒီက ကွန်ပျူတာကိုင်တော့မှ သူပြောတဲ့ အတိုင်း စာလုံးတွေ ဖွာနေတာကို တွေ့ရပါတယ်... အဖြေရှာကြည့်တော့ အောက်ကအတိုင်း လုပ်လိုက်တာ အဆင်ပြေသွားတာကို တွေ့ရပါတယ်... ၁ - Control Panel ထဲက Display Properties ထဲဝင်ပါ... (Desktop ရဲ့ လွတ်နေတဲ့ နေရာမှာ right click လုပ်ပြီး Properties ကိုရွေးရင်လည်း Display Properties ထဲကို ရောက်ပါတယ်...) ၂ - Apperance tab ထဲက Effect button ကို click နှိပ်ပါ... ၃ - Use the following method to smooth edges of screen font ဆိုတဲ့ စာသားရှေ့မှာ ရှိတဲ့ လေးထောင့်အကွက်ထဲမှာ အမှန်ခြစ်ရှိအောင် ကလစ်လုပ်ပါ... ၄ - ပြီးရင် အောက်ကပ်လျှက် List box ထဲမှာ ClearType ကို ပြောင်းပေးပါ... ၅ - အဲဒါဆိုရင်ရပါပြီ... OK button တွေကို ကလစ်လုပ်သွားလိုက်ပါ...

Nyi Lynn Seck >>> How to Install Zawgyi Unicode Keyboard

မြန်မာ ယူနီကုတ် ဖောင့်တွေ ဘယ်လို သွင်းပြီး ဘယ်လို သုံးရမလဲ မသိသူတွေအတွက် ကိုညီလင်းဆက် က ပြောပြထားတာပါ... How to Install Zawgyi Unicode Keyboard ဇော်ဂျီ ယူနီကုဒ် ဖြင့် မြန်မာစာ ရိုက်ရန် ပထမဆုံး ဇော်ဂျီ လက်ကွက်ကို ဒေါင်းလုဒ် လုပ်ပြီး အင်စတောလ် လုပ်ပါ။ [ Link ]။ စ က်ထဲတွင် အခြား မြန်မာ ယူနီကုဒ် အမျိုးအစားများ မရှိစေရန် သတိပြုရပါမည်။ ရှိနေခဲ့ရင် Uninstall လုပ်ပစ်လိုက်ပါ။ ဇော်ဂျီ အင်စတောလ် လုပ်ပြီးလျှင်- အပြည့်အစုံ သိလိုလျှင် >>>

Signature for NativeMyanmar Forum

Signature for NativeMyanmar Forum

emo 1.1

emo 1.1

Mandalay News

အခုနေ့လည် (၂း၃၀)နာရီ ပတ်ဝန်းကျင်မှာ လမ်း၈၀ ၊ ၃၇ လမ်း - ၃၈ လမ်းကြားမှာရှိတဲ့ သမာဓိ ကားပစ္စည်းဆိုင် နောက်ကျော ၀င်းအတွင်းမှာ မီးလောင်မှု ဖြစ်ပွားတယ်လို့ သိရပါတယ်... မီးသတ်ကားသံကားလို့ ခေါင်မိုးပေါ် တက်ကြည့်သော်ငြားလည်း မီးခိုးတွေမမြင်ရသဖြင့် မီးငြိမ်းပြီးမှ မီးသတ်ကား သွားတယ်လို့တောင် ယူဆမိပါတယ်ခင်ဗျား...

logo

emo နောက်တစ်ခုနဲ့ xero ကို RGB မှာ ကြည့်ကောင်းအောင် အရောင်ပြင်ထားတာပါ...

မန္တလေးမှာ ကြားရတဲ့ ကောလဟာလ (Mandalay Gossip)

လျှပ်စစ်ပေးဝေမှုလုပ်ငန်းတွေကို အစိုးရမဟုတ်တဲ့ အပြင်အဖွဲ့အစည်းတွေကို ပေးတော့မယ်လို့ သတင်းများ ကြားသိရကြောင်းပါ... ဒီအတိုင်းသာ အမှန် တကယ် ဖြစ်မယ် ဆိုရင်တော့ လျှပ်စစ်မီး ပုံမှန်လာနိုင်ပြီး မီတာကြေးများလည်း နောက်ထပ် တိုးမြှင့်နိုင်တယ်လို့ ရပ်ကွက်ထဲက ခွေးကအစ ကြိုသိနေကြောင်းပါ... ဒါကတော့ သတင်းပါ... မေလ ၂၂ ရက်နေ့ထုတ် The Voice ဂျာနယ်ပါသတင်းအရ လျှပ်စစ် မီတာခနှုန်းထားများကို မေလ လျှပ်စစ်ဓာတ်အား သုံးစွဲခ တောင်းခံလွှာမှ စတင်၍ ၀န်ထမ်းမီတာနှင့် ရိုးရိုး အိမ်သုံးမီတာဟူ၍ မခွဲခြားတော့ဘဲ အိမ်သုံးမီတာများ အားလုံးကို တစ်ယူနစ်လျှင် ၂၅ ကျပ်နှုန်းဖြင့် စတင် ပြောင်းလဲ ကောက်ခံသွားမည်ဖြစ်ကြောင်း သိရပါတယ်... ထပ်ပျောက်သွားလို့ နောက်ထပ်ပြန်တင်တာပါ....

emo

ကျတော့် သူငယ်ချင်းကြီးက လုပ်ခိုင်းလို့ပါ... သူငယ်ချင်းကြီးရေ... ဒီရက်ပိုင်း ကလေး ဒီဇိုင်းတွေ လုပ်တာများသွားလို့ ကလေးအကြိုက်ထွက်နေရင် တောင်းပန်ပါတယ်ခင်ဗျာ... မနက်ဖြန် ထပ်လုပ်ပေးဦးမယ်ဗျာ...

Xeon Logo for BaganNAT

မောင်ပုဂံနပ်ကလေး အတွက် logo ဆွဲထားပေးတာပါ…