Skip to main content

Posts

Showing posts from August, 2007

ကန်တော်ကြီးမှာ ရိုက်ထားတဲ့ ဓာတ်ပုံထဲက နောက်တစ်ပုံ

flickr ကနေ စမ်းတင်ကြည့်တာပါ...

myokyawtmyaing.blogspot.com

မျိုးကျော့မြိုင်ကို ကြိုက်ကြသူတွေအတွက် http://myokyawtmyaing.blogspot.com/ ဆိုပြီး blog လေး တစ်ခု လုပ်ထားပါတယ်... မျိုးကျော့မြိုင် ဘလော့မှာ ပါဝင် ရေးသား မျှဝေချင်သူများ မျိုးကျော့မြိုင် ဘလော့ ရဲ့ cbox မှာ Gmail ပေးခဲ့လို့ရပါတယ်... မျိုးကျော့မြိုင် ဘလော့ ကို ကျတော်က နာမည်လေးယူပေးခဲ့ပြီး အမှန်တကယ် စပြီး ရေးသား တင်ဆက်ပေးတဲ့ သူတွေဖြစ်တဲ့ ကိုbyteklay နဲ့ မမေ၁၁ တို့ကို ကျတော် အထူး ကျေးဇူးတင်ပါတယ်... My Labels: Links, Myo Kyawt Myaing

မင်္ဂလာတံတားပါ ခင်ဗျ...

My labels: Photo, Mandalay, Night Sense, ဓာတ်ပုံ, Sedona Hotel

အဖိတ်နေ့ည၊ ကျုံးဘေး၊ မောင်လှနဲ့ အင်တာနက်မှာ ဒိုင်ယာရီမရှိတော့တဲ့ ကိုJL

အဖိတ်နေ့ညက ကိုJLရယ် ၊ ကျတော်ရယ် ၂-ယောက်သား ဓာတ်ပုံရိုက်ထွက်ဖြစ်တယ်... ဝေးဝေး လန်လန်သွားပြီးတော့ကို ရိုက်ကြတာ... ကျုံးဘေးပေါ့ဗျာ... ညနေ ၇-နာရီလောက်ကနေ စရိုက်တာ ည ၉-နာင်္ရီကျော်ထိပဲ ထင်ပါရဲ့ဗျာ... ပြီးတော့ ဘီယာသွားသောက်ကြတယ်လေ... ည ၁၀-နာရီလောက် ထင်ပါရဲ့... ဘီယာမသောက်တဲ့ လူမုန်းများတဲ့ နာမည်ကိုမှ အသံထွက်တူတဲ့ nick ယူထားတဲ့ baganNAT ရောက်လာတယ်... ည ၁၁း၃၀-နာရီမှ ဆိုင်ကနေ ပြန်လာဖြစ်တယ်... ကိုဂျေ့က ကျတော်နဲ့ လိုက်လာတာဆိုတော့ ပုဂံနတ်ကို ပြန်လိုက်ပို့ခိုင်းလိုက်တယ်... ကံကောင်းချင်တာပေါ့ဗျာ... မနက်ရောက်တော့ မိန်းမရဲ့ အကိုကြီးဆုံးက မင်း ဆိုင်ကယ်လာကြည့်ဦး ဆိုလို့ ကြည့်တော့မှ ဆိုင်ကယ် နောက်ဖောက် ကျိုးနေလေရဲ့ဗျာ... ရုံးဆင်းတော့ ဆိုင်ကယ်က ဒုတ်ကနဲ့မြည်တော့ ဘီးပေါက်တာလာ ဆိုပြီး ကြည့်ဖြစ်တော့ မဟုတ်တာနဲ့ ဒီအတိုင်းပဲ ဆက်စီး ဖြစ်တယ်... ဖောက်ကို သတိ မထားမိဘူး.. ကံကောင်းလို့ မသေတာ ကျတော်နဲ့ ကိုဂျေ ၂-ယောက်ပေါ့ဗျာ... ဒီပုံက လမ်းမပေါ်မှာ စက္ကူလေးခင်းပြီး ကင်မရာကို တင်ရိုက်ထားလို့ ထွက်လာတဲ့ ပုံလေး... စည်းကမ်းရှိ လိုက်ကြတဲ့ ကွမ်းစားသူတွေ ဟိုမှာ ကွမ်းထုတ်ထားတဲ့ ပလတ်စတစ်အိတ်... ဒါက မန္တလေး ဆီဒိုးနား ဟော်တယ်... My labe

Template ၂-ရောင် ကြိုက်တာနဲ့ကြည့်...

Template ကို အနက်ရောင် နောက်ခံ (သို့) အဖြူရောင်နောက်ခံ ကြိုက်နှစ်သက်ရာဖြင့် ကြည့်လို့ရအောင် စမ်းသပ်ထားပါသည်... ဘန်နာပုံ အောက်တွင်ရှိသော Template Style : ဘေးမှ Black ကို နှိပ်ပါက နောက်ခံ အနက်ရောင်ဖြင့် ပေါ်မည်ဖြစ်ပြီး White ကို နှိပ်က နောက်ခံ အဖြူရောင်ဖြင့် ဖော်ပြပေးမည် ဖြစ်ပါသည်... ကျတော့်အတွက်တော့ အနက်ရောင် နောက်ခံက ပိုလှပါသည်... ဘာဖြစ်လို့လဲ ဆိုတော့ အဖြူရောင် နောက်ခံကို သေချာ ပြုပြင်ထားခြင်း မရှိသေးလို့ပါခင်ဗျား... ...ဒီလိုပြောင်းဖို့ ဘယ်လိုရေးရမလဲ ရှင်းပြပေးတဲ့ မျိုးကျော်ထွန်း ကို ကျေးဇူးအထူး တင်ပါသည်... ...ဒီလိုပြောင်းဖို့ ဘယ်လိုရေးရမလဲ ရှင်းပြပေးတဲ့ မျိုးကျော်ထွန်း ကို ကျေးဇူးအထူး တင်ပါသည်... ...ဒီလိုပြောင်းဖို့ ဘယ်လိုရေးရမလဲ ရှင်းပြပေးတဲ့ မျိုးကျော်ထွန်း ကို ကျေးဇူးအထူး တင်ပါသည်...

ခရီးသွားတဲ့ ဓာတ်ပုံများ အကြောင်း...၃

ခရီးသွားတဲ့ ဓာတ်ပုံများ အကြောင်း...၂ နေ့လယ်စာ စားချိန်ရောက်တာနဲ့ အဲဒီ အနောက်တောင် တောင်ခြေနားမှာရှိတဲ့ နာမည်ကြီး ထမင်းဆိုင် တစ်ခုမှာ သွားစားပါတယ်... မှို စပယ်ရှယ်လစ် လုပ်ထားတဲ့ ဆိုင် ထင်ပါတယ်... စားရတာ မဆိုးပါဘူး... တော်တော် ခမ်းခမ်းနားနားရှိတဲ့ ထမင်းဆိုင်ကြီးရဲ့ အိမ်သာကတော့ ဟောင် ဟောင် နံဟောင်နေပါတယ်... တော်ပါသေးရဲ့... အနံ့တွေ ထမင်းစားပွဲတွေ အထိ ရောက်မလာပေလို့... ထမင်းစား ပြီးတော့ ပန်းခြံကို သွားပါတယ်... ပန်းခြံနာမည်က Expo Garden လို့ခေါ်ပါတယ်... ဒါက ပန်းခြံ အဝင်ပေါက်က ကြိုဆိုနေတဲ့ ပန်းတွေနဲ့ တန်ဆာဆင်ထားတဲ့ အမှန်တကယ် အလုပ်လုပ်တဲ့ ပန်းနာရီကြီးပေါ့... ဟော... ပန်းခင်းလမ်းကို လျှောက်ကြမယ်... ပန်းခင်းလမ်းဆိုလို့ ပန်းတွေ ပေါ်ကတော့ တက်မလျှောက် ရဘူးနော်... သြော် မေ့သွားလို့ ပန်းခြံက တရုတ်မ ဂိုက်ခေါ်ခဲ့သေးတယ်ဗျ... မြန်မာလို ပြောတတ်လို့ ခေါ်တာလား ဟုတ်စ... မပြောတတ်ပါဘူးဗျာ... တရုတ်လိုပဲ ရှင်းပြတာဗျ... ကျတော်မျိုးတို့ ဘယ်နားလည်မှာ လဲဗျာ... ကျတော်တို့ရဲ့ စကားပြန်က ဘာသာပြန် ပေးရတာပေါ့ဗျာ... ဟိုးမှာ တွေ့နေရတဲ့ ပန်းသင်္ဘောက ရှေးက တရုတ်တွေ ကမ္ဘာပတ်ခဲ့တဲ့ သဘောင်္လို့ ပြောတာပဲ... ဒီလိုလေးတွေနဲ့ အလှဆင်ထားတယ်...

Myanmar Teleport New Internet Service

BaganNET မှ အရေခွံပြောင်းလဲထားတဲ့ Myanmar Teleport ကနေ Broadband WiMAX နည်းပညာကို အသုံးပြုပြီး Internet, E-Mail & VOIP အသုံးပြုလို့ရမယ့် ၀န်ဆောင်များကို မကြာမီကာလအတွင်းမှာ စတင်တော့မှာ ဖြစ်ကြောင်း ယင်း၏ web site ပါ ကြေငြာချက်အရသိရပါတယ်... ဖုန်းလိုင်းမရှိသူများအတွက်လည်း VOIP ဖုန်းလိုင်းတစ်လိုင်း ထပ်ယူနိုင်တယ်လို့ သိရပြီး တပ်ဆင်သူများကို တစ်လတိတိ လစဉ်ကြေး အခမဲ့ဖြစ် သုံးစွဲနိုင်အောင် စီစဉ်ပေးမှာ ဖြစ်ကြောင်းလည်း သိရပါတယ်... My Labels: Myanmar News, Mandalay News, Yangon News

ကောင်းကင်ပေါ် တက်မယ်

ကောင်းကင်ပေါ် တက်မယ်

စိတ်ချလက်ချ အိပ်ပါလေ

စိတ်ချလက်ချ အိပ်ပါလေ

ရွှေတိဂုံစေတီတော်

ကိုဘဦးစပြီး ဦးစီးလုပ်တဲ့ http://wpd-mm.blogspot.com/ အတွက် တင်ဖို့ ဓာတ်ပုံတွေ လိုက်ရှာရင်း၊ ပြင်ရင်းနဲ့ ဒီပုံကို ကျတော့်ရဲ့ ဘလော့မှာပါ မတင်ရသေးလို့ တင်လိုက်ပါတယ်... My Labels: Photo, ,ShweDagon Pagoda, ဓာတ်ပုံ, ရန်ကုန်

http://wpd-mm.blogspot.com

ဓာတ်ပုံချစ်မြတ်နိုးသူတိုင်း အပျော်တမ်းရိုက်တာပဲ ဖြစ်ဖြစ် စီးပွားဖြစ်ရိုက်တာပဲဖြစ်ဖြစ် ၀ါသနာပါလို့ ရိုက်တာပဲဖြစ်ဖြစ် ဘယ်သူမဆို မိမိရဲ့ လက်စွမ်းပြဓာတ်ပုံများကို ဤ Blog (http://wpd-mm.blogspot.com) ၌ တင်ပေးခြင်းဖြင့် ကမ္ဘာ့ဓာတ်ပုံပညာနေ့ကို ကြိုဆိုဂုဏ်ပြုကြရအောင်ဗျာ ........ My Labels: Photo, Mandalay News, Myanmar News,

ဟေ့ရောင်...

ဟေ့ရောင်... မင်းကိုယ် မင်း ဆရာကြီးလို့ မထင်နဲ့ကွ... လူတွေဟာ တစ်ယောက် တစ်မျိုးစီ တော်ကြတယ် တတ်ကြတယ် ဆိုတာ မင်းလက်ခံစမ်းပါ... ဒီမှာ ဟေ့ရောင် ရပ်ကွက်ထဲက အမြဲတမ်းမူးနေတတ်တဲ့ အမူးသမားကို အထင်မသေးနဲ့ကွ... လူတွေ မလုပ်ချင်တဲ့၊ အဓိကက လူတွေ မလုပ်ရဲတဲ့ အလောင်း ရေချိုးပေးတာတွေ အလောင်းပြင်တာတွေ လုပ်တတ်တယ်ကွ... မင်းသိရဲ့လား... ဟေ့ရောင်... လူ တစ်ယောက်ချင်းစီမှာ ထူးချွန်မှု တစ်ခုတော့ ရှိရမယ် ဆိုတာ မင်းလက်ခံရမယ် ဟေ့ရောင်... မင်း ကွန်ပျူတာ ဘယ်လောက်တော်တော်... မင်းဈေးရောင်းတတ်ရဲ့လား ဟေ့ရောင်... ဈေးရောင်းတဲ့ မိန်းကလေးက မင်းလောက် ကွန်ပျူတာ မကိုင်တတ်ပေမယ့် .. မင်းထက် ဈေးရောင်းတတ်တယ်ကွ... ဟေ့ရောင် ... မင်းဆိုတဲ့အကောင်က ကွန်ပျူတာနဲ့ ပတ်သက်ပြီး တောက်တိုမယ်ရ လုပ်စားနေရတဲ့ကောင် ... ဟိုက ဈေးပဲရောင်းနေရတဲ့ ဟေ့ရောင်မကွ... မင်းသိလား... ဟေ့ရောင်... ဒီမှာ မင်း ဖိုတိုရှော့လေး သူများထက်ပိုပြီး သုံးတတ်တာကို များ ဒီကမ္ဘာမှာ ငါလောက် တတ်တဲ့သူ... ငါ့ထက် တက်တဲ့လူ မရှိဘူး မထင်နေနဲ့ကွ... မင်းထက် ငယ်တဲ့ကောင်တွေက မင်းထက် ပိုတက်လာကြပြီ... မင်းထက် အသက်ကြီးတဲ့ လူတွေကလည်း မင်းထက် နည်းပညာပိုင်း ဆိုင်ရာမှာ အားနည်းကောင်း အားနည်း နိုင်

တက်ကုန်ပြီ...

မနေ့ကမှ ဆိုင်ကယ် ဆီထုတ်ခဲ့တာ ၁-ဂါလန်ကို ၁၅၀၀-ကျပ်တဲ့... အခုမနက် သွားထုတ်ပြီး ပြန်လာတဲ့သူတွေ ပြောတာ ဓာတ်ဆီက ၁-ဂါလန်ကို ၂၅၀၀-ကျပ်၊ ဒီဇယ်က ၃၀၀၀-ကျပ်တဲ့.... အမလေး... မောင်မင်းကြီး သားတို့ရေ... My Labels: Mandalay News, Myanmar News, မန္တလေး သတင်း, သတင်း, ရန်ကုန် သတင်း,

ဘာရယ်တော့ မဟုတ်ပါဘူး...

နေရင်းထိုင်ရင်း မော်လမြိုင်မှာ ကျောင်းသွားတက်ခဲ့ရတဲ့ ကာလလေးကို သတိရမိတယ်... မန္တလေးသား ဘယ်လို ဖြစ်ပြီး မော်လမြိုင်တက္ကသိုလ်မှာ ကျောင်းသွားတက်တယ်လို့ ထင်ပါသလဲ... ရှင်းရှင်းလေးပါ... အမှတ် ဟိုမမှီ ဒီမမှီရတဲ့ ကျတော်မောင်လှ မော်လမြိုင် တက္ကသိုလ်မှာသာ ရှိတဲ့ Marine Bio လို့ လူသိများတဲ့ Marine Science မေဂျာရလို့ သွားတက်ခြင်းပါ... အဏ္ဏဝါသိပ္ပံလို့လည်း ခေါ်တဲ့ ဒီမေဂျာတက်တဲ့ ကျောင်းသားတွေကို အဆောင် တစ်ခုတည်းမှာပဲ ထားပါတယ်...“မြိတ်” ဆောင်လို့ ခေါ်ကြောင်းပါ... ယောက်ျားလေး အဆောင်တွေရဲ့ အစွန်ဆုံးမှာ ရှိပါတယ်... ကျောင်းစတတ်တဲ့ညမှာ ကျတော်တို့ မေဂျာက သူငယ်ချင်းတွေ အဏ္ဏဝါသိပ္ပံသားတွေ ထွက်ခဲ့ သီချင်းသွားဆိုမယ် ဆိုလို့ လိုက်သွားတာ မေဂျာက ပထမနှစ် ကျောင်းသူတွေ နေတဲ့ အဆောင်ကို ရောက်သွားပါလေရော... လူ-၃၀ လောက်ရှိတဲ့ လူအုပ်ကြီး မိန်းကလေး အဆောင်ရှေ့မှာ သီချင်းဆိုကြလေရဲ့... တကယ်ဆိုတဲ့သူက ၅-ယောက်လောက်ပါ... ကျန်တဲ့သူတွေက အဖော် အဖြစ်လိုက်လာ ကြတာပါ... သြော် .. လွမ်းမိပါသေးတယ်... မော်လမြိုင်တက္ကသိုလ်ကြီးရယ်... 96 ကျောင်းပိတ်လို့ ပထမနှစ်ကို မန္တလေးမှာပဲ ဖြေပြီး အောင်ခဲ့ရတဲ့ အဏ္ဏဝါသိပ္ပံ ကျောင်းသားလေး ကျတော်ဟာ နောက်ဆုံးတော့ ရရာမေဂျာ

Adobe Photoshop ဘယ်လို သုံးမလဲ -၂

Adobe Photoshop ဘယ်လို သုံးမလဲ -၁ ကို မေလ (၄)ရက်နေ့က ရေးခဲ့သော်လည်း ဆက်မရေးဖြစ်ခဲ့ပါ... ဖိုတိုရှော့ သုံးတတ်သူများကလည်း လွယ်လွယ်လေးတွေ လာရေးပြနေတယ်... မောင်လှ ပညာပြနေတယ် ဆရာကြီး လုပ်နေသည်ဟု ထင်မှာ စိုးသောကြောင့် ဆက်မရေးဘဲ ရပ်ထားခဲ့သည်... အပျင်းကြီးမှုက အဓိက ဖြစ်ပေသည်... သို့သော်ငြားလည်း Photoshop ကို မည်သည့် အကြောင်းကြောင့် ဖြစ်ဖြစ် သင်တန်းမတက် နိုင်သူများအတွက် ရည်ရွယ်ပြီး ပြန်ရေးပါမည်... အများကြီး မရေးနိုင်ရင်တောင်မှ နည်းနည်းစီ ရေးသွားပေးပါမည်... ကျတော် စာပြန်သင်တဲ့ အချိန်ကျရင်လည်း မှတ်စု သဘောမျိုး ဖြစ်သွားအောင် ပြန်ရေး နေခြင်းလည်း ဖြစ်ပါသည်... Tool တွေ အကြောင်း မစသေးဘဲ Layer အကြောင်း အရင် သွားရအောင် ခင်ဗျာ... ဘေးမှာပါတဲ့ ပုံက Layer palette ပုံပါ... မတွေ့ခဲ့ရင် Windows menu ထဲက Layers ကနေ ခေါ်ယူလို့ရပါတယ်... Layers ရဲ့ရှေ့မှာ အမှန်ခြစ် ရှိတယ် ဆိုရင်တော့ ခေါ်တင်ထားပြီးသားပါ... အဲဒါဆိုရင်တော့ ဖိုတိုရှော့ window ထဲမှာ တွေ့အောင် ရှာကြည့်ပါ... Layers palette ရဲ့ အောက်ဆုံးမှာ ပါတဲ့ button လေးတွေအကြောင်း သွားရအောင်... ၁- လို့ညွှန်းထားတာက layer တွေကို ဖျက်ချင်တဲ့ အခါ သုံးပါတယ်... ဖျက်ချင်တဲ့ လေ

ဝါတွင်းကြီးမှာ Hotel Mandalay ၌ မချောအိမာန်(မန္တလေး) မင်္ဂလာပွဲတစ်ခု ကျင်းပခြင်း....

မနေ့က Hotel Mandalay မှာ မချောအိမာန်(မန္တလေး) ရဲ့ ဒုတိယမြောက် စာအုပ်ဖြစ်တဲ့ ကောင်းကင်အနမ်း စာအုပ်အသစ် ထွက်ရှိခြင်း အသိပေးပွဲ အခမ်းအနားကို နေ့လယ် ၂-နာရီမှ စတင်ကျင်းပခဲ့ပါတယ်... အခမ်းအနားမှူးအဖြစ် ဆရာ သင့်နော်က ဆောင်ရွက်ခဲ့ပါတယ်... ဆရာညီပုလေး၊ ဆရာ ဆူးငှက်၊ ဆရာမ ဖြူဖြူဝင်း (မြန်မာစာ)၊ ထုတ်ဝေသူ ကိုသီဟမောင်မောင်တို့က စာအုပ်နဲ့ ပတ်သက်ပြီး ရှင်းလင်း ပြောပြပေးပါတယ်... စာရေးဆရာမ မချောအိမာန်ကလည်း သူမ ဘယ်က ဘယ်လို စရေးဖြစ်ကြောင်းကိုလည်း ပြောပြပေးပါတယ်... ကျတော်ကတော့ နောက်ဆုံး အခမ်းအနား အစီအစဉ်ကို အကြိုက်ဆုံးပါ... ဒီစာအုပ် မိတ်ဆက်ပွဲလေးဟာလည်း မချောအိမာန်အတွက် မင်္ဂလာပွဲတစ်ခု ဆောင်ရွက်ခြင်း မဟုတ်ပါလား ခင်ဗျား... မချောအိမာန်ရဲ့ ယခုစာအုပ်ကို အမေ လူထုဒေါ်အမာမှ အမှာစာရေးထားပေးပါတယ်... အပျိုကြီး မချောရဲ့ စာအုပ် အောင်မြင်ပါစေလို့ ဆုတောင်းပေးပါလိုက်ပါတယ်... ချောအိမာန် (မန္တလေး) ရဲ့ ကောင်ကင်အနမ်း တက်ရောက်လာကြတဲ့ စာရေးဆရာများနဲ့ စာနယ်ဇင်းသမားများ မချောအိမာန်နဲ့ သူမကို ဝိုင်းရိုက်နေကြသူတွေ AD1971 စာအုပ်ထုတ်ဝေရေး လုပ်ငန်းတည်ထောင်သူ Graphic Designer ကိုသီဟမောင်မောင် စာရေးဆရာ ညီပုလေး ဆရာ ဆူးငှက် My Labels: Mandalay N

လမသာတဲ့ မန္တလေး ကန်တော်ကြီးည...

version 1.0 version 2.0 မနေ့က ကျတော်ရယ်၊ ကိုသခင်ကြီး ရယ်၊ ဘုဃံဏက် ရယ် သုံးရောက်သား မန္တလေး ကန်တော်ကြီးကို ည ၈-နာရီလောက်ရောက်ခဲ့တယ်... လကလည်းမထွက် အလင်းရောင်ကလည်း ကောင်းကောင်း မရှိ၊ ပြီးတော့ ဒီလိုမျိုး ညဘက်ကို သေချာ မရိုက်ဖူးသေးတော့ ကင်မရာကို ဟိုလိုလုပ် ဒီလိုလုပ်နဲ့ ရိုက်တာ ပုံ ၅၀-လောက် ရိုက်ဖြစ်တယ်... ကျတော့်အတွက် ကောင်းတယ်လို့ ပြောလို့ရတဲ့ပုံဆိုလို့ အခုဒီတစ်ပုံပဲ ရပါတယ်... ပုံ ၄-ပုံကို Photoshop CS3 မှာလည်း Merge to HDR လုပ်၊ ကိုဂျေ ပေးထားတဲ့ ဖိုတိုmatix သုံးပြီလည်း HDR လုပ်၊ လုပ်လို့ရလာတဲ့ HDR ပုံ ၂-ပုံကို Photoshop မှာပြန်ပြီး ပေါင်းထားတာပါ... My Labels: Photo, Mandalay, ဓာတ်ပုံ, Kandawgyi, Kantawgyi, ကန်တော်ကြီး