Skip to main content

Posts

Showing posts from April, 2006

Mobile Desktop PC

Mobile Desktop ကွန်ပျူတာ သုံးကြဦးမလားဗျို့ ...

MALA

မာလာ ဘယ်ရောက်နေပြီလဲ ... ဘယ်သွားမလဲ...

Myanmar ICT Week 2006

Myanmar ICT Week 2006 ကို မနေ့ကစပြီး မေလ (၄) ရက်နေ့အထိကျင်းပမယ်လို့ သိရပါတယ်... ပြပွဲများကို တပ်မတော်ခန်းမမှာ ကျင်းပမှာ ဖြစ်ပြီး ဆွေးနွေးပွဲနှင့် ဟောပြောပွဲများကိုတော့ Myanmar Info-Tech မှာကျင်းပနေတယ်လို့ သိရပါတယ်... The Fifth Myanmar ICT Week 2006, Seminar & Workshop 29/04/2006 13:00 - 14:30 Microsoft Visual Studio 2005 U Zaw Moe Tun 14:30 - 16:00 Windows Application Daw Kay Thwe Soe 16:00 - 17:00 Smart Client Application U Win Htein Win 30/04/2006 13:00 - 14:30 Web Application Daw Lae Mon Win 14:30 - 16:00 Web Services U Tin Htut Htut Naing Oo 02/05/2006 13:00 - 14:30 A Study on Linux U Wai Lin Kyaw 14:30 - 16:00 Embedded Track in OSS U Nay Lin Than 03/05/2006 13:00 - 14:30 OSS and Intellectual Property Rights U Maung Maung Thant 14:30 - 16:00 Development & Cus

Happy Birthday Ko Myo Kyawt Myaing!

ဒီနေ့ ကျတော် အရမ်းကြိုက်တဲ့ ကိုမျိုးကျော့မြိုင်ရဲ့မွေးနေ့ပါ... ကိုမျိုးကျော့ရေ... ပျော်ရွှင်တဲ့မွေးနေ့ပေါင်းများစွာကို ပိုင်ဆိုင်နိုင်ပါစေလို့ ကျတော် ဆုတောင်းပေးပါတယ်ခင်ဗျား... ကျတော်တို့အတွက် အသစ် အသစ်တွေကိုလည်း ဆက်လက် ဖန်တီးပေးပါဦးခင်ဗျား...

Mandalay Weather

ပူးပျင်းလှတဲ့ မန္တလေးနွေမှာ မိုးကို တောင့်တနေသူများအတွက် မိုးမင်းကြီးက မနေ့ညက မိုးများကို အားပါးတရရွာသွန်းပေးပါတယ်... အေးတော့ အိပ်လို့ကောင်းသလား မမေးနဲ့ဗျို့... ခုချိန်ထိလည်း ဆောင်းတွင်းလိုပဲ အေးတုန်းပဲနေတုန်းပဲဗျို့... နေလို့ထိုင်လို့ ကောင်းပါပေပေ့... ဘာဖြစ်လို့များပါလိမ့်လို့... နေတစ်မှာ ကိုမင်းအိုရေးထားတဲ့ မာလာဆိုတဲ့ ဟာကြောင့်မို့ကိုး.... minO wrote: မာလာလို့ အမည်ရတဲ့ ဆိုင်ကလုံး မုန်တိုင်းတစ်ခုဟာ လာမယ့် ၂၄နာရီအတွင်းမှာ ရခိုင်အနောက်ဘက်ကမ်းရိုးတန်းကို ဖြတ်မယ်လို့ သိရပါတယ်...။ အခုတော့ မြစ်ဝကျွန်းပေါ်က ကမ်းရိုးတန်းဒေသတချို့ကို စတင်ဖြတ်ကျော်နေပြီ ဆိုပါတယ်...။ မုန်တိုင်းရဲ့ ဗဟိုနားမှာ တစ်နာရီမိုင် (၁၅၀)ခန့် တိုက်ခိုက်နိုင်ပါတယ်တဲ့...။ ကမ်းရိုးတန်းဒေသတွေမှာ မုန်တိုင်းဒီရေဟာ (၈)ပေကနေ (၁၂)ပေလောက်အထိလည်း တက်လာနိုင်ပါတယ်တဲ့...။

MgHla's short CV

ဘာရယ်မဟုတ်ပါဘူး... လွန်ခဲ့တဲ့ တစ်နှစ်လောက်တုန်းက တင်ခဲ့ဖူးတာပါ... ပြင်ရမှာ ပြင်းလို့ ဒီအတိုင်းပြန်တင်မယ်ဗျာ... . . . ပျော်ရွှင်စရာကောင်းသော ပတ်ဝန်းကျင် ၊ ကိုယ့်အလုပ်အပေါ် အခြားလူများမှ ၀င်ရောက်စွပ်ဖက်ခြင်းမရှိဘဲ ကူညီတတ်သော လုပ်ငန်းခွင် ၊ ချစ်ခင်စရာကောင်းတဲ့ မိသားစုအသိုင်းအ၀ိုင်းပုံစံနှင့် လစာကောင်းသော အလုပ်တစ်ခု လိုချင်ပါသည် . . . ရာထူး - ကြိုက်တဲ့ ရာထူးပေးပါ . . . (ရာထူးအရေးမကြီးပါ) လုပ်တတ်သည့်အလုပ် - ၁ - Graphic Design ၂ - Microsoft Platform Software installation (Win 3.x to Win 2003 Server & Application Softwares) ၃ - Networking Installation & Administration (လက်ရှိ ရုံးတွင် PC အလုံး ၃၀ ခန့်ပါဝင်သော Network နှစ်ခုကို အဆင်ပြေအောင် administration လုပ်ပေးနေ ) ၄ - စာလည်း သင်တတ်ပါသည် . . . (အရင်အလုပ်က ကွန်ပျူတာ စင်တာ တစ်ခုက ကွန်ပျူတာသင်တဲ့ ဆရာပါ . . . IDCS အတန်းများမှာလည်း စာသင်ဖူးပါသည်) ၅ - Computer Programming နည်းနည်းပါးပါးရ . . . အခုလက်ရှိ နေ့တိုင်း သုံးနေသည့် Software များ - Microsoft Word, Excel, Access, Powerpoint, Adobe Photoshop, PageMaker, Corel Draw, VB

အိမ်ရှေ့မင်းသွား တောလား ဓာတ်ပုံများ - ၂

မေတ္တာမြေ မန္တလေးမှာ တစ်လ အတွက် လစဉ်ကြေး ကျပ် ၁၀၀၀/- စီ ပေးသွင်း စုဆောင်းကြတဲ့ “မေတ္တာမြေ” အမည်နဲ့ စေတနာရှင် လူမှုရေးအဖွဲ့ ဖွဲ့စည်း တည်ထောင် ထားပါတယ်။ ဒီအဖွဲ့က မိဘမဲ့ ကလေးငယ်များ ထိန်းသိမ်း စောင့်ရှောက်သောအဖွဲ့များ၊ ဘိုးဘွားရိပ်သာများ၊ ဆွံ့အ နားမကြား ဝေဒနာရှင် ပြုစု စောင့်ရှောက်ရေးအသင်းများနဲ့ ကျန်းမာရေး ချို့တဲ့သူများ-မသန်စွမ်းသူများ ပြုစု စောင့်ရှောက်သူများကို စေတနာရှင်တွေ ပါဝင်စုဆောင်းထားတဲ့ ငွေထဲက ခွဲဝေ လှူဒါန်း ပေးလျက်ရှိပါတယ်။ ၂၀၀၆၊ ဖေဖော်ဝါရီ ၂၀ ရက်အထိ စုဆောင်းငွေကျပ် ၇ သိန်းကျော်ရှိနေပြီး ဆက်သွယ်ပူးပေါင်းလိုသူတွေ ဦးသန်းဌေး၊ ဖုန်း- ၀၂-၃၂၀၆၈ (မန္တလေး)နဲ့ ဆက်သွယ်နိုင်ကြောင်း သိရပါတယ်။ source: http://www.mchronicle.com.mm

Mandalay News - သို့မဟုတ် အတင်း (သို့) စိတ်ထွက်ပေါက်

ဟိုနေ့က စိနတိုင်းပြည်ကလာတဲ့ မီးစက်မှာ ထည့်မောင်းရတဲ့ ၂-တီ လေးသွားဝယ်ပါတယ်... လွန်ခဲ့တဲ့ လက၀ယ်တာ ၀.၅ လီတာ တစ်ဘူးကို ၁၀၀၀-ကျပ် ... ခု ၁၅၀၀-ကျပ်တဲ့... ဘယ်လို လုပ်ကြမလဲ... လျှပ်စစ်မီးက ပျက်လိုက်တာလဲ မပြောပါနဲ့တော့... ၆-နာရီ လာရမယ့်နေဆို အလွန်ဆုံးလာမှ ၃-နာရီခွဲလောက်ပဲ... ၁၂-နာရီလာရမယ့်ရက်ဆို ပျက်လိုက် လာလိုက်နဲ့ ကျတော် ထင်တယ် အလွန်ဆုံးမှ ၇-နာရီလောက်ပဲ မီးလာတယ်ထင်တယ်... အင်ဗာတာနဲ့ အလုပ်မဖြစ်တော့လို့ လေအား လျှပ်စစ်ထုတ်စက် (သို့) ဆိုလာစက် ဈေးပေါရင် ၀ယ်တတ်မလား စဉ်းစားနေတယ်... လေအားလျှပ်စစ်ထုတ်စက် ကြော်ငြာတာတော့ တွေ့မိပါရဲ့.. သုံးတာတော့ သိပ်မတွေ့ဘူး... ဆိုလာစက်ကတော့ တွေ့ကို မတွေ့တာ ဘာဖြစ်လို့လဲမသိ... ဈေးကြီးကြလို့လားမသိ... အဲ .. ရေလည်း လာလာဆိုတော့... မနက် ၉-နာရီ - ၁၀-နာရီ ၀န်းကျင်ဆိုလာတတ်တယ်ဗျ... ကြွက်သေးပေါက်သလောက် ပေါ့ဗျာ... အိမ်ကတော့ ရေလာမှာကို မပူဘူး... မီးမလာမှာကိုဘဲ ပူတယ်... ဘာဖြစ်လို့လဲ ဆိုတော့ အိမ်မှာ အ၀ီစိတွင်းရှိတယ်လေ... ညနေ မီးလာတဲ့ ရက် ရေတင်ပြီဆို အိမ်မှာ ရေလာခပ်ကြတာကို မြင်စေချင်တယ်ဗျာ... တစ်ပြမှာ ရှိတစ်မျှ အိမ်အကုန်နီးပါး လာခပ်ကြတယ်... ရေစက်ကို ၂-နာရီလောက် မောင်းရတယ်... တခါတလေ

ဆန်ဈေးနှုန်းအဆမတန်တက်ခြင်းသည် နိုင်ငံတော်၏ စေတနာ၊

ဆန်ဈေးနှုန်းအဆမတန်တက်ခြင်းသည် နိုင်ငံတော်၏ စေတနာ၊ ၀န်ထမ်းများ၏ တုံ့ပြန်မှုများအပေါ် ထိုးနှက်ချက်ဖြစ်နိုင်ငံတော်အစိုးရ၏ စီမံချက် အောင်မြင်မှုကို ထိခိုက်စေရန်ကြံရွယ်၍ တစ်ခုခုလုပ်လျှင် (သို့မဟုတ်) ယင်းသို့ဖြစ်စေရန် အကြောင်းရှိသောအမှုကိုပြုလုပ် လျှင် ထောင်ဒဏ် (၇) နှစ်သော်လည်းကောင်း၊ ငွေဒဏ်သော်လည်းကောင်း၊ နှစ်ရပ်လုံးအားသော် လည်းကောင်း ထိုက်သင့်စေရမည်။ more: http://www.popularmyanmar.com/pop_hop/news_index.php?newsid=181

အိမ်ရှေ့မင်းသွား တောလား ဓာတ်ပုံများ - ၁

ဘာကြီးလဲ? သောက်ကြဦးမလား? ဇလုံနဲ့ မတူဘူးဆိုပဲ... ဒါပေမယ့် ဇလုံလို သုံးလို့ ရတယ်တဲ့... သူက မင်းမျိုးမင်းနွယ်ဆိုပဲဗျ... ဗိုက်ပူပူနဲ့လူက ခန့်ချောကြီးပဲဗျ... မျက်မှန်ကြီးနဲ့ ကိုဘရိတ်ကီ

အိမ်ရှေ့မင်းသွား တောလား - ၁

ရေးရတာပျင်းလို့ ဦးထိပ်နဲ့ ပုဂံနပ် ရေးတာ တင်လိုက်တယ်ဗျို့... ဦးထိပ် ရေး... မန်းမန်ဘာများ ယနေ့စုစည်းပြီးခရီးတိုလေးထွက်လို့ ပျော်ပျော်ပါးပါးသွားခဲ့ကြပါတယ် . . . နောက်ကိုလည်းဒီလို အစီအစဉ်လေးတွေနဲ့ ခရီးတိုလေးတွေ ထွက်ကြရရင်ကောင်းမယ်ဗျာ ကနေ့သွားခဲ့ကြတာကတော့ အိမ်ရှေ့မင်းထန်းတောကိုပါ... ကိုဂျေ ကိုမောင်လှ ကိုမောင်ရမ်း ကိုပုဂံနက် ကျွန်တော် (ဦးထိပ် (ခ) နေမျိုးနွယ်) သွယ်သွယ် ငွေနှင်းမြူ အားလုံး ၇ယောက် သွားခဲ့ကြတာပါ . . . ကိုဂျေ အိမ်မှာ အားလုံးလူစုပြီး နေ့လယ်ပိုင်းမှာ အိမ်ရှေ့မင်းထန်းတောကို ထွက်ခဲ့ကြပါတယ်... ဆိုင်ကယ် ၄ စီးလူက ၇ယောက်ပေါ့ ... လမ်းမှာ ဆီထည့် လေဖြည့်ရင်းနဲ့၁နာရီလောက်မှာတော့ သခင်မတောင်နားကအိမ်ရှေ့မင်းထန်းတောကို ရောက်ခဲ့ပါတော့တယ် . . . . ထန်းရေ တစ်မြူမှာပြီး သူရဲကောင်း ရွေးရာမှာတော့ သူရဲကောင်း သုံးယောက် ထွက်ပေါ်လာခဲ့ပါတယ် . . . သူရဲကောင်းကြီး သုံးဦးက ထန်းရေတစ်မြူ ကို သောက်ခဲ့ကြပါတယ် . . . ကြွက်ကြော်၂ကောင်နောက် ပဲလှော်ကြော်သုတ်ဝယ်လာခဲ့တဲ့ မုန့်တွေ ထုတ်လို့ စားကြ သောက်ကြပေါ့ ... စကားတွေလဲပြောစားလဲစားသောက်လဲသောက်နောက်ရိုက်လဲရိုက်ကြတယ်ဗျ . . . ပုဂံနပ် ရေး... ပျော်စရာကောင်းပါတယ်ဗျာ။ ခရီးသွ

Myanmar News? or Gossips?

ဒီနေ့ နေ့လည် ၁၂ နာရီလောက်က ရွှေဈေး ၅.၃ သိန်းတဲ့... မြေပဲဆီဈေးက ၃ထောင်တဲ့... တက်တယ်တဲ့... တက်တယ်ဆိုတာ မကျဘူးပေါ့နော်... သူတို့ နတ်ပြည်သွားနေကြတယ်ပေါ့နော်... ကျတော်တို့ ငရဲပြည်သွားမယ်ပေါ့နော်... .... ပေါ့နော်... .... ပေါ့နော်...

အိမ်ရှေ့မင်းထန်းတောသွားကြမယ်...

လိုက်ကြဦးမလား... မနက်ဖြန်ကျရင် နေးတစ်မြန်မာ က မန္တလေးသူ/သား သူငယ်ချင်းတွေနဲ့ အိမ်ရှေ့မင်း ထန်းတောသွားကြမလို့... အရင်တုန်းက အိမ်ရှေ့စံ ကနောင်မင်းသားကြီး သောက်တဲ့ ထန်းတောမို့ အိမ်ရှေ့မင်းထန်းတောလို့ ခေါ်တယ် ထင်တာပဲဗျ... ဘယ်နားမှာလဲဆိုတော့ သခင်မတောင်ခြေ နားကရွာလေး တစ်ရွာပေါ့ဗျာ... မန္တလေးမြို့ရဲ့ မြောက်ဘက် မိုးကုတ်သွားတဲ့လမ်း ကြာနီကန်ရွာ အရှေ့ဘက်မှာ ရှိတယ်ဗျ... ပင်ကျရည်လေးကို ကြွက်ကြော်၊ ကြက်ကြော်နဲ့ စားလိုက်သောက်လိုက်ဦးမယ်ဗျို့... ကြွက်ကြော်က ကြက်ကြော်ထက် ကောင်းတယ်ဗျ... မူးအောင်သောက်ကြမယ့်ကောင်တွေ မဟုတ်ပါဘူး... အမြည်းစားကြမယ့် ကောင်လေးတွေပါ... ထန်းရည်ဖိုးထက် အမြည်းဖိုးပိုမယ့် အဖွဲ့တွေပါ... လိုက်မယ်ဆိုရင် မနက်ဖြန် မနက် ၁၀း၃၀ နာရီ ကိုဂျေအယ်လ် (ခ) ကိုသခင်ကြီးအိမ် အရောက်လာခဲ့ဗျို့...

Mandalay News -ကြက်၊ ဘဲ၊ ငုံး အသားများ၊ ဥများစားနိုင်ပြီ

ကြက်ငှက် တုတ်ကွေး ရောဂါ ဖြစ်ပွားမှု ရှိခဲ့တဲ့ မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်းအတွင်းမှာ ယင်းရောဂါကို ထိန်းချုပ်နိုင်ပြီဖြစ်လို့ ကြက်၊ ဘဲ၊ ငုံး အသားများနဲ့ ဥများကို စားသုံးနိုင်ပြီ ဖြစ်ကြောင်း ၂၀၀၆ ဧပြီလ ၁၇-ရက်နေ့ထုတ် ကြေးမုံ သတင်းစာ စာမျက်နှာ-၇ ပါ သတင်းအရသိရပါတယ်... ကျန်မာသန်စွမ်းမှုရှိတဲ့ ကြက်သေ၊ ဘဲသေ၊ ငုံးသေများကို ၀ယ်ယူစားသုံးကြဖို့... ကြက် ဘဲ အသားစိမ်းများကိုင်တွယ်တဲ့အခါ လက်အိတ်နဲ့ ကိုင်တွယ်ကြဖို့... လက်ကို ဆပ်ပြာနဲ့ သေချာဆေးကြောဖို့... ပွက်ပွက်ဆူအောင် ချက်ပြုတ်ကြဖို့... (60ံ C မှာဆိုရင် မိနစ် ၃၀ ခန့်၊ 100ံC မှာ ဆို ၂-မိနစ်ခန့် ချက်ပြုတ်လျှင် အန္တရယ်ကင်းကြောင်း) နှင့် .... .... .... တိုက်တွန်းနှိုးဆော်ထားပါတယ်...

Nestle Coffee Black

စားသုံးရန် မသင့်တော်တော့တဲ့ အစားအသောက်ထဲမှာ နက်စ်ဘလက်ကို ထည့်ရတော့မယ် ထင်ပါ့... ဘာဖြစ်လို့လဲ ဆိုတော့ ပြီးခဲ့တဲ့ လအထိ နက်စ်ဘလက် တစ်ခွကို ၁၇၀-ကျပ်ပါ... သံပုရာသီး ဈေးတက်လို့ ဆိုပြီး ၂၀၀-ကျပ် ဖြစ်သွားလေရဲ့... သင်္ကြန်မတိုင်ခင်ထိ ဒီဈေးပဲ... ဒီနေ့ သွားသောက်တော့ ၂၅၀-ကျပ်တဲ့... ကဲ နက်စ်ဘလက်ကို ဆိုင်များ၌ သောက်သုံးရန် မသင့်တော်သော စားသောက်ကုန် စာရင်းထဲသို့ အကျွန်ုပ် မောင်လှ ထည့်သွင်းလိုက်ပါပြီ...

စိတ်အချဉ်ပေါက်ခြင်း

ခု ဓာတ်ဆီထုတ်ပြီး ပြန်လာသည်... စိတ်အချဉ်ပေါက်လာသည်... ကျတော့် ဆိုင်ကယ်လေးမှာ အစိုးရသတ်မှတ်ထားတဲ့ တစ်ဂါလန် (၄.၅လီတာ) မဆန့်ပါဘူး... ၄ လီတာလောက်ပဲ ဆန့်တာပါ... ဒါကို ပန့်ကိုင်တဲ့လူက ပန့်ကစားသလား မမေးနဲ့ ... ပန့်ကစားတဲ့အပြင် ၂ စိတ်လောက်ခိုးတယ်ဗျို့... ခါတိုင်းနေ့တွေ ၁ စိတ်လောက် ခိုးတာ ခိုးနေကြမို့ ခံသာသေးတယ်... ဒီနေ့ စိတ်အချဉ်ပေါက်လာတယ်... မကျေနပ်ဘူးဗျာ... မကျေနပ်လို့တိုင်လဲ... ဆိုင်မန်နေဂျာက အရေးမယူတဲ့အပြင် ရိုက်ထုတ်မှာစိုးလို့ တိုင်ပြီး အလကား ဖြစ်မှာ စိုးလို့ မတိုင်ခဲ့ဘူးဗျို့... မောင်လှ သင်္ကြန်ပိတ်ရက် အင်တာနက်သုံးနိုင်မည် မဟုတ်သောကြောင့် ဧပြီလ (၁၈) ရက်နေ့မှ ပြန်ရေးမယ်...

Myanmar News (Mandalay)

ပြန်ကြားရေးဝန်ကြီးဌာန ၀န်ကြီးဗိုလ်မှူးချုပ်ကျော်ဆန်း ကိုအောင်သူမြိုင် စောစောကမေးတဲ့ ဓာတ်ဆီ၊ ဒီဇယ်တစ်ဂါလန်ကို ၂၅၀၀ အထိ ဈေးတက်ယူမယ်၊ လျှပ်စစ် ယူနစ်တစ်ခုကို ၂၅ကျပ် ကနေ ၇၅ကျပ်အထိ ဈေးတက်ယူမယ်ဆိုတာ ကောလာဟလဖြစ်ပါတယ်။ ၁၀-၄-၀၆ ထုတ် ကြေးမုံသတင်းစာ စာမျက်နှာမှ ပြန်လည် ကူးယူဖော်ပြသည်... ကျတော်တို့မန္တလေးမှာ သင်္ကြန်ရောက်တော့မည် ဖြစ်သောကြောင့် ဓာတ်ဆီ တစ်ဂါလန်လျှင် ပြင်ပပေါက်ဈေး ၄၀၀၀-ကျပ်၊ ဒီဇယ်တစ်ဂါလန် ၄၃၀၀-ကျပ် ၀န်းကျင် ပေါက်ဈေးရှိကြောင်းပါ... အစိုးရဓာတ်ဆီဆိုင် ရောင်းဈေးကတော့ တစ်ဂါလန် ၁၅၀၀-ကျပ်ပါ... ပြည်ထောင်စု မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥက္ကဋ္ဌ ဦးကျော်ကျော်အောင် အခုလို ၀န်ထမ်းတွေ လစာတိုးပေးတာကလည်း အခွန်အကောက်ကို စနစ်တကျကောက်ပြီးတော့ ဒီဟာကို ပေးခဲ့တာ ဖြစ်ပါတယ်။ ခုနကပြောသလို စနစ်တကျ ကောက်ခံတယ်၊ ကောက်ခံစရာရှိတဲ့ အခွန်အခတွေကို ထိုက်ထိုက်တန်တန် ထိထိရောက်ရောက် ပေးခဲ့နိုင်တာဖြစ်ပါတယ်။ ခုနကပြောသလို inflation ကို ၀န်ထမ်းလစာလေးပေးတာနဲ့ ကြိုတင်ခန့်မှန်းပြီးတော့ inflation တက်နိုင်တယ်၊ deflation တွေဖြစ်နိုင်တယ်ဆိုတာမျိုးကိုတော့ ကြိုတင် ခန့်မှန်းပြီး ပြောပြလို့ မရနိုင်ပါဘူး။ သုံးသပ်လို့ မရပါဘူး။ ၁၀-၄-၀၆ ထုတ်ေ

Testing Microsoft WEFT

ခုကျတော့်ရဲ့ blog ကို Microsoft WEFT (Web Embedding Fonts Tool) Ver III ကို စမ်းသပ်ထားပါတယ်... Zawgyi-One Font မရှိလဲ မြင်ရမယ်ထင်ပါတယ်... အဆင်မပြေဘူး ဆိုရင် ကျတော်ဒါကို ပြန်ဖြုတ်မှာပါ.... ဒီဟာလေးက IE နဲ့ သူ့အမျိုးနွယ်ဝင် Brower များမှာသာ အလုပ်လုပ်ပါတယ်... Firefox နဲ့ဆို ဇော်ဂျီ ဖောင့်မရှိရင် မြင်ရမှာ မဟုတ်ပါဘူး...

Chinese Pregnancy Chart..

The Chinese conception chart, also known as the Chinese pregnancy calendar and the Chinese conception calendar, is supposed to predict whether you will have a girl or boy. The story goes that the original Chinese pregnancy chart was buried in a royal tomb nearly one thousand years ago, and you can now see it at the Beijing Institute of Science. It's easy enough to use: just find the line on the pregnancy calendar that equates to your age and move along until you reach the month in which you conceived. If the square is pink, you'll have a girl, blue and expect a boy. If you're 21, according to the birth chart there's not much chance of a boy! Of course it's just a bit of fun.... or is it?! The sex of both my kids was accurately predicted, and the Chinese pregnancy calendar scored considerably higher than the 50% correct you would expect with friends we have tried it on. Clever people the ancient Chinese!

Flyakite OSX

မောင်လှ Apple G5 ကွန်ပျူတာကြီးနဲ့ OS X သုံးနေပြီလို့ မထင်စေချင်ပါ... မန္တလေးက ဘိုင်ကောင်လေး မောင်လှ တရုတ်ကထုတ်တဲ့ ကလုံးကွန်ပျူတာလေးတောင် အနိုင်အနိုင်သုံးနေရတာပါ... ခုဟာ ကိုညီလင်းဆက် မြန်မာပြည်ဖွားများ ဖိုရမ်မှာပေးထားတဲ့ FlyakiteOSX ပရိုဂရမ်လေးကို စမ်းသုံးထားတာပါ... စိတ်ဝင်စားဖို့ ကောင်းပါတယ်... Apple Mac OS X ကို စိတ်ဝင်စားတယ်ဆိုရင် စမ်းသုံးကြည့်ကြပါဦး... lynnseck wrote အဲပဲလ် အိုအက်စ်အိပ်စ် ဗားရှင်းကို ၀င်းဒိုစ်း အိပ်စ်ပီပေါ်တွင် သုံးချင်သူများအတွက် အကောင်းဆုံး စစ်စတမ်သိမ်စ်း ဖြစ်ပါတယ်။ ဆိုဒ် ၃၀ မက်ဂါဗိုက် ဖြစ်ပါတယ်။ အဲပဲလ်နှင့် တစ်ပုံစံတည်း တူပါတယ်။ သာမာန် သိမ်စ်းများနှင့် မတူပါ။ ပရိုဂရမ် တစ်ပုဒ်အနေဖြင့် တွိ လုပ်ထားခြင်းဖြစ်ပါတယ်။ အချိန်မရွေး ပြန်ဖျက်နိုင်ပါတယ်။ ဘာ အဲရာမှ မတွေ့ရပါဘူး။ သုံးခဲ့သမျှထဲမှာ စိတ်တိုင်းအကျဆုံး ဖြစ်ပါတယ်ခင်ဗျား။ စမ်းသုံးကြည့်ကြပါ။ Click Here http://osx.portraitofakite.com/

Signature

Large Small

MgHla & Flash (SOS, F1, Help me, Kal Kya Par, ကူညီကြပါ)

သူငယ်ချင်းများသို့... ကျတော် မောင်လှ htooeainthin.com အတွက် ဒီဇိုင်းအသစ် ပြန်ရေးနေတယ်ဆိုတာ သိကြမယ်ထင်ပါတယ်... အခုကျတော် စမ်းသပ်ရေးထားတဲ့ home page design ကို http://www.htooeainthin.com/beta.htm မှာ သွားရောက်ကြည့်ရှုနိုင်ပါသည်... ကျတော် မောင်လှမှာ Flash နှင့် ပတ်သက်ပြီး ဘာမှ မယ်မယ်ရရ လုပ်ဖူးသူမဟုတ်ပါ... ခုရေးထားတာတောင် စမ်းတ၀ါးဝါးနှင့် ရေးထားခြင်း ဖြစ်ပါသည်... ခု အကူအညီ တောင်းလိုတာက Flash ဖိုင်ကို စတင်ရာမှာ ပြတဲ့ loading bar ဘယ်လို ရေးရလဲဆိုတာ သိချင်လို့ပါ... နမူနာတစ်ခု download လုပ်ပြီးကြည့်သော်လည်း အင်္ဂလိပ်စာ လွန်စွာညံ့ဖျင်းမှုနဲ့ Flash ကို ကျွမ်းကျင်စွာ မသုံးတတ်မှုတွေကြောင့် နားမလည်ပါ... လုပ်ကြည့်သော်လည်း အဆင်မပြေပါခင်ဗျား... သိသူ တတ်သူများ ကူညီ မစတော် မူကြပါခင်ဗျား... ထူးအိမ်သင် site အတွက်ရေးတာ ဘာမှ မရပါခင်ဗျား... ၀ါသနာပါလို့သာ လုပ်နေရခြင်းဖြစ်ပါတယ် ခင်ဗျ... အပြင်ကုမ္ပဏီ အပ်မယ်ဆိုရင်လည်း Flash ပါတဲ့ ဒီဇိုင်းဆို ၅-သိန်းနဲ့ အထက် ကုန်ကျနိုင်ပါတယ်... ထူးအိမ်သင် site ကို အင်တာနက်ပေါ် ဖြစ်တည်အောင်ကြိုးစားနေကြသူများများ ဘိုင်ကောင်တွေပါ... hosting ကြေးတောင် အကြွေးထားလို့ mmbiz.net တောင်စပွန်ဆာ

Myanmar Forum (http://board.NativeMyanmar.com)

NativeMyanmar ကနေ ကူးယူလာတာဗျို့... ၀င်ရောက် ဆွေးနွေးကြဖို့ ဖိတ်ခေါ်ပါတယ်... Myanmar Language ဆိုပြီး ဆွေးနွေးနေကြတဲ့ အထဲက ကောက်နှုတ်ထားတာပါ... jeepercreeper wrote: မြန်မာစာ မြန်မာစကား ဆိုလို့ပါ..။ ဟိုတစ်နေ့က ကိုယ့်သားလေး(၇.နှစ်ခွဲ ) ကို "အဘ ထက်သားတစ်လကြီး" ဆိုတဲ့ စကားပုံလေးပြောမိပါတယ်..။ ပြန်ရှင်းပြနေလိုက်ရတာ နာရီဝက် လောက် ကြာသွားတယ်..။ ကလေးက သူတို့ကျောင်းမှာ အတန်းတွေ ခုန်ခုန်တက်သွားတာ..(၂)ခါတောင်ရှိနေပြီဖြစ်တဲ့ ကလေးမျိုးပါ.. (ဆိုလိုတာက ဥာဏ်ရည်အနိမ့်စားကြီးထဲက မဟုတ်တဲ့ ကလေးမျိုးလို့ ပါ..) ဒါတောင် "စကားပုံ" ဆိုတာမျိုးကို .. ဒီလောက်လွယ်တဲ့ဟာလေးမျိုးကို တော်တော်ရှင်းယူလိုက်ရတော့ ..။(အဲဒါရဲ့အဓိပ္ပါယ်အပြင် စကားပုံ ဆိုတာ ဘာလဲ..ဆိုတာကိုပါထပ်ရှင်းနေရသေးတာ) ကိုယ်တို့တွေ ငယ်ငယ်ကဆို ဒီလောက်အသက်အရွယ်ဆို ဒီလောက်လွယ်လွယ် စကားပုံမျိုး လေးငါးခု လောက်တော့ အနည်းဆုံး သိပြီးနေခဲ့ပြီ ထင်တာပဲ ..။ ဒီခေတ်ကလေးတွေမတော့ တခြား မီဒီယာတွေ က ယူနေစရာတွေများ.များလှတာနဲ့ပဲ .. ဟာ တဲ့နေရာတွေကျတော့ ဟာ ကုန်ကြတာ..။ ကြာကြာနေရင် next generation တွေ မြန်မာစကားပုံ တွေကို သိမှသိပါတော့မလား..လို့တောင

ဘာရယ်မဟုတ်ပါဘူး

Apr 1 4:34 PM me: http://www.htooeainthin.com/mghla/beta/ (New Link http://www.htooeainthin.com/beta.htm ) zengans: yea ic me: very poor flash design :( ............... ............... ............... 4:45 PM me:စန္ဒယားခလုတ်ပေါ် ပွိုင့်တာရောက်ရင် ပေါ်မယ့် အသံ ဘယ်သူ့ကို တီးခိုင်းရမလဲ 4:46 PM zengans: amm ဒါတော့ ဘယ်သိမလဲ ဖိုင်နှစ်ဖိုင်လောက်ဆို အဆင်ပြေမယ်ထင်ပါတယ် me: ကိုဂျေကြီးကို တီးခိုင်းရင်ရမယ်ထင်တယ် zengans: မတူတဲ့ အသံနှစ်ခုပေါ့ me: ခလုတ်တစ်ခုကို တစ်ဖိုင်ထားရမယ်ထင်တယ်... zengans: တစ်ခုကို တစ်ဖိုင်ဆို ဆိုဒ်နည်းနည်းပိုကြီးသွားမှာပေါ့ 4:47 PM virtual keyboard software ကထွက်တဲ့အသံကော me: ကဲ အနုပညာဆန်အောင်လုပ်ရင်... web page အဖြစ်ဘယ်လို ပြောင်းရမလဲမသိတော့ဘူး... ကောင်းရော... 4:49 PM zengans: ဟီးဟီး me: ထူးအိမ်သင်ရဲ့ မ....ငယ် ဖိုးသားကို တွေ့ရင် ပြောလိုက်ပါဦး web page အဖြစ် မပြောင်းတတ်တော့ဘူးလို့ zengans: ဟား ဟား အင်း .. ပြောလိုက်ပါ့မယ် ကြိုးစားကြတာပေါ့ တစ်နိုင်တစ်ပိုင်လေး me: အန်နီမေးရှင်းမပါဘဲ ပုံအနေနဲ့ပဲ တင်ကြရအောင်လို့ 5:28 PM me: ပြန်ပြီ တာ့တာ 5:30 PM zengans: hote kae bye bye good luck

Windows Live Mail

Windows Live Mail join လုပ်ထားတာ ၂-ပတ်ကျော်ပြီ ... သတိရလို့ ၀င်ကြည့်တော့ဟော Windows Live Mail ကို သုံးလို့ရပြီတဲ့... ဘာတွေ ထူးလဲမသိ... ဒီမှာ ဘန်းထားတာဆိုတော့ ကျော်ခွ ၀င်ရတယ်ဗျ... မူလကမှ speed နှေးပါတယ်ဆိုမှ ကျော်ခွ ၀င်ရတော့ ပိုနှေးပြီပေါ့ဗျာ... နှေးလွန်းအားကြီးတာနဲ့ ဒီနေ့တော့ စမ်းကြည့်ရသေးဘူးဗျို့... ဒါနဲ့စကားမစပ် ... Google AdScence စမ်းမလို့ လုပ်တာ စီးပွားရေးပိတ်ဆို့ထားတဲ့ နိုင်ငံထဲက ဖြစ်နေလို့တဲ့ အကောင့်ကို သုံးခွင့်မပေးဘူးဗျ... အဟီး ငိုချင်တယ်... ဒေါ်လှလေးဘာလေးများရမလားလို့...

စိတ်ရဲ့ ထွက်ပေါက်

မောင်လှရေ... တခါတလေ ငါ့စိတ်ဓာတ်ကြီး ယုတ်မာရိုင်းစိုင်းလာအောင် သူတို့တွေ လုပ်ကြတယ်ကွာ... ငါ့ရဲ့ စေတနာကို သူတို့တတွေ ဆော်ကားချင်ကြတယ်ကွာ... ငါ့ရဲ့ ...... င့ါရဲ့ ...... ငါ့ရဲ့ ......

Mandalay News (ဟိုတယ်များ စည်းကမ်းချိုးဖောက်က ပိတ်သိမ်းခံရမည် )

"တချို့လုပ်ငန်းရှင်တွေက ချမှတ်ထားတဲ့ စည်းကမ်းတွေကို လျစ်လျူရှုကြတယ်။ ၂၀၀၅ ခုနှစ်၊ ဇန်န၀ါရီလကနေ အခုနှစ် မတ်လအထိ ဟိုတယ်၊ တည်းခိုခန်းတွေမှာ လူသတ်မှု နှစ်မှု၊ မူးယစ်ဆေးဝါးမှု ရှစ်မှု၊ ပြည့်တန်ဆာမှု လေးမှုနဲ့ အမည်စာရင်း မတိုင်မှု တစ်မှု ဖြစ်ခဲ့တယ်။ အနှိပ်ခန်း တွေကိုလည်း ဟိုတယ်၊ မိုတယ်၊ အင်းတွေမှာ နည်းလမ်း ပေါင်းစုံနဲ့ တွေ့နေရတယ်။ လုံးဝလုပ်ခွင့် မရှိပါဘူး" ဟု မန္တလေးတိုင်း အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အတွင်းရေးမှူး ဒုတိယ ဗိုလ်မှူးကြီးကြည်သိန်း က ပြောကြားသည်။ တည်းခိုသူများ အတွက် မလိုလားအပ် သော ၀န်ဆောင်မှုများ လုပ်ပေးခြင်းမှာ အကျည်းတန်ကြောင်းနှင့် ဖြစ်ပွား ခဲ့သော လူသတ်မှုနှစ်မှု၌ မန်နေဂျာများ၏ ပေါ့လျော့မှုကို များစွာတွေ့ရကြောင်း မန္တလေး ခရိုင် ရဲတပ်ဖွဲ့ ဒုရဲမှူးကြီး စိုးမြင့်က ပြော ကြားသည်။ [via Myanmar Times]

Mandalay News

ကျတော်တို့ မန်းလေး(မန္တလေးသားတွေ ပြောတဲ့အပြော)မှာ ဖီလစ်ပိုင်နိုင်ငံက လွှင့်တဲ့ DreamTV အစီအစဉ်တွေကိုဖမ်းကြည့် လို့ရတဲ့ ထိုင်းနိုင်ငံ Dynasat ကထုတ်တဲ့ ၂-ပေ စလောင်းစက်လေးတွေကို အိမ်တိုင်းနီးနီးလောက်မှာ တပ်ဆင် အသုံးပြုကြတဲ့ဗျ... အဲဒီ စက်တွေက DreamTV ကို ခိုးကြည့်တဲ့ စက်လေးတွေပေါ့... အပြီးအစီးတစ်စုံမှ ၉-သောင်းကျပ် ၀န်းကျင်လောက်ပဲ ရှိတော့ ကြည့်ပျော်တယ်ဗျာ... HBO, Star Movies, Star Chinese, Star World, Disney, CNN, BBC world, ESPN, Star Sport, ... စတဲ့လိုင်းတွေ ပါတယ်ဆိုတော့ ကြည့်ပျော်တယ်ပေါ့ဗျာ... လစဉ်ကြေး ၊ နှစ်စဉ်ကြေးလဲ ပေးစရာမလိုဘူးဗျ... ဒါပေမယ့် တစ်ခါတလေ ကုတ်ပြောင်းတယ်ဆိုရင်တော့ နှစ်ပတ်လောက် စောင့်လိုက်ပါ... အဲဒီစက် ထုတ်တဲ့ ကုမ္ပဏီက software အသစ်ထုတ်ပြီး ပေးတယ်ဗျ... တခါတလေ အခမဲ့ တခါတလေ ပိုက်ဆံပေးရတယ်ပေါ့ဗျာ... အဲဒီ အသစ်မရသေးတဲ့ ကြားကာလအတွင်းမှာ ကုတ် (key) ရိုက်ထည့်ပြီးကြည့်ချင်တယ်ဆိုရင် အဲဒီကီးကို ဒီမှာ သွားကြည့်လို့ ရတယ်ဗျ http://www.rdi-sat.com/f2/viewforum.php?f=2 ....

Mandalay News

ကျတော်တို့ မန္တလေးမှာ စီမံချက်ကာလ ပြီးဆုံးပြီး သကာလ ဆိုင်ရာ ဆိုင်ရာ လျှပ်စစ် နတ်မင်းကြီးများကို ပသရင်ဖြင့် ၂၄-နာရီ မီးများလာကြောင်းပါ...

HtooEainThin.com 2006 Beta 0.02 Home Page

HtooEainThin.com 2006 Beta 0.02 Home Page ကို စမ်းသပ်လွှင့်တင်လိုက်ပါသည်... အလွန်တရာ ညံ့ဖျင်းလှသော Flash Designer မောင်လှ ဖန်တီးထားသည်... http://htooeainthin.com/beta.htm

for Htoo Eain Thin web site Home page (Ah Pyin Ah Pyay - 3.2 (အပျင်းအပြေ - ၃.၂))

Ah Pyin Ah Pyay - 3.2 Ah Pyin Ah Pyay - 3.2

အပြင်ကလူနဲ့ အတွင်းကလူ ...

အပြင်ကလူနဲ့ အတွင်းကလူ အရေးအသားချင်းကွာတယ်နော်... ကျတော်တို့လို အတွင်းကလူတွေက ဟိုဝေ့ ဒီဝေ့ရေးကြရတယ်... ဟိုဟာ ကတ်ကြေး လွတ်အောင်လို့... ပုဂံဖိုရမ်မှာ ရေးရင်း ဒီအကျင့်ကြီးရလာရတာ... အောက်မှာ နှိုင်းယှဉ်ကြည့်ပါဦး... ကိုညီလင်းဆက် ရေးတာ ၀န်ထမ်းတွေလစာ ၁၀ဆတိုး ၀န်ထမ်းတွေ လစာ ၁၀ ဆ တိုးသွားပြီတဲ့။ ရုံးတွေကို စာဝင်ပြီတဲ့။ ဒါအမှန်ဆိုရင် ၀မ်းသာစရာပါ။ ၀န်ထမ်းတွေ အသက်ရှူ နဲနဲ ချောင်ပြီပေါ့။ ဒါပေမယ့် ဒီလစာတိုးတာကို လိုက်ပြီး ကုန်ဈေးနှုန်း မတိုးအောင်နဲ့ ပိုက်ဆံတန်ဖိုး မကျအောင် ထိန်းဖို့ လိုလိမ့်မယ်။ နို့မိုဆိုရင်တော့ ဘာမှ ထူးမှာ မဟုတ်ဘူး။ ပျော်ရွှင်ပါစေ မြန်မာပြည်။ မီးရေမှန်ပါစေ မြန်မာပြည်။ ဖြည့်စွက်။ အစိုးရ၀န်ထမ်း ၁၀ ဆ။ အပြင်ဝန်ထမ်း ၆ ဆ ဖြစ်ပါတယ်တဲ့။ သတင်း ထပ်မံ ရရှိပါတယ်။ မောင်လှ ရေးတာလေ... Salary (Myanmar News) အင်း ၁၀-ဆ ဖြစ်သွားပြီတဲ့... ကျတော်တို့တော့ မဖြစ်သေးပါဘူး... သူတို့ ဖြစ်သွားကြတာလေ... ခဏနေ လက်ဖက်ရည်ဆိုင်မှာ ကော်ဖီသောက်ရင်း မုန့်စားသွားလိုက်ဦးမယ်... ခါတိုင်းတော့ ၃-ယောက်သွားရင် အလွန်ဆုံးမှ ၁၂၀၀-ကျပ်လောက်ပဲ... နောက်ကျရင် တစ်သောင်းလောက် ကုန်မလဲ မသိ... နောက် ၁၀-နှစ်လောက်မှ ဖြစ်ပါစေလို့ ဆုတောင်းနေ