Skip to main content

အိမ်ရှေ့မင်းထန်းတောသွားကြမယ်...

လိုက်ကြဦးမလား... မနက်ဖြန်ကျရင် နေးတစ်မြန်မာက မန္တလေးသူ/သား သူငယ်ချင်းတွေနဲ့ အိမ်ရှေ့မင်း ထန်းတောသွားကြမလို့... အရင်တုန်းက အိမ်ရှေ့စံ ကနောင်မင်းသားကြီး သောက်တဲ့ ထန်းတောမို့ အိမ်ရှေ့မင်းထန်းတောလို့ ခေါ်တယ် ထင်တာပဲဗျ... ဘယ်နားမှာလဲဆိုတော့ သခင်မတောင်ခြေ နားကရွာလေး တစ်ရွာပေါ့ဗျာ... မန္တလေးမြို့ရဲ့ မြောက်ဘက် မိုးကုတ်သွားတဲ့လမ်း ကြာနီကန်ရွာ အရှေ့ဘက်မှာ ရှိတယ်ဗျ...
ပင်ကျရည်လေးကို ကြွက်ကြော်၊ ကြက်ကြော်နဲ့ စားလိုက်သောက်လိုက်ဦးမယ်ဗျို့... ကြွက်ကြော်က ကြက်ကြော်ထက် ကောင်းတယ်ဗျ... မူးအောင်သောက်ကြမယ့်ကောင်တွေ မဟုတ်ပါဘူး... အမြည်းစားကြမယ့် ကောင်လေးတွေပါ... ထန်းရည်ဖိုးထက် အမြည်းဖိုးပိုမယ့် အဖွဲ့တွေပါ... လိုက်မယ်ဆိုရင် မနက်ဖြန် မနက် ၁၀း၃၀ နာရီ ကိုဂျေအယ်လ် (ခ) ကိုသခင်ကြီးအိမ် အရောက်လာခဲ့ဗျို့...

Comments

NLS said…
ကိုမောင်လှရယ်

သွားရည်ကျလိုက်တာဗျာ။ ဟိုတစ်ခါ အဲဒီကို သွားတာ ကြွက်ကင်လေးနဲ့ ထန်းရည်လေး ဆွဲထည့်လိုက်တာ ဆိုင်ကယ်တောင် မနည်း မောင်းယူရတယ်။ သတိရပါ့ဗျာ။
မေ said…
ကိုမောင်လှရေ
ကိုဂျေအယ်လ်ကို ပြောလိုက်ပါဦး။ အားတဲ့ခါ ဘလော့မှာ ဓါတ်ပုံတွေ ထပ်တင်ပါဦးလို့။
MgHla said…
မမေ၁၁ ရေ...
ကိုဂျေ့ကို ပြောထားပါတယ်... သူလည်း မီးလာတဲ့ အခါမှ အင်တာနက်သုံးရ အလုပ်လည်း လုပ်ရတာမို့ မီးလာတဲ့အချိန် အလုပ်ဦးစားပေးနေရတာမို့ အချိန်ရရင် တင်ပေးပါ့မယ်တဲ့ခင်ဗျ... အဆင်ပြေရင် ကျတော် စီဒီနဲ့ရိုက်ယူပြီး တင်ပေးပါ့မယ်ဗျား... လက်သမားဆရာ၊ ဆေးသုတ်ဆရာ တွေကိုရိုက်ထားတာ ၀ဏ္ဏခွါနီးထက်တောင်သာတယ် ထင်တာပဲဗျ....

Popular posts from this blog

မနေ့က...

ရုံးကနေ ည ၇-နာရီလောက်မှပြန်ဖြစ်တယ်... FMI ထဲဝင်ပြီး ထမင်းဝင်စားပြီးမှ တည်းတဲ့ ဟိုတယ်ကို ၈-နာရီကျော်မှ ပြန်ရောက်တယ်... အမျိုးသမီးက ဖုန်းဆက်လာတယ်... သမီးက သူပြောချင်လို့ဆိုပြီး ဖုန်းဝင်ပြောတယ်... မူကြိုတက်နေတာ ၂-ပတ်နီးနီးပဲရှိသေးတာ တော်တော်လေး စကားတွေ ပြောတတ်လာပြီ... ဖုန်းဆက်တိုင်း သမီးမှာတတ်တာက J Donuts ဝယ်ခဲ့ပေးဖို့ပဲ... သမီးက J Donuts ကြိုက်တယ်လေ... မန္တလေးမှာ J Donuts မရှိဘူး... ရှိတဲ့ M Donuts ကိုကျတော့ သမီးက မကြိုက်ဘူးလေ... ရုံးက ဝယ်ထားပေးတဲ့ laptop မှာ လိုတဲ့ drivers တွေတင်ရင်း ၁၁း၃၀-နာရီလောက်မှ အိပ်ဖြစ်တယ်... သြော် ... ဘာလိုလိုနဲ့ ... ဒီနေ့ဆို ရန်ကုန် ရုံးကို ရောက်နေတာ ၂၇-ရက်တောင် ရှိနေပြီ... ဒါနဲ့ စကားမစပ် web cam ပါတဲ့ laptop တွေမှာ login လုပ်တဲ့နေရာမှာ Face Recognition နဲ့ လုပ်ချင်တယ်ဆိုရင် Lenovo က သူ့ laptop တွေအတွက် ရေးထားတဲ့ Lenovo VeriFace recognition လေးကို ရှာပြီး သုံးကြည့်ပါ... acer, dell, hp laptop တွေမှာ သုံးကြည့်တာ အဆင်ပြေကြောင်းပါ...

Blogspot မှာ မြန်မာလို ရေးရတာ အဆင်ပြေအောင်...

လွယ်လွယ်လေးပါ... ၁. Blogger.com ကနေ login လုပ်ပြီး Dashboard ကိုသွားပါ... ၂. dashboard ထဲက Setting ကိုရွေးပါ... ၃. Formatting ကို ထပ်ရွေးပါ... ၄. Formatting စာမျက်နှာကို ရောက်ပြီဆိုရင် Post Template ဆိုတာကို ရှာပါ... အောက်ဆုံးမှာ ရှိပါတယ်... post template text box ထဲမှာ အောက်က code ကို ထည့်လိုပ်ပါ... ( font face="Zawgyi-One" ) ဒီစာကို Select ပေးပြီးရေးပါ... ( /font ) အပေါ်က code နဲ့ မရသူများ ခင်ဗျာ အောက်က code နဲ့ အစားထိုးကြည့်ပေးပါဦး ခင်ဗျား... ကျတော်တော့ အပေါ်က ကုဒ်နဲ့ အဆင်ပြေနေတာ blogspot စရေးကတည်းကပါ... ( span style="font-family:Zawgyi-One;" ) ဒီစာကို Select ပေးပြီးရေးပါ... ( /span ) မှတ်ချက် - ( ကို အဖြစ်လည်းကောင်း၊ ) ကို > အဖြစ် ပြန်ပြောင်းပါ... ၅. Save Settings ကို နှိပ်ပြီး ပြီဆိုရင် ရပါပြီ... ၆. Post အသစ်တင်တဲ့နေရာကို သွားပါ... Edit Html ကို မရွေးဘဲ... Compose ကို ရွေးထားရင် စာရိုက်တဲ့ နေရာမှာ “ဒီစာကို Select ပေးပြီးရေးပါ...” ဆိုပြီး ပေါ်နေပါလိမ့်မယ်... ကဲဗျာ... အဲဒီစာကို Select ပေးပြီး ကိုယ်ကြိုက်တာ ရေးလို့ ရပါပြီ ခင်ဗျာ... မှတ်ချက် - Zawgyi...

PonNya Myanmar Unicode Font

ပုည font ကို ဘယ်လို install လုပ်နပီး ဘယ်လို အသုံးင်္ိပရြမလဲ…? 1. http://mamboforge.net/frs/download.php/6224/PonNya_Web_v1.1.zip ထဲမဋ္ဋ PonNya_web Installer ကို Download လုပ်နပီး Install လုပ်ပြ။ 2. PonNya_Web font ကိုတော့ C:\Windows\Fonts folder အောက်ထဲ copy ကူးထည့်ပြ (သိုဿ) Control Pannel အတ့င်းရဋ္ဋိ Fonts မဋ္ဋလည်း Install လုပ်ြိုင်ပသြည်။ 3. Install လုပ်နပီးပကြ Start > All Programs > Tavultesoft Keyman > Keyman ကို click ခေက်ြနပီး run ပြ။ 4. Task Bar မဋ္ဋာ ရဋ္ဋိတဲ့ နာရီ ဘေးမဋ္ဋာ Tavultesoft Keyman 6.0 icon လေးတှေ့ရပလြိမ့်မယ်။ ၎င်း icon မဋ္ဋာ Keyman ၏ မူလ icon အတိုင်း K icon လေး င်္ိဖစ်နေသည့် အခ္လိန်တ့င် ပုည font ငေ်္ိပာင်းနပီး ရိုက်ထားသော စာမ္လားသည် English လို ပေပြလြိမ့်မည်။ 5. င်္ိမန်မာလို ရိုက်ခ္လင်ပကြ ၎င်း icon ပေတြ့င် click ဋ္ဋြိပ်ပြ။ ပေလြာမယ့် pop-up menu ထဲမဋ္ဋ myanmarmtn ကို ရေ့းပြ။ K icon မဋ္ဋ င်္အိဖရြောင် နောက်ခံင်္ိဖင့် P icon သိုဿ ငေ်္ိပာင်းလဲသ့ားပလြိမ့်မည်။ ယင်းအခ္လိန်တ့င် PonNya_Web စာလုံးမ္လားကို အသုံးင်္ိပနြပီး င်္ိမန်မာလို ရိုက်ြိုင်ပသြည်။ 6. English လို ရိုက်ခ္လင်ပကြ P icon ပေမြဋ္ဋာ click ဋ္ဋြိပ်ပြ။ ပေလြာမယ့် pop-up me...