Skip to main content

Posts

Showing posts from March, 2007

Chindwin College - MDY

ဒီနေ့ မနက် Sedona hotel မှာ ကျင်းပပြုလုပ်တဲ့ Chindwin College ရဲ့ ကျောင်းကဖွင့်လှစ်မယ့် သင်တန်းများနဲ့ ပတ်သက်တဲ့ seminar တစ်ခုကို သွားခဲ့ပါတယ်... ဆယ်တန်းဖြေပြီးသူတွေ၊ G.T.I ပြီးထားသူတွေ၊ B.Tech ရထားသူတွေနဲ့ အခြား တက္ကသိုလ်တက်ရောက်နေသူများ တက်ရောက်နိုင်တဲ့ Engineer နဲ့ ပတ်သက်တဲ့ Edexcel BTEC Higher National Diploma လက်မှတ်ရ Junior Engineer သင်တန်းတွေ မွေးထုတ်ပေးမယ့် သင်တန်း ဖြစ်ကြောင်း သိရပါတယ်... ဒီ diploma ရပြီးရင် ကျောင်းဆက်တက်ချင်တယ် ဆိုရင် UK နိုင်ငံ University of Sunderland မှာ Final Year B.Eng ကို ဆက်လက်တက်ရောက် နိုင်ကြောင်းလည်း သိရပါတယ်... ပထမအသုတ်နေနဲ့ သင်တန်းကို မေလမှာ စတင်ဖွင့်လှစ်မှာဖြစ်ပြီး သင်တန်းသား ဦးရေ အ ယောက် ၂၀ သာ လက်ခံမှာ ဖြစ်ကြောင်းလည်း သိရပါတယ်... ဆက်သွယ်နိုင်မယ့် လိပ်စာက - Sabai Building, Bet 77 & 78, 31 & 32 St., Mandalay ဖြစ်ပါတယ်...

The First Mandalay DJ Concert

အခုပဲ Skywalk Shopping Mall ပေါ်က ပြန်လာခဲ့တာပါ... NativeMyanmar မှာ ကိုဂျေ (ခ) သခင်ကြီး သတင်းပေးလို့ The First Mandalay DJ Concert ပွဲကြည့်ပြီးပြန်လာတာပါ... DJ Yan Naing, DJ Mann, DJ Zay Ya Thaw, DJ Pauk, DJ KP နဲ့ မန္တလေးက အခြား ဒီဂျေများ၊ အကအဖွဲ့များ၊ Hip-Hop အဖွဲ့များ ပါပါတယ်... ဒီနေ့နဲ့ မနက်ဖြန် ၂-ရက်ကျင်းပမှာဖြစ်ပြီး... မနက် ၁၀ နာရီကနေ နေ့လယ် ၁-နာရီအထိ၊ ညနေ ၄-နာရီကနေ ည ၈-နာရီအထိ ဖျော်ဖြေမှာဖြစ်ကြောင်း သိရပါတယ်... ဒါနဲ့စကားမစပ်ပါ... NativeMyanmar.com ဒိုမိန်း နည်းပညာဆိုင်ရာ ပြသနာတက်နေလို့ http://forums.myanmarcommunity.com/ ကို အသုံးပြုပြီး နေးတစ်ထဲ ဝင်ရောက်နိုင်ကြောင်းပါ... My labels: Mandalay News, MDY, Mandalay, Myanmar News, Burma News, DJ Show

ဖိုးဇော် ... ကဖေး ပီကာဆို နှင့် ကြွက်ကြော် -၂

တကယ်တန်း ဖိုးဇော်နဲ့က ၆-တန်းဖြေပြီး နွေရာသီကျောင်းပိတ်ရက်မှ စတွေ့ချင်းဖြစ်... ဖိုးဇော်က ကျတော်တို့ထက် တစ်တန်း ကြီးသည်... မောင်မိုး... မောင်မိုးကို ဘယ်လို မိတ်ဆက်ပေးရမည်နည်း... လူတိုင်း သိကြမယ်ထင်ပါသည်... မောင်မိုးကိုတော့ မဟုတ်... မောင်မိုးရဲ့ အဖိုး ပန်းချီဆရာကြီး ဦးဘကြည်ကိုပါ... ကမ္ဘာကျော် ပန်းချီဆရာကြီးပါ... ကျောင်းတုန်းကတော့ မောင်မိုးကို မိုးရေ ဟုခေါ်ကြသည်... ကျတော်တို့တင် မဟုတ် သူ့အမေလည်း ခေါ်သည်... “ငမိုးရေ” တဲ့... သူ့အမေ စခေါ်တဲ့ င ဆိုတဲ့ စကားလုံးက တိုးတော့ ကျတော်တို့ မကြားပါ... ကျတော်တို့ ဒီကောင့်ကို မိုးရေလို့ ခေါ်တာ အကြောင်းရှိသည်... သူ့အဖေက ဆရာဝန်မို့ ချစ်စနိုးဖြင့် ခေါ်ကြခြင်း ဖြစ်သည်... ကျတော် ဒီကောင်နဲ့ ပိုတွဲဖြစ်သည်... ၉-တန်း နဲ့ ၁ဝ-တန်း ကဆို နေ့လည် ထမင်းစားဆင်းချိန်မှာ ရွှေကျီးမြင်ဘုရားပေါက်မှာ ထိုင်ပြီး အမှတ်(၈)၊ (၄၄)နဲ့ (၁၁) က ကောင်မလေးတွေကို ငမ်းကြသည်... (တည့်တိုးပဲ ရေးလိုက်သည်) ... အဲဒီထဲက လမ်းလျှောက်သွားသည့် ၁၁-ကျောင်းက ကောင်မလေး တစ်ယောက်ကို သတိထားမိသည်... ကျတော်တို့ ၂-ယောက်ရှေ့ယောက်ရင် ပဲတွေ ပေးပေးသွားလို့... အဲဒါနဲ့ ၂-ယောက်သား တိုင်ပင်ပြီး ကျတော်က ရည်းစားစာ ရေးသည်... ကျ

သီချင်းများမရပ်မယ့်နေ့... (Mandalay News)

မနက်ဖြန်မှာ သီချင်းဖျော်ဖြေပွဲ မန်းလေးမှာ ၂-ပွဲနဲ့ ပြင်ဦးလွင်မှာ ၁-ပွဲရှိပါတယ်... မန်းလေးမှာ လုပ်မယ့် ၂-ပွဲစလုံးက မြို့တော်ခန်းမမှာ ပြုလုပ်မှာဖြစ်ပြီး ၁-ပွဲက ညနေ ၅-နာရီ၊ တစ်ပွဲက ည ၇-နာရီမှာ စတင် ဖျော်ဖြေမှာ ဖြစ်ကြောင်း ယင်းတို့၏ ကြော်ငြာဘုတ်များ အရ သိရပါတယ်... ည ၇-နာရီ ဖျော်ဖြေမယ့်ပွဲကတော့ ယခင်က မဟာနွယ်စဉ်အားကစားကွင်းမှာ ကျင်းပပြုလုပ်မယ်လို့ ကြေငြာထားတဲ့ ကျားပေါက်ရဲ့ The Big Show in Bag ပွဲဖြစ်ပြီး ညနေ ၅-နာရီမှာ စတင်ဖျော်ဖြေမယ့်ပွဲကတော့ Rock Vs Hip Hop ပွဲဖြစ်ပါတယ်...ပြင်ဦးလွင်မှာ ကျင်းပပြုလုပ်မယ့် ပွဲကတော့ အိုင်စီရဲ့ ပွဲပါ... လက်မှတ် တန်ဖိုးက ၅၀၀၀-ကျပ်ပါ... ဒီနေ့မှာလည်း SkyWalk Shopping Mall တစ်နှစ်ပြည့်အထိမ်းအမှတ် အဖြစ်ကျင်းပ ပြုလုပ်တဲ့ သီချင်းဆို ပြိုင်ပွဲ နောက်ဆုံးပွဲစဉ် ရှိပါတယ်... 78th Shopping Mall မှာလည်း ကိုရီးယား မင်းသား၊ မင်းသမီးများနဲ့ တူသူများ ပြိုင်ပွဲကိုလည်း ကျင်းပပြုလုပ်မှာ ဖြစ်ကြောင်း သိရပါတယ်... "သီချင်းများမရပ်မယ့်နေ့..." ဆိုတဲ့ ခေါင်းစဉ်ရွေးပေးတဲ့ ကိုသခင်ကြီးကို ကျေးဇူးအထူးတင်ပါတယ်.. My Tags: Mandalay News, Myanmar News, Burma News

ဖိုးဇော် ... ကဖေး ပီကာဆို နှင့် ကြွက်ကြော် -၁

မောင်လှရေ... မနေ့က ၆-တန်းကတည်းက အတူပေါင်းလာတဲ့ သူငယ်ချင်း ၅-ယောက် ပြန်ဆုံဖြစ်တယ် သိလား... သြော်... ကျန်တဲ့သူတွေလည်း လာလာဖတ်နေကြတာပဲ... ဖိုးဇော် ဆိုတာဘယ်သူတုန်း ဆိုတာ ပြောလိုက်ဦးမယ် မောင်လှရေ... ဖိုးဇော်ဆိုတာ ကျောင်းကတည်းက သူငယ်ချင်း... ပန်းချီဆရာ၊ ဒီဇိုင်းဆရာ... ကျောင်းမှာ ပန်းချီဆွဲရင်း သိခဲ့ ခင်ခဲ့တဲ့ အရင်းအနှီးဆုံးဖြစ်လာတဲ့ သူငယ်ချင်း... ဖိုးဇော် အကြောင်းက စိတ်ဝင်စားစရာကောင်းသည်... သူ့ဇာတိက မန္တလေး-မတ္တရာသွားတဲ့ လမ်းမပေါ် တည်ရှိတဲ့ လင်းမြွေချောင်းရွာ ဇာတိ... သိကြပါသလား ခင်ဗျာ... မသိသေးရင် ထပ်ညွှန်းရမယ်ဆိုရင် ကြာနီကန်ရွာ... ကြာနီကန် ဆရာတော်ကိုတော့ ကြားဖူးကြမယ် ထင်ပါ့... ခုတော့ ကြာနီကန်ရွာဆိုတာ သင်္ချိုင်းကြီး တည်ထားသည်... အဲဒီရွာရဲ့ တောင်ဘက်မှာ လင်းမြွေချောင်းဆိုတဲ့ ရွာရှိသည်... ဖိုးဇော်ရဲ့ ဖခင်၊မိခင်တွေက တောင်သူလယ်သမားကြီးတွေ... သို့သော်လည်း သူတို့ သားကို ပညာတတ် ဖြစ်စေချင်တော့ မန္တလေး အနောက်ပြင်၊ မြောက်ပြင်ကလူတွေ အားထားတဲ့ အမှတ်(၁) အ.ထ.က မှာ အလယ်တန်းက စပြီး ကျောင်းထားပေးခဲ့သည်... လင်းမြွေချောင်းရွာကနေ ကျောင်းအထိ လိုင်းကားနဲ့လာတဲ့ အခါလာသည်... နောက်ပိုင်း စက်ဘီးအစုတ်ကလေးနဲ့ ကျောင်းသွား ကျော

တောင်းပန်ခြင်း...

ကျတော် ကြိုက်တဲ့ ... ကျတော် အစဉ်တစိုက်ဖတ်နေတဲ့ Living Colour Media က ထုတ်ဝေတဲ့ မနေ့က ထုတ် The Voice ဂျာနယ်ရဲ့ မျက်နှာဖုံး သတင်းဆောင်းပါး တစ်ပုဒ်မှာ ကျတော့် blog မှာ ရေးခဲ့ဖူးတဲ့ လတ်လတ်ဆတ်ဆတ် မန္တလေး သတင်းတွေ ဆိုတဲ့ post က ဓာတ်ပုံ ၂-ပုံကို ယူသုံးထားပါတယ်... သြော်... ပျော်တာတော့ ပျော်ပါတယ်... ဓာတ်ပုံ- mghla.blogspot.com လို့ တပ်ထားလို့ပါ... နှစ်ဦး နှစ်ဘက် အဆင်ပြေစေမည် (win-win situation) တစ်ခုကို တည်ဆောက်လိုပါသဖြင့် အချို့စာပိုဒ်များကို ဖြတ်တောက် လိုက်သည်... My Tags: Myanmar News, Myanmar Journal, Myanmar Blogger, The Voice, Living Colour

မန်းတောင်ခြေက ဘီလူးမ

မွေးနေ့တုန်းက NativeMyanmar.com မှာရေးတဲ့ NwaiHnin (နွေနှင်း) ပေးတဲ့ မွေးနေ့လက်ဆောင် စာအုပ်လေးကို မနေ့ရဲ့ မနေ့ကမှ စဖတ်မိတယ်... မောင်ဘနောက် ရေးတဲ့ မန်းတောင်ခြေက ဘီလူးမ နှင့် ပြုံးစရာ ဆောင်းပါးများ ဆိုတဲ့ စာအုပ်လေးပါ... ရွှေမန္တလေးဂျာနယ်မှာ မြန်မာစာနဲ့ ပတ်သက်တဲ့ ဘာသာရပ်ဆိုင်ရာ ဆောင်းပါးတွေ ရေးတဲ့ စာရေးဆရာမို့ရယ်... အဲဒီ ဆောင်းပါးတွေ ဖတ်ကြည့်တော့ ကျတော် နားမလည်နိုင်လို့ရယ်... ဆရာ မောင်ဘနောက်ရေး တာကို ပျင်းစရာကောင်းမယ် ထင်ပြီး အရင်က မကိုင်ကြည့်ခဲ့တာပါ... အခု ဆောင်းပါး ၄-ပုဒ်လောက် ဖတ်ပြီးတာနဲ့တင် တော်တော် ကောင်းတဲ့ စာအုပ်လို့ ညွှန်းပါရစေ... ကြွက်က လူကိုချွတ်တယ် ဆောင်းပါးမှ... တစ်ညမှာပေါ့။ ကိုဂွကျော် တစ်ယောက် ကြွက်အရှင်တစ်ကောင်နဲ့ ငါးမျှားထောက်ထားတဲ့။ နောက်နေ့မှာ သွားကြည့်။ ကြွက်လည်း မရှိ။ ငါးလည်း မမိ။ မျှားတံမှာ ကြိုးပြတ်တန်းလန်း။ ဘယ်လိုများ ဖြစ်တာပါလိမ့်။ ဝိသေသထူးပါဘိ။ ငါးမိပြီး ရုန်းလို့ ကြိုးပြတ်သွားတာလား။ လူခိုးဖြတ်သွားတာလား။ သည်လိုမျိုး တစ်ခါမျှ မကြုံဖူး။ ကြုံရချက် ထူးသနော်။ ဘာပဲဖြစ်ဖြစ် မျှားတံကိုဖြုတ်ပြီး အိမ်ကိုပြန်ခဲ့။ အိမ်ရောက်တော့ မျှားတံထားနေက စပါးကျီနားအသွား “ကျွိ ကျွိ” မြည်သံကြား

မီးဟေ့... မီး... မီး....

မနေ့က ညစာစားနေတုန်း ... မီးဟေ့ ... မီး... မီး... နီး နီးလေး ဆိုတာနဲ့ ကျတော် မောင်လှခင်ဗျာ... စားလက်စ ထမင်းပန်းကန်ကို ချ... အိမ်အပေါ်ထပ်ကို ပြေးတက်ပြီး ကြည့်လိုက်တော့ ဟောဗျာ... အနောက်ဘက် အရပ်မှာ မီးလောင်နေတဲ့ မီးအရှိန်တွေတွေ့... မီးခိုးတွေက အရှေ့ဘက်လာ နေတာဆိုတော့ စိတ်တွေ ဂရောက် ဂယက်ဖြစ်ပြီး .. လမ်းမပေါ်ထွက်ကြည့်မှ စိတ်နည်းနည်း သက်သာရတယ်... ကျတော်တို့ အိမ်နဲ့ ၅-ပြ ၆-ပြ လောက် ဝေးတဲ့ နေရာမှာ ဖြစ်နေလို့လေ... ဒါပေမယ့် စိတ်တော့ နည်းနည်းပူမိသား... မီးက လောင်နေတုန်းမို့ပါ... ည ၇-နာရီလောက်က စလောင်တာ ၇း၃၀-နာရီလောက်မှာ ငြိမ်းနိုင်လေရဲ့... အိမ် ၃-လုံးတော့ ပါသွားတယ်... စလောင်တာ ဗီဒီယိုပြတဲ့ အိမ်ကပါ... မီးစက်က ရှော့ဖြစ်ပြီး ထလောင်တာတဲ့... ကဲ... မီးရေ... မနေ့မနက်ကလည်း သရဲဈေးနားမှာ မီးလောင်ပါသေးတယ်... ရပ်ကွက်က ဝိုင်းငြိမ်းလို့ ငြိမ်းသွားတယ်ဆိုပဲ... အနီးအနား ၁-ပြမှာ မီးသတ်ကားရှိပေမယ့်... နှိုးမရလို့ တွန်းပြီး သွားရသတဲ့ဗျာ... ပြီးခဲ့တဲ့ အပတ်ကလည်း ဘုရားကြီးဘက်မှာ မီးလောင်တာ လူ ၁-ယောက် ပျက်စီးမှုဖြစ်တယ်လို့လည်း တစ်ဆင့် စကား တစ်ဆင့်နားဖြင့် ကြားရကြောင်းပါ... My Tags: Myanmar News, Mandalay News, မန်းလေး, မန္တလေ

www.NativeMyanmar.com

My Tags: Myanmar Forum, Burmese Forum,

ရွှေစာရံ ဘုရားပွဲက ဓာတ်ပုံတွေ...

My Tags: Shwe sar yan, shwe zar yan, ရွှေစာရံ, မန္တလေး, Photo, Myanmar, Mandalay

The Big Show in Bag

၂၅-၃-၀၇ ရက်နေ့ ည ၇-နာရီမှာ မဟာနွယ်စဉ် အားကစားကွင်းမှာ လွယ်အိတ်ကြီးအဖွဲ့ရဲ့ The Big Show in Bag ဖျော်ဖြေပွဲရှိကြောင်းပါ... လက်မှတ်တန်းဖိုးက ၇၀၀၀-ကျပ်ဖြစ်ကြောင်း ကြော်ငြာများအရ သိရပါတယ်... My Tags: Mandalay News, မန္တလေး သတင်း, Myanmar News, မြန်မာ

ရွှေစာရံ ဘုရားပွဲသို့ တစ်ခေါက်တခါ...

မနေ့က NativeMyanmar Forum က သူငယ်ချင်းတွေနှင့် ရွှေစာရံ ဘုရားပွဲကို ရောက်ခဲ့ပါတယ်... Bagannat, NgweHninMyu, ကျတော့် သူငယ်ချင်း မောင်မိုး ၊ ကျတော်နှင့် မဒမ် မောင်လှ တို့ပေါ့ဗျာ... ကိုသခင်ကြီးကတော့ လိုက်ချင်ပေမယ့်လည်း အလုပ်အပြီး အပ်စရာရှိလို့ မလိုက်နိုင်ပါဘူး... ရွှေစာရံဘုရားပွဲကို တစ်ခေါက်မှ မရောက်ဖူးပါဘူး... အခုမှ ပထမဆုံးအကြိမ် သွားဖူးတာပါ... မေမြို့ကို ကားနဲ့ သွားတုန်းက ရွှေစာရံကို နီးနီးလေး ထင်ရပေမယ့်... ဆိုင်ကယ်နဲ့ ကိုယ်တိုင် သွားကြည့်မှ ဝေးပါလားဆိုတာ သိရပါတယ်... ဆိုင်ကယ်နဲ့ အဝေးဆုံး ခရီး သွားဖူးတာပါ... လူ နည်းနည်း ပဲ ရှိမယ် ထင်ပြီး သွားမိတာ ဘယ်ဟုတ်မလဲ များလိုက်တဲ့လူတွေ... ပျော်တော့ ပျော်စရာကြီးပါပဲ... ကာလသား ကိုကိုများကတော့ နားတောင်းချချောင်းထဲ ဆင်းပြီး ရေဆင်းဆော့ နေကြလေရဲ့... မမ ကာလ သမီးများကတော့ ကမ်းပေါ်ကနေ အားပေးကြလေရဲ့.... လူများတာ ယုံပြီလား... ဝယ်ကြပါဦး... ရှမ်းပြည်ကလာတဲ့ မုန့်ခေါင်းအုံးတွေ... ကာလသားတို့ ရေဆော့မယ်... မမတို့လည်း ကြည့်ဦးမယ်... ဒါက ဆိုင်ကယ်အပ်တဲ့ နေရာ ၁-ခု... ကားအပ်တဲ့ နေရာ ၄-ခုလောက် တွေ့ခဲ့တယ်... My Tags: Myanmar News, Mandalay News, Shwe Sar Yan, ရွှေစာရံ သတင်းြ

လတ်တလော မန္တလေး အကြောင်းများ...

မနေ့ နံနက်ခင်းစောစောက ၈၆-လမ်း၊ ၃၅-လမ်း ဝန်းကျင်မှာ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်... အလားတူ ၆-ရက်နေ့ ညနေ ၅း၁၅-နာရီ ဝန်းကျင်မှာလည်း သူနာပြု တက္ကသိုလ်ဘက်မှာလည်း မီးလောင် ကျွမ်းမှု ဖြစ်ခဲ့ပါတယ်... မန္တလေးမြို့ရဲ့ လူသွားလူလာများတဲ့ လမ်းမကြီးတွေ ပေးမှာ လမ်းဖြတ်ကြော်ငြာ တပ်ဆင်မှုများ အရမ်း များပြားနေပါတယ်... တချို့ မီးပွိုင့် နားမှာ ရှိတဲ့ လမ်းဖြတ် ကြော်ငြာများဟာ မီးပွိုင့်ကို မမြင်ရအောင် ကွယ်ထားသလို ဖြစ်နေပါတယ်... ဥပမာ - ၇၈-လမ်းနှင့် ၃၅-လမ်းထောင့်ရှိ သင်တန်းကျောင်း ကြော်ငြာ လမ်းဖြတ် ၂-ခု... ယခင်က လမ်းဖြတ် ကြော်ငြာများမှာ စီးပွားဖြစ် ကြော်ငြာများ မရှိသလောက် နည်းပါးခဲ့ပြီး ယခုအခါ စီးပွားဖြစ် လမ်းဖြတ် ကြော်ငြာ များပြားလာမှုကြောင့် မန္တလေးမြို့ရဲ့ လမ်းမကြီးများရဲ့ အလှကို ဖျက်ဆီး သလို ဖြစ်နေပြီး ရုပ်ဆိုးနေကြောင်းပါ... ယင်း လမ်းဖြတ် ကြော်ငြာများတင်မက အချို့ မီးပွိုင့် ဝန်းကျင်မှာ ယာယီ vinyl ကြော်ငြာများလည်း အထူးများ ပြားလျှက် ရှိကြောင်းပါ... ယာယီ vinyl ကြော်ငြာဆိုတာက vinyl စက်ကြီးများနဲ့ ထုတ်ထားတဲ့ ကြော်ငြာများ တပ်ဆင်မည့် ဘောင်များကို သံထည် ကွန်ကရစ်ဖြစ် အသေချာ ဖောင်ဒေရှင်းချပြီး လုပ်ဆောင

Zawgyi Myanmar Unicode & Windows Vista

Windows Vista မှာ Zawgyi Unicode Keyboard Layout Install လုပ်လို့ အဆင်မပြေ ဖြစ်နေသူများ ခင်ဗျား... Satrungod's blog မှာ သွားရောက် download ယူနိုင်ကြောင်းပါ... တီထွင်ထားတဲ့ နည်းပညာတွေကို အခမဲ့ ဖြန့်ဝေပေးနေတဲ့ Saturngod ကို အထူးပဲ ကျေးဇူးတင်ပါတယ်... Zawgyi Keyboard Installer For Vista Vista မှာ Install လုပ်လို့မရသူတွေ အတွက် ကျွန်တော်လုပ်ထားတဲ့ installer လေးနဲ့လုပ်ကြည့်လိုက်ပါ... ပြီးရင်တော့ Language setting မှာထုံးစံအတိုင်းပဲပေါ့... File Size ကတော့ ပါးပါးလေးမှ ပါးပါးလေး... 4KB ပဲရှိတယ်... [ link ] tags: Myanmar Unicode, Myanmar Blogger, Windows Vista, Zawgyi, ဇော်ဂျီ မြန်မာ

Photos to Design

ပုဂံက ရှင်အဇ္ဈဂေါဏဘုရား (စာလုံးပေါင်း မှားနိုင်ပါတယ်) ရိုက်ထားတဲ့ ဒီပုံရယ်... ပုဂံ နန်းမြင့်မျှော်စင်မှာ ရိုက်ထားတဲ့ အပေါ်က ပုံရယ်... မန္တလေးအောင်တော်မူဘုရားမှာ ရိုက်ထားတဲ့ ဟော့ဒီပုံရယ် ပေါင်းစပ်ပြီး အောက်က ဖိတ်စာလေး ဖြစ်လာပါတယ်...

Blogspot မှာ မြန်မာလို ရေးရတာ အဆင်ပြေအောင်...

လွယ်လွယ်လေးပါ... ၁. Blogger.com ကနေ login လုပ်ပြီး Dashboard ကိုသွားပါ... ၂. dashboard ထဲက Setting ကိုရွေးပါ... ၃. Formatting ကို ထပ်ရွေးပါ... ၄. Formatting စာမျက်နှာကို ရောက်ပြီဆိုရင် Post Template ဆိုတာကို ရှာပါ... အောက်ဆုံးမှာ ရှိပါတယ်... post template text box ထဲမှာ အောက်က code ကို ထည့်လိုပ်ပါ... ( font face="Zawgyi-One" ) ဒီစာကို Select ပေးပြီးရေးပါ... ( /font ) အပေါ်က code နဲ့ မရသူများ ခင်ဗျာ အောက်က code နဲ့ အစားထိုးကြည့်ပေးပါဦး ခင်ဗျား... ကျတော်တော့ အပေါ်က ကုဒ်နဲ့ အဆင်ပြေနေတာ blogspot စရေးကတည်းကပါ... ( span style="font-family:Zawgyi-One;" ) ဒီစာကို Select ပေးပြီးရေးပါ... ( /span ) မှတ်ချက် - ( ကို < အဖြစ်လည်းကောင်း၊ ) ကို > အဖြစ် ပြန်ပြောင်းပါ... ၅. Save Settings ကို နှိပ်ပြီး ပြီဆိုရင် ရပါပြီ... ၆. Post အသစ်တင်တဲ့နေရာကို သွားပါ... Edit Html ကို မရွေးဘဲ... Compose ကို ရွေးထားရင် စာရိုက်တဲ့ နေရာမှာ “ဒီစာကို Select ပေးပြီးရေးပါ...” ဆိုပြီး ပေါ်နေပါလိမ့်မယ်... ကဲဗျာ... အဲဒီစာကို Select ပေးပြီး ကိုယ်ကြိုက်တာ ရေးလို့ ရပါပြီ ခင်ဗျာ... မှတ်ချက် - Z

ညွှန်းပါရစေ... (Myanmar Bloggers)

ပထမဆုံး ညွှန်းလိုတာက... http://saturngod.blogspot.com/ ပါ... ရန်ကုန် ကွန်ပျူတာ တက္ကသိုလ်တက် နေတဲ့သူပါ... Saturngod ကို သူ့ blog မဖတ်ခင် Planet Forum မှာ စမြင်ဖူးတာပါ... ကျတော်က သူ့ရေးရဲ့ အမ်အမ်ဂျီလိုက် ယူဇာပါ... နည်းပညာ အကြောင်းတွေ အများဆုံးရေးသား ထားတဲ့ လူငယ် လူတော် တစ်ယောက်ဖြစ်တဲ့ saturngod ရဲ့ blog ကို သွားရောက် ဖတ်ရှုကြည့်ပါဦးလို့ ညွှန်းပါရစေ... http://zincolatt.blogspot.com/ ဒီနေ့မှ ဝင်ဖတ်ကြည့်မိတဲ့ ကိုဇင်ကိုလတ်ရဲ့ blog ပါ... ကိုဇင်ကိုလတ်က သူ့ရဲ့ blog ကို Danger Zone လို့ နာမည် ပေးထားပါတယ်... ဟိုအကြောင်း ဒီအကြောင်း ဘဝဇာတ်ကြောင်းတွေနဲ့ ရုပ်ရှင် အကြောင်းတွေ၊ စိတ်ဝင်စားဖွယ် အကြောင်းအရာလေးများကို ရေးသားထားတာ တွေ့ရပါတယ်... http://sannoo.blogspot.com/ မန္တလေးသား နောက်ထပ် တစ်ယောက်ပါ... ကျတော်ရဲ့ ဆရာလည်းဖြစ်၊ လုပ်ဖော်ကိုင်ဖတ်လည်း ဖြစ်တဲ့ ကိုဆန်းဦးပါ... ခုလတ်တလောကတော့ သူဆွဲထားတဲ့ သင်္ကြန်မဏ္ဍပ်နောက်ခံ ပုံတွေ တင်ထားပါတယ်... လူပျိုကြီး ကိုဆန်းဦးက ငါမငယ်တော့ဘူး ... (အသက်) ဘုရားတရား လုပ်ဦးမှ ဆိုပြီး နောက်ထပ် blog တစ်ခု လုပ်ထားတာ ရှိပါသေးတယ်... http://www.our-nirvana.blogspot.com/ ပါ... ကိုဆန်းဦ

Fire & Mandalay

ဒီနေ့မနက် ၇-နာရီ ဝန်းကျင်မှာ ရေကြည်ညောင်ပင် အနီးတွင် မီးလောင်ကျွမ်းမှုဖြစ်ကြောင်း သိရပါသည်... ရေကြည် ညောင်ပင်ဆိုတာက မန္တလေး ဈေးချိုး အနီးမှာ တည်ရှိပါတယ်... မနေ့ မနက် ၃-နာရီ မီးလောင်သော နေရာမှာ အောင်ပင်လယ် အရပ်တွင် ဖြစ်ကြောင်းသိရသည်...

မန္တလေးမှာ ဒီလို ဒီလို... (Mandalay News)

လွန်ခဲ့တဲ့ ၄-ရက်လောက်က ၈၁-လမ်းမပေါ် ၁၂-လမ်းနဲ့ ၁၃-လမ်းကြားမှာ မီးလောင်မှု တစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရပါတည်... ကားထဲမှ ဆီထုတ်ရင်း မီးလောင်မှု ဖြစ်တာလို့ ရပ်ကွက်အပြောရ သိရပါတယ်... ကား ၂-စီး မီးလောင်ရာတွင် ပါဝင်သွားပြီး ယင်းမီးလောင်မှု စတင် ဖြစ်ပေးတဲ့ အိမ်ဟာ RC အမျိုးအစား တိုက်အိမ် ဖြစ်တာကြောင့် အခြားအိမ်များကို ကူးစက် လောင်ကျွမ်းခြင်း မရှိကြောင်းလည်း သိရပါတယ်... ဒီနေ့မနက် ၃-နာရီလည်း ဘယ်နား မီးလောင်လဲတော့ မသိပါဘူး... မီးသတ်ကား ဥသြသံများ ကြားရကြောင်းပါ... မန္တလေးရဲ့ ရာသီဥတုဟာ နွေဦးရာသီသို့ စတင်ကူးပြောင်းနေပါပြီ...

သဘောကျတယ်ဆိုတဲ့ ယာခင်း တဲပုံ...

အမှန်တကယ်က ယာခင်းတဲပုံ မဟုတ်ပါဘူး ခင်ဗျာ... ကောက်ရိုးပုံပါ... ကောက်ရိုးတွေကို တဲပုံသဏ္ဌာန် စုပုံထားတာပါ... ကြည့်လို့ကောင်းတယ် ဆိုတဲ့ ဒီပုံက ကျတော် တော်လို့မဟုတ်ပါဘူး... ကိုသခင်ကြီး ကြောင့်ပါ... ကျတော် ပုဂံမှာ ရိုက်လာတဲ့ ပုံတွေကို ကိုသခင်ကြီး သွားပြတော့ ဒီပုံလေးကို ဘယ်လို လုပ်ရင် ကောင်းမယ်... ဟိုပုံလေးကိုတော့ ဟိုလိုလေး လုပ်လိုက်ပါလား ဆိုပြီး ပြောပြလို့... ဒီကောက်ရိုးပုံလေးကို ကိုသခင်ကြီး ပြောပြတဲ့အတိုင်း cropping လုပ်ထားတာပါ... အောက်မှာ ယှဉ်ကြည့်ပေးပါဦး... Ko ThaKhinGyi's Blog (http://www.tkg-photographicdiary.blogspot.com/)