Skip to main content

Posts

Showing posts from February, 2011

ဒါနဲ့ စကားမစပ်...

ဒါနဲ့ စကားမစပ်... မန္တလေးမြို့ရဲ့ ပထမဆုံးအကြိမ်ဖြစ်တဲ့ Barcamp Mandalay 2011 ကို ဖေဖော်ဝါရီလ ၁၂-၁၃ ရက်များမှာ ပုပ္ပား ဟိုတယ်မှာ စည်ကားသိုက်မြိုက်စွာနဲ့ ကျင်းပနိုင်ခဲ့ပါတယ်... IT သာမက အကြောင်းအရာ မျိုးစုံတဲ့ barcamp ဖြစ်ခဲ့ပါတယ်... ၂-ရက်ပေါင်း တက်ရောက်သူ ၃၁၀၀-ကျော်ရှိခဲ့ပါတယ်...  ကျတော်တို့ ၁-ထောင်လောက်ပဲ တက်လိမ့်မယ်လို့ မှန်းထားခဲ့မိတာ မှားခဲ့ပါတယ်... ပြီးတော့ နေရာ ရွှေ့ပြောင်း ခဲ့ရတဲ့အတွက် ယခင်မှန်းထား သလို အခန်းကျယ်များ မပါရှိပဲ အခန်းကျဉ်းများသာ ဖြစ်ခဲ့တဲ့ အားနည်းချက် ရှိခဲ့ပါတယ်... barcamp Mandalay 2011 ဖြစ်မြောက်ဖို့ အဓိက ဦးစီး လုပ်ဆောင်ခဲ့တဲ့ မန္တလေး MCPA နှင့် MCIA မှ တာဝန်ရှိသူများကို အထူး ကျေးဇူးတင်ရှိကြောင်း ပြောပါရစေ... ဒါနဲ့ စကားမစပ်... ၁၃-ရက်နေ့ ကျတော်လည်း lightroom အကြောင်းပြောဖို့ အတွက် projector ဆင်နေတုန်း မီးသတ်ကားတွေ ဖြတ်သွားလိုက်တာ မပြောပါနဲ့တော့... နောက်နေ့မှ သိရတာ ၂-နေရာမှာတောင်မှ မီးလောင်တယ်တဲ့ဗျ... ၁၄-ရက်နေ့ မနက် ၃-နာရီလောက်မှာလည်း တောင်မြို့သွားတဲ့ ဒေါ်သီသနပ်ခါး အကျော်ရှိတဲ့ ဈေးလည်း မီးလောင်သေးတယ်... ဒါနဲ့ စကားမစပ်... barcamp Mandalay 2011 ရဲ့ နောက်ဆက်တွဲ အောင်ြ

Lightroom Tutorial eBook

ကျတော့် ဘလော့မှာ ရေးဖူးတဲ့ Lightroom tutorial တွေကို pdf လုပ်ထားတာပါ... ပြီးပြည့်စုံမှု မရှိသေးပေမယ့် အခုမှ စသုံးမယ့်လူတွေ အတွက်တော့ အသုံးတည့်မယ်လို့ ထင်ပါတယ်... http://www.mghla.net/share/MgHla_Lightroom.pdf

BarCamp Mandalay 2011 ကျင်းပမည်...

မန္တလေးမြို့ရဲ့ ပထမဆုံး အကြိမ် ကျင်းပမှာ ဖြစ်တဲ့ BarCamp Mandalay 2011 ကို ယခင် သတ်မှတ်ထားတဲ့ အင်းဝ ဟိုတယ် အစား ၇၈-လမ်း၊ ၂၈-၂၉ လမ်းကြားမှာ ရှိတဲ့ ပုပ္ပား ဟိုတယ် မှာ ဖေဖော်ဝါရီလ ၁၂-ရက်နေ့နဲ့ ၁၃-ရက်နေ့မှာ ကျင်းပ ပြု လုပ်မှာ ဖြစ်ပါတယ်... အဲဒီ ၂-ရက်မှာ ကျင်းပမယ့် အချိန်က မနက် ၉-နာရီမှ ညနေ ၅-နာရီ အထိ ကျင်းပမှာ ဖြစ်ပြီး တစ်နေလုံး အချိန်ပြည့် တက်ရောက် နိုင်သလို အချိန်ပြည့် မတက် ရောက်နိုင်ပါက မိမိ စိတ်ဝင်စားတဲ့ အကြောင်းအရာ ဆွေးနွေးတဲ့ အချိန်များမှသာ သွားရောက် နားထောင် ဆွေးနွေးနိုင်ပါတယ်... မန္တလေး BarCamp အကြောင်း ပိုမို သိရှိလိုပါက http://barcampmandalay.org/about/ မှာ သွားရောက် ဖတ်ရှုနိုင်ပါတယ်...  My Labels: BarCamp, ဘားကမ့်, Mandalay, Myanmar, Burma