Skip to main content

Posts

Showing posts from June, 2007

ဒါနဲ့စကားမစပ်...

အခု မန္တလေးပြန်ရောက်နေတာ ဒီနေ့ဆိုရင် ၁-ပတ်ပြည့်ပြီ... ရုံးက လူတွေ ရက်စက်လိုက်ကြတာ ကျတော် မရှိတုန်း ကျတော့်အခန်းထဲက Air-con ဖြုတ်ပြီး လူမနေသေးတဲ့ အပေါ်ထပ်က အခန်းတစ်ခန်းထဲမှာ တပ်ထားလို့ အခုတော့ ကျတော်လေ တောင်ဘက်နဲ့ အနောက်ဘက်က နေထိုးတဲ့ အခန်းထဲမှာ အလုံပိတ်နေရင်း ချွေးထုတ်နေရကြောင်းပါ... air-con မရှိရင် ပူလိုက်တဲ့ မန္တလေး နွေနေ့လယ်ခင်းများ၊ air-con မရှိရင် နေလို့မရတဲ့ လှိုင်သာယာ နေ့လယ်ခင်းများ ပါတကား... လှိုင်သာယာမှာ မနက်စောစောစီးစီး ကတည်းက ပူတယ်၊ အိုက်တယ်... မန္တလေးမှာတော်သေးတယ်... လှိုင်သာယာမှာ မနက်ခင်း ရေချိုးပြီးရင် ချွေးသီးချွေးပေါက်တွေ ထွက်တယ်... မန္တလေးမှာ တော်သေးတယ်... ဒါပေမယ့် ညဘက် တော်တော် ပူတယ်... အင်း ... လှိုင်သာယာ တစ်ဖြစ်လဲ ရေဥက္ကံရွာလေးရေ... ဒီတပတ်အတွင်း မင်းဆီ ငါလာခဲ့ပါဦးမယ်...

လှူပါရစေ...

ရွှေတိဂုံ ဘုရားပုံကို desktop ပေါ်မှာ wallpaper အဖြစ် အလွယ်တကူ အဆင်ပြေပြေသုံးနိုင်အောင် 1024 x 768 pixels အရွယ်အစားနဲ့ ပြုလုပ်ပေးထားပါတယ်... အခုမြင်နေရတဲ့ ပုံပေါ် ကလစ်ခေါက်ပြီး 1024 x 768 pixels အရွယ်အစားရှိတဲ့ ပုံကို ရယူပါ... My Labels: Photo, ShweDagon Pagoda, ရွှေတိဂုံ

ရွှေတိဂုံဘုရားကို ဖူးခဲ့တယ်...

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ရွှေတိဂုံဘုရားကို ဖူးခဲ့ပါတယ်... သွားမယ် သွားမယ် ပြင်ရင်း ၂-ပတ်ကြာမှ ရောက်ပါတယ်... ဓာတ်ပုံ ပုံ-၇၀ လောက် ရိုက်ဖြစ်ခဲ့ပါတယ်... အလွန်အင်မတန်တော်လှတဲ့ မောင်လှရဲ့ လက်ထဲက ထွက်တဲ့ ဓာတ်ပုံတွေ တော်တော်များများကို မောင်လှ ကိုယ်တိုင် မကြိုက်ပါဘူး... အောက်ကပုံလေးတွေကတော့ ကြိုက်မိတဲ့ ပုံလေးတွေပါ... ဒီဓာတ်ပုံ ၃-ပုံကို ကြိုက်တဲ့နေရာမှာ ကြိုက်သလို ယူသုံးနိုင်ပါတယ်... My Labels: Photo, ShweDagon Pagoda

ဒါနဲ့စကားမစပ်...

ဒါနဲ့စကားမစပ်... ရန်ကုန် တစ်ဖက်ကမ်း ရေဥက္ကံကျေးရွာကို ရောက်နေတာ ဒီနေ့နဲ့ဆို ၁၃-ရက်ရှိ နေပြီ... လာရင်း ကိစ္စ ဘာမှ မလုပ်သေးဘူး... ဒါနဲ့စကားမစပ်... မနေ့က ဘလော့ဂါ ဘိုးအေကြီး ညီလင်းဆက် နဲ့ တွေ့ဖြစ်တယ်... ပထမ နေးတစ်မြန်မာ က ဘော်ဒါ ၃-ယောက်နဲ့ ပြည်လမ်းက Moon Bakery မှာထိုင် စကားပြောဖြစ်တယ်... နေးတစ်မြန်မာက လူတွေ တွေ့ရင် နေးတစ်မြန်မာ အကြောင်းတွေ အများဆုံး ပြောဖြစ်တယ်... မြန်မာနိုင်ငံမှာ ယူရေနီယံတွေ နေရာတိုင်းမှာ တွေ့မိတယ်ဆိုတဲ့အကြောင်း... ဒါပေမယ့် စီးပွားဖြစ် မတွေ့သေးတယ် အကြောင်းရယ်... မော်ကြီး အကြောင်းရယ်... သခင်တင်မြ စာအုပ်အကြောင်းရယ်... အပျိုကြီးများအကြောင်းတွေကို ပြောဖြစ်တယ်... နောက် ခြေလျင်လျှောက်ပြီး ထူးအိမ်သင် ဆိုဒ်ကို ထူထောင်တဲ့ မောင်ဖိုးသား အိမ်သွားတယ်... သူတို့ လမ်းထိပ်က လက်ဖက်ရည်ဆိုင်မှာ ထိုင်ရင်း ထမင်းဆီဆမ်းစားရင်း ဟိုအကြောင်း ဒီအကြောင်းတွေ ပြောရင်း... ညီလင်းဆက်ကို လှမ်းခေါ်ဦးမှပဲဆို ဖုန်းဆက်... ဖုန်းက မကိုင်... ကံကောင်းချင်တော့ ညီလင်းဆက်က ကျတော်တို့ခေါ်တဲ့ ဖုန်းကို ပြန်ခေါ်... တည်နေရာသိသွားတော့ သြော် မောင်ဖိုးသား အိမ်နားပဲဆိုလိုက်လာတယ်... အဲဒီအချိန် ကျတော်ရယ်၊ ဖိုးသားရယ်၊ မောင်ရမ်းရယ