Skip to main content

Posts

Showing posts from 2011

X'mas Eve @ St. Josept Catholic Church Mandalay, Myanmar

၂၄-ဒီဇင်ဘာ-၂၀၁၁ ညက ကိုစူပါ က St. Josept Catholic Church (ကျတော်တို့ခေါ် ဖားသားလဖုန်း)မှာ X'mas Eve ရှိတယ်ဆိုတာနဲ့ ကိုစူပါ ၊ ကိုရှု တို့နဲ့ အတူ ဓာတ်ပုံ သွားရိုက်ဖြစ်ပါတယ်...  ၂၅-ဒီဇင်ဘာ-၂၀၁၁ မနက် ၂-နာရီလောက်မှ ဖားသားလဖုန်းကနေ ပြန်လာဖြစ်ပါတယ်... အဲဒီနေ့က ရိုက်ဖြစ်တဲ့ ဓာတ်ပုံလေးတွေကို အားပေးပါဦး... My Labels: X'mas Eve, Mandalay News, Religious news, Christmas

မန္တလေးတွင် ၂၀-ဒီဇင်ဘာ-၂၀၁၁ ရက်နေ့မှ စပြီး ဂုံးကျော် တံတား ၂-ခုအား ဆိုင်ကယ် စက်ဘီး အသုံးပြုခွင့် မပြုခြင်းကြောင့် ယာဉ်ကြောများ ယခုထက် ပိုမို ပိတ်ဆို့နိုင်

ဂုံးကျော်တံတား ၂-ခုအား ၂၀-ဒီဇင်ဘာ-၂၀၁၁ ရက်နေ့မှ စပြီး ဆိုင်ကယ် စက်ဘီး သွားလာခွင့် ပိတ်ပင်မှုအား မန္တလေးထုတ် သတင်းစာ ဖတ်သည့် လူအနည်းစုသာ သိရှိကြပြီး ၇-ရက်ခန့်သာ သတင်းစာထဲမှ ကြိုတင်ကြေငြာ... (သတင်းစာထဲ ပြန်ကြည့်တော့ ၁၇-ဒီဇင်ဘာ-၁၁ ထုတ် သတင်းစာမှသာ ကြေငြာချက် စတွေ့) ၃၅-လမ်း ဂုံးကျော် ပုံမှန် အသုံးပြုနေသော ဆိုင်ကယ်စီးသူများမှာ အနီးဆုံး ၃၆-လမ်းမှ ဂုံးကျော်ရှောင်ပြီးသွားရန်လိုအပ်သည်... ၃၆-လမ်း ပေါ် ၇၈-လမ်းနှင့် လမ်း-၈၀ လမ်းဆုံများမှာ ယခင်ကတည်းက ကား၊ ဆိုင်ကယ်၊ စက်ဘီး အရမ်းရှုပ်သည့် လမ်းဖြစ်ပြီး ယာဉ်ထိန်းရဲများ လမ်းရှင်းပေးမှု အားနည်းသည့် လမ်းဆုံများ ဖြစ်ပါသည်။ ၃၅-လမ်းပေါ် လမ်း ၈၀ နှင့် ၈၁-လမ်း လမ်းဆုံများမှာလည်း လမ်းပိတ်ဆို့မှု ပိုမို ဖြစ်ပေါ်လာနိုင်.... လမ်းပိတ်ဆို့မှုဖြေရှင်းလိုသည့် အတွက် ဂုံးကျော် တံတားများအား ဆိုင်ကယ်၊ စက်ဘီး အသုံးပြုခွင့် ပိတ်ပင်သည်ဆိုပါက ဆေးမီးတိုနှင့် ကုသည့် လုပ်ဆောင်ချက်ဟုသာ မြင်ပါသည်။ ၂၆-လမ်းမှ ၃၅-လမ်း အတွင်း ၃၅-လမ်း ဂုံးကျော် တစ်ခုသာလျှင် အခမဲ့ အဆင်ပြေစွာ အသုံးပြုနိုင်သည့် အတွက်သာ ၃၅-လမ်း ဂုံးကျော်မှာ လမ်းပိတ်ဆို့မှု များနေရခြင်းသာ ဖြစ်သည်ဟု မြင်ပါသည်... မီးရထား ဘ

Ubuntu Hour Mandalay ကျင်းပမည်...

အခမဲ့ အသုံးပြုနိုင်တဲ့ Operating System အမျိုးစား တစ်ခုဖြစ်တဲ့ Linux မျိုးနွယ်ဝင် Ubuntu အကြောင်း ရှင်းလင်း ပြသ သရုပ်ပြပွဲကို မန္တလေးမြို့ ၃၂-၃၃လမ်း၊ ၇၇-၇၈ လမ်းကြား ရွှေဖြူပလာဇာ ဒုတိယထပ် ကွန်ပျူတာအသင်း ခန်းမမှာ လာမယ့် ၄-ဒီဇင်ဘာ-၂၀၁၁ ရက်နေ့မှာ မနက် ၁၀-နာရီကနေ ညနေ ၅-နာရီအထိ ကျင်းပမယ်လို့ သိရပါတယ်... တက်ရောက်မည့် သူများ http://u4mdy.doattend.com/ မှာ register ပြုလုပ်ပြီး e-mail နဲ့ ပြန်လည်ပေးပို့လာတဲ့ ticket ကို print ထုတ်ယူခဲ့ပါက Ubuntu OS install + software များပါတဲ့ DVD များ အခမဲ့ ရရှိမှာ ဖြစ်ပါတယ်...  အသေးစိတ် အချက်အလက်များကို https://www.facebook.com/events/282616318443693/ မှာ မေးမြန်းနိုင်ပါတယ်...

တောင်ကြီး တန်ဆောင်တိုင် ပွဲတော်ကို ရောက်ခဲ့တယ်...

တောင်ကြီး တန်ဆောင်တိုင် ပွဲတော်ကို နေ့ခင်း ၂-နာရီကျော်လောက် ရောက်သွားတော့ နေ့လွှတ် တိရိစ္ဆာန် အကောင်ပုံ ချိုးထားတဲ့ မီးပုံပျံတွေ လွှတ်နေပါပြီ...  ကြက်ဆိုတဲ့ အမျိုးက မိုးပေါ်ပျံလို့လား ခင်ဗျ... မိုးပေါ် မပျံချင်လို့တဲ့... ကြက်တစ်ကောင်ရဲ့ ဘဝ နိဂုံးပေါ့ဗျာ... ဘာမှန်း ညာမှန်း မသိ မီးထိုးတဲ့ အောက်အထိလည်း ဝင်ရိုက်ခဲ့တယ်... ချယ်ရီဦးကြီး တက်သွားပြီး မီးကျည်တွေ ကျတော့်ဆီ ပြေးလာနေကြတယ်... ညှော်နံ့ရတယ်... အင်္ကျီတွေ မီးများ ပေါက်သွားသေးလား... ကားက ပြန်ထွက်လို့ မရလို့ ကားပေါ် အိပ်နေတဲ့အချိန် မီးရှုး မီးပန်း မီးကျည်တွေ ကျလာလို့ အပြင်ထွက်ကြည့်တော့ မီးပုံပျံကြီး ပျက်ကျ တာပါလား... မီးငြိမ်းစရာ မီးသတ်ဆေးဘူးလည်း မရှိဘူး... နောက်ဆုံးတော့ မီးမငြိမ်းဘဲ မီးလှုံကြနေလေရဲ့.... များပြားလှတဲ့ လူအုပ်ထဲမှာ လမ်းလျှောက်စရာမလိုဘဲ တရွေ့ရွေ့နဲ့ မျောပါလို့ မနည်း ရုန်းထွက်ခဲ့ရတယ်... များပြားလွန်းတဲ့ လောင်းကစားဝိုင်းတွေ... အရက်၊ ဘီယာပွဲတော်လို့ပါ ပြောနိုင်တဲ့ တောင်ကြီး တန်ဆောင်တိုင် ပွဲတော်... မြန်မာ စည်ဘီယာ တစ်ခွက် ၇၅၀-ကျပ်ကနေ ၁၀၀၀-ကျပ် ဝန်းကျင်ဈေးရှိတယ်... တုတ်ထိုး၊ ကြာဇံကြော်၊ ခေါက်ဆွဲကြော်ဆိုင်လေးတွေလည်းေ

iPhone 3GS baseband 06.15 old bootroom ရယ်၊ iOS 5 ရယ်၊ sn0wbreeze ရယ်၊ ကျတော်ရယ်…

iPhone 3GS မှာ အသစ်ထွက်လာတဲ့ iOS 5 တင်လို့ရတာ သိတော့ တင်ချင်တာ လက်ကိုယားလို့… iOS 5 ဘယ်လို တင်ရမလဲဆိုတာ အင်တာနက်ထဲ လိုက်ရှာဖတ်တာပေါ့… အင်္ဂလိပ်လို ရေးထားတဲ့ ဆိုဒ်ကတော့ တော်တော်များများ လိုက်ဖတ်ဖြစ်တယ်…  http://www.redmondpie.com/ နဲ့ မြန်မာလိုရေးထားတဲ့ အထဲမှာတော့ http://www.moethagyar.info ကို ဖတ်ပြီး ဘာဖြစ်ဖြစ် တင်မယ်ဆိုပြီး လိုတာတွေ download လုပ်ပြီး တင်ဖြစ်သွားတယ်… တင်တဲ့ အဆင့်တွေတော့ မရေးတော့ပါဘူး… redmondpie.com နဲ့ moethagyar.info ဟာတွေကိုသာ ပေါင်းစပ်ပြီး အသုံးချလိုက်ပါတော့…  redsn0w (သို့) sn0wbreeze ၂-ခု ထဲက ကျတော်တော့ sn0wbreeze သုံးပြီး လုပ်လိုက်ပါတယ်… iPhone 3GS baseband 06.15 (iPad baseband) ဖုန်းတွေက Apple ကပေးတဲ့ firmware ကို တိုက်ရိုက် ထည့်လို့ မရပါဘူး… custom firmware ထည့်မှကို ရပါတယ်… အဲဒီတော့ sn0wbreeze-v2.8b8 ကိုသုံးပြီး custom firmware လုပ်တာပေါ့…  ပထမလုပ်တုန်းက Activate the iPhone [Hacktivate] ကို မရွေးခဲ့မိလို့ iOS 5 တက်လာပြီး initial configuration  လုပ်တော့ ဒီ sim card နဲ့ သုံးလို့ မရပါဘူးဆိုပြီး လုပ်နေတာနဲ့ နောက်တစ်ခါ Activate the iPhone [Hacktivate] အမှန်ခြစ

မန္တလေးမှာ Wonderful Indonesia ဓာတ်ပုံပြပွဲနှင့် Beyond Mandalay ဓာတ်ပုံပြပွဲများ ကျင်းပနေ

အင်ဒိုနီးရှားက ပြန်လာတဲ့ ဓာတ်ပုံဆရာကြီး ၃-ဦးရဲ့ Wonderful Indonesia ဓာတ်ပုံပြပွဲနှင့် မန္တလေးက ဓာတ်ပုံဆရာ ၅၀-ပါဝင်တဲ့ Beyond Mandalay ဓာတ်ပုံပြပွဲများကို လမ်း-၈၀၊ ၂၄-လမ်းထောင့် အမျိုးသားပြတိုက် သီရိဝစ္ဆ အနုပညာခန်းမမှာ ဒီနေ့ကစပြီး ၂၈-ရက်နေ့အထိ ပြသနေပါတယ်...  My Labels: Mandalay News, Myanmar News, Photo Exhibition

Gitameit Music Concert 2011 Mandalay

ဂီတမိတ် ရန်ကုန်နဲ့ မန္တလေး ပညာရှင်တွေ ပူးပေါင်းပြီး Gitameit Music Concert 2011 Mandalay ပွဲကို အခုလာမယ့် 2-Oct-2011 (တနင်္ဂနွေနေ့)မှာ Oriental House မှာ ပြုလုပ်မှာပါ... အခမဲ့ဝင်ရောက် ကြည့်ရှုနိုင်ခွင့် လက်မှတ်များကို ၂၈-လမ်းနှင့် ၅၉-လမ်းထောင့်မှာ တည်ရှိတဲ့  ဂီတမိတ် (မန္တလေး)မှာ ထုတ်ယူနိုင်ပါတယ်...

Sunset @ Mandalay (Time Lapsing Video)

Sunset @ Mandalay from MgHla on Vimeo . ဒီ video က ကျတော် ပထမဦးဆုံးရိုက်ဖြစ်တဲ့ Time lapse Video လေးပါ...  ထူးတေဇာရိုက်တဲ့ Beautiful Timelapse Video Of Shwe Da Gon Pagoda ကို မြင်တော့ ရိုက်ချင်စိတ်ပေါ်လာလို့ စမ်းရိုက် ထားတာပါ... အောက်က ပုံ ၂-ပုံကတော့ ဒီဗီဒီယိုရိုက်ရင်း ရိုက်ဖြစ်ခဲ့တဲ့ ဓာတ်ပုံ ၂-ပုံပါ... ကျတော့် ဓာတ်ပုံတွေပဲ စုတင်ထားတဲ့ web site လိပ်စာက http://photo.MgHla.net ပါ... Nikon D7000 iPhone 3Gs   My Labels: Time Lapse Video, Photos, Photography, sunset, Mandalay, Moat, Myanmar

GSM ဖုန်းမှာ Internet သုံးမယ်... by DD85 - mmcpcommunity.net

အခုဒီမှာ ဖွင့်ပေးနေတဲ့ EDGE ကို Nokia ဖုန်းနဲ့ဘယ်လို setting လုပ်တယ်ဆိုတာလေး သိသလောက်ပြောပါမယ်။ Menuကနေ Menu > Setting > Connectivity > Setting > Destinationsကိုတဆင့်ခြင်းဝင်သွားပါ။ Destinations ထဲရောက်တာနဲ့ Access Point ရယ် Internet ရယ် WAP services ရယ် menu သုံးခုကိုတွေ့ရပါမယ်။ Access Point ထဲကိုဝင်လိုက်ပါ။ Automatically check for avaliable access points ကို Yes  လုပ်ပါ။  Packet data ကို ၀င်လိုက်ပါ။ Packet data access point name ကို MPTNET လို့နာမည်ပေးပါ။ Select destination ကို Internet ဟုရွေးပေးပါ။ အခုနောက် menu ဖြစ်တဲ့ Internet ကိုဝင်ပါမယ်။ အဲ့ဒီမှာခုနနာမည်ပေးခဲ့တဲ့ MPTNET ဆိုတာကိုတွေ့ရပါမယ် အဲ့ဒီကိုဝင်လိုက်ပါ။ Connection name ရယ် Access Point name  မှာ MPTNET ဆိုတာတွေ့နေရပါမယ်။ Data Bearer မှာတော့ Packet data လို့တွေ့နေရပါမယ်။ Username နဲ့ Password မှာမိမိနှစ်သက်ရာပေးပါ။ Prompt password ကိုတော့ internetသုံးတဲ့အချိန်မှာ ဖေါ်ပြစေချင်ရင် Yes ပေါ့။ Authentication မှာ secureပဲပေးပေး normal ပဲပေးပေးပါ။ Homepage ကတော့ none ပဲထားပါ။ ဘာထားထား Yatanarpon web page ပဲတက်မှာပ

iPhone 3GS နဲ့ ကျတော်...

iOS 4.1 တင် ထားတဲ့ ကျတော့်ရဲ့ iPhone 3GS လေး ဖုန်းပြောတာကြာရင် restart ကျတတ် လို့ရယ်၊ ဖုန်းသုံးရတာ လေးတာရယ်၊ နောက်ပိုင်းထွက် app အချို့တင်လို့ မရတာကြောင့် အခုနောက်ဆုံးထွက် ထားတဲ့ iOS 4.3.3 ကို တင်ဖြစ်ပါတယ်... iPhone လက်ထဲရောက်ပြီး  ပထမဆုံး အကြိမ် firmware မြှင့်ခဲ့တုန်းက အဆင်မပြေလို့ iSONIC က ရှမ်းလေး ပြန်ပေးခဲ့တာကို အခု upgrade မလုပ်ခင် အချိန် အထိ သုံးနေတာပါ... ကျတော့်ရဲ့ ပထမဆုံး iPhone firmware တင်တာ အောင်မြင်မှုကို မျှဝေပါရစေ... ကျတော် သုံးနေတဲ့ iPhone 3GS က old bootroom ဖြစ်ပြီး baseband (သို့) Modem Firmware 06.05.00 (iPad baseband) ပါ... iPhone 3Gs မှာ old bootrom လား new bootrom လားဆိုတာကို www.redmondpie.com နည်းနဲ့ စစ်ခဲ့ပါတယ်... ပထမအကြိမ် firmware တင်လို့ မရတာလည်း iPad baseband ပြောင်း ထားလို့ပါ... အဲဒါလည်း နောက်မှ forum တွေ ဖတ်ရင်း သိတာပါ... 06.05.00 bb ပြောင်းထားရင် apple ထုတ် stock firmware ကိုတင် လို့မရတော့ဘဲ ပြုပြင်ထားတဲ့ custom firmware ပဲတင်လို့ရတော့တယ် ဆိုတာပါ သိလာပါတယ်... www.redmondpie.com မှာ sn0wbreeze ကို သုံးပြီး Apple stock firmware iOS 4.3.1 ကို သုံးပြီ

facebook မှာ share မိတာတွေ... June-2011

iPhone နဲ့ iPod Touch တွေမှာ iWork သုံးလို့ရပါပြီတဲ့ ခင်ဗျာ... http://www.redmondpie.com/iwork-suite-for-iphone-and-ipod-touch-now-available-for-download/ iPhone မှာ သုံးတဲ့ barcode ရော QR code ပါဖတ်တဲ့ QuickMark app ကို သဘောကျနေတယ်... QR code generator (http://www.the2dcode.com/qr-code-generator) ကိုကြိုက်နေတယ်... Android နဲ့ Windows Mobile ပုံစံ လုပ်ထားတဲ့ iPhone app ပါ... အာသာပြေပေါ့...  http://www.redmondpie.com/install-windows-phone-7-and-android-on-iphone-with-osfaker/ iPhone ကနေ Windows/Mac Computer တွေကို လှမ်းပြီး shutdown လုပ်လို့ရတဲ့ app အကြောင်းပါ... http://www.redmondpie.com/ishutdown-lets-you-remotely-turn-off-your-pc-or-mac-using-iphone/  Oct 2009 မှ Apr 2011 အတွင်း Apple မှ ထုတ်လုပ်ထားတဲ့ MacBook အဖြူရောင် ပိုင်ရှင်များ ခင်ဗျား ဒါလေးကို ဖတ်ဖြစ်အောင် ဖတ်ကြပါ... အဖြူရောင် MacBook အောက်ခံပြား ကွာလာတာ ဟလာရင် apple အခမဲ့  လဲလှယ်ပေးနေပါတယ်တဲ့... http://www.apple.com/support/macbook-bottomcase/ အသစ်ထွက်တဲ့ ကင်မရာ ဝယ်ထားပြီး RAW နဲ့ရိုက်တဲ့ပုံတွေကို Photoshop or Ligh

“ဗုံလေးလုံးသံစဉ် ဂန္ထဝင်အကပဒေသာ”မှတ်တမ်း ဒီဗီဒီ ထွက်ပြီ...

"အမျိုးဂုဏ်ဇာတိဂုဏ်နှင့်ယဉ်ကျေးမှုအမွေအနှစ်များ မပျောက်ပျက်အောင် ထိန်းသိမ်း စောင့်ရှောက်ရေး" ဟူသော ရည်ရွယ်ချက်ကို ဖော်ထုတ်လိုက်ရတာ ၂ နှစ်ခွဲ ကြာသတဲ့ ....။ မြန်မာအကဗေဒကို ဖော်ထုတ် မှတ်တမ်း တင်ရိုက်ကူးထားသည့် "ဗုံလေးလုံးသံစဉ် ဂန္ထဝင်အက ပဒေသာ"မှတ်တမ်း ဗီစီဒီကို မေလ ၂၃ ရက်နေ့က စတင်ဖြန့်ချိနိုင်ခဲ့ပါပြီ။ ၁၉၅၃ ခုနှစ် မန်းလေး ပန်တျာကျောင်းတွင် စတင်တီထွင်ပြီး သင်ရိုးအဖြစ် သင်ကြားခဲ့ အကပညာရှင် ဒေါ်သြဘာသောင်း၏ ကဗျာလွတ်က ကွက်များကို အခြေခံကာ ကကြိုး ကကွက်များ၊ မြန်မာ ရှေးရိုး တပင်တိုင် အကများကို မြန်မာ သီချင်းကြီးတေးသွား သံစဉ်များနှင့် အတူ ဖော်ထုတ် မှတ်တမ်းတင် ရိုက်ကူးမှုတွင် သမိုင်းကြောင်း ရှင်းပြခြင်း၊ အင်္ဂလိပ် မြန်မာနှစ်ဘာသာ စာတန်းထိုး များ ၊ဖွင့်ဆိုရှင်းလင်းချက်များ ပါဝင်သည်။ "အခုခွေက ၂ နှစ်ကျော်ကြာမြင့် သွားခဲ့ပြီး ထုတ်လုပ် ဖြန့်ချိခွင့် မရနိုင်လောက်အောင် ကန့်ကွက်မှုတွေရှိတဲ့ အခြေအနေကြားကနေ နားလည် သဘောပေါက်တဲ့ တာဝန်ရှိ ပုဂ္ဂိုလ်တချို့ရဲ့ ညှိနှိုင်းဆောင်ရွက်ခဲ့မှုကြောင့် ခက်ခက်ခဲခဲနဲ့ ထွက်လာတယ်လို့ ဆိုရမှာပါ။ စီးပွားရေးမပါပဲ အခုလိုဖော်ထုတ် မှတ်တမ်းတင်ရိုက်ကူးမှုကို လုပ်ပိုင်ခွင

Lightroom 3.x က Watermark ကို သုံးပြီး ဓာတ်ပုံကို ဘောင်ခတ်ရအောင်...

1. ပထမဆုံး အပေါ်မှာ ပြထားတဲ့ပုံအတိုင်း ဖိုတိုshop (သို့) အလားတူ software မျိုးသုံးပြီး စိတ်တိုင်းကျ ဓာတ်ပုံဘောင်တစ်ခု ဖန်တီးပါ... background layer ကို မျက်စိပိတ်လိုက်ပါ... အပေါ်မှာ ပြထားတဲ့ပုံ ထဲမှာဆို background layers ကို ပိတ်ထားတဲ့ အတွက် transparent ဖြစ်တဲ့နေရာတွေကို ကျားကွက်လို အကွက်မျိုးနဲ့ ပြနေပါတယ်... စိတ်ကြိုက် ဘောင်တစ်ခု လုပ်ပြီးပြီ ဆိုရင်တော့ ဖိုင်ကို PNG format နဲ့ Save လုပ်ပြီး စိတ်ချရတဲ့ နေရာမှာ သိမ်းဆည်းပါ.. 2. Lightroom 3.x ကိုဖွင့်ပါ... 3. Edit > Edit Watermarks ကို ကလစ်နှိပ်ပြီးဖွင့်ပါ... အောက်က ပုံအတိုင်း dialog box ပေါ်လာပါလိမ့်မယ်... 4. Image Options > Choose ခလုတ်ကို နှိပ်ပြီး ခုနက လုပ်ထားတဲ့ ဘောင်ကို ရွေးပေးပါ... 5. Size မှာ Fit (သို့) Fill ကို ရွေးပါ... 6. Anchor မှာ အလယ်တည့်တည့် အပြောက်ကို ရွေးပါ... preview မှာ နမူနာ ပုံပြနေမှာ ဖြစ်တဲ့ အတွက် စိတ်တိုင်းကျ ချိန်ညှိပါ... 7. စိတ်ကြိုက် ဖြစ်ရင်တော့ Save ကို နှိပ်ပါ... Preset နာမည် လာတောင်းပါလိမ့်မယ်... ကျတော်ကတော့ Border Tutorial လို့ ပေးလိုက်ပါတယ်... 8. ကျတော်တို့ Export လုပ်မယ့် ဓာတ်ပုံ(တွေ)က

ကျတော်နဲ့ Nikon D7000 ကင်မရာ - ၁

သူငယ်ချင်း တစ်ယောက် ကျေးဇူးနဲ့ အရင်ကိုင်နေတဲ့ Nikon D200 + Tamron 18-200 lens နဲ့ Nikon D7000 နဲ့ အလိုက်ပေး လဲလိုက်ပါတယ်... အခုအချိန်အထိတော့ Nikon D7000 ကို အတော်လေး ကြိုက်မိနေပါတယ်... Nikon D7000 က D90 နဲ့ D300 ကြား level ကင်မရာအနေနဲ့ ထွက်ရှိလာတာပါ... camera body က Nikon D90 ထက် အနည်းငယ် ပိုကြီးပြီး D300 ထက် ပိုငယ်ပါတယ်... 16.2 MP DX-format CMOS sensor ကို အသုံးပြုထားပြီး ၁-စက္ကန့်ကို ၆-ပုံ အမြန်နှုန်းနဲ့ ရိုက်ကူးနိုင်ပြီး အဲဒီ အမြန်နှုန်းနဲ့ ပုံ၁၀၀ အထိ မနားတမ်း ဆက်တိုက် ရိုက်ကူးနိုင်ပါတယ်... SD memory ကဒ် ၂-ကဒ် ထည့်သွင်းနိုင်ပြီး ပထမ ၁-ကဒ် ပြည့်မှ နောက် ၁-ကဒ်မှာ ပုံတွေ သိမ်းနိုင်သလို တပြိုင်းတည်း ကဒ် ၂-ကဒ်စလုံးမှာ ပုံတွေ သိမ်းနိုင်ပါတယ်... ပထမကဒ်မှာ RAW ဖိုင်သိမ်းပြီး ဒုတိယကဒ်မှာ JPG ဖိုင်သိမ်းနိုင်ပါတယ်... ဒါမှ မဟုတ် ဓာတ်ပုံကို ၁-ကဒ်မှာသိမ်းပြီး Video ကို နောက် တစ်ကဒ်မှာ သိမ်းနိုင်ပါတယ်...  Nikon D7000 မှာ 1080p HD Movies ရိုက်ကူးနိုင်ပြီး ဗီဒီယို ရိုက်ကူးရာမှာ Auto Focus ရတဲ့ ပထမဆုံး Nikon DSLR camera က D3100 ဖြစ်ပြီး အခု D7000 က ဒုတိယပါ... ကျတော် စမ်းကြည့်တာ AF-S lens သာမက AF lens

Yay.... Pyaw lite dar...

ကျတော် ရေးခဲ့တဲ့ နှစ်သက်မိတဲ့ iPhone Dictionary apps တွေ... ကြောင့် ဒီနေ့ ကျတော် Mac Pro ၁-စုံရယ်၊ iPhone 4 ရယ် လက်ဆောင်ရပါတယ်... ကျတော် အဲဒီ post ရေးပြီး နောက်ပိုင်းမှ Apple Apps Store ရဲ့ ရောင်းအား အကောင်းဆုံး Top Ten ထဲမှာ Ornagai ဝင်လို့ဆိုပြီး ထိန်လင်းရွှေက လက်ဆောင် အဖြစ် ဝယ်ပို့လိုက်တာပါ... iPhone 4 ကိုတော့ ထူးမြင့်နောင် က လက်ဆောင်ပေးတာပါ... သူ့ရဲ့ iDEFINED ရောင်းအား အဆ ၅၀ လောက်အထိ ရောင်းအားတက်သွားလို့ လက်ဆောင် ပေးတာပါတဲ့... ပျော်လိုက်ထှာ... My Labels: aPriL fOol

CMScamp Mandalay 2011 ကျင်းပမည်...

ယနေ့ခေတ် web site များတည်ဆောက်ရာတွင် အသုံးပြုမှုများပြားလာသော CMS... အင်တာနက် သုံးတတ်သူ မည်သူမဆို web site များ၊ blog များ အလွယ်တကူ ဖန်တီးနိုင်သော CMS... Content Management System (CMS) မျိုးနွယ်စုဝင်များဖြစ်သည့် Joomla, Drupal, Wordpress နှင့်ပတ်သက်သည့် နည်းပညာရပ်များကို စိတ်ဝင်စားသူ မည်သူမဆို တက်ရောက် ဆွေးနွေး ဖလှယ်နိုင်ပါရန် ဖိတ်ကြားအပ်ပါသည်။   CMScamp Mandalay 2011 ကို လာမယ့် တနင်္ဂနွေနေ့(ဧပြီ-၃ ရက်နေ့)မှာ နေ့လယ် ၁၁-နာရီကနေ ညနေ ၅-နာရီအထိ ရွှေဖြူပလာဇာ ဒုတိယထပ်မှာရှိတဲ့ MCPA/MCIA conference hall မှာ ကျင်းပမှာပါ... My Labels: seminar, barcamp, cmscamp, Mandalay, MDY, MDL, Burma, Myanmar

နှစ်သက်မိတဲ့ iPhone Dictionary apps တွေ...

Cambridge Advanced talking dictionary လေးကို ကြိုက်မိတယ်... ဒေါင်းလုပ်လုပ်တာ ၂၀၉-မက်လောက် ရှိပါတယ်... အသံထွက်က US အသံထွက်ရော UK အသံထွက်ပါ ပါတယ်... saturngod @ ထိန်လင်းရွှေ ရေးထားတဲ့ Ornagai Dictionary ကိုလည်း ကြိုက်မိတယ်... သိပ်စုံတဲ့ light version ကို သုံးနေတယ်... ဖုန်းဝယ်တဲ့ဆိုင်က jb လုပ်ပြီး ထည့်ပေးလိုက်တုန်းက Ornagai full version (cracked) ပါတယ်...  ကိုယ်ဘာသာကို iOS 4.2.1 တင်လိုက်တာ ပြန်မတက်တော့လို့ iSonic က ညီငယ် ရှမ်းလေး ပြန်တင်ထားပေးတာနဲ့ သုံးနေတာဆိုတော့ Ornagai full version (cracked) မရှိတော့ဘူး... ရှမ်းလေးတို့ရဲ့ iSonic က ၇၃-လမ်း၊ ၃၆×၃၇-လမ်းကြားမှာ ရှိတယ်... iDevice တွေနဲ့ ပတ်သက်တဲ့ software ပိုင်း hardware ပိုင်းတွေကို ဖြေရှင်းပေးပါတယ်... နောက်ညွှန်းချင်တာကလည်း မြန်မာလူမျိုးတွေ ထုတ်ထားတဲ့ iDEFINED ပါ... ဒီ iDEFINED ကို Technomation Studio ရဲ့ CEO ထူးမြင့်နောင် ဆီက လက်ဆောင် ရထားတာပါ... iDEFINED မှာ English-Myanmar, Oxford Advanced Learners, Longman, Merriam-Webster ဒစ်ရှင်နယ်ရီတွေ ပါပါတယ်... အသံထွက်လည်း နားထောင်လို့ ရပါတယ်... iDEFINED မှာ ရှာတဲ့ စာလုံးရိုက် နေချိန်မှာ သက်

PhotoCam Mandalay 2011

My Labels: PhotoCamp Mandalay 2011, the first PhotoCamp in Mandalay, Myanmar

PhotoCamp Mandalay ကျင်းပမည်...

““ ဓာတ်ပုံဆိုတာ အတ္ထုပတ္တိဖြစ်သလို၊ဖြတ်သန်းမှုလည်း ဖြစ်တယ်။ အဖြစ်အပျက်တစ်ခုဖြစ်သလို သမိုင်းအချက်အလက်လည်း ဖြစ်တယ်။ အဲဒီ အတ္ထုပတ္တိတွေ၊ ဖြတ်သန်းမှုတွေ၊ အဖြစ်အပျက်တွေ၊ သမိုင်းအချက်အလက်တွေ၊ အလွမ်းဝေဒနာတွေ၊ ခံစားမှုရသတွေကို တူရာစုပြီး PhotoCamp Mandalay မှာ တွေ့ဆုံပြောဆို ဖလှယ်ကြရအောင်လေ....။”” နေ့ရက် - 20-Mar-2011 အချိန် - နံနက် ၉-နာရီမှ ညနေ ၅-နာရီ အထိ နေရာ - MCPA Conference Hall ၊အခန်း (226), ရွှေဖြူပလာဇာ၊ ၃၃-လမ်းနှင့် ဇောတိကလမ်းကြား၊             ၇၇-လမ်းနှင့် ၇၈-လမ်းကြား၊မန္တလေးမြို့

facebook မှာ share မိတာတွေ...

 facebook ပေါ် 40 KB လောက်ပဲ ရှိတဲ့ ဓာတ်ပုံ ပုံမှန်အတိုင်း တင်တာ တင်လို့မရဘူး... mail ကနေလှမ်းပို့တင်လိုက်တာတော့ ရ၏... mail ကနေ fb ကိုလှမ်းတင်ဖို့အတွက် ကိုယ့်ရဲ့ upload email address ကို http://www.facebook.com/mobile/ မှာသွားကြည့်ရပါတယ်... ကိုစိုးမင်း ရေးထားတဲ့ အဘိဓာန် http://code.google.com/p/wxpydict/ wordpress မှာ automatic upgrade လုပ်တဲ့အခါ Allowed memory size of xxx bytes exhausted error ပြပြီး upgrade မဖြစ်ရင် WP Overview (lite) Dashboard Memory Load Usage Plugin လေး install လုပ်ပြီး ပြန်လုပ်ကြည့်ပါ... ကျတော်တော့ အဆင်ပြေသွားပါတယ်... Windows 7 နဲ့ scanner အဟောင်းတွေ အဆင်မပြေဖြစ်နေလား... Vueစကန် ကို ရှာဖွေ အသုံးပြုလိုက်ပါ... ၂၀၀၀-ပြည့်နှစ်ကတည်းက အသုံးပြုလာခဲ့တဲ့ Acer Scanner ရဲ့ Driver ကို Windows7 မှာတင်တိုင်း blue screen ပဲ ကျကျ သွားပါတယ်... အခုတော့ Vueစကန် ကျေးဇူးနဲ့ ပြန်လည် အသုံးပြုလို့ ရနေပါပြီ... Vueစကန် ကို ကျတော်တော့ 4shared ကနေ ရှာတွေ့ပြီး အသုံးပြုတာ အဆင်ပြေကြောင်းပါ... Windows 7 64-bit & 32-bit မှာပါ အသုံးပြုနိုင်တဲ့ Zawgyi လက်ကွက်... http://www.zawgyi.net/inde

ဒါနဲ့ စကားမစပ်...

ဒါနဲ့ စကားမစပ်... မန္တလေးမြို့ရဲ့ ပထမဆုံးအကြိမ်ဖြစ်တဲ့ Barcamp Mandalay 2011 ကို ဖေဖော်ဝါရီလ ၁၂-၁၃ ရက်များမှာ ပုပ္ပား ဟိုတယ်မှာ စည်ကားသိုက်မြိုက်စွာနဲ့ ကျင်းပနိုင်ခဲ့ပါတယ်... IT သာမက အကြောင်းအရာ မျိုးစုံတဲ့ barcamp ဖြစ်ခဲ့ပါတယ်... ၂-ရက်ပေါင်း တက်ရောက်သူ ၃၁၀၀-ကျော်ရှိခဲ့ပါတယ်...  ကျတော်တို့ ၁-ထောင်လောက်ပဲ တက်လိမ့်မယ်လို့ မှန်းထားခဲ့မိတာ မှားခဲ့ပါတယ်... ပြီးတော့ နေရာ ရွှေ့ပြောင်း ခဲ့ရတဲ့အတွက် ယခင်မှန်းထား သလို အခန်းကျယ်များ မပါရှိပဲ အခန်းကျဉ်းများသာ ဖြစ်ခဲ့တဲ့ အားနည်းချက် ရှိခဲ့ပါတယ်... barcamp Mandalay 2011 ဖြစ်မြောက်ဖို့ အဓိက ဦးစီး လုပ်ဆောင်ခဲ့တဲ့ မန္တလေး MCPA နှင့် MCIA မှ တာဝန်ရှိသူများကို အထူး ကျေးဇူးတင်ရှိကြောင်း ပြောပါရစေ... ဒါနဲ့ စကားမစပ်... ၁၃-ရက်နေ့ ကျတော်လည်း lightroom အကြောင်းပြောဖို့ အတွက် projector ဆင်နေတုန်း မီးသတ်ကားတွေ ဖြတ်သွားလိုက်တာ မပြောပါနဲ့တော့... နောက်နေ့မှ သိရတာ ၂-နေရာမှာတောင်မှ မီးလောင်တယ်တဲ့ဗျ... ၁၄-ရက်နေ့ မနက် ၃-နာရီလောက်မှာလည်း တောင်မြို့သွားတဲ့ ဒေါ်သီသနပ်ခါး အကျော်ရှိတဲ့ ဈေးလည်း မီးလောင်သေးတယ်... ဒါနဲ့ စကားမစပ်... barcamp Mandalay 2011 ရဲ့ နောက်ဆက်တွဲ အောင်ြ

Lightroom Tutorial eBook

ကျတော့် ဘလော့မှာ ရေးဖူးတဲ့ Lightroom tutorial တွေကို pdf လုပ်ထားတာပါ... ပြီးပြည့်စုံမှု မရှိသေးပေမယ့် အခုမှ စသုံးမယ့်လူတွေ အတွက်တော့ အသုံးတည့်မယ်လို့ ထင်ပါတယ်... http://www.mghla.net/share/MgHla_Lightroom.pdf

BarCamp Mandalay 2011 ကျင်းပမည်...

မန္တလေးမြို့ရဲ့ ပထမဆုံး အကြိမ် ကျင်းပမှာ ဖြစ်တဲ့ BarCamp Mandalay 2011 ကို ယခင် သတ်မှတ်ထားတဲ့ အင်းဝ ဟိုတယ် အစား ၇၈-လမ်း၊ ၂၈-၂၉ လမ်းကြားမှာ ရှိတဲ့ ပုပ္ပား ဟိုတယ် မှာ ဖေဖော်ဝါရီလ ၁၂-ရက်နေ့နဲ့ ၁၃-ရက်နေ့မှာ ကျင်းပ ပြု လုပ်မှာ ဖြစ်ပါတယ်... အဲဒီ ၂-ရက်မှာ ကျင်းပမယ့် အချိန်က မနက် ၉-နာရီမှ ညနေ ၅-နာရီ အထိ ကျင်းပမှာ ဖြစ်ပြီး တစ်နေလုံး အချိန်ပြည့် တက်ရောက် နိုင်သလို အချိန်ပြည့် မတက် ရောက်နိုင်ပါက မိမိ စိတ်ဝင်စားတဲ့ အကြောင်းအရာ ဆွေးနွေးတဲ့ အချိန်များမှသာ သွားရောက် နားထောင် ဆွေးနွေးနိုင်ပါတယ်... မန္တလေး BarCamp အကြောင်း ပိုမို သိရှိလိုပါက http://barcampmandalay.org/about/ မှာ သွားရောက် ဖတ်ရှုနိုင်ပါတယ်...  My Labels: BarCamp, ဘားကမ့်, Mandalay, Myanmar, Burma

အိမ်ပြန်ချိန်

My Labels: Photo, Taungdaman, U Pain, Mandalay, Myanmar, Burma

မန္တလေး ညရှုခင်း

မန္တလေး ညရှုခင်း မန္တလေးတောင်ပေါ်တက်ပြီး Star Trails ဓာတ်ပုံ တက်ရိုက်တာပဲ... ဒါပေမယ့် ကြယ်ပုံမရဘဲ မန္တလေးညရှုခင်း ပုံပဲ ရခဲ့တယ်... My Labels: Night Photography, Long Shutter, Mandalay, Myanmar, Burma, Photo