နေရင်းထိုင်ရင်း မော်လမြိုင်မှာ ကျောင်းသွားတက်ခဲ့ရတဲ့ ကာလလေးကို သတိရမိတယ်... မန္တလေးသား ဘယ်လို ဖြစ်ပြီး မော်လမြိုင်တက္ကသိုလ်မှာ ကျောင်းသွားတက်တယ်လို့ ထင်ပါသလဲ... ရှင်းရှင်းလေးပါ... အမှတ် ဟိုမမှီ ဒီမမှီရတဲ့ ကျတော်မောင်လှ မော်လမြိုင် တက္ကသိုလ်မှာသာ ရှိတဲ့ Marine Bio လို့ လူသိများတဲ့ Marine Science မေဂျာရလို့ သွားတက်ခြင်းပါ... အဏ္ဏဝါသိပ္ပံလို့လည်း ခေါ်တဲ့ ဒီမေဂျာတက်တဲ့ ကျောင်းသားတွေကို အဆောင် တစ်ခုတည်းမှာပဲ ထားပါတယ်...“မြိတ်” ဆောင်လို့ ခေါ်ကြောင်းပါ... ယောက်ျားလေး အဆောင်တွေရဲ့ အစွန်ဆုံးမှာ ရှိပါတယ်... ကျောင်းစတတ်တဲ့ညမှာ ကျတော်တို့ မေဂျာက သူငယ်ချင်းတွေ အဏ္ဏဝါသိပ္ပံသားတွေ ထွက်ခဲ့ သီချင်းသွားဆိုမယ် ဆိုလို့ လိုက်သွားတာ မေဂျာက ပထမနှစ် ကျောင်းသူတွေ နေတဲ့ အဆောင်ကို ရောက်သွားပါလေရော... လူ-၃၀ လောက်ရှိတဲ့ လူအုပ်ကြီး မိန်းကလေး အဆောင်ရှေ့မှာ သီချင်းဆိုကြလေရဲ့... တကယ်ဆိုတဲ့သူက ၅-ယောက်လောက်ပါ... ကျန်တဲ့သူတွေက အဖော် အဖြစ်လိုက်လာ ကြတာပါ... သြော် .. လွမ်းမိပါသေးတယ်... မော်လမြိုင်တက္ကသိုလ်ကြီးရယ်... 96 ကျောင်းပိတ်လို့ ပထမနှစ်ကို မန္တလေးမှာပဲ ဖြေပြီး အောင်ခဲ့ရတဲ့ အဏ္ဏဝါသိပ္ပံ ကျောင်းသားလေး ကျတော်ဟာ နောက်ဆုံးတော့ ရရာမေဂျာ...
MgHla's ဒိုင်ယာရီ