Skip to main content

Posts

Showing posts from October, 2006

eot ဘယ်လိုလုပ်... အပိုင်း - ၂

အဲဒီ ဖိုင် ၄-ဖိုင်ကို အင်တာနက်ပေါ်တင်ရအောင်... ကိုယ်ပိုင် hosting ရှိရင် ကိုယ်ပိုင်ပေါ်တင်ပေါ့ဗျာ... ကျတော့်လို ကိုယ်ပိုင်မရှိတဲ့သူတွေကတော့ free hosting ပေါ်တင်တယ်ပေါ့ဗျာ... ခု ကျတော် ripway.com ပေါ်တင်လိုက်တယ်ဗျာ... ကျတော်တို့ copy ကူးခဲ့တဲ့ code တွေရဲ့ src: url(ZAWGYIO3.eot) ဆိုတဲ့နေရာတွေမှာ src: url( http://h1.ripway.com/MgHla/eot/ZAWGYIO3.eot ) တွေဖြစ်အောင် လိုက်ပြင်ပါ... ၄-နေရာ ပြင်စရာ လိုတယ်ခင်ဗျ...ပြင်ပြီးပြီဆိုရင် @font-face {........ ......... .......} အကုန် copy ပြန်ကူးပြီး web page ရဲ့ html code ထဲက STYLE TYPE="text/css" ဆိုတဲ့အောက် ကပ်လျှက်မှာ paste လုပ်လိုက်ပါ... ရလား မရလားကို ဖောင့်မရှိတဲ့ ကွန်ပျူတာမှာ Internet Explorer နဲ့ ပြန်ကြည့်ပါ... ကျန်တဲ့ browser များနဲ့ ကြည့်ရင် မြင်ရမည်မဟုတ်ပါ... WEFT (eot) က IE (Internet Explorer) နဲ့ပဲ အလုပ်လုပ်တယ်ဆိုတာ မှတ်ထားပေးပါဦး... အပိုင်း-၁ သို့... ဒီ blog တွေကိုမှီငြမ်းခဲ့ပါတယ်... http://mgzeng.blog.com/450405/ http://dathana.blogspot.com/2006/04/weft-eot-font-tutorial.html

eot လုပ်ရအောင် - ၁

ပထမဆုံး Microsoft web site ကို သွားပြီး WEFT (Web EmbeddedFont Technology) http://download.microsoft.com/download/8/a/1/8a1be03f-f7fc-4504-af9a-7b9230775284/WEFTIII2b1.exe ကို download လုပ်ပါ... ပြီးရင်တော့ install လုပ်ပေါ့ဗျာ... ကျတော်တို့လို မြန်မာပြည်တွင်းမှာနေတဲ့လူတွေက eot လုပ်မယ့် web site ကိုညွှန်ပြရတာအချိန်အရမ်းကြာတယ်... ကျတော် ဘာလုပ်ထားလဲဆိုတော့ Zawgyi-One သုံးမယ်ဆိုရင် အဲဒီfont နဲ့ ကျတော်သုံးမယ့် Bold, Italic, Bold+Italic and Normal စာလုံးတွေ ပါတဲ့web page လေးတစ်ခု အရင် တည်ဆောက်ထားလိုက်တယ်... ခု အဲဒီ web page နာမည်ကို eot.htmလို့ပေးထားတယ်...ကဲစရအောင်ဗျာ 1. Bold 2. Italic 3. Bold+Italic 4. Normal WEFT program ကိုဖွင့်ပါ... Welcome! This wizard will guideyou ... ဘာညာ လာပြရင် နားလည်အောင် ဖတ်ပြီးရင် Next ကို နှိပ်ဗျာ... Full Name နဲ့ E-mail ထည့်ပြီး Next ကိုနှိပ်ဗျာ... ခုပေါ်လာတဲ့ dialog box က အရေးကြီးတယ်နော်... ရှေ့က list boxထဲမှာ ခုကျတော်က ကွန်ပျူတာထဲမှာ ရှိတဲ့ ဖိုင်ကို သုံးမှာဆိုတော့ file:// ကိုရွေးတယ်...Internet ပေါ်က ဖိုင်ကို ညွှန်းမယ် ဆိုရင်တော့ http:// (or) https:// (or) ftp://

သိလား

ဒါနဲ့ သိလားဗျာ... မန္တလေးကနေ ကျတော်တို့ Broadband သမားတွေသုံးတဲ့ 203.81.71.148 Proxy Server ကြီးက နေ၀င်ကြည့်လို့ မရဘူး ဖြစ်နေတယ်... ခုတောင် အခြား တစ်ခုကနေ ကျော်ခွဝင်နေရတယ် သိလား... ကိုသခင်ကြီး ဆီမှာ မင်္ဂလာမော်ဒယ်ရွေးပွဲ ဗီဒီယိုတွေ တင်ထားတယ်သိလား... ခုတလော မန္တလေးမှာ လျှပ်စစ်မီးတွေ ပြန်ပျက်နေပြီ သိလား... မန္တလေးမှာ မနက်ခင်းရောက်ရင် ချမ်းလာပြီ သိလား... ညီလင်းဆက် ရန်ကုန်ပြန်ရောက်နေတယ် သိလား...

ပစ်တိုင်းထောင်ကြီးကြီး

                    ကြီးကြီး ကြိုက်သူများအတွက်...

http://ahyuu.blogspot.com/

ကျတော်တို့ NativeMyanmar မှ ဘော်ဒါကြီး လက်တစ်ဆစ်လျော့ (LetItRock) ရဲ့ blog အသစ်စက်စက်ပါ... နည်းပညာအကြောင်းတွေကို အများဆုံး မျှဝေထားတာ တွေ့ရပါတယ်... လိပ်စာက http://ahyuu.blogspot.com/ ပါ...

ပစ်တိုင်းထောင် smiley များ...

ပစ်တိုင်းထောင် smiley စီးရီး ဒေါင်းလုပ် လုပ်ရန် ဒီနေရာ ကို နှိပ်ပါ...

Small size Smileys ...

ပုံအသေးချုံ့ထားတာလေးတွေပါ... zip file ထဲမှာ ပုံတွေကို ထည့်ထားပေးပါတယ် ... ဒီနေရာ ကနေ ဒေါင်းလုပ်ယူနိုင်ပါတယ်... ကော်နက်ရှင် မကောင်းတော့ ဒီလိုလေး အိပ်ပြီး စောင့်ရပါတယ်...

smileys တွေကို လှုပ်ကြည့်တာ

Mandalay Internet Speed

ERROR The requested URL could not be retrieved While trying to retrieve the URL: http://www2.cbox.ws/box/? The following error was encountered: * Connection to 65.110.60.50 Failed The system returned: (61) Connection refused The remote host or network may be down. Please try the request again. Your cache administrator is webmaster. Generated Tue, 24 Oct 2006 08:04:41 GMT by livecache-mdy.bagan.net.mm (squid/2.6.STABLE3) မန္တလေးရဲ့ internet speed က ကောင်းသလား မမေးနဲ့ဗျို့... အပေါ်ကလို error message တွေပဲ ပြပြနေတယ်... စိတ်လေပါတယ်...

ဂျာနယ်ထဲပါလာတဲ့ NyiLynnSeck...

ဒီပုံ မြင်ရင် မှတ်မိဦးမယ် ထင်ပါတယ်... မောင်ညီလင်းဆက် နမူနာလုပ်ပြထားတာပါ... မောင်ညီကတော့ နာမည် ကြီးရင် ကြီးပဲ... မောင်ညီ လုပ်ပြထားတဲ့ ဂန္တ၀င်ပုံနဲ့ အွန်လိုင်းပေါ်မှ သိတဲ့လူများကို resolution မြင့်ပုံများ မပေးသင့်ကြောင်း၊ ပုံဆိုဒ်သေးပြီး resolution ချပြီးမှသာပေးသင့်ကြောင်းကို nyilynnseck.blogspot.com တွင် ပြောထားကြောင်း ကိုးကားပြီး ယခုတစ်ပတ်ထုတ် Flower News ဂျာနယ်မှာ ဖော်ပြထားကြောင်းပါ... မောင်ညီတို့ကတော့ နာမည် ကြီးရင်း ကြီးပဲ... ဂျာနယ်ထဲတောင် ပါလာပြီ... မောင်ညီလင်းဆက် ရေးထားတာ ကြည့်ချင်တယ်ဆိုရင် ဒီနေရာကို နှိပ်လိုက်ပါ...

Smileys by MgHla

hosting ပြောင်းတင်ထားပါတယ်... မြင်ရမယ် ထင်ပါတယ်... ဒီ post ကို e-mail သုံးပြီး ပို့တာပါ... e-mail နဲ့တောင် ကြိုးစားပို့နေတာ အခု ပို့တာ ၄ - ကြိမ်မြောက်ပါ...

Smileys by MgHla

ကျတော်လုပ်ထားတာလေးတွေပါ... ကြိုက်တယ်ဆို ယူသုံးကြပါ... ခွင့်တောင်းစရာ မလိုပါဘူး... ဒါပေမယ့် ကျတော်တင်ထားတဲ့ link ကနေ တိုက်ရိုက်မသုံးကြစေလိုပါ... download လုပ်ပြီး free hosting တစ်ခုခုမှာ ပြန်တင်ပြီး သုံးစေချင်ပါတယ်...

ဒါနဲ့စကားမစပ်...

ဒါနဲ့စကားမစပ်ဗျာ... အိမ်မှာ အခုခေါ်ထားတဲ့ ကလေးထိန်း ကလေးမလေးအကြောင်းပြောရဦးမယ်... အဲဒီ ကလေးမလေး အိမ်ရောက်လာတော ခရမ်းချဉ်သီးနဲ့ ချက်တဲ့ ဟင်းတွေ မကြိုက်ဘူးတဲ့လေ... အိမ်မှာ ခရမ်းချဉ်သီး အနှစ်နဲ့လုပ်တဲ့ ရှမ်းခေါက်ဆွဲကျွေးတော့ ကောင်းလိုက်တာတဲ့... ဒါပေမယ့် ဟင်းထဲမှာထည့်ချက်တဲ့ ခရမ်းချဉ်သီး အနှစ်တော့ ခုချိန်ထိ မကြိုက်သေးဘူး... ၀က်သား စားလားဆိုတော့ မကြိုက်ဘူးတဲ့ ၀က်ဆီတော့ စားတယ်တဲ့... အဲဒီ ပထမဆုံး ထမင်းစားတော့ အဆီတုံးထည့်ထားပေးပြီး အသားစားချင်ရင် ထည့်စားလို့ပြောလိုက်တယ်... နောက်အခေါက်တွေ ထမင်းစားတိုင်း အဆီတုံးတင်မက အသားပါကြိုက်သွားပြီ... ကြက်သားကိုတော့ ခုအချိန်ထိ မကြိုက်လို့တဲ့ လုံးဝ မစားသေးဘူး... အမဲသားဆိုရင်လေ သားရေပြားကြီးလို ဆွဲပြီးစားရမှ ကြိုက်တာတဲ့... ဟင်းမရှိရင်နေပါစေတဲ့ .. ငရုတ်သီးကျော်ရှိရင် ထမင်းစားလို့ ရတယ်တဲ့... ကျပ်ပြားဝိုင်းလောက်ရှိတဲ့ အကြော်တစ်တည်းနဲ့ ထမင်းတစ်နပ် စားတတ်တယ်... ၁၅၀-ကျပ်တန် ထန်းခေါက်ဖာလေးကို ဈေးကြီးလို့ မ၀ယ်ဘူးတဲ့လေ... ... ဒီ post ကို e-mail နဲ့ ပေးပို့တာပါ...

တောင်းပန်ပါတယ်ဗျာ...

တောင်းပန်ပါတယ်... တောင်းပန်ပါတယ်... ဒီ ပက်ကျိက အဘေး ခေါ်ရလောက်တဲ့ internet speed နှေးနှေးမှာ post တင်ရင် ကျော်ခွပြီးတင်ရတာ စိတ်မပါလို့ မတင်ဖြစ်တာ တောင်းပန်ပါတယ် ခင်ဗျာ...  template ကို အခြားပုံစံ ဖြစ်အောင် ပြင်ချင်ပေမယ့်လည်း နှေးကွေးလှတဲ့ စပီကြောင့် အလုပ်မတွင်ကျယ်လို့ မပြင်ဖြစ်တာကိုလည်း တောင်းပန်ပါတယ်ဗျာ... ကျတော့် ဘလော့မှာ နောက်ခံ သီချင်း ထည့်ထားမိတာကို တောင်းပန်ပါတယ်ဗျာ... တောင်းပန်ပါတယ်... ဘလော့နောက်ခံ မျက်စိနောက်အောင် ကနုပ်ပန်းတွေထည့်ထား မိတဲ့အတွက်လည်း တောင်းပန်ပါတယ်ဗျာ တောင်းပန်ပါတယ်... သင်ပြပေးမယ့်ဆရာမရှိဘဲနဲ့ ဒီလို ပေါက်တတ်ကရ ဘလော့ဖြစ်အောင် လုပ်မိတာ ............................................................... ............................................................... ............................................................... တောင်းပန်ပါတယ်ဗျာ တောင်းပန်ပါတယ်... တောင်းပန်ပါတယ်ဗျာ တောင်းပန်ပါတယ်... တောင်းပန်ပါတယ်ဗျာ တောင်းပန်ပါတယ်... တောင်းပန်ပါတယ်ဗျာ တောင်းပန်ပါတယ်... မှတ်ချက် - မည်သူ့ကိုမှ ပြောချင်းမဟုတ်ပါ... တောင်းပန်ချင်လွန်းလို့ပါ... အထဲမှာ နေရတဲ့ ကျတော်တို့ရဲ့

http://awlanmg.blogspot.com/

ကိုအော်လံမောင်ရဲ့ ဘလော့မှာ သွားဖတ်ကြည့်ပါဦး ... တွေးစရာ တောစရာ “Social Donation လုပ်တယ် ဆိုတာ ကိုယ့်အတွက် မဟုတ်ဘူး။ ကိုယ့်နိုင်ငံ အတွက် လုပ်နေတာ ဆိုတာ သတိရှိကြဖို့ လိုတယ်” ကဆုန်လပြည့်နေ့က ထိုင်းမှာကျင်းပတဲ့ ဗုဒ္ဓဘာသာ ညီလာခံမှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက် ကလေး တစ်ခုကို ပြောပြမယ်။ Panel Discussion တစ်ခုမှာ ဘုန်းကြီးတစ်ပါးက ဘာထပြောသလဲဆိုတော့ ဆူနာမီရေလှိုင်းဒဏ် အခံရဆုံးဖြစ်တဲ့ ဖူးခက် ကမ်းခြေ နားက ဗုဒ္ဓ ဘာသာ ၀င်တွေ ခရစ်ယာန်ဖြစ်ကုန်ကြပြီင်္ လို့ ထောက်ပြတယ်။ ဆူနာမီခံလိုက်ရတဲ့ သူတွေမှာ စားစရာမရှိ၊နေစရာမရှိ ဖြစ်နေတာကို [more...]

Mandalay News

ဖျော်ဖြေရေး သတင်း... မန္တလေးမြို့၊ မြို့တော် ခန်းမ (၁) မှာAlex   ရဲ့ One Man Show ဖျော်ဖြေပွဲကို ၂၀-၁၀-၀၆ ရက်နေ့မှာ ကျင်းပ ပြုလုပ်မှာဖြစ်ပြီး   IC (Iron Cross) အဖွဲ့ရဲ့ ဖျော်ဖြေပွဲကိုတော့ ၂၅-၁၀-၀၆ နေ့မှာ၂၅-၁၀-၀၆ နေ့မှာ Mandalay   Swan Hotel မြက်ခင်းပြင်မှာ ကျင်းပပြုလုပ်မှာ ဖြစ်ကြောင်း ကြော်ငြာများအရသိရပါတယ်...

ဟောဒီက ယူကြဦးမလား...

ဟောဒီက ယူကြဦးမလား... USB storage device တွေထဲကူးတဲ့ အကောင်လေး... လိုချင်တယ်ဆိုရင် ဒီနေရာကနေ ကလစ်လုပ်ပြီး ရယူပါ... သူ့ဘာသာသူ ထည့်ထားရင် ဘာမှ မဖြစ်ဘူး စိတ်ချပါ... zip ဖိုင်ကို ဖြေ... ထွက်လာတဲ့ MTH.exe ကို run လိုက်မယ် ဆိုရင်တော့ အလုပ်လုပ်ပါတယ်... ဘာလုပ်လဲဆိုတော့ USB memory stickတွေ အဲဒီကွန်ပျူတာမှာ တပ်လိုက်မယ်ဆို MTH.exe ဖိုင် အဲဒီ USB memory stick ထဲ ရောက်သွားလိမ့်မယ်... digital camera တပ်လည်း ရောက်မှာပဲ... Norton နဲ့ စစ်ကြည့်တယ် မသိဘူး... Trend Micro နဲ့စစ်ကြည့်တယ် မသိဘူးတဲ့... မြန်မာနိုင်ငံက တစ်ယောက်ယောက် ရေးထားတာ ဖြစ်နိုင်တယ်... အဲဒီ MTH.exe မန္တလေးမှာ တော်တော် ပျံ့နေတယ်ဆိုပဲ... MTH.exe ကို ဖျက်ချချင်တယ်ဆိုရင်... နောက်ထပ် USB storage device တွေထဲ မကူးချင်တော့ဘူး   ဆိုရင် ဒီလို လုပ်ပါ...   ၁. Task Manager ထဲဝင် Processes tab ကိုရွေး...   ၂. အဲဒီထဲမှာ iousb.exe ကို ရှာ... right click လုပ်ပြီး End process tree ကိုရွေး...   ၃. ပြီးရင် Windows explorer ထဲဝင်ပြီး c:WindowsSystem32 ကိုသွား iousb.exe   ကိုရှာပြီး ဖျက်ပြစ်လိုက်ပါ...

မန္တလေး-မုံရွာကားလမ်းပေါ်လည်း...

မန္တလေး-မုံရွာကားလမ်းပေါ်မှာ ရှိတဲ့ ညောင်ပင်ဝန်းအနီး ကားလမ်းပေါ်မှာလည်း ရေကျော်နေလို့ ဟိုဘက် ဒီဘက် ကူးလို့ မရဘူး ဖြစ်နေတယ်လို့ သိရပါတယ်...

မန္တလေး-ရန်ကုန် မီးရထားလမ်းများနှင့် ကားလမ်းများ ရေကျော်

မန္တလေး-ရန်ကုန် မီးရထားလမ်းများနှင့် ကားလမ်းများ ရေကျော်နေတယ်လို့ မနေ့ကမှ ရန်ကုန်က ပြန်ရောက်သူ တစ်ဦးရဲ့ ပြောပြချက် သိရပါတယ်... ၎င်းင်းသည် ရန်ကုန်မှ ၈-ရက်နေ့ ညနေ ၅-နာရီ ထွက်ရှိသည့် ရန်ကုန်-မန္တလေး express ကားဖြင့် မန္တလေးသို့ ပြန်လာရာ လမ်းမတွင် ရေများကျော်နေသည့်အတွက် ၉-ရက်နေ့ နေ့လယ် ၁း၃၀-နာရီ လောက်မှ မန္တလေးသို့ ရောက်ရှိကြောင်းသိရသည်... မီးရထား ခရီးစဉ်များကိုလည်း ၉-ရက်နေ့မှ စပြီး ၅-ရက်တာ ရပ်နားထားကြောင်းလည်း မီးရထား ၀န်ထမ်း အသိုင်းအ၀ိုင်းနှင့် နီးစပ်သူထံမှ ကြားသိရပါသည်...
မောင်လှရေ... မှတ်ထားဦးကွ... အရှင်ကုမာရ ရေးတဲ့ Blog http://ashinkumara.blogspot.com/ နေးတစ်မြန်မာက Mr.White ရေးတဲ့ http://moeyanlwint.blogspot.com/ နေးတစ်မြန်မာက Ko Cho ရဲ့ လိပ်စာသစ် http://kyawthu.co.uk/mmblues/ KoolStar ရဲ့ http://dr-junior.blogspot.com/ မြတ်ဆု ရဲ့ http://flower.colorfulblog.com/ ကိုဂျစ် ရေးတဲ့ http://kyaw-zay-ya.blogspot.com/ ဖိုးချမ်း စုဆောင်းတဲ့ http://notes4pc.blogspot.com/ အခု ရှာရဖွေရတာ အကြိုက်ဆုံး ဖြစ်နေတဲ့ Google ရဲ့ http://www.searchmash.com/ .

ဖန်တုံးပုံစံ button လေးတွေ လုပ်ကြရအောင်...

၁- Rectangle tool ကို အသုံးပြုပြီး rectangle တစ်ခုဆွဲပါ... Layer နာမည်ကိုတော့ One လို့ပေး ပေးပါ... ၂- ပုံထဲမှာ ပြထားတဲ့ အတိုင်း Foreground colour ကို #2D4F9E (C:100 M:80 Y:0 K:0) , Background colour ကို #00ACEC (C:100 M:0 Y:0 K:0) ပြောင်းပေးပါ... ၃- One Layer ကို Layer palette ထဲမှာ select လုပ်ပေးပါ... ပြီးတော့ Gradient over lay effect (Layer Style) ကို ရွေးပြီး foreground colour ကနေ background colour Gradient ကို ထည့်ပေးပါ... ပုံမှာ ပြထားတဲ့ အတိုင်းပေါ့... အပေါ်က အပြာနုရောင် အောက်ကို တဖြည်းဖြည်း အပြာရင့်ရောင် ဖြစ်သွားတဲ့ ပုံစံမျိုးပေါ့... ၄- ဒီ One Layer ကို duplicate layer လုပ်ပြီး Layer အမည်ကိုတော့ white လို့ ပေးပေးပါ... ၅- white layer ကို Layer Palette ထဲမှာ right click ခေါက်ပြီး clear layer style ရွေးပေးပါ... အဲ.. မေ့သွားလို့ အရောင်ကို အဖြူရောင် ပြောင်းပေးပါဦး... ၆- ဒီ white layer ရဲ့ opacity ကို 25% ထားပေးပါ... ဖြစ်လာမယ့် ပုံစံကို ပုံထဲမှာ ပြထားပေးတယ်ဗျာ... ၇ - One Layer ကို Bevel and Emboss effect ထည့်ပေးပါဦး... ထည့်ရင် တစ်ခုတော့ လုပ်ပေးဗျာ... shadow mode ကို screen ထားပြီး အရေ