Skip to main content

မောင်လှ အကြောင်း

မောင်လှ


၁၉၇၇ ခုနှစ် ဒီဇင်ဘာလ ၃၁-ရက်နေ့တွင် မြန်မာနိုင်ငံ၊ ပြည်မြို့၌ ဖွားမြင်သည်။ ၁၉၈၇ ခုနှစ် ဧပြီလမှ စတင်ပြီး အဖေဘက်မှ အဖိုး၊ အဖွားများ နေထိုင်ရာ မန္တလေးမြို့သို့ ပြောင်းရွှေ့အခြေချ နေနိုင်သည်မှာ ယခု အချိန်အထိ ဖြစ်သည်။




 အင်တာနက် နှင့် မောင်လှ


၂၀၀၀~၂၀၀၁ ခုနှစ်ဝန်းကျင်တွင် dial-up access ဖြင့် အင်တာနက်ကို စတင်အသုံးပြုဖူးခဲ့ပါသည်။ Intranet သာရသေးသော ကာလဖြစ်သော်လည်း ပေါ်လာသော web page များကို စိတ်ဝင်စားကြည့်ရှုခဲ့သည်။ ထမင်းစားချိန်များတွင်သာ ခဏတဖြုတ် ကြည့်ရှူခဲ့ရခြင်း ဖြစ်သည်။ ၂၀၀၂ -ခုနှစ်တွင် ရုံးမှ BaganNET (ယခု Myanmar Teleport) ၏ Internet access service တစ်ခုဖြစ်သော iPStar စနစ် တပ်ဆင်ပေးခဲ့သည့် အတွက် အင်တာနက် အသုံးပြုခွင့် စတင်ရရှိလာခဲ့ပါသည်။ နောက်ပိုင်းတွင် Broadband Wireless Access ပြောင်းလဲ တပ်ဆင်ခဲ့သည်။




Forum နှင့် မောင်လှ


iPStar တပ်ဆင်ပြီးသည့် အချိန်တွင် အင်တာနက် လိုင်းများကို မည်သို့ ခွဲဝေ သုံးစွဲရမည်ကို မသိသောကြောင့် BaganNET Forum အတွင်းသို့ ဝင်ရောက် မေးမြန်းခဲ့ရာမှ စပြီး အခုအချိန်အထိ forum စွဲလမ်း နှစ်ခြိုက်သူ တစ်ယောက် ဖြစ်လာခဲ့သည်။ ကျတော် မေးမြန်းခဲ့သော အဖြေကို ဖြေကြားပေးသူမှာ k.thuya ဆိုသူ အကိုကြီး တစ်ယောက် ဖြစ်သည်။ BaganNET forum ပျက်သုဉ်း ခါနီး အချိန် အရောက်တွင် မောင် zeng ဟု အမည်တွင်သော သူငယ်ချင်းမှ 2006 ခုနှစ် လက်ဆောင် အဖြစ် NativeMyanmar Forum ကို တည်ထောင်ပြီး လက်ဆောင် ပေးခဲ့သည့် အတွက် ယခု အချိန်အထိ ယင်းဖိုရမ်တွင် ဝင်ရောက် ဆွေးနွေး ရေးသားလျှက် ရှိပါသည်။ အခြား မြန်မာ forum များကိုလည်း စိတ်ဝင်စားစွာ ဖတ်ရှူ လျှက်ရှိပါသည်။ MyanmarCupid, mmGeeks, Planet Myanmar Forum , MysteryZillion, Padonma, mmCyber, CrystalRays စသည့် forum များပါဝင်ပါသည်။




ဘလော့ နှင့် မောင်လှ


မြန်မာ ဘလော့ လောက အစဦးက ကိုအာလူး, ကိုငြိမ်းချမ်း, ညီလင်းဆက် အစ ရှိသူတို့၏ ဘလော့များကို ဝင်ဖတ်ရာမှ ဘလာ့ရေးပိုးဝင်ရောက် လာခြင်း ဖြစ်သည်။ ဘလော့ ရေးသားခြင်းကို ၂၀၀၅ ခုနှစ် မေလ ၁၀-ရက်နေ့ တွင်စတင် စမ်းသပ် ရေးသားခဲ့သည်။ ပထမပိုင်းတွင် personal post များကိုသာ ရေးသားခဲ့သည်။ English ညံ့သည့်အတွက် မြန်မာလို မပေါ်ပေါ်အောင် စမ်းသပ်ရေးသား ခဲ့သည်။ ဘလော့တွင် ပထမဆုံး အသုံးပြုခဲ့သော မြန်မာ စလုံးမှာ -Win---Innwa ဖြစ်သည်။ ဒုတိယအနေဖြင့် Ponnya_web (Unicode) font ကို အသုံးပြုခဲ့ပြီး Zawgyi-One font ပေါ်လာသည့် အခါတွင် ဇော်ဂျီ စာလုံးကို ပြောင်းသုံးခဲ့သည်။ ပထမဦးဆုံး မြန်မာလို ရေးသည့်ဘလော့ဟု ခေါ်ဆိုနိုင်သော်လည်း မောင်လှထက် အရင်စောစီးစွာ မြန်မာစာဖြင့် ဘလော့ရေးသူ များရှိခဲ့သည်။



မောင်လှသည် မှတ်သားမှု အားနည်းသည့် အတွက် ကွန်ပျူတာနှင့် ပတ်သက်သော လုပ်ဆောင်ပုံ အဆင့်ဆင့်ကို blog တွင် မှတ်သားထားရမှ တဆင့် အခြားသူများလည်း ဘလော့ကို သတိထားမိလာကြသည်။ ထို့အပြင် နောက်ပိုင်းတွင် မန္တလေး သတင်းများ၊ Photoshop tutorial များ၊ blog ပြုလုပ်နည်းနှင့် ပတ်သက်မှုများကို post တင်ခဲ့သည့် အတွက် မြန်မာ online လောကတွင် လူသိများ လာခဲ့သည်။ ပထမဦးဆုံး ဘလော့တွင် မြန်မာလို ပေါ်အောင် ရေးသားနိုင်သည့် အောက်တွင် ဖော်ပြထားသည့် HTML code


< font face="Zawgyi-One">  ဒီစာကို Select ပေးပြီးရေးပါ...< /font> 


နှင့် font မရှိသော်လည်း Microsoft Internet Explorer ဖြင့်ကြည့်ရှုပါက စာများကို ဖတ်နိုင်သည့် eot အကြောင်းများကို မိတ်ဆက် ရေးသား ပေးသည့် အတွက် ဘလော့လောကတွင် လူသိများလာခဲ့ခြင်း ဖြစ်သည်။




comment နှင့် Cbox များတွင် ညစ်ညမ်းစွာ ဆဲဆိုရေးသားခြင်းများ၊ ပုဂ္ဂိုလ်ရေးရာ တိုက်ခိုက်မှုများကြောင့် blog လောကမှ ထွက်ခွာရန် အကြိမ်ကြိမ် စိတ်ကူးဖူးသော်လည်း ယနေ့အချိန်ထိ မထွက်ခွာနိုင်သေးပါ။ သို့သော်လည်း ဘလော့ ရေးအား သိသိသာသာ ကျဆင်းခဲ့သည်။




ထိုင်းနိုင်ငံသို့ ရောက်ရှိနေသော သူငယ်ချင်းမှ MgHla.com domain name ကို ၂၀၀၆ ခုနှစ်မှ စတင် ဝယ်ယူပေးခဲ့ သည့်အချိန်မှ စပြီး mghla.blogspot.com အစား blog.MgHla.com ဟု ပြောင်းလဲ အသုံးပြုခဲ့သည်။  ၂၀၀၉ ခုနှစ်အတွင်း blog.MgHla.com အား သက်တမ်းတိုးရန် အခက်အခဲ ဖြစ်ခဲ့သည့်အတွက် ယခုအခါ blog.MgHla.net ကို ပြောင်းလဲ သုံးစွဲလျှက်ရှိပါသည်။

Popular posts from this blog

မနေ့က...

ရုံးကနေ ည ၇-နာရီလောက်မှပြန်ဖြစ်တယ်... FMI ထဲဝင်ပြီး ထမင်းဝင်စားပြီးမှ တည်းတဲ့ ဟိုတယ်ကို ၈-နာရီကျော်မှ ပြန်ရောက်တယ်... အမျိုးသမီးက ဖုန်းဆက်လာတယ်... သမီးက သူပြောချင်လို့ဆိုပြီး ဖုန်းဝင်ပြောတယ်... မူကြိုတက်နေတာ ၂-ပတ်နီးနီးပဲရှိသေးတာ တော်တော်လေး စကားတွေ ပြောတတ်လာပြီ... ဖုန်းဆက်တိုင်း သမီးမှာတတ်တာက J Donuts ဝယ်ခဲ့ပေးဖို့ပဲ... သမီးက J Donuts ကြိုက်တယ်လေ... မန္တလေးမှာ J Donuts မရှိဘူး... ရှိတဲ့ M Donuts ကိုကျတော့ သမီးက မကြိုက်ဘူးလေ... ရုံးက ဝယ်ထားပေးတဲ့ laptop မှာ လိုတဲ့ drivers တွေတင်ရင်း ၁၁း၃၀-နာရီလောက်မှ အိပ်ဖြစ်တယ်... သြော် ... ဘာလိုလိုနဲ့ ... ဒီနေ့ဆို ရန်ကုန် ရုံးကို ရောက်နေတာ ၂၇-ရက်တောင် ရှိနေပြီ... ဒါနဲ့ စကားမစပ် web cam ပါတဲ့ laptop တွေမှာ login လုပ်တဲ့နေရာမှာ Face Recognition နဲ့ လုပ်ချင်တယ်ဆိုရင် Lenovo က သူ့ laptop တွေအတွက် ရေးထားတဲ့ Lenovo VeriFace recognition လေးကို ရှာပြီး သုံးကြည့်ပါ... acer, dell, hp laptop တွေမှာ သုံးကြည့်တာ အဆင်ပြေကြောင်းပါ...

မြန်မာလို ဘလော့စရေးမယ်ဆိုရင်...

ပထမဆုံး ကျတော် ရေးခဲ့ဖူးတဲ့ Blog မှာ မြန်မာလို ရေးရတာ အဆင် ပြေအောင်... ကို အရင်ဖတ်ပြီး စမ်းကြည့်ပါ... post အသစ်ရေးဖို့ အတွက် compose လုပ်တဲ့နေရာရောက်သွားရင် “ဒီစာကို Select ပေးပြီးရေးပါ...” လို့မြင်ရရင်၊ ဖတ်လို့ရရင် လုပ်ထားတာမှန်တယ်... စာကို select ပေးပြီး ကိုယ်ရေးချင်တာရေးပေတော့... select ပေးထားတဲ့အချိန် delete မလုပ်ပါနဲ့၊ backspace မနှိပ်ပါနဲ့... ဒါက post တွေကိုပဲ မြန်မာလို မြင်ရအောင် လုပ်ပေးတာပါ... title တွေ၊ heading တွေ၊ ဘာညာတွေကို မြန်မာလို မြင်ရအောင် မလုပ်ပေးပါဘူး... ဒါနဲ့ အဆင်မပြေဘူးဆိုရင် ကိုယ်ရေးချင်တဲ့စာတွေကို notepad (သို့မဟုတ်) Word ထဲမှာ ရိုက် copy ကူးပြီး post အသစ်တင်တဲ့ထဲမှာ လာပြီး paste လုပ်... blog စာမျက်နှာ တစ်ခုလုံးကို Zawgyi-One font နဲ့ ပေါ်စေချင်တယ် ဆိုရင် How to Assign Zawgyi-One font in Blog [NLS] ကို လေ့လာပါ... ဒီအပေါ် ၂-ခုကို အရင်လေ့လာပါ... အဲဒီ ၂-ခုရရင် ဘလော့စာမျက်နှာ တစ်ခုလုံး မြန်မာလို အဆင်ပြေပြေနဲ့ ပေါ်ပါလိမ့်မယ်... မရသေးဘူးဆိုရင်လည်း ပြင်ကြည့်ပါ... အကြိမ်ကြိမ်ကြိုးစားကြည့်ပါ... ခေါင်းတွေ သေရည် သေရက် မသောက်ရဘဲ ခေါင်းတွေ ချာချာလည်မူးနောက်လိမ့်မည်... ကျတော်လည်...

PonNya Myanmar Unicode Font

ပုည font ကို ဘယ်လို install လုပ်နပီး ဘယ်လို အသုံးင်္ိပရြမလဲ…? 1. http://mamboforge.net/frs/download.php/6224/PonNya_Web_v1.1.zip ထဲမဋ္ဋ PonNya_web Installer ကို Download လုပ်နပီး Install လုပ်ပြ။ 2. PonNya_Web font ကိုတော့ C:\Windows\Fonts folder အောက်ထဲ copy ကူးထည့်ပြ (သိုဿ) Control Pannel အတ့င်းရဋ္ဋိ Fonts မဋ္ဋလည်း Install လုပ်ြိုင်ပသြည်။ 3. Install လုပ်နပီးပကြ Start > All Programs > Tavultesoft Keyman > Keyman ကို click ခေက်ြနပီး run ပြ။ 4. Task Bar မဋ္ဋာ ရဋ္ဋိတဲ့ နာရီ ဘေးမဋ္ဋာ Tavultesoft Keyman 6.0 icon လေးတှေ့ရပလြိမ့်မယ်။ ၎င်း icon မဋ္ဋာ Keyman ၏ မူလ icon အတိုင်း K icon လေး င်္ိဖစ်နေသည့် အခ္လိန်တ့င် ပုည font ငေ်္ိပာင်းနပီး ရိုက်ထားသော စာမ္လားသည် English လို ပေပြလြိမ့်မည်။ 5. င်္ိမန်မာလို ရိုက်ခ္လင်ပကြ ၎င်း icon ပေတြ့င် click ဋ္ဋြိပ်ပြ။ ပေလြာမယ့် pop-up menu ထဲမဋ္ဋ myanmarmtn ကို ရေ့းပြ။ K icon မဋ္ဋ င်္အိဖရြောင် နောက်ခံင်္ိဖင့် P icon သိုဿ ငေ်္ိပာင်းလဲသ့ားပလြိမ့်မည်။ ယင်းအခ္လိန်တ့င် PonNya_Web စာလုံးမ္လားကို အသုံးင်္ိပနြပီး င်္ိမန်မာလို ရိုက်ြိုင်ပသြည်။ 6. English လို ရိုက်ခ္လင်ပကြ P icon ပေမြဋ္ဋာ click ဋ္ဋြိပ်ပြ။ ပေလြာမယ့် pop-up me...