Skip to main content

Posts

Showing posts with the label Alpha

မြန်မာပြက္ခဒိန် RSS feed

မနေ့က ရတနာချို ရဲ့ seminar မှာ Alpha က ကိုရဲမြတ်သူနဲ့ တွေ့တော့ မြန်မာပြက္ခဒိန်ကို blog တွေမှာ RSS နဲ့ ယူသုံးလို့ရအောင် လုပ်ထားကြောင်း၊ အခုလောလောဆယ်ဆယ် ဖြိုးဝေကျော် ရဲ့ blog မှာ အစမ်း တင်ထားကြောင်း၊ ပြက္ခဒိန် ရက်စွဲပြောင်းလဲမှုမှာ အနည်းငယ် ပြသနာရှိနေသေးကြောင်း ပြောခဲ့လို့ ဒီနေ့မနက် ကိုဖြိုးဝေကျော်ရဲ့ ဘလော့မှာ တင်ထားတာ တွေ့တာနဲ့ ဥပုသ်နေ့မှာ ရုံးပိတ်တဲ့ ကျတော့်အတွက် အဆင်ပြေတာနဲ့ အခု ကျတော့် ဘလော့မှာ တင်ထားလိုက်ပါတယ်... ဘယ်လို သုံးရမလဲသိချင်ရင်တော့ ကိုဖြိုးဝေကျော်ရဲ့ ဘလော့ မှာ သွားကြည့်နိုင်ကြောင်းပါ... ဒီ မြန်မာပြက္ခဒိန်ကို ကိုဝဏ္ဏကိုမှ ရေးသားထားခြင်း ဖြစ်ကြောင်း သိရပါတယ်... Update: နာမည်အမှားပြင်ပေးတဲ့ ကိုရဲမြတ်သူကို ကျေးဇူး အထူးတင်ပါတယ်... My Labels: IT, Myanmar Calender, Alpha,

ဇော်ဂျီစနစ်သုံးမြန်မာစာစနစ် နှင့် Gtalk Myanmar addin CD

မနေ့က ပြပွဲမှာ Alpha Computer က ကိုရဲနဲ့တွေ့တော့ “ဇော်ဂျီစနစ်သုံးမြန်မာစာစနစ် နှင့် Gtalk Myanmar addin” CD တစ်ချပ် လက်ဆောင်ပေးလိုက်ပါတယ်... ဒီ CD ထဲမှာ Zawgyi Installer, Gtalk Myanmar Addin installer ၂-မျိုး , Myanmar1 & Myanmar2 unicode fonts, Alpha ကရေးတဲ့ Win2Zawgyi ပြောင်းတဲ့ program , Lil Master ရေးတဲ့ Win2Zawgyi, Win2Zawgyi ကျတော် ပြင်ရေးထားတဲ့ Zawgyi2Win နှင့် အခြား အထောက်အကူပြု video ဖိုင်တွေနဲ့ နမူနာ ဘလော့ စာမျက်နှာတွေပါပါတယ်... ပြီတော့ အသုံးပြုနည်း စာအုပ်ငယ် တစ်အုပ်ပါဝင်ပါတယ်... download လုပ်ရမှာ ပျင်းသူများ Alpha မှာ တစ်ချပ်လျှင် ၁၀၀၀-ကျပ်နှုန်းဖြင့် ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ပါပြီ... ဇော်ဂျီ keyboard layout တောင်းနေသူများ ဒီနေရာ မှ ရယူပါ... Zawgyi-One Myanmar Unicode font နဲ့ စာရိုက်ဖို့ အသုံးပြုတဲ့ program ပါ... ဇော်ဂျီ font သီးသန့် ရယူလိုသူများ ဒီနေရာမှ ယူနိုင်ပါပြီ...

www.ALPHAmandalay.com မှသည် www.mandalayALPHA.COM သို့...

မန္တလေး AIT (Alpha info-tech Co., Ltd.) ၏ web site လိပ်စာအား www.mandalayALPHA.com ဟု ပြောင်းလဲထားကြောင်း Alpha Computer ၏ တာဝန်ရှိသူ ကိုဇော်ရဲသူမှ ပြောကြားပါသည်... ယင်း Alpha Computer သည် ဇော်ဂျီမြန်မာ ယူနီကုဒ် စာလုံးကို ပူးတွဲတီထွင်သူ ဖြစ်ပြီး Gtalk သုံးပြုသူ မြန်မာလူမျိုးများ အတွက် Gtalk Myanmar add-ins ကို တီထွင် ထုတ်လုပ်ထားသူလည်း ဖြစ်ပါသည်...