Skip to main content

Posts

Showing posts from June, 2012

iPhone 3GS iPad baseband ကို downgrade ပြန်လုပ်ပြီး GPS သုံးနိုင်ပြီ...

iPad Baseband (06.50.00) ဖြစ်နေတဲ့ iPhone 3GS မှာ GPS သုံးလို့မရပါဘူး၊ Apple က ထုတ်ပေးတဲ့ iOS ကို တိုက်ရိုက် တင်လို့မရဘဲ custom firmware တင်ပြီးမှသာ သုံးနိုင်ပါတယ်... အခု redsn0w 0.9.14b1 ကပါလာတဲ့ Downgrade from iPad baseband နဲ့လုပ်ပြီးရင်တော့ GPS ပြန်လည် အသုံးပြုလို့ ရမှာ ဖြစ်ပြီး Apple က ထုတ်ပေးတဲ့ iOS ကို တိုက်ရိုက် တင်လို့ရမယ်လို့ ဆိုထားပါတယ်... ကျတော် လုပ်ကြည့်တာတော့ GPS တကယ် ပြန်လည် အသုံးပြု လို့ရပါတယ်... Apple iOS ကိုတော့ ပြန်မတင်ကြည့် ဖြစ်သေးပါဘူး... Apple iOS တိုက်ရိုက် တင်လို့ရပေမယ့်လည်း ဖုန်းပြော ဖို့ အတွက် Jailbreak ပြီး ultrasn0w ထည့်သွင်းပြီးမှသာ ဖုန်းပြောလို့ ရမှာ ဖြစ်ပါတယ်...  လုပ်ပုံ လုပ်နည်း အဆင့်ဆင့်ကို http://www.iclarified.com/entry/index.php?enid=22653 မှာသွားကြည့်နိုင်ပါတယ်... 

ရခိုင်ပြည်နယ်မှာ ဒုက္ခရောက်နေသူများ အတွက် အလှူခံပါရစေ...

ရခိုင်ပြည်နယ်အတွင်း ဖြစ်စဉ်များကြောင့် အိုးမဲ့အိမ်မဲ့ စားဝတ်နေရေး အခက်အခဲ ဖြစ်နေသော ပြည်သူများကို ကူညီထောက်ပံ့ရန်အတွက် မန္တလေးမြို့မှ လူမှုအဖွဲ့အစည်းတစ်ခုဖြစ်သော မန္တလေး ကွန်ပျူတာ အသုံးပြုသူများ လူမှုကွန်ယက် (Mandalay Computer Society) မှ လူအများ ပါဝင်သော ယာယီ အဖွဲ့အစည်း တစ်ခုမှာ ကျတော် အဖွဲ့ဝင်အနေနဲ့ ပါဝင်ပါတယ်... ဒီအဖွဲ့အစည်းမှာ မန္တလေးတိုင်း ဒေသကြီး ကွန်ပျူတာ ပညာရှင် အသင်းနှင့် ကွန်ပျူတာလုပ်ငန်းရှင် အသင်းမှ အမှုဆောင်များ၊ မန္တလေးမြို့နေ ကွန်ပျူတာ အသုံးပြုသူများ ပါဝင်ပါတယ်... ကျတော်တို့ရဲ့ MCS ကနေ တဆင့် ရခိုင်ပြည်နယ် အတွင်း ဒုက္ခရောက်နေသူတွေကို ငွေကြေး ကူညီချင်တယ် ဆိုရင်တော့ ကျတော်ဆီကို ငွေလွှဲနိုင်ပါတယ်... ပြည်တွင်းက အလှူရှင်များ ဘဏ်ကနေ ငွေလွှဲမယ် ဆိုရင်တော့ ... ထင်လင်းအေး ၉/မနမ(နိုင်) ၁၁၇၁၁၅ Phone: 09 7322 6762 အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်လီမိတက် (AGD Bank)၊ မန္တလေးဘဏ်ခွဲ ကို ကျေးဇူးပြုပြီး လွှဲပေးပါ ခင်ဗျာ... AGD Bank နဲ့ ချိတ်ဆက်ထားတဲ့ အခြား ပြည်တွင်း ဘဏ်များကနေပြီးတော့လည်း ငွေလွှဲနိုင်ပါတယ်... AGD Bank ကို လွှဲပေးဖို့ အဆင်မပြေခဲ့ရင်တော့ မန္တလေးမြို့ ၈၃-လမ်း (ဈေးချို အနီး) ရိုးမဘဏ်၊ KBZ B