Skip to main content

Posts

Showing posts from March, 2010

ဒါနဲ့စကားမစပ်...

ဒါနဲ့စကားမစပ်... ၂၀၁၀ ဆိုတဲ့ ခုနှစ်က ကျတော့်အတွက် တကယ်ကို အလုပ်ရှုပ်စေတဲ့ ကာလပဲ... ဘာတွေရှုပ်လို့ ရှုပ်နေမှန်းကို မသိအောင် အလုပ်တွေ လုပ်နေရတယ်... ဒီကြားထဲ မန္တလေးရာသီဥတုက ပူလိုက် အေးလိုက်... ညပူ မနက်အေး ဖြစ်နေတယ်... အခု နေ့လည်ဘက်လည်း မြူတွေဆိုင်းနေပြီး ခါတိုင်း မြင်နေကြ မန္တလေးတောင် ရန်ကင်းတောင်ကိုတောင် လှမ်းမမြင်ရတော့ဘူး... ဒါနဲ့စကားမစပ်... HP laptop ကို စိတ်နာနေတယ်... ရုံးကပေးထားတဲ့ HP pavilion dv2000  လေး ပြီးခဲ့တဲ့ ၁၀-ရက်ကျော်က screen မှာ ဘာမှ မပေါ်တော့ဘူး... အဲဒီအချိန်တုန်းက ရုံးက အင်တာနက်လစဉ်ကြေး မဆောင်လို့ အင်တာနက် ဖြတ်ခံထားရတဲ့အချိန်... ဟိုစမ်း ဒီစမ်း မရတာနဲ့ ဝယ်ခဲ့တဲ့ ရန်ကုန်ဆိုင်ကို ပြန်ပို့ထားတယ်... အင်တာနက် ရလို့ ရှာကြည့်တော့ dv2000/dv6000 series တွေမှာ အပူကြောင့် Nvidia GPU တွေ ခဲလွတ်ပြီး ဒီလို ပြသနာတွေ အဖြစ်များတယ်ဆိုပဲ... HP နဲ့ Nvidia ရဲ့ မကောင်းတဲ့ အကြောင်းတွေ ဖတ်ချင်ရင်တော့ http://www.hplies.com/ မှာ သွားဖတ်နိုင်ကြောင်းပါ... ဒါနဲ့စကားမစပ်... မန္တလေးမှာ BarCamp Mandalay ဆိုပြီး လုပ်ဖို့ရှိတယ်... အခုမှ စလုံးရေးစ ရေးဖို့  မြေဖြူလိုက်ရှာနေကြတုန်းပါ...