Skip to main content

Posts

Showing posts from July, 2007

မြန်မာလို ဘလော့စရေးမယ်ဆိုရင်...

ပထမဆုံး ကျတော် ရေးခဲ့ဖူးတဲ့ Blog မှာ မြန်မာလို ရေးရတာ အဆင် ပြေအောင်... ကို အရင်ဖတ်ပြီး စမ်းကြည့်ပါ... post အသစ်ရေးဖို့ အတွက် compose လုပ်တဲ့နေရာရောက်သွားရင် “ဒီစာကို Select ပေးပြီးရေးပါ...” လို့မြင်ရရင်၊ ဖတ်လို့ရရင် လုပ်ထားတာမှန်တယ်... စာကို select ပေးပြီး ကိုယ်ရေးချင်တာရေးပေတော့... select ပေးထားတဲ့အချိန် delete မလုပ်ပါနဲ့၊ backspace မနှိပ်ပါနဲ့... ဒါက post တွေကိုပဲ မြန်မာလို မြင်ရအောင် လုပ်ပေးတာပါ... title တွေ၊ heading တွေ၊ ဘာညာတွေကို မြန်မာလို မြင်ရအောင် မလုပ်ပေးပါဘူး... ဒါနဲ့ အဆင်မပြေဘူးဆိုရင် ကိုယ်ရေးချင်တဲ့စာတွေကို notepad (သို့မဟုတ်) Word ထဲမှာ ရိုက် copy ကူးပြီး post အသစ်တင်တဲ့ထဲမှာ လာပြီး paste လုပ်... blog စာမျက်နှာ တစ်ခုလုံးကို Zawgyi-One font နဲ့ ပေါ်စေချင်တယ် ဆိုရင် How to Assign Zawgyi-One font in Blog [NLS] ကို လေ့လာပါ... ဒီအပေါ် ၂-ခုကို အရင်လေ့လာပါ... အဲဒီ ၂-ခုရရင် ဘလော့စာမျက်နှာ တစ်ခုလုံး မြန်မာလို အဆင်ပြေပြေနဲ့ ပေါ်ပါလိမ့်မယ်... မရသေးဘူးဆိုရင်လည်း ပြင်ကြည့်ပါ... အကြိမ်ကြိမ်ကြိုးစားကြည့်ပါ... ခေါင်းတွေ သေရည် သေရက် မသောက်ရဘဲ ခေါင်းတွေ ချာချာလည်မူးနောက်လိမ့်မည်... ကျတော်လည်

မောင်လှနှင့် ဘလော့ ... ဘလော့ နှင့် မောင်လှ

အင်း ပြောရမယ်ဆိုရင်တော့ အကျယ်ကြီးပဲဗျ... အင်တာနက်နဲ့ စတင်ထိတွေ့တော့ ဟိုဟာကြည့် ဒီဟာကြည့်ပြီး အင်တာနက်ထဲမှာ ဘာဆက်ကြည့်ရမှန်း မသိတော့ဘူး... အဲဒါနဲ့ www.bagan.net.mm ကို ဝင်မွှေရင်း Forums ဆိုတဲ့ဟာကြီးကို တွေ့ရော ဆိုပါစို့... အဲဒီဖိုရမ်ဆိုတာ ဖတ်ရင်း နဲ့ စိတ်ဝင်စားလာတာနဲ့ BaganNET မှာ ဖိုရမ် ဝင်ရေးဖြစ်ရော... ပုဂံနက်ဖိုရမ်ရဲ့ နေရာ တစ်ခုမှာတောင် ကျတော့်ရဲ့ ဘလော့နဲ့ အလားသဏ္ဌာန်တူတဲ့ တော့ပစ်လေး တစ်ခုတောင် အခုအချိန်အထိ ရှိသေးတယ်ဗျ... burmeseonline mirc ချက်ထဲလည်း ဝင်ဖြစ်သေးတယ်... ဒါပေမယ့် ကျတော် ချက်တာကို စိတ်မဝင်စားဘူးဗျ... အဲဒါနဲ့ ဖိုရမ်ထဲ ဝင်ဖတ်လိုက် ရေးလိုက်ပေါ့ဗျာ... တဖြည်းဖြည်းနဲ့ ပုဂံဖိုရမ်ကြီးလည်း ခေတ်မကောင်းတော့ဘူးဗျ... ဒီနေ့တင်ရင် နောက် ၃-၄ ရက်လောက်မှ တက်တာမျိုးတွေ ဖြစ်လာရော... အဲဒါနဲ့ မြန်မာဘလော့ လောကရဲ့ ခေတ်ဦးက arloo ရဲ့ blog ၊ ကိုငြိမ်းချမ်း တို့ရဲ့ ဘလော့ကို ဝင်ရောက် ဖတ်ရှူရင်း အားကျ စိတ်ဝင်စားတာနဲ့ ဘလော့ တစ်ခု လုပ်မိရော ဆိုပါစို့ဗျာ... ဘလော့ကို ကျတော့်ရဲ့ စိတ်ထွက်ပေါက်အဖြစ်နဲ့ ရေးမိတယ်... မကျေနပ်ချက်တွေရော ကျေနပ်မှုတွေကိုပါ စာအဖြစ် ချရေးရင်း စိတ်ကျေနပ်မှု ရယူခဲ့တယ်... ကျတော့် ဘလော့က

ကိုယ့်ရဲ့ ဘလော့မှာ eot ထည့်ချင်သူများအတွက်

ကိုယ့်ရဲ့ ဘလော့ (blogspot.com ဘလော့များသာ) မှာ eot ထည့်ချင်သူများ ခင်ဗျား.... blog template ပြင်တဲ့အထဲက HTML ထဲဝင်ပြီး style type="text/css" ကိုရှာ၊ တွေ့ပြီး ဆိုအဲဒီ စာကြောင်းရဲ့ အောက်မှာ ဖော်ပြပါ စာကြောင်း ၆-ကြောင်းကို ထည့်လိုက်ရင်ရပါပြီ ခင်ဗျား... @font-face { font-family: Zawgyi-One; font-style: normal; font-weight: normal; src: url( http://maunghla.googlepages.com/ZAWGYIO0.eot ); } Bold, Italic တို့အတွက် တော့မပါပါ... ရိုးရိုး normal Zawgyi-One အတွက်ပါ... စမ်းကြည့်ပါဦး... ကျတော်တောင် ကျတော့် blog က eot ကို ဖြုတ်တော့မလို့... ဘာဖြစ်လို့လည်းဆိုတော့ blog လာကြည့်သူ တော်တော်များများမှာ Zawgyi-One သုံးနေကြပြီလေ...

မန္တလေးမှာ...

၂၇-ရက်ကနေ ၂၉ရက်နေ့အထိ Skywalk Shopping Mall ပေါ်မှာ Digital Camera နဲ့ Laptop ဈေးရောင်းပွဲတော်ကို D-Corner မှ ကျင်းပပြုလုပ်မယ်လို့သိရပါတယ်... (ရက်စွဲ အမှားပြင်ထားပါတယ်... ဒီတလော လွဲလိုက်တဲ့ အလွဲတွေ) ဆရာကြီး ဒေါက်တာ အောင်ထွန်းသက် ကလည်း "Management Opportunity" အကြောင်း ဟောပြောပွဲကို ၂၀၀၇ ခုနှစ်၊ သြဂုတ်လ (၂) ရက်နေ့ နေ့လယ် ၁-နာရီမှာ ICT Park Hall မှာ ကျင်းပ ပြုလုပ်မှာ ဖြစ်ကြောင်းကို Alpha မှ ကိုရဲမြတ်သူက လက်တို့ထားကြောင်းပါ... My labels: Mandalay News, မန္တလေး သတင်း,

မြန်မာပြက္ခဒိန် RSS feed

မနေ့က ရတနာချို ရဲ့ seminar မှာ Alpha က ကိုရဲမြတ်သူနဲ့ တွေ့တော့ မြန်မာပြက္ခဒိန်ကို blog တွေမှာ RSS နဲ့ ယူသုံးလို့ရအောင် လုပ်ထားကြောင်း၊ အခုလောလောဆယ်ဆယ် ဖြိုးဝေကျော် ရဲ့ blog မှာ အစမ်း တင်ထားကြောင်း၊ ပြက္ခဒိန် ရက်စွဲပြောင်းလဲမှုမှာ အနည်းငယ် ပြသနာရှိနေသေးကြောင်း ပြောခဲ့လို့ ဒီနေ့မနက် ကိုဖြိုးဝေကျော်ရဲ့ ဘလော့မှာ တင်ထားတာ တွေ့တာနဲ့ ဥပုသ်နေ့မှာ ရုံးပိတ်တဲ့ ကျတော့်အတွက် အဆင်ပြေတာနဲ့ အခု ကျတော့် ဘလော့မှာ တင်ထားလိုက်ပါတယ်... ဘယ်လို သုံးရမလဲသိချင်ရင်တော့ ကိုဖြိုးဝေကျော်ရဲ့ ဘလော့ မှာ သွားကြည့်နိုင်ကြောင်းပါ... ဒီ မြန်မာပြက္ခဒိန်ကို ကိုဝဏ္ဏကိုမှ ရေးသားထားခြင်း ဖြစ်ကြောင်း သိရပါတယ်... Update: နာမည်အမှားပြင်ပေးတဲ့ ကိုရဲမြတ်သူကို ကျေးဇူး အထူးတင်ပါတယ်... My Labels: IT, Myanmar Calender, Alpha,

ခရီးသွားတဲ့ ဓာတ်ပုံများ အကြောင်း... ၂

ခရီးသွားတဲ့ ဓာတ်ပုံများ အကြောင်း... အဆက်ပေါ့ဗျာ... ဓာတ်ပုံတွေအကြောင်းမပြောခင် ပြောစရာ နည်းနည်းပေါ်လာလို့ ပြောရဦးမယ်ဗျ... မန္တလေးက နေ မူဆယ်ကို သွားမယ် ဆိုရင် ကွတ်ခိုင်မှာ နေ့လယ်စာ ထမင်းဝင်စားကြတယ်ဗျ... ထမင်းဆိုင်နာမည်တောင် မေ့နေပါပြီ... “အောင်ချမ်းသာ” လို့တော့ထင်တာပဲ... အဲဒီဆိုင်က ဘူဖေးစနစ်နဲ့ဗျို့... ကျတော်တို့ သွားတုန်းကတော့ လူတစ်ယောက်ကို ၂၅၀၀-ကျပ်၊ ထမင်းနဲ့ဟင်း ကြိုက်သလောက်စား... ဟင်းတွေကလည်း တရုတ်ဟင်းတွေ စားလို့လည်း ကောင်းတယ်... အသွားတုန်းကတော့ MD ပါလာလို့ MD က ကျတော်တို့ အဖွဲ့အတွက် ကျသင့်ငွေ အကုန်ရှင်းပေးပါတယ်... အပြန်မှာတော့ ရုံးက ကွတ်ခိုင်ဇာတိ အစ်မ ၂-ယောက် အိမ်က ရှမ်းခေါက်ဆွဲတွေ ကျွေးလို့ နေ့လယ်စာ မစားဖြစ်သော်လည်း အဲဒီဆိုင်မှာ မုန့်တွေ၊ ဝိုင်တွေတော့ ဝင်ဝယ်ဖြစ်ပါတယ်... ကဲ ဓာတ်ပုံတွေနဲ့ ခရီးဆက်ရအောင်... ဒါက ကူမင်းမြို့ရဲ့ အနောက်ဘက်မှာရှိလို့ အနောက်တောင်လို့ ခေါ်ဆိုပုံရတဲ့ တောင်ပေါ်ကို တက်နေကြတာပါ... လူတစ်ယောက်ကို အတက် ၁၅-ယွမ် ပေးရပါတယ်... တော်တော်ကြာကြာလေး စီးလိုက်ရပါတယ်... တောင်ပေါ်တက်ရင်း ချမ်းအေးတဲ့ အအေးဒဏ်ကို ခံရင်း၊ ကူမင်းမြို့ကို အထက်စီးက မြင်နေရတဲ့ ရှူခင်းကို လည်းကြည့်ရင်းပေါ့

မန္တလေးမှာ ခေတ်စားနေတာ...

လျှပ်တစ်ပြက်ဂျာနယ် မှ special issue ဆိုပြီး ဒွေးရဲ့ နောက်ဆုံးခရီးနဲ့ ပတ်သက်ပြီး လျှပ်တစ်ပြက်ဂျာနယ် အရွယ်အစားအတိုင်း စာမျက်နှာ ၁၂-မျက်နှာခန့်ပါဝင်တဲ့ စာစောင်ကို ဒွေးကို ချစ်ခင်ကြတဲ့၊ ဒွေးကို ကြိုက်နှစ်သက်ကြတဲ့ ပရိတ်သတ်ကြီးက တစ်စောင်လျှင် ၈၀၀-ကျပ်ဖြင့် ၀ယ်ယူအားပေးနေကြောင်း သိရပါတယ်... ပုံမှန် လျှပ်တစ်ပြက်စာစောင်ရဲ့ ဈေးနှုန်းမှာ ၅၀၀-ကျပ်ဝန်းကျင် ဖြစ်ပြီး ယခု စာမျက်နှာ ၃၂-မျက်နှာကျော် ပါဝင်ပါတယ်... ဒါ့အပြင် ဒွေး အမှတ်ရနောက်ဆုံးခရီး ဗီစီဒီခွေကို တစ်ခွေလျှင် ကျပ်-၃၀၀ နှုန်းနဲ့ မန္တလေးမှာ ၀ယ်ယူရရှိနိုင်ပါပြီ... ယင်း ဗီစီဒီထဲမှာ ဒွေး ပါဝင် သရုပ်ဆောင်ခဲ့တဲ့ ဇာတ်ကားထဲမှ ဇာတ်ဝင်ခန်းများ၊ သီချင်းများနဲ့ ဓာတ်ပုံများ ပါဝင်ပါတယ်... ပါဝင်တဲ့ ဓာတ်ပုံအများစုဟာ အင်တာနက်ပေါ်မှာ တွေ့ရှိရတဲ့ ဓာတ်ပုံများ ဖြစ်ပါတယ်... My Labels: Mandalay News, မန္တလေး သတင်း, Dwe

“Results Based Management (RBM)” by Prof. Dr Aung Tun Thet

မနေ့က ရန်ကုန် MICT Park မှာ ကျင်းပတဲ့ ဆရာကြီး ဒေါက်တာအောင်ထွန်းသက်ရဲ့ “Results Based Management (RBM)” ဆိုတဲ့ ဟောပြောပွဲကို ရောက်ခဲ့ပါတယ်... နောက်ကျမှ ရောက်သွားတဲ့ပြီး နေရာမရ ဖြစ်ခဲ့ရတဲ့အတွက် ရှေ့ပိုင်း ဟောပြော ပို့ချမှုများကို မမှီလိုက်သလို နောက်ပိုင်းမှာလည်း ဓာတ်ပုံရိုက်ချင်စိတ် များပြီး ဆရာကြီး ဘာတွေ ဟောပြောသွားမှန်း သေချာမသိလိုက်ပါပါဘူး... ဆရာကြီး ဟောပြောတဲ့ အစီအစဉ် အပြီးမှာ ကော်ဖီ၊ မုန့်များနဲ့ တည်ခင်း ဧည့်ခံပါတယ်... ပြီးတော့ တက်ရောက်လာသူများရဲ့ မေးမြန်းချက်များကို ဆရာကြီးက ပြန်လည်ဖြေကြား ပေးသလို တက်ရောက်လာသူ ဆရာကြီး၊ ဆရာမကြီးများကလည်း မေးမြန်းသလိုလိုနဲ့ stage အောက်က ဟောပြောပွဲလေး ဖြစ်အောင် ဖန်တီးသွားပါတယ်... ဆရာကြီး ဒေါက်တာ အောင်ထွန်းသက်က မေးမြန်းမှုများကိုပြန်လည် ဖြေဆိုရာမှာလည်း မှတ်သားစရာ အများကြီး ပါပါတယ်... ဆရာကြီးရဲ့ ဟောပြောချက်များကို http://www.mit.com.mm/seminar.asp မှာ download လုပ်ပြီး ရယူနိုင်ပါတယ်... ဒီပွဲကို MIT မှ စီစဉ် ဆောင်ရွက်ပေးတာဖြစ်ပြီး City Mart နဲ့ Europe & Asia Commercial Co., Ltd. တို့က sponsor ပေးကြောင်း သိရပါတယ်... ဆရာကြီး Prof. Dr Aung Tun Thet (U

မန္တလေးက Blogger တွေ...

http://komoeyay.blogspot.com/ တဝက်တပျက်နဲ့ ရေးထားတဲ့ post ထဲမှာ ပါတဲ့ သူငယ်ချင်း မောင်းမိုးရေးတာပါ... MIT ကျောင်းက B.E ဘွဲ့ ရထားတဲ့ သူငယ်ချင်း မလေးရှားရောက်တော့ သူဒုက္ခရောက်တာမျိုး ကျန်တဲ့သူတွေ မရောက် စေချင်လို့ အသိပညာတွေ ဖလှယ်ထားတယ်လို့ ဆိုပါတယ်... MCC - Mandalay နဲ့ ပတ်သက်ခဲ့ဖူးတဲ့ သူဆိုရင် သူ့ကို သိကြပါလိမ့်မယ်... http://nwaihninn.blogspot.com/ NativeMyanmar Forum က နွေနှင်းဆိုတဲ့ မန္တလေးသူ တစ်ယောက်ရဲ့ အသိအမြင်နဲ့ ခံစားချက်တွေကို ဖတ်ကြည့်ပါဦး... http://chaweimahn.blogspot.com/ မဂ္ဂဇင်းတွေမှာ ဝတ္ထုတိုတွေရေးပြီး ဝတ္ထုတိုပေါင်းချုပ် စာအုပ်ထွက်ရှိခဲ့ဖူးတဲ့ မန္တလေးသူ တစ်ယောက် ဖြစ်တဲ့ အပျိုဂျီး မချောအိမာန် (မန္တလေး) ရဲ့ blog ပါ... My Labels: Links, Myanmar Blogger, Mandalay,

မိုးရွာရင်...

ဖိုးချမ်းက တက်ထားတယ်တဲ့... အဲဒါ ပြန်တက်လိုက်ပါဦးဆိုလို့.. ပြန်တက်နေမိတယ်... ဟေ့ဖိုးချမ်းရေ... ငါတော့ တက်နေတာ မရောက်ကို မရောက်နိုင်တော့ဘူးဆိုမှ... ဟုတ်ဘူးလေ ကိုတုံရ... မိုးရွာရင် ဆိုတဲ့အကြောင်းကို ရေးခိုင်းတာတဲ့... ဒါနဲ့ပဲ ရေးပါပြီဗျာ... မောင်လှတို့ကတော့ မိုးရွာရင် ခပ်ရှင်းရှင်းပဲဗျ... အအေးမိပြီး ဖျားမှာစိုးလို့ အိပ်တယ်ဗျာ... ကဲ ဖိုးချမ်းရေ... အိပ်ပြီဆိုတော့ ဘာမှ ဆက်ရေးစရာ မလိုတော့ဘူးဟုတ်လား... သြော်.. ဖိုးချမ်းက နည်းနည်းပါးပါတော့ ရေးပါဦးဆိုလို့ ဘလော့ဆာဗာမှာ နေရာဖြုန်းလိုက်ဦးမယ်... 1996 ခုနှစ် က အကြောင်းပေါ့ဗျာ... .... အပေါ်က စာကြောင်းတွေက ၁၆-၆-၀၇ တုန်းက ရေးခဲ့တာ... 1996 ခုနှစ်က အကြောင်းဆိုတာ ဘာလဲ မမှတ်မိတော့... သြော် .. ပြန်မှတ်မိပြီ... အခြေခံ သင်တန်း တက်ပြီး BISCA စရေးတတ်ခါစကပေါ့... စလုံးတွေကို ဘယ်ကနေညာ သွားရင် လွယ်တယ်... ခုမှ စရေးတာဆိုတော့ စာလုံးတွေ ညာဘက်ကနေ ဘယ်ဘက်ကို ဘယ်လို ရွှေ့ရမှန်းမသိဘူး... အဲဒါ စဉ်းစားရင်း မိုးရွာထဲမှာ အိမ်ကို ပြန်သွားတာ အိမ်ပြန်ရောက်တော့ လက်ပတ်နာရီကို ချွတ် .. လျှပ်စစ်မီးဖိုပေါ် တင်ထားပြီး ရေနွေးအိုးကို အဲဒီပေါ် ထပ်တင်မိတာ မနက်ရောက်တော့ နာရီ မီးကင် ဖြစ်သွားလေေ

ထူးအိမ်သင် (HtooEainThin.com) web site အတွက် အလှူငွေ ထည့်ရအောင်

ထူးအိမ်သင် ( HtooEainThin.com ) web site အစဉ်အမြဲ ရေရှည် တည်တံ့နေစေရေးအတွက် အလှူငွေများကို အောက်ဖော်ပြပါ Make a Donation button ကို နှိပ်ခြင်းအားဖြင့် လှူဒါန်းနိုင်ပြီ ဖြစ်ပါကြောင်း လေးစားစွာဖြင့် အသိပေးအပ်ပါသည်။ My Labels: htooeainthin.com, het, htooeinthin,