Skip to main content

“Results Based Management (RBM)” by Prof. Dr Aung Tun Thet

မနေ့က ရန်ကုန် MICT Park မှာ ကျင်းပတဲ့ ဆရာကြီး ဒေါက်တာအောင်ထွန်းသက်ရဲ့ “Results Based Management (RBM)” ဆိုတဲ့ ဟောပြောပွဲကို ရောက်ခဲ့ပါတယ်... နောက်ကျမှ ရောက်သွားတဲ့ပြီး နေရာမရ ဖြစ်ခဲ့ရတဲ့အတွက် ရှေ့ပိုင်း ဟောပြော ပို့ချမှုများကို မမှီလိုက်သလို နောက်ပိုင်းမှာလည်း ဓာတ်ပုံရိုက်ချင်စိတ် များပြီး ဆရာကြီး ဘာတွေ ဟောပြောသွားမှန်း သေချာမသိလိုက်ပါပါဘူး...
ဆရာကြီး ဟောပြောတဲ့ အစီအစဉ် အပြီးမှာ ကော်ဖီ၊ မုန့်များနဲ့ တည်ခင်း ဧည့်ခံပါတယ်... ပြီးတော့ တက်ရောက်လာသူများရဲ့ မေးမြန်းချက်များကို ဆရာကြီးက ပြန်လည်ဖြေကြား ပေးသလို တက်ရောက်လာသူ ဆရာကြီး၊ ဆရာမကြီးများကလည်း မေးမြန်းသလိုလိုနဲ့ stage အောက်က ဟောပြောပွဲလေး ဖြစ်အောင် ဖန်တီးသွားပါတယ်... ဆရာကြီး ဒေါက်တာ အောင်ထွန်းသက်က မေးမြန်းမှုများကိုပြန်လည် ဖြေဆိုရာမှာလည်း မှတ်သားစရာ အများကြီး ပါပါတယ်...
ဆရာကြီးရဲ့ ဟောပြောချက်များကို http://www.mit.com.mm/seminar.asp မှာ download လုပ်ပြီး ရယူနိုင်ပါတယ်...
ဒီပွဲကို MIT မှ စီစဉ် ဆောင်ရွက်ပေးတာဖြစ်ပြီး City Mart နဲ့ Europe & Asia Commercial Co., Ltd. တို့က sponsor ပေးကြောင်း သိရပါတယ်...ဆရာကြီး Prof. Dr Aung Tun Thet (United Nations System StaffCollege Turin-Italy) ဟောပြောနေပုံပါ...




My Labels:Myanmar News, Yangon News, ရန်ကုန် သတင်း

Comments

Prof. Dr Aung Tun Thet is our Department's former DG. I've missed a chance to attend his seminar.

Popular posts from this blog

မနေ့က...

ရုံးကနေ ည ၇-နာရီလောက်မှပြန်ဖြစ်တယ်... FMI ထဲဝင်ပြီး ထမင်းဝင်စားပြီးမှ တည်းတဲ့ ဟိုတယ်ကို ၈-နာရီကျော်မှ ပြန်ရောက်တယ်... အမျိုးသမီးက ဖုန်းဆက်လာတယ်... သမီးက သူပြောချင်လို့ဆိုပြီး ဖုန်းဝင်ပြောတယ်... မူကြိုတက်နေတာ ၂-ပတ်နီးနီးပဲရှိသေးတာ တော်တော်လေး စကားတွေ ပြောတတ်လာပြီ... ဖုန်းဆက်တိုင်း သမီးမှာတတ်တာက J Donuts ဝယ်ခဲ့ပေးဖို့ပဲ... သမီးက J Donuts ကြိုက်တယ်လေ... မန္တလေးမှာ J Donuts မရှိဘူး... ရှိတဲ့ M Donuts ကိုကျတော့ သမီးက မကြိုက်ဘူးလေ... ရုံးက ဝယ်ထားပေးတဲ့ laptop မှာ လိုတဲ့ drivers တွေတင်ရင်း ၁၁း၃၀-နာရီလောက်မှ အိပ်ဖြစ်တယ်... သြော် ... ဘာလိုလိုနဲ့ ... ဒီနေ့ဆို ရန်ကုန် ရုံးကို ရောက်နေတာ ၂၇-ရက်တောင် ရှိနေပြီ... ဒါနဲ့ စကားမစပ် web cam ပါတဲ့ laptop တွေမှာ login လုပ်တဲ့နေရာမှာ Face Recognition နဲ့ လုပ်ချင်တယ်ဆိုရင် Lenovo က သူ့ laptop တွေအတွက် ရေးထားတဲ့ Lenovo VeriFace recognition လေးကို ရှာပြီး သုံးကြည့်ပါ... acer, dell, hp laptop တွေမှာ သုံးကြည့်တာ အဆင်ပြေကြောင်းပါ...

WinKalaw NativeMyanmar Keyboard Layout BETA version

WinKalaw နှင့် အခြား Win Font များကို စာရိုက်ရာတွင် Alt နှင့် နံပါတ်များကို တွဲနှိပ်နေရ၍ စိတ်ညစ်နေရသူများ၊ Laptop ကို အသုံးပြုတဲ့အခါမှာ ပါဌ်ဆင့်တွေကို ရိုက်တဲ့အခါမှာ မရိုက်တတ်ဖြစ်နေသူ များအတွက် WinKalaw NativeMyanmar Keyboard Layout BETA version ပါ။ WinKalaw NativeMyanmar Keyboard Layout BETA version နဲ့ စာရိုက်ရာမှာ အဆင်ပြေနိုင်ပါပြီ။ WinKalaw NativeMyanmar Keyboard Layout BETA version ကို ဒီနေရာမှာ ဒေါင်းလုတ်ဒ် ရယူနိုင်ပါသည်။ WinKalaw NativeMyanmar Keyboard Layout သည် Zawgyi လက်ကွက်ကို အခြေခံထားသည်။ (ယခင် စထွက်ဖူးသော Win Myanmar လက်ကွက်များ အတိုင်းဖြစ်သည်။) Win Myanmar (-Win---Innwa ၊ WinKalaw ၊ Win စသော မြန်မာစလုံးများ)၊ Metrix-1 (Metrix မြန်မာစာလုံးများ) ၊ W01Art House (အနုပညာအိမ် မြန်မာစလုံးများ) ရိုက်ရာတွင် အသုံးပြုနိုင်သည်။ အင်္ဂလိပ်စာလုံးများနှင့် အခြား မြန်မာယူနီကုဒ်များစာလုံးများတွင် အသုံးပြုပါက အင်္ဂလိပ်စာလုံးများသာ ထွက်မည် ဖြစ်သည်။ ပါဠိ ပါဌ်ဆင့် အထပ်များကို သက်ဆိုင်ရာ စကာလုံးတည်ရှိရာ key ကို Ctrl+Alt သို့ Ctrl+Alt+Shift များ တွဲနှိပ်ပြီး ရိုက်နိုင်သည်။ ဥပမာ - ဓမ္မ ရို...


Helpdesk Ticketing System (Open Source) တွေ စမ်းနေတဲ့အထဲက ရိုးရိုးရှင်းရှင်းနဲ့ အကြိုက်ဆုံးကတော့ Trudesk https://trudesk.io/ ပဲ... User တွေ သုံးရတာ ရိုးရှင်းလွယ်ကူပြီးတဲ့အပြင် Administrator တွေအတွက်လည်း ရိုးရိုးရှင်းရှင်းလေးပဲ... Installation အဆင့်မှာတော့ အခန့်မသင့်ရင်တိုင်ပတ်တယ်... Trudesk ရဲ့ community edition (အခမဲ့) မှာ LDAP နဲ့ ချိတ်ဆက်တာ မပါလို့ နောက်တစ်ထပ်စမ်းရင် ကြိုက်နေမိတာက Zammad Community edition https://zammad.org/ ပဲ... Zammad က trudesk ထက် function တွေပုံများတယ်... စုံတယ်... User အတွက်တော့ လွယ်ကူပေမယ့် သုံးနေကြမဟုတ်တော့ Administrator ဘက်အခြမ်းကို configure သေချာမလုပ်တတ်သေးဘူး ဖြစ်နေတယ်... Zammad မှာ ကိုယ့်လုပ်ငန်း website မှာ feedback form နဲ့ chat function တွေ ထည့်လို့ရတဲ့ function တွေပါတယ်... VoIP service တွေနဲ့ပါ ချိတ်လို့ရတဲ့ function တွေအပြင် အခြား function တွေပါ အများကြီးပါသေးတယ်... ဒီ ၂ခုလုံးက ခေါင်းခြောက်ခံနိုင်ရင် community edition (အခမဲ့)သုံးလို့ရတဲ့အပြင် ခေါင်းခြောက် မခံချင်ရင်လည်း ဝယ်သုံးလို့ရတယ်...