Skip to main content

Posts

Showing posts from 2010

ကြယ်တွေပြေးတဲ့ည

My Labels: Photo, Star Trails, Mandalay, Moat, Myanmar, Burma

ချောင်းကြည့်သူ

My Labels: Photo, Innwa, Ava City, Mandalay, Myanmar, Burma

Novice from Barkayar Monastery

My Labels: Photo, Innwa, Ava City, Mandalay, Myanmar

Bike Show 2010 @ Mandalay, Myanmar

credit to www.designthuyein.com ဒီနေ့ (7-Dec-2010) နဲ့ မနက်ဖြန် (8-Dec-2010) ၂-ရက် မန္တလေး မြို့တော်ခန်းမ-၁ မှာ Bike Show 2010 ရှိပါတယ်... သွားကြည့်ဖြစ်အောင် သွားကြည့်လိုက်ပါဦးလို့ တိုက်တွန်း ပါရစေ ခင်ဗျား... ကျတော်တော့ မနေ့ည တီးဝိုင်းတိုက်တာ သွားကြည့်ရင်း available light နဲ့ ဆိုင်ကယ်ပုံတွေ ရိုက်ခဲ့ပါသေးတယ်... My Labels: Bike Show, Motor Cycle, ဆိုင်ကယ် ပြပွဲ , မန္တလေး, မန္တလေး , မြန်မာ , ဗမာ, News, သတင်း

ဓာတ်ပုံ ၁-ပုံတည်းနဲ့ HDR လုပ်မယ်…

ကြိုတင် တောင်းပန်ထားပါရစေ ခင်ဗျာ... ကျတော် HDR (High Dynamic Range ) ဓာတ်ပုံ ပြုလုပ်နည်း အဆင့်ဆင့်ကိုပဲ ပြောပြမှာပါ... Theory ကိုပြောမှာ မဟုတ်ပါဘူး... HDR ဓာတ်ပုံ ၁-ပုံ ဖန်တီးမယ်ဆိုရင် ဓာတ်ပုံ ၁-ပုံတည်းကိုပဲ မတူတဲ့ exposure ၃-မျိုးနဲ့ ရိုက်ပြီး ပြန်ပေါင်းပေးရပါတယ်… DSLR ကင်မရာကြီးတွေမှာ ဆိုရင်တော့ မတူတဲ့ exposure တွေကို ရိုက်ကူးပေးမယ့် bracketing function ပါပါတယ်… ကင်မရာမှာ ပါတဲ့ bracketing function နဲ့ ဓာတ်ပုံတွေ ရိုက်ပြီး ကွန်ပျူတာထဲ ရောက်မှ HDR ဓာတ်ပုံလုပ်ပေးနိုင်တဲ့ software တွေနဲ့ ပြန်လုပ်တာ ပိုမိုကောင်းမွန်တဲ့ပုံတွေကို ရရှိပါတယ်…  အခုတော့ ကျတော် ဓာတ်ပုံ ၁-ပုံတည်းကို Lightroom 3.0 ရယ်... HDR လုပ်တဲ့ ဆော့ဝဲ ဖြစ်တဲ့ photomatix pro 4.0 software ၂-ခု အသုံးပြုပြီး HDR ဓာတ်ပုံလုပ်နည်း အဆင့်ဆင့်ကို ပြောမှာပါ… Lightroom ထဲဝင်ပြီး ကျတော်တို့ HDR လုပ်ချင်တဲ့ပုံကို ဓာတ်ပုံတွေ ပြင်ဆင် တည်းဖြတ်တဲ့ Develop မှာ ရွေးထားပါ... အပေါ်ကပုံ အနီရောင် ဘောင်ခတ်ပြထားတဲ့ Exposure နေရာမှာ 0.00 နဲ့ပဲ File ထဲက Export နဲ့ ဖိုင်ကို export ပို့ပါ... နောက်ထပ် တစ်ပုံအတွက် Exposure ရဲ့ 0.00 နေရာမှာ -2 ပြေ

Seminar on Web Content Management Systems @ MCPA

Date : 28.11.2010 (SUNDAY) Time : 9 AM to 11 AM. Venue : MeetingRoom, MCPA Mandalay. အထက်ပါ Seminar တွင် ..... Web CMS အကြောင်းနှင့် ကမ္ဘာပေါ်တွင်သာမက မြန်မာ WebSite များတွင်ပါ အသုံးများလာသော နာမည်ကြီး Joomla (Open source CMS ) ကို မိမိတို. PC သို.မဟုတ် Server များတွင် အလွယ် တင်ပုံတင်နည်း ၊ Design Templates ပြောင်းနည်း၊ Content (ဥပမာ သတင်း)များလွယ်ကူစွာတင်နိုင်ပုံ )၊ User တည်ဆောက်ပုံနှင့် Roles အသုံးဝင်မည်. အခြေခံ Front End, နှင့် BackEnd Control များ၊ အကြောင်း အပါအ၀င် ယခုမှ စတင် ထိတွေ. စမ်းသပ်မည်.သူများအတွက် Joomla အခြေခံ များကို Step by Step လက်တွေ.သရုပ်ပြ ရှင်းလင်းမည်ဖြစ်ပြီး ထပ်မံ Drupal CMS အခြေခံ တင်ပုံတင်နည်းများကိုပါ လက်တွေ.ပြသမည် ဖြစ်ပါကြောင်း သတင်းရရှိပါသည်။ [via: http://www.mcpamandalay.org/ ]

ချယ်ရီမြေကို ရောက်ခဲ့တယ်...

My Labels: May Myo City, Pyin Oo Lwin, Myanmar, Burma, Photo  

ဖိတ်ပါရစေ...

ပွဲ ခေါင်း စဉ် ပြည်ပ စာ သင် သား အ တွေ့ အ ကြုံများ ရည် ရွယ် ချက် လူ ငယ် များ ပြည်ပ ၌ မိမိ အ သိ တ ရား ဖြင့် ကျောင်း ရွေး  ချ ယ် နိုင် ရန် မှ စ ၍ ကျောင်း တွင်း ကျောင်း ပြင် လူ မှူ့ဘ ဝ များ အ ကြောင်း ကြုံ ရ ဆုံ ရ တာ လေး တွေ ဖ လှယ် ကြ မှာ ဖြစ် ပါ တယ် စိတ် ပါ ဝင်စား သူ လူ ငယ် များ အား လုံး ပြည်ပ ကျောင်း တက် ရန် ရှိ ရှိ မ ရှိ ရှိ တက် ရောက် နိုင် ပါ တယ် ဒါ့ အ ပြင် ပါ ဝင် ဝိုင်း ဖွဲ့ ဆွေး နွေး ကြ မဲ့ လူ ငယ် များ ရဲ့ ASEAN Free Trade Area ASEAN Economics Community  မ ကြာ ခင် က ကျင်း ပ ခဲ့ တဲ့ ASEAN MEDIA FORUM, များ အ ပေါ် ကို တက် ရောက်  ခဲ့ တဲ့ လူ ငယ်တွေ  ရဲ့ အ တွေ့ အ ကြုံ အ မြင် အ များ  ဘာ သာ စကား သင် ယူ မှူ့ အ မြင် များ ( ဥ ပ မာ တ ရုတ် စ ကား နဲ့English  စကား အ နာ ဂတ် မှာ ဘယ် ဟာ ပို အ ရေး ပါ မ လဲ )ကျောင်း တွေ က သင် ကြား ပုံ တွေ တ ပြည့် ဆ ရာ ဆက် ဆံ ရေ တွေ ပ ညာ သင် ပြီး အ မိ နိုင် ငံ ပြန် ပြီး လုပ် ငန်း ဝင် မ လား လုပ် ငန်း သစ်ထူ ထောင် မှာ လား မိ ဘ လက် ငုတ်လက်  ရင်း ပြန်လုပ်မ လား  မိ ဘ လက် ငုတ်လက်  ရင်း အလုပ် တွေ မှာ သူ တို့ ရဲ စာ တွေ့ တွေ ကို အ သုံး  ချ ခွင့် ရ နိုင် မ ရ နိုင် ပြင် ဆင်ေ

မန္တလေး မြို့သစ်ဘက်က ရေဝပ်နေတဲ့ ဓာတ်ပုံ အချို့.. Mandalay News

မနေ့က ရေဝပ်တဲ့ (သတင်းစာ အသုံးအနှုန်း) မြို့သစ် ၃-နေရာလောက် ရောက်ခဲ့ပါတယ်... ပါသွားတဲ့ ကင်မရာက wide lens နဲ့မို့ အဝေးက ရေဝပ်နေတာကို လှမ်းမရိုက်နိုင်ခဲ့ပါဘူး... မနေ့က ရေတော်တော်လေး ပြန်ကျသွားတယ်လို့ ဆိုပါတယ်...  ဘယ်ဘက်က ထရံကာ အိမ်မှာ ရေတက်ခဲ့တဲ့ အရာရှိပါတယ်... ဘယ်ဘက်က ဝင်းထရံမှာ ရေတက်ခဲ့တဲ့ အရာရှိပါတယ်... အလှူရှင်တွေ ဝေတဲ့ ထမင်းထုပ်တွေ ယူပြန်လာတဲ့ လင်မယား ၂-ယောက် ထင်ပါတယ်... အရင်က ဒီမှာ ဗေဒါပင် မရှိပါဘူး... ဒီဗေဒါပင်တွေက ရေနဲ့အတူပါလာတာပါ... ဒီနေရာက ကျွဲဆည်ကန် ကားကြီးဝင်းရဲ့ အရှေ့ဘက် သိပ်မကွာဝေးတဲ့နေရာမှာ ရှိတာပါ... My Labels: Flooding in Mandalay, Myanmar, Burma, မန္တလေးမှာ ရေကြီးခြင်း, မန်းလေး, MDY

မန္တလေးမှာ မိုးတွေရွာနေတယ်... ရေတွေကြီးနေတယ်... Mandalay News

မန္တလေးမှာ ၇-၁၀-၁၀ နေ့ညနေစောင်းကတည်းက မိုးတွေရွာနေတာ အခုအချိန် အထိ ရွာနေတုန်းပါ... ရွာလိုက် တိတ်လိုက်ပေါ့... ရေတော်ပါတဲ့ မိုးပါ... မိုးရွာတဲ့ ရေတွေရော နားတောင်းကျချောင်း၊  ပန်းရံတော်ချောင်းတို့ကနေ လျှံတက်လာတဲ့ ရေတွေကြောင့်ပါ မနေ့က မနက်ပိုင်းမှာ မြို့သစ်ဘက် အချို့ နေရာတွေမှာ ခါးလောက်ထိ (၃-ပေခန့်) ကို ရေတွေ တက်နေတယ်လို့ သိရပြီး ညနေ ၄-နာရီနောက်ပိုင်း ထပ်သည်းတဲ့ မိုးကြောင့် အချို့ နေရာတွေမှာ ရင်ညွှန့်လောက်ထိ (၄-ပေလောက်အထိ) ရေတွေ တက်နေတယ်လို့ သိရပါတယ်... စေတနာရှင် တွေဆီကနေ အလှူငွေ ကောက်ခံပြီး ရေဝင်နေတဲ့ မြို့သစ်ဘက်တွေမှာ မနေ့ကစပြီး  ထမင်းထုပ် ဝေနေတယ်လို့ သိရပါတယ်... အခု မနက် ၉း၁၅ နာရီမှာ Google Earth ကနေမြင်တွေ့ရတဲ့ တိမ်တိုက်ကြီးကိုလည်း ရှုစားပြီး မုန်တိုင်းကြီး အဆင့်သို့ မရောက်ဘဲ ပျက်ပြယ်သွားပြီး ရေဘေးက ကင်းဝေးကြပါစေလို့ ဝိုင်းဝန်း ဆုတောင်းပေးကြပါဦး ခင်ဗျာ... My Labels: Mandalay, Myanmar, Burma, Weather

BarCamp Mandalay 2011 Organizer Team Founding Meeting

BarCamp Mandalay @ FaceBook

SONY Bloggie Touch Camera : HD Video ရိုက်မလား…? Still Photo ရိုက်မလား…?

My Labels: pocket camcorder, review အိတ်ကပ်ထဲမှာ ဆောင်ထားနိုင်တဲ့ HD Video ရိုက်နိုင်တဲ့ mobile phone ရွယ်အစား ဝန်းကျင်သာရှိတဲ့ HD video ရော… 12.8-Megapixel ဓာတ်ပုံပါ ရိုက်နိုင်မယ့် SONY Bloggie Touch Camera အသစ်ကို ဆိုနီက ရောင်းချတော့မည်လို့ ကြေငြာလိုက်ပါတယ်… SonyStyle.com မှာတော့ 10/09/2010 ဝန်းကျင်လောက်မှာ ဈေးကွက်ကို တင်ပို့မယ်လို့ ရေးထားပြီး pre-orders ကို လက်ခံနေပါပြီ…  Bloggie ပထမမျိုးဆက်အနေနဲ့ Bloggie camera PM5, CM5 model များကို SONY မှာ ထုတ်ခဲ့ဖူးပြီး ယခု ထပ်ထုတ်လိုက်တဲ့ မော်ဒယ်ကတော့ ယခင် မော်ဒယ်များထက် screen အရွယ်စား ပိုမို ကြီးလာကာ touch screen ဖြင့် ထုတ်လုပ်လိုက်တာ ဖြစ်ပါတယ်…  အလွယ်တကူ recording လုပ်ဖို့ခလုတ်တစ်ခု ပါဝင်ပြီး အခြား လုပ်ဆောင်ချက်များကိုတော့ 3" touch screen မှတဆင့် လုပ်ဆောင်နိုင်မယ်လို့ သိရပါတယ်…  ဒီ bloggie touch ကင်မရာဟာ 1/2.5 Exmor CMOS sensor အသုံးပြုထားကာ ဗီဒီယို ရိုက်ကူးရာမှာ Full HD video 1080p နဲ့ရိုက်ကူးပေးပြီး MP4 file format နဲ့သိမ်းဆည်းတယ်လို့ သိရပါတယ်… built-in 8GB ပါဝင်တဲ့ ကင်မရာ မော်ဒယ်နဲ့ 1280x720/30p quality HD video ရိုက်ကူးမယ်ဆု

ဒါနဲ့စကားမစပ်...

My Labels: Taung Pyone, Mandalay News, Myanmar   ဒါနဲ့စကားမစပ်... တောင်ပြုံးပွဲကို  ၁၉၈၇-၈၈ ဝန်းကျင်လောက်ပဲ တစ်ခေါက်ရောက်ဖူးတယ်... ငယ်သေးတော့ လူတိုးရတာပဲ မှတ်မိတယ်... ကျန်တာ ဘာမှ မမှတ်မိဘူး... ဒီနှစ်တော့ အဖော်ကောင်းတာနဲ့ တောင်ပြုံးပွဲကို ရောက်သွားတယ်... ညီလာခံနေ့ ဖြစ်နေတော့ နတ်ကတာတွေကို ညနေ ၃-နာရီမှ စတယ်... တောင်ပြုံးပွဲသွားပြီး နတ်ကတဲ့ပုံ မရခဲ့တာ ကျတော် တစ်ယောက်ပဲ ရှိလိမ့်မယ် ထင်တယ်... ဒါပေမယ့် ကျတော် ဘဝမှာ မမြင်ဖူးတဲ့ အဝတ်အစားနဲ့ ပုံတွေ မြင်ခဲ့ရခဲ့တာ အမြတ်ပါပဲ... ကျတော် ရိုက်ထားတဲ့ တောင်ပြုံးပွဲက ဓာတ်ပုံတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်နိုင်ပါတယ်...  ဒါနဲ့စကားမစပ်... မန္တလေးမှာ ယာဉ်စည်းကမ်း လမ်းစည်းကမ်း ထိန်းသိမ်းရေးကို ဒီလ (၃)ရက်နေ့ကစပြီး စစ်ဆေးဖမ်းဆီးမယ် လို့ သတင်းစာတွေက ကြေငြာနေတာ သတင်းစာထဲမှာ စည်းကမ်းဖောက်ဖျက်တဲ့ မော်တော်ယာဉ် ဘယ်နှစီး၊ မော်တော်ဆိုင်ကယ်ဘယ်နှစီး၊ အမှုပေါင်း ဘယ်နှမှု ဖမ်းဆီးနိုင်ခဲ့တယ် ကြေငြာတာကို တွေ့ရပါတယ်... အရင်က စစ်ဆေးမှုတွေကို နေ့လယ်ဘက်တွေမှာ စစ်ဆေးခဲ့ပေမယ့် ဒီတစ်ခါတော့ ညဘက်တွေမှာ အဓိက စစ်ဆေးတယ်လို့ သိရပါတယ်...

My Daughter's Doll

My Labels: Photo, My Daughter Doll, Toy Photography

SONY NEX-3 / NEX-5 Camera Review

SonyStyle Magazine မှာ SONY NEX-3 / NEX-5 ကင်မရာကို မြင်ပြီး ကတည်းက SONY NEX camera တွေကို သဘောကျမိတာနဲ့ အင်တာနက်ထဲ လိုက်ရှာ ဖတ်မိပြီး ကျတော် သဘောကျမိတာပါ… ကျတော်ကိုယ်တိုင် ဝယ်ယူဖို့ မတတ်နိုင်တာနဲ့ ကုမ္ပဏီမှာ အသုံးပြုဖို့ ဝယ်ယူခွင့်တင်ပြီး ဝယ်လိုက်တာပါ… တကယ် ဝယ်ယူခွင့်လည်းပြုရော ရန်ကုန် SONY Expo 2010 မှာ ပြခဲ့တယ်ဆိုတဲ့ ဒီကင်မရာတွေကို Sony Showroom ကို မေးကြည့်တော့ မတင်သေးပါဘူး… ပွဲအတွက် နမူနာ သွင်းလာတာတဲ့… တကယ် မထွက်သေးဘူးလို့ showroom က ပြောပါတယ်… ရန်ကုန် Sony Showroom အထိ ဖုန်းဆက်မေးတာ ကျတော့်မှာ အရူး ၁-ယောက်လို ဖြစ်လို့… ဒါနဲ့ ဟိုဟို ဒီဒီ လိုက်မေးထားရင်းနဲ့ ကံကောင်းစွာနဲ့ Technoland ကို SONY NEX-3 ကင်မရာ 16mm f/2.8 lens ရောက်လာနဲ့ ဝယ်ဖြစ်သွားတာပါ… အင်တာနက်ထဲမှာ SONY NEX-3 ကင်မရာကို 16mm f/2.8 Lens နဲ့ဆို USD550 ဝန်းကျင်ခန့်ရှိပြီး 18-55mm f/3.5-5.6 OSS  lens နဲ့ဆို USD600 ဝန်းကျင်ဈေး ရှိပါတယ်… စင်္ကာပူမှာ SONY NEX-3 + 16mm + 18-55mm ကို SGD1200 ဝန်းကျင်နဲ့ရောင်းပါတယ်… တတ်နိုင်ရင်တော့ lens ၂-ခုနဲ့ဟာ ဝယ်ရင် ပိုကိုက်တယ်လို့ ထင်ပါတယ်…  ဒီ SONY NEX-3 ကင်မရာ ကျတော့် လက်ထဲရောက်တာ ၂-ရက်ပ

Business Mobility and Wireless Technology Workshop

မြန်မာနိုင်ငံ ကွန်ပျူတာ လုပ်ငန်းရှင်အသင်း (မန္တလေးတိုင်း) က ဦးစီးကျင်းပမယ့် Business Mobility and Wireless Technology Workshop ကို အသင်း အစည်းအဝေးခန်းမ အခန်း ၂၂၉၊ ရွှေဖြူပလာဇာ ဒုတိယထပ်မှာ 11-July-2010 (တနင်္ဂနွေနေ့) မနက် ၉-နာရီကနေ ညနေ ၅-နာရီ အထိ ကျင်းပမှာ ဖြစ်ပြီး တက်ရောက်လိုတယ် ဆိုရင်တော့ ဖုန်းနံပါတ် ၀၂-၆၉၃၁၅ ဆက်သွယ်နိုင် တယ်လို့ ဒီလ ၉-ရက်နေ့ထုတ် မန္တလေး နေ့စဉ် သတင်းစာပါ ကြော်ငြာ အရသိရပါတယ်...  ဖုန်းဆက် စုံးစမ်းကြည့်တဲ့အခါမှာတော့ workshop fee ၂-သောင်း ပေးသွင်းရမှာ ဖြစ်ပြီး နေ့လည်စာ၊ အကျွေးအမွေးနဲ့ ဧည့်ခံမှာ ဖြစ်ပြီး certificate လည်း ပေးမှာ ဖြစ်တယ်လို့ သိရပါတယ်... My Labels: Work Shop, IT, Wireless, ICT, Myanmar, Burma, Mandalay,

EVOLTA with bokeh

My Labels: Photography, Bokeh, Toy Photography

Adobe Photoshop Lightroom 3 ထွက်ပါပြီ...

ဓာတ်ပုံ သမားတွေ အသုံးများတဲ့ ကျတော် သုံးနေကျ ဖြစ်တဲ့ Adobe Photoshop Lightroom 3 ထွက်ပါပြီ... Adobe Photoshop Lightroom နဲ့ Adobe Photoshop ၂-ခု မတူပါဘူး... Adobe Photoshop Lightroom က ဓာတ်ပုံများ ပြင်ဆင်ချိန်ညှိဖို့ အတွက် သီးသန့်  ထုတ်ထားတာပါ...  မနေ့ကမှ LR3 ထွက်တာကို သိပြီး မရမက ဒေါင်းလုပ် လုပ်ပြီး အခု စမ်းသုံးကြည့်နေပါတယ်... အခု အသစ်ထွက်လာတဲ့ LR3 မှာ  ကျတော် စမ်းသုံးပြီးသလောက် ကြိုက်မိတာ ၂-ခု ရှိပါတယ်...  ပထမ လုပ်ဆောင်ချက်ကတော့ noise reduction စနစ်ပါ... noise reduction စနစ်ဟာ အရင် LR 2.6.1 ထက်ကို ပိုမိုကောင်းမွန်လာတာ တွေ့ရပါတယ်... ညဘက်တွေ ဓာတ်ပုံရိုက်တဲ့အခါ noise ကြောက်လို့ ISO လျော့ရိုက်ရစရာ မလိုတော့ဘဲ ISO အမြင့်မှထားရိုက်ပြီး LR3 က noise reduction စနစ်နဲ့ noise တွေကို အလွယ်တကူ လျော့ချနိုင်ပါပြီ... နောက်ထွက်တဲ့ ကင်မရာတွေမှာ တော့ ကင်မရာကိုယ်တိုင်က noise တွေမပါအောင် လျော့ချပေးနိုင်ပါတယ်... ကျတော့် Nikon D200 မှာတော့ ISO400 မှာဆို ကျတော် မမြင်ချင်တဲ့ noise တွေ ပါနေပါတယ်...  အခုတော့ LR3 မှာတင် noise တွေကို မမြင်ရအောင် ချောမွေ့အောင် လျော့ချ ပေးပါတယ်... ဒုတိယ လုပ်ဆောင်ချက်ကတော့ waterm

Circles & Hearts Bokeh

My Labels: Photos, Photography, Bokeh, Custom Shape Bokeh

သြော်... ဒါနဲ့စကားမစပ်...

သြော်... ဒါနဲ့စကားမစပ်... “ သြော်... ဒါနဲ့စကားမစပ်...” လို့ ပြောတတ်တဲ့ ဦးသုမောင်ကြီး ဘဝ တစ်ပါးသို့ ကူးပြောင်းသွားတဲ့ အတွက်ကြောင့် အထူးပင် ဝမ်းနည်းကြေကွဲရပါကြောင်းနှင့် ကောင်းရာသုဂတိ လားပါစေ ဦးသုမောင် ခင်ဗျား... သြော်... ဒါနဲ့စကားမစပ်...  MacBook သုံးတော့ စဒုက္ခတွေ့တာ Windows သုံးရင် Home, End, Page Up, Page Down နဲ့ Delete key တွေ ပါတာပဲ... Delete လို့ရေးထားပေမယ့် Windows ဘက်မှာဆို Back space အလုပ်ပဲ လုပ်ပါတယ်... တကယ် Delete key အလုပ် လုပ်ချင်ရင် Fn+Delete key ၂-ခုကို တွဲနှိပ်ရပါတယ်... Home Key ကတော့ Fn+Left Arrow key တွဲနှိပ်ရပါတယ်... End key ကတော့ Fn+Right Arrow Key တွဲနှိပ်ရပါတယ်... Page Up Key ကတော့  Fn+Up Arrow key တွဲနှိပ်ရပါတယ်... Page Down Key ကတော့  Fn+Down Arrow key တွဲနှိပ်ရပါတယ်... တော်တော် ညံ့တဲ့ ကျတော်ပါ... ရှာလိုက်ရတာ ဖတ်ဖတ်မော... သြော်... ဒါနဲ့စကားမစပ်...  Google Calculator လေးကို ကြိုက်မိနေတယ်... ငွေလဲလှယ်နှုန်းတွေ၊ ရာသီဥတုတွေ တော်များများ ကြည့်လို့ရတယ်ဗျာ... ဥပမာ- 512 Kbps ဟာ KBps ဘယ်လောက်ရှိလဲဆိုတာ သိချင်ရင် Google.com ထဲအရင်ဝင် search box ထဲမှာ 512 kbps in KBp

စားကျက်သိမ်းချိန်

စားကျက်သိမ်းချိန် B&W version စားကျက်သိမ်းချိန် Colour version My Labels: Photos, Rural

အိမ်ပြန်ချိန်

My Labels: Black & White Photo

ဟိုတစ်တို့... ဒီတစ်တို့...

ဟိုတစ်တို့... ဒီတစ်တို့... Mac OS X နဲ့ Windows ဘက်မှာ အချိန်မတူတဲ့ ပြသနာကို windows ဘက်မှာ run ကနေ regedit ရိုက်ထည့်ပြီး HKLM\SYSTEM\CurrentControlSet\Control\TimeZoneInformation ကိုသွား... RealTimeIsUniversal ဆိုတဲ့ DWORD အသစ်တည်ဆောက်ပြီး value ကို 1 ပေး... restart ချလိုက်... ပြန်တက်လာတဲ့အချိန် windows ဘက်မှာ အချိန် မှန်သွားရော... ဟိုတစ်တို့... ဒီတစ်တို့... Microsoft Excel 2007 မှာ အသစ်ဖွင့်လိုက်တိုင်း font က Calibri လို့ပေါ်နေတယ် မဟုတ်လား... အဲဒါကို ကိုယ်ကြိုက်တဲ့ font ပြောင်းလို့ ရပါတယ်... Office button ကိုနှိပ် Excel Options ကို click နှိပ်ပါ...  When creating new workbooks အောက်မှာရှိတဲ့ Use this font မှာ ကိုယ်ပြောင်းချင်တဲ့ font ကို ပြောင်းပြီး OK နှိပ်ပါ...  For your changes to the standard font to take effect, you must quit and then restart Microsoft Office Excel လို့ပြလာရင် OK နှိပ်ပါ... ဒီ message မပြရင်တော့ font တကယ်ပြောင်းသွားမှာ မဟုတ်ဘဲ အရင် font ပဲဖြစ်နေမှာပါ... Excel ထဲက ထွက်ပြီး ပြန်ဝင်ရင် Calibri font နေရာမှာ ကိုယ်ပြောင်းခဲ့တဲ့ font ဟာ ပုံမှန်ပေါ်နေပါလိမ့်မယ်...   

Rows အလိုက်ထည့်ထားတဲ့ data တွေကို Columns အလိုက်ပြောင်းခြင်း

Microsoft Excel မှာ အပေါ်က ပုံထဲက အတိုင်း row အလိုက် ထည့်ထားတဲ့ Data တွေကို အောက်မှာပြထားတဲ့ ပုံအတိုင်း column အလိုက် ဖြစ်ချင်တယ်ဆိုရင် လုပ်တဲ့နည်းက လွယ်ပါတယ်။ 1. cell တွေကို select ပေးပါ။ 2. copy ကူးပါ။ 3. လိုချင်တဲ့နေရာမှာ selector ချပြီး right click နှိပ်ပါ။  5. ပေါ်လာတဲ့ pop menu ထဲမှ Paste Special ကို click လုပ်ပါ။ အောက်မှာပြထားတဲ့ ပုံအတိုင်း Paste Special diaglog box ပေါ်လာပါလိမ့်မည်။ 6. Transpose ၏ ဘယ်ဘက်တွင် ရှိသော check box ထဲတွင် အမှန်ခြစ် လေးပေါ်အောင် click လုပ်ပြီး OK ကို နှိပ်ပါ။ row အလိုက် ထည့်ထားသည့် data များ column အလိုက်ပြောင်းသွားသည်ကို တွေ့ ရပါလိမ့်မည်။ ဒီနည်းနဲ့ Columns အလိုက်ထည့်ထားတဲ့ data များကို Rows အလိုက် ပြောင်းနိုင်ကြောင်းပါ။  

နှုတ်ဆက်ခဲ့ပါတယ်... ကျတော် သွားတော့မယ် ဟိုး... အဝေးဆီ...

ဒီ 2010 ခုနှစ်ဟာ ကျတော့်ကို အလုပ်အရမ်းရှုပ်စေတယ်... stress အရမ်းများစေတယ်... အဆင်မပြေမှုတွေကို များစွာ ဖြစ်ပေါ်စေတယ်... အလုပ်မှာ အဆင်မပြေမှုတွေရော... လူမှုရေးမှာ အဆင်မပြေမှုတွေရော... အပေါင်းအသင်းတွေ ကြားမှာ အဆင်မပြေမှုတွေရော... အွန်လိုင်းပေါ်မှာ တွေ့ကြုံရတဲ့ အဆင်မပြေမှုတွေရောပေါ့... အဆိုးဆုံးတွေက မတ်လထဲမှာ ဖြစ်လာတယ်... လဆန်းမှာကို laptop ပျက်တယ်... အခုထိကို ပြင်လိုက် ပျက်လိုက်... မိဘ ဆွေမျိုး အကြီးအကဲတွေရဲ့ ငြိုငြင်မှုတွေလည်း ခံခဲ့ရတယ်... ဆက်မပြောပြချင်တော့ပါဘူးဗျာ... အဆင်မပြေမှုတွေ များစွာပေါ့... မီးကလည်းပျက်၊ အင်တာနက်ကလည်းပျက်၊ ရေကလည်းပျက်၊ ပျက်စီးမှု အမိုက်ပုံမှာ နေမိတဲ့ ကျတော်ကိုး... ကိုသခင်ကြီး ရဲ့ ဘဝကို အားကျတယ်... ညီလင်းဆက် ရဲ့ ဘဝကို အားကျတယ်... သူတို့ ၂-ယောက်လို လွတ်လပ်စွာ နေချင်တယ်... ငယ်ငယ်ရွယ်ရွယ်နဲ့ အရမ်းတော်တဲ့လူတွေကို အားကျတယ်ဗျာ... ဒီလောကမှာ မောင်လှ လို့အမည်ခံထားတဲ့ လူတစ်ယောက် ရှိခဲ့ဖူးတယ်... လူတွေ အကျိုးရှိမယ့် စာနည်းနည်း ရေးခဲ့ဖူးသလို... အရေမရ အဖတ်မရ စာတွေ အများကြီး ရေးခဲ့ဖူးတဲ့ မောင်လှ ဆိုတဲ့ လူတစ်ယောက် ရှိခဲ့ဖူးတယ် ဆိုတာ ခင်ဗျားတို့ တိုက်ဆိုင်မှု ရှိတိုင်း မှတ်မိနေရင် ကျတော် ကျေန

ဒါနဲ့စကားမစပ်...

ဒါနဲ့စကားမစပ်... ၂၀၁၀ ဆိုတဲ့ ခုနှစ်က ကျတော့်အတွက် တကယ်ကို အလုပ်ရှုပ်စေတဲ့ ကာလပဲ... ဘာတွေရှုပ်လို့ ရှုပ်နေမှန်းကို မသိအောင် အလုပ်တွေ လုပ်နေရတယ်... ဒီကြားထဲ မန္တလေးရာသီဥတုက ပူလိုက် အေးလိုက်... ညပူ မနက်အေး ဖြစ်နေတယ်... အခု နေ့လည်ဘက်လည်း မြူတွေဆိုင်းနေပြီး ခါတိုင်း မြင်နေကြ မန္တလေးတောင် ရန်ကင်းတောင်ကိုတောင် လှမ်းမမြင်ရတော့ဘူး... ဒါနဲ့စကားမစပ်... HP laptop ကို စိတ်နာနေတယ်... ရုံးကပေးထားတဲ့ HP pavilion dv2000  လေး ပြီးခဲ့တဲ့ ၁၀-ရက်ကျော်က screen မှာ ဘာမှ မပေါ်တော့ဘူး... အဲဒီအချိန်တုန်းက ရုံးက အင်တာနက်လစဉ်ကြေး မဆောင်လို့ အင်တာနက် ဖြတ်ခံထားရတဲ့အချိန်... ဟိုစမ်း ဒီစမ်း မရတာနဲ့ ဝယ်ခဲ့တဲ့ ရန်ကုန်ဆိုင်ကို ပြန်ပို့ထားတယ်... အင်တာနက် ရလို့ ရှာကြည့်တော့ dv2000/dv6000 series တွေမှာ အပူကြောင့် Nvidia GPU တွေ ခဲလွတ်ပြီး ဒီလို ပြသနာတွေ အဖြစ်များတယ်ဆိုပဲ... HP နဲ့ Nvidia ရဲ့ မကောင်းတဲ့ အကြောင်းတွေ ဖတ်ချင်ရင်တော့ http://www.hplies.com/ မှာ သွားဖတ်နိုင်ကြောင်းပါ... ဒါနဲ့စကားမစပ်... မန္တလေးမှာ BarCamp Mandalay ဆိုပြီး လုပ်ဖို့ရှိတယ်... အခုမှ စလုံးရေးစ ရေးဖို့  မြေဖြူလိုက်ရှာနေကြတုန်းပါ...

M$ Office 2007 မှာလေ...

M$ Office 2007 ကို မကြိုက်ပေမယ့် ပြောင်းသုံးဖြစ်နေတယ်... နောက်ထွက်လာမယ့် 2010 version ကို ကြည့်ရတာလဲ ribbon ပုံစံ bar အကြီးကြီးနဲ့ ဖြစ်နေလို့ မထူးပါဘူး ဆိုပြီး ပြောင်းသုံး ဖြစ်တယ်...  menu bar ကို အားမထားတော့ပဲ ribbon bar (tools bar) ကိုအားထားတဲ့ပုံစံ ပေါ်တယ်... 2003 version နဲ့ အထာကျနေတဲ့ ကျတော် အဲဒီ ribbon bar ကို စိတ်ပျက်မိတာတော့ အမှန်ပဲ...  ဒီနေ့တော့ Word ထဲမှာ  စာရိုက်ရင်း word ရဲ့ windows အရွယ်အစားကို  screen တစ်ခုလုံးရဲ့ သုံးပုံ တစ်ပုံလောက်ပဲ ထားချင်တယ်... ဒါပေမယ့် ribbon bar က ကြီးလွန်းပြီး စာရိုက်တဲ့နေရာက ခပ်သေးသေးပဲ ပေါ်တော့တယ်... ribbon bar ကို ဖျောက်ချင်လို့ google မှာ လိုက်ရှာနေတုန်း ribbon bar ပေါ် right click ခေါက်ရင်း  တွေ့လိုက်ရတဲ့ Minimize the ribbon က ကျတော်လိုချင်တဲ့ ဟာလေးဖြစ်နေတယ်... Minimize the ribbon ရှေ့မှာ အမှန်ခြစ်လေး ရှိနေရင် ပုံမှန် စာရိုက်တဲ့ အချိန်မှာ ribbon bar က menu bar လို ပုံစံပဲ ပေါ်မှာဖြစ်ပြီး သက်ဆိုင်ရာ menu ကို သွားပြီး ကလစ်ခေါက်မှသာ ပုံမှန် ဆိုဒ်အကြီး ribbon bar ပြန်ဖြစ်သွားပါတယ်... စာပြန်ရိုက်ရင်တော့ သူ့ဘာသာသူ ribbon bar ဆိုဒ် အသေး ဖြစ်သွားပါလိမ့်

Hearts Bokeh

Hearts Bokeh ဒါနဲ့စကားမစပ်ဗျို့... ကျတော့် ဒိုမိန်းကို www.MgHla.NET ကို ပြောင်းလိုက်ပါပြီ... blog ဆိုက blog.MgHla.NET ဖြစ်ပြီး ဓာတ်ပုံသီးသန့်ကို photo.MgHla.NET မှာ တင်ထားပါတယ်... My Labels: Photo, Heart, Bokeh

ဆောင်းမြူမှုန်တွေနဲ့ လှနေတဲ့ မန္တလေး နံနက်ခင်း အလှ

  My Labels: Photo, Sun Rise, Mandalay, Burma, Myanmar

နေအထွက်မှာ ငွေဖလားနဲ့ ရွှေအပြည့်ခပ်ပေးပါ...

My Labels: Photo, Sun Rise, Mandalay, Burma, Myanmar