Skip to main content

ဓာတ်ပုံ ၁-ပုံတည်းနဲ့ HDR လုပ်မယ်…

ကြိုတင် တောင်းပန်ထားပါရစေ ခင်ဗျာ... ကျတော် HDR (High Dynamic Range ) ဓာတ်ပုံ ပြုလုပ်နည်း အဆင့်ဆင့်ကိုပဲ ပြောပြမှာပါ... Theory ကိုပြောမှာ မဟုတ်ပါဘူး...

HDR ဓာတ်ပုံ ၁-ပုံ ဖန်တီးမယ်ဆိုရင် ဓာတ်ပုံ ၁-ပုံတည်းကိုပဲ မတူတဲ့ exposure ၃-မျိုးနဲ့ ရိုက်ပြီး ပြန်ပေါင်းပေးရပါတယ်… DSLR ကင်မရာကြီးတွေမှာ ဆိုရင်တော့ မတူတဲ့ exposure တွေကို ရိုက်ကူးပေးမယ့် bracketing function ပါပါတယ်… ကင်မရာမှာ ပါတဲ့ bracketing function နဲ့ ဓာတ်ပုံတွေ ရိုက်ပြီး ကွန်ပျူတာထဲ ရောက်မှ HDR ဓာတ်ပုံလုပ်ပေးနိုင်တဲ့ software တွေနဲ့ ပြန်လုပ်တာ ပိုမိုကောင်းမွန်တဲ့ပုံတွေကို ရရှိပါတယ်… 

အခုတော့ ကျတော် ဓာတ်ပုံ ၁-ပုံတည်းကို Lightroom 3.0 ရယ်... HDR လုပ်တဲ့ ဆော့ဝဲ ဖြစ်တဲ့ photomatix pro 4.0 software ၂-ခု အသုံးပြုပြီး HDR ဓာတ်ပုံလုပ်နည်း အဆင့်ဆင့်ကို ပြောမှာပါ…



Lightroom ထဲဝင်ပြီး ကျတော်တို့ HDR လုပ်ချင်တဲ့ပုံကို ဓာတ်ပုံတွေ ပြင်ဆင် တည်းဖြတ်တဲ့ Develop မှာ ရွေးထားပါ... အပေါ်ကပုံ အနီရောင် ဘောင်ခတ်ပြထားတဲ့ Exposure နေရာမှာ 0.00 နဲ့ပဲ File ထဲက Export နဲ့ ဖိုင်ကို export ပို့ပါ...



နောက်ထပ် တစ်ပုံအတွက် Exposure ရဲ့ 0.00 နေရာမှာ -2 ပြောင်းပြီး ထပ်ပြီး Export ပို့ပါတယ်... အပေါ်က export လုပ်ထားတဲ့ ဖိုင်နာမည် အတိုင်း ထပ်တူကျ တူနေတဲ့အတွက် နောက်ဖိုင် တစ်ခုအနေနဲ့ ဖြစ်အောင် အပေါ်ကပုံမှာ ပြထားတဲ့ ပုံအတိုင်း Use Unique Names ကို click နှိပ်ပါ...
ကျတော့်ပုံက အတော်လေး မှောင်နေတယ်လို့ ထင်တဲ့အတွက် Exposure 1.00 ပြောင်းပြီး export လုပ်ပါတဲ့ အပြင် Exposure 2.00 ပြောင်းပြီး export ထပ်လုပ်ပါတယ်...  ဒီ export လုပ်တဲ့ ၂-ခါ စလုံးမှာ ဖိုင် နောက်ထပ် နာမည်နဲ့ ထပ်ထွက်အောင် Use Unique Names ကို click နှိပ်ပါတယ်...


PhotoMatix Pro ကို ဖွင့်တဲ့အခါ အပေါ်က ပြထားတဲ့ ပုံအတိုင်း ပေါ်လာတဲ့ အခါ Load Bracketed Photos ကို click လုပ်ပါတယ်... Generate HDR - Selecting source images ခေါင်းစဉ်နဲ့ dialog box ပေါ်လာတဲ့အခါ browse button ကို နှိပ်ပါတယ်...



Lightroom ကနေ export လုပ်ထားတဲ့ ဓာတ်ပုံတွေကို select ပေးပြီး Load ကို နှိပ်ပါတယ်... 
ကျတော် Lightroom ကနေ export လုပ်တာ file name ကို မူရင်း အတိုင်းပဲ ပြန်ပေးခိုင်းထား ပါတယ်... ပထမဆုံး တစ်ပုံကတော့ မူရင်းအတိုင်း ပါပဲ... တူညီတဲ့ folder တစ်ခုတည်းမှာ နာမည်တူ file name ထပ်ရှိလို့ မရတဲ့ အတွက် နောက်ထပ် ဖိုင်တွေ export လုပ်တဲ့ အချိန်တုန်းက Use Unique Names ကိုရွေးခဲ့တဲ့ အတွက် မူရင်း ဖိုင်နာမည်ရဲ့နောက်မှာ -2 , -3, -4 တွေနဲ့ဆိုပြီး ဖိုင်တွေထပ် ထွက်လာတာပါ... အပေါ်က ပုံထဲမှာ ကြည့်မယ်ဆို HLA_5904.jpg က ပထမဆုံး export လုပ်တဲ့ဖိုင်ပါ... HLA_5904-2.jpg, HLA_5904-3.jpg, HLA_5904-4.jpg ကတော့ နောက်မှ တစ်ခုပြီး တစ်ခု export လုပ်ခဲ့တဲ့ ဖိုင်တွေပါ...

ကျတော်တို့ ရွေးလိုက်တဲ့ ပုံတွေကို အပေါ်မှာ ပြထားတဲ့ ပုံအတိုင်း ဖော်ပြပေးပါတယ်... ပုံလေး ပုံတဲ့မှာ အပေါ်ဆုံးက ပြထားတဲ့ပုံရဲ့ မူရင်း exposure က 2 ကို  3 လို့ပြေနေတဲ့ အတွက် 2 လို့ ပြင်ပြီး OK ကို နှိပ်ပါတယ်...

အပေါ်မှာ ပြထားတဲ့ ပုံအတိုင်း Preprocessing Options ဆိုတဲ့ dialog box ပေါ်လာပါလိမ့်မယ်... ကျတော်တို့က ကင်မရာမှာ ပါတဲ့ bracketing function နဲ့ ရိုက်ထားတဲ့ ပုံတွေ ဖြစ်မယ်ဆို  Align source images ကို ရွေးသသင့်ပါတယ်... ကျတော် အခု လုပ်တဲ့ ပုံက ၁-ပုံတည်းကို ပဲ ကွန်ပျူတာထဲမှာ Exposure ပြောင်းထားတာ ဖြစ်တဲ့ အတွက် Align source images ကို မရွေးတော့ပဲ Preprocess ကို နှိပ်လိုက်ပါတယ်...


Photomatix Pro 4.0 မှာ preset တွေပါလာပါတယ်... ကျတော့် အပေါ်က ပုံထဲမှာ ညာဘက်ကရှိတဲ့ ပုံလေးတွေနဲ့ နမူနာ ပြထားတဲ့ အပိုင်းပါ... Preset Thumbnails လို့ ခေါ်ပါတယ်... အဲဒီ Preset Thumbnails က ပုံမှန် အောက်ဘက်မှာ ရှိပါတယ်... ကျတော်က ညာဘက်ကို ပြောင်းထားတာပါ... အဲဒီထဲက ဒီပုံ အတွက် ကျတော့် စိတ်ကြိုက် ဖြစ်မိတဲ့ Enhancer - Default ရွေးလိုက်ပါတယ်... ပြီးတော့ ထပ်ပြီး ဘယ်ဘက် panel ထဲမှာလည်း စိတ်ကြိုက် ထပ်ပြီး ချိန်ညှိပါတယ်... စိတ်ကြိုက်ဖြစ်ပြီဆိုရင်တော့ ဘယ်ဘက် panel အောက်ဆုံးက Process button ကို နှိပ်ပါ...

ထွက်လာတဲ့ HDR ပုံကို သိမ်းဖို့ အတွက် File Menu ထဲက Save As... ကို ရွေးပြီး ကိုယ်လိုချင်တဲ့ ဖိုင် အမျိုးစားရွေးပြီး သိမ်းနိုင်ပါတယ်...


 

အပေါ်မှာ ပြထားတဲ့ ပုံ ၂-ပုံထဲမှာ အပေါ်ပုံက မူရင်းပုံပါ... အောက်ပုံကတော့ HDR လုပ်ထားတဲ့ပုံပါ... ဘုန်းကြီးကြောင်းတဲ့ တံခါးမကြီးကို ကြည့်လိုက်ပါ... အပေါ်ပုံမှ အဖြူရောင်ပဲ မြင်ရမှာ ဖြစ်ပြီး HDR လုပ်ထားတဲ့ ပုံမှာ အတွင်းက အခန်းအရောင် အပြာနုရောင်ကိုပါ လှမ်းမြင်နေရပါတယ်...

အခုကျတော် Mac OS X Snow Leopard ပေါ်မှာ သုံးတဲ့ Lightroom 3.0, Photomatix 4.0 အသုံးပြုပြီး နမူနာ လုပ်ပြခဲ့တာပါ... Windows ပေါ်သုံးတဲ့ Lightroom 3.0, Photomatix 4.0 အသုံးပြုပြီး လုပ်မယ်ဆိုရင် User Interface အနည်းငယ်ကွာတာက လွဲပြီး လုပ်ပုံလုပ်နည်း အဆင့်ဆင့် အတူတူပါပဲ ခင်ဗျား...

My Labels: Photo, Photography, High Dynamic Range (HDR)

Comments

Pho La Nat Thar said…
ကျေးဇူးကိုမောင်လှ။ကျွန်တော်တော့lightroomမရှိတော့ CS4နဲ့ လုပ်ကြည့်လိုက်တယ်။နောက်လဲဒါမျိုးလေးတွေဖြန့် ဝေပေးပါအုံး။
MgHla said…
အခုလို အားပေးတာ ကျေးဇူးပါ...
kokoseinygn said…
မင်္ဂလာပါကိုမောင်လှ
ကိုမောင်လှ ဆီကပညာတွေ
ကတကယ်ကောင်းပါတယ်.....
ကျနော်အမြဲအားပေးနေပါတယ်ဗျာ။
Myo Win Zaw said…
ကျေးဇူးတင်ပါတယ် ဒီလိုမျိုး မျှဝေပေးတာ လေးစားလျက်ပါ
ShweNaw said…
မေးပါရစေ။

HDR လုပ်တော့ Noise တွေ ပေါ်မလာဘူးလား ဦးလှ။
MgHla said…
@ShweNaw ခင်ဗျား... Noise တွေ ပိုထွက်လာတယ်လို့ မခံစားရကြောင်းပါ...

Popular posts from this blog

မနေ့က...

ရုံးကနေ ည ၇-နာရီလောက်မှပြန်ဖြစ်တယ်... FMI ထဲဝင်ပြီး ထမင်းဝင်စားပြီးမှ တည်းတဲ့ ဟိုတယ်ကို ၈-နာရီကျော်မှ ပြန်ရောက်တယ်... အမျိုးသမီးက ဖုန်းဆက်လာတယ်... သမီးက သူပြောချင်လို့ဆိုပြီး ဖုန်းဝင်ပြောတယ်... မူကြိုတက်နေတာ ၂-ပတ်နီးနီးပဲရှိသေးတာ တော်တော်လေး စကားတွေ ပြောတတ်လာပြီ... ဖုန်းဆက်တိုင်း သမီးမှာတတ်တာက J Donuts ဝယ်ခဲ့ပေးဖို့ပဲ... သမီးက J Donuts ကြိုက်တယ်လေ... မန္တလေးမှာ J Donuts မရှိဘူး... ရှိတဲ့ M Donuts ကိုကျတော့ သမီးက မကြိုက်ဘူးလေ... ရုံးက ဝယ်ထားပေးတဲ့ laptop မှာ လိုတဲ့ drivers တွေတင်ရင်း ၁၁း၃၀-နာရီလောက်မှ အိပ်ဖြစ်တယ်... သြော် ... ဘာလိုလိုနဲ့ ... ဒီနေ့ဆို ရန်ကုန် ရုံးကို ရောက်နေတာ ၂၇-ရက်တောင် ရှိနေပြီ... ဒါနဲ့ စကားမစပ် web cam ပါတဲ့ laptop တွေမှာ login လုပ်တဲ့နေရာမှာ Face Recognition နဲ့ လုပ်ချင်တယ်ဆိုရင် Lenovo က သူ့ laptop တွေအတွက် ရေးထားတဲ့ Lenovo VeriFace recognition လေးကို ရှာပြီး သုံးကြည့်ပါ... acer, dell, hp laptop တွေမှာ သုံးကြည့်တာ အဆင်ပြေကြောင်းပါ...


Helpdesk Ticketing System (Open Source) တွေ စမ်းနေတဲ့အထဲက ရိုးရိုးရှင်းရှင်းနဲ့ အကြိုက်ဆုံးကတော့ Trudesk https://trudesk.io/ ပဲ... User တွေ သုံးရတာ ရိုးရှင်းလွယ်ကူပြီးတဲ့အပြင် Administrator တွေအတွက်လည်း ရိုးရိုးရှင်းရှင်းလေးပဲ... Installation အဆင့်မှာတော့ အခန့်မသင့်ရင်တိုင်ပတ်တယ်... Trudesk ရဲ့ community edition (အခမဲ့) မှာ LDAP နဲ့ ချိတ်ဆက်တာ မပါလို့ နောက်တစ်ထပ်စမ်းရင် ကြိုက်နေမိတာက Zammad Community edition https://zammad.org/ ပဲ... Zammad က trudesk ထက် function တွေပုံများတယ်... စုံတယ်... User အတွက်တော့ လွယ်ကူပေမယ့် သုံးနေကြမဟုတ်တော့ Administrator ဘက်အခြမ်းကို configure သေချာမလုပ်တတ်သေးဘူး ဖြစ်နေတယ်... Zammad မှာ ကိုယ့်လုပ်ငန်း website မှာ feedback form နဲ့ chat function တွေ ထည့်လို့ရတဲ့ function တွေပါတယ်... VoIP service တွေနဲ့ပါ ချိတ်လို့ရတဲ့ function တွေအပြင် အခြား function တွေပါ အများကြီးပါသေးတယ်... ဒီ ၂ခုလုံးက ခေါင်းခြောက်ခံနိုင်ရင် community edition (အခမဲ့)သုံးလို့ရတဲ့အပြင် ခေါင်းခြောက် မခံချင်ရင်လည်း ဝယ်သုံးလို့ရတယ်...

RustDesk remote desktop software

RustDesk ဆိုတာက AnyDesk, Team Viewer တို့လို remote desktop software ပဲ... RustDesk က အခမဲ့ အသုံးပြုလို့ရပါတယ်... RustDesk မှာ ဘာထူးခြားချက်ရှိလဲ ဆိုတော့ ကိုယ်ပိုင် server ထိုင်ပြီးသုံးလို့ရတယ်... RustDesk ကိုယ်ပိုင်ဆာဗာ ထိုင်ပြီးသုံးရင် အင်တာနက်မရှိလည်း ဆာဗာနဲ့ clients တွေကြားမှာ connection ရှိတာနဲ့ လုံခြုံစိတ်ချစွာ ချိတ်ဆက်သုံးလို့ရတယ်... ဆာဗာနဲ့ clients တွေကြားမှာ connection ရှိရင်ဆိုတာက ရုံးလုပ်ငန်းတွေမှာ ရုံးချုပ်နဲ့ ရုံးခွဲတွေ အကြား VPN (Virtual Private Network) ချိတ်ထားတာကို ပြောတာပါ... ရုံးချုပ်နဲ့ ရုံးခွဲတွေကြား VPN ချိတ်ထားတဲ့ လုပ်ငန်းတချို့မှာ ကွန်ပျူတာ အကုန်လုံးကို အင်တာနက်ပေးမသုံးတာမျိုးတွေလုပ်ထားတတ်ပါတယ်... အဲဒီလို အခြေအနေမျိုးမှာ AnyDesk, Team Viewer တို့လို software တွေနဲ့ remote support ပေးမယ်ဆိုရင် remote support လက်ခံမယ့် client ကွန်ပျူတာရော remote support ပေးမယ့် technician ကွန်ပျူတာ ၂-လုံးစလုံး အင်တာနက် ရှိစရာလိုပါတယ်... RustDesk ကိုယ်ပိုင် server ထိုင်သုံးရင်တော့ remote support ပေးမယ့်သူရဲ့ ကွန်ပျူတာရော လက်ခံမယ့်ကွန်ပျူတာ တွေဟာ RustDesk ကိုယ်ပိုင်ဆာဗာနဲ့ connecti...