Skip to main content

Posts

Showing posts from 2008

Welcome 31 & Bye Bye 30

My Labels: 31-Dec-1977, Birthday

ဘာရယ်တော့မဟုတ်ပါဘူး...

ဘာရယ်တော့မဟုတ်ပါဘူး... ညီမင်းစံ (ခ) သခင်စိုးကြီး (Not သခင်ကြီး) (ခ) BaganNAT ဓာတ်ပုံကို အဖြူအမည်းနဲ့ တင်မယ် လုပ်ပြီးမှ .. မကောင်းပါဘူးလေ ဟိုပြင် ဒီပြင် လုပ်ဦးမှ ဆိုပြီး လုပ်လိုက်တာ ဒီလိုဖြစ်သွားရော...

ဒါနဲ့ .. စကားမစပ်...

ဒါနဲ့ .. စကားမစပ်... တနင်္ဂနွေနေ့ မနက် ၅း၅၀-နာရီ လောက်က မန်းလေးရဲ့ မြောက်ဘက် ၅၅-မိုင်အကွာကို ဗဟိုပြုပြီးတော့ြေါညငအကိန ၄.၇ ရှိတဲ့ ငလျင် လှုပ်သွားကြောင်းပါ... ငလျင်မလှုပ်ခင် တစ်ပတ် မတိုင်ခင်မှာ ရာသီဥတုမှာ အရမ်းအေးပြီး ငလျင်လှုပ်ပြီးတဲ့ အချိန်မှာတော့ အအေးပြန်လျော့သွားပါတယ်... ငလျင်နဲ့ ရာသီဥတု အပူချိန် ပတ်သတ်မှု ရှိလား မရှိလားတော့ မသိကြောင်းပါ... Google နဲ့ ရှာကြည့်တော့ ပုံအောက် လင်ခ်ထဲမှာ ငလျင်နဲ့ ပတ်သက်တဲ့ အကြောင်းတွေ တွေ့တယ်... http://earthquake.usgs.gov/eqcenter/rec ... hp#details ဒါနဲ့ .. စကားမစပ်... ဒီမှာ မခင်ဦးမေ က “ခါးမှာ ချိတ်ထားတာ ဗျောက်ကြီးထင်လို့။ :P” လို့ပြောတားတာကို ဖြေရှင်းပါရစေ... အဲဒါ ဗျောက် မဟုတ်ကြောင်းပါ... “ဟလို .. ဟလို ... ကြားလား ကြားလား..” ခဏ ခဏ အော်ရတဲ့ ပါလေရာ ဖုန်းလေးပါ.. ဒါနဲ့ .. စကားမစပ်... ကျတော့် blog မှာ Followers လုပ်ထားသူများကို ကျေးဇူး အထူးတင်ကြောင်းပါ... ကျတော်မှာတော့ Greader နဲ့ ဖတ်နေရတဲ့ အတွက် follow မလုပ်နိုင် comment မရေးနိုင် မပြန်နိုင်တာကို ခွင့်လွှတ်စေချင်ပါသည်... ဒါနဲ့ .. စကားမစပ်... စိုးမင့်ခန့် မေးထားတဲ့ © အမှတ်အသား ကို ဘယ်လို လုပ်ထားလဲဆိုတော့... Pho

အေးလိုက်တာနော်... (Mandalay)

ဒီနေ့မနက် အိပ်ယာထတော့ ရေတွေ ခဲနေတယ်... ရေခဲသေတ္တာထဲမှာလေ... မနေ့ည ၁၁-နာရီက စပြီး မီးလာနေတယ်ဆိုတော့ ခဲမှာပေါ့... :D (စတာပါဗျာ...) မန္တလေးမှာ ရာသီဥတုကြောင့် ရေမှ မခဲဖူးတာ ယုံချင်စရာ မကောင်းပါဘူး... ၆း၃၀-နာရီလောက် နိုးတော့ အပြင်မှာ မှောင်နေသေးတာနဲ့ ပြန်မှိန်းနေလိုက်တယ်... ၇း၁၀-နာရီမှာ မဖြစ်ဘူး ရုံးသွားရဦးမယ် ဆိုပြီး ကုန်းရုန်းထ... ရေနွေးစပ်ထားတဲ့ ရေချိုး၊ သမီးနဲ့ ခဏနေတယ်... ပြီးတော့ ရုံးကို လာတော့ လမ်းမှာ မိုးဖွားလေးတွေ ကျသလို နှင်းမှုန်လေးတွေ မျက်နှာကို လာစင်တယ်... အခုအချိန်အထိတော့ နေမထွက်သေးဘူး... နေ့လယ်ဘက်တောင် အနွေးထည် အပါး မဝတ်ထားရင်လည်း အေးသလိုလို ရှိတာနဲ့ နေ့လယ်ဘက်ပါ အနွေးထည် ပါးပါးလေး ဝတ်ထားရတယ်... လမ်း-၈၀ အရင်တရုတ်တန်းဈေး ဘက်မှာ တရုတ်အနွေးထည် ရောင်းတဲ့ ဆိုင်တွေမှာ အလကားပေးနေတဲ့ အတိုင်းပဲ ဈေးဝယ်တွေနဲ့ စည်လိုက်တာ... စည်ဆို ဈေးလည်းတော်တာကိုး ဗျ... မန္တလေးမှာ အေးတယ်ဗျ... ချမ်းနေတယ်ဗျနော်... မန္တလေးလာရင် အနွေးထည် ထူထူ ယူခဲ့ကြဦး... ကားနဲ့ပဲ သွားတယ် လည်မယ်ဆိုရင် ပြသနာမရှိပေမယ့်... ဆိုင်ကယ်နဲ့ သွားမယ်ဆိုရင်တော့ မန္တလေးရဲ့ အအေးဒဏ်ကို ခံရလိမ့်မယ်ဗျ... My Labels: diary, Mandalay News, Myanm

မေမြို့ကနေ ပြန်ခဲ့တယ် Maymyo

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာ မေမြို့တက်ပြီး အဲဒီနေ့မှာ ရတနာပုံ Teleport မှာ ကျင်းပတဲ့ ပွဲကို သွားခဲ့တယ်... ဘာမေးမေး မသိတာများနေတဲ့ ကွန်ပျူတာ ပစ္စည်းရောင်းတဲ့ ဆိုင်တွေပဲ တွေ့နေလို့ မျက်စိရှေ့ မြင်တာကြည့်၊ ကပ်ထားတဲ့ စာရွက်မှာ ရေးထားတာတွေ ဖတ်ပြီး ပြန်ခဲ့ရတယ်... ဘာတွေပေါလည်း ဆိုတော့ တစ်ခါသုံး GSM ဖုန်းကဒ်ဝယ်ပြီး ၃၈၀၀၀-ကျပ်တန် ZTE handset ဝယ်တဲ့သူတွေ ပေါတယ်ဗျာ... တနင်္လာနေ့မှာတော့ မေမြို့ အမျိုးသား ကန်တော်ကြီးဥယျာဉ်ကို ရောက်ခဲ့တယ်... ပန်းတွေကိုပဲ ဓာတ်ပုံရိုက်ခဲ့တယ်... သစ်ခွခြံထဲမှာ ဓာတ်ပုံရိုက်တာ လက်တွေလည်း အံသေ၊ မန်မိုရီကဒ်လည်း ကုန်ပေါ့ဗျာ... အောက်ကပုံတွေကို Nikon D40 နဲ့အတူပါလာတဲ့ 18-55mm lens နဲ့ရိုက်ထားတာပါ... My Labels: Maymyo (Currently known as Pyin Oo Lwin), Photos, Flower, Macro, Myanmar Burma Orchid

Bagan Photos #8

My Labels: Bagan Photos, Pagan, Ancient City, Myanmar, Burma, Pagoda

Bagan Photos #7

ကျောင်းဆင်းပေမယ့် မဆော့နိုင်သေးဘူး... ကျောင်းဝတ်စုံတောင် မလဲဘဲ ဈေးသွားရောင်းရဦးမယ်... ညဘက်ကြီး ဒီ post တက်လာလို့ အံ့သြမနေပါနဲ့ ကိုရန်အောင် ဒီမှာ ပြောထားတဲ့ နည်းနဲ့ တင်တာပါ... ကျေးဇူးပါ ကိုရန်အောင်... My Labels: Bagan Photos, Pagan, Ancient City, Myanmar, Burma, Pagoda

Mac OS X Leopard on PC

ပြီးခဲ့တဲ့ အပတ်တုန်းက Acitve MultiMedia ရောက်တော့ PC computer တွေမှာ သုံးလို့ရတဲ့ Mac OS X leopard install တွေ့တာနဲ့ ဝယ်ခဲ့တယ်... HP laptop ပေါ်စမ်းတင်ကြည့်တာ မိနစ် ၂၀ အတွင်းမှာ Mac OS တက်လာတယ်... မူလ သုံးနေတဲ့ Windows XP လည်း ဆက်သုံးလို့ရတယ်... ဒါပေမယ့် Mac OS အတွက် partition တစ်ပိုင်း သီးသန့်ပေးစရာလိုတယ်... အဲဒီ partition ကို Windows က မသိပေမယ့်... Windows format partition တွေကို Mac OS သိတယ်... ဖိုင်တွေယူသုံးလို့ရတယ်... ဒါပေမယ့် read only ပဲရတယ်... read/write လုပ်တဲ့ third party software လေးတော့ တွေ့ထားတယ် download မလုပ်ရသေးဘူး... ကိုသခင်ကြီး ကျေးဇူးနဲ့ Mac မှာသုံးတဲ့ Lightroom 2, iWork, iMovie, Aperture, Photomatrix Pro စတဲ့ software တွေ တင်ပြီး သုံးနေတယ်... Mac OS ဘက်ဝင်ရင် 20 seconds လောက်ပဲကြာပြီး Shutdown လုပ်ရင် 6 seconds လောက်ပဲကြာတယ်... iWork '08 ကပါတဲ့ PowerPoint လို Keynote ကို တော်တော်လေး ကြိုက်တယ် PowerPoint ကို အမှိုက်တောင်းထဲသာ ထည့်လိုက်ပေတော့... Keynote မှာ powerpoint ဖိုင်ကို ဖွင့်လို့ရတယ်... iMovie, iPhoto တွေလည်း ရေလည် လန်းတယ်... အသစ်အဆန

Bagan Photos #6

ဒီအပေါ်က ပုံကိုရဖို့ အောက်က ပုံထဲမှာ မြင်တဲ့ အတိုင်းရိုက်ခဲ့ရတယ်... အောက်ကပုံကတော့ ညီမင်းစံ (ခ) သခင်စိုးကြီး ရိုက်ထားတာပါ... နွားအုပ်နဲ့ ၅-ပေ ၆-ပေ လောက်ပဲ ကွာတဲ့အချိန် ကျတော်တစ်ယောက်တည်း နွားအုပ်ရှေ့မှာ ရိုက်လို့ ကောင်းနေတုန်း နောက်လှည့်ကြည့်တော့ ကိုသခင်ကြီးရယ်၊ ညီမင်းစံတို့ မြင်းလှည်းနောက် အကွယ်ရောက်နေကြပြီ... My Labels: Bagan Photos, Pagan, Ancient City, Myanmar, Burma, Pagoda

Bagan Photos #5

My Labels: Bagan Photos, Pagan, Ancient City, Myanmar, Burma, Pagoda

Bagan Photos #4

My Labels: Bagan Photos, Pagan, Ancient City, Myanmar, Burma, Pagoda

Bagan Photos #3

My Labels: Bagan Photos, Pagan, Ancient City, Myanmar, Burma, Pagoda

Bagan Photos #2

အာနန္ဒာ ဘုရား တို့ရုပ်ကလေး ဆိုးတယ်နော်... My Labels: Bagan Photos, Pagan, Ancient City, Myanmar, Burma, Pagoda, Star trails

Pyatadar Pagoda with Star Trails (Bagan Ancient City)

ညဘက် မှောင်နေတဲ့ အချိန် ပြဿဒါး ဘုရားထဲကနေ ရိုက်ထားတာပါ... အဖြူရောင်၊ အပြာရောင် မျဉ်းကြောင်းများကတော့ ကြယ်လေးတွေပါ... စက္ကန့် ၃၀ စာစီ ရိုက်ထားတဲ့ ဓာတ်ပုံ ၆၀ လောက်ကို software နဲ့ ပြန်ပေါင်းထားတာပါ... အစက်ပြောက် ၁-ခုအနေနဲ့ မြင်နေရတဲ့ ကြယ် ၁-လုံးဟာ ကမ္ဘာလည်နေတာကြောင့် မျဉ်းကြောင်းလေးတွေ ဖြစ်သွားတာပါ... ဒီရိုက်နည်းကို ပြောပြပေးတဲ့ NativeMyanmar မှ ကိုboothee နဲ့ ကိုSuperNova ကို ကျေးဇူး အရမ်းတင်ကြောင်းပါ... ကိုSuperNova ရှင်းပြထားတဲ့ Star Trails ရိုက်နည်းကို ဒီနေရာ မှာ သွားရောက် ဖတ်ရှုနိုင်ကြောင်းပါ... (NativeMyanmar member ဖြစ်ရန်တော့ လိုအပ်ကြောင်းပါ) My Labels: Bagan Photos, Pagan, Ancient City, Myanmar, Burma, Pagoda, Star trails

Bagan Photos #1

ရွှေစည်းခုံ စားသောက်ဆိုင်က မီးအိမ် My Labels: Bagan Photos, Pagan, Ancient City, Myanmar, Burma, Pagoda

Bokeh Photos (Bagan Ancient City)

ပုဂံမှာ ရိုက်ခဲ့တဲ့ bokeh ဓာတ်ပုံ... My Labels: Photo, Bokeh Photos, Bagan Ancient City, Myanmar, Burma

ဒါနဲ့စကားမစပ်...

ဒါနဲ့စကားမစပ်... မနက်ဖြန်ကျရင် သခင်ကြီး (ခ) ကိုဂျေ (ခ) ကိုသူရ ၊ ညီမင်းစံ (ခ) သခင်စိုးကြီး (ခ) BaganNAT တို့နဲ့ အတူ ပုဂံသွားမယ်... မာရ်နတ် ဖျက်မှ ပျက်လိမ့်မယ်... ၃-ရက် ၄-ရက်လောက် နေမယ်... ဓာတ်ပုံရိုက်ရင်းနဲ့ စိတ်အပန်းဖြေဖို့ သွားကြမှာ... လိုက်ကြမလား... ဒါနဲ့စကားမစပ်... ကျတော့်ကို comment ဝင်ရေးပေးကြသူများကို ကျေးဇူး အထူးတင်ပါတယ်... comment ထဲမှာ ပြန်စာ ဝင်မရေးနိုင်လို့ ခွင့်လွှတ်ပါ... အနာဂတ် ဒီမိုကရက်တစ် ပြည်ထောင်စု မြန်မာနိုင်ငံတော် ဖြစ်လာတဲ့အခါကျရင် ဝင်ရေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်... cbox ထဲဝင်အော်ကြသူများလည်း ကျေးဇူးပါ... Google Account sign up လုပ်လို့မရသူများကိုလည်း ကျတော် မတတ်နိုင်ကြောင်း ပြောပါရစေ... ခွင့်လွှတ်ကြပါ... ဒါနဲ့စကားမစပ်... ကျတော်တို့ကို ဘာကင်မရာ ဝယ်ရင်ကောင်းမလဲ လာလာ အကြံဥာဏ်တောင်းခံကြသူများခင်ဗျား... မိမိ စိတ်ကြိုက်ဖြစ်တဲ့ brand ကိုသာ ရွေးချယ်ကြပါ... DSLR ဝယ်မယ်ဆိုရင်တော့ နောက်ထပ် ထပ်ဝယ်ရမယ့် lens ဈေးနှုန်းတွေကို အရင် စုံစမ်းပြီးမှ ဝယ်ပါ... NativeMyanmar Forum ရဲ့ Photography & Cinematography မှာလည်း ဝင်ရောက် ဆွေးနွေး မေးမြန်းနိုင်ကြကြောင်းပါ... ဒါနဲ့စကား

It's Me.

My Labels: MgHla, Photo, seft portrait

Children from Ava City (Innwa City)

My labels: မြန်မာ, မန္တလေး, ဗမာ , အင်းဝ, အဝ, အင်းဝ, အ၀, Ava, Innwa, Ancient City, Mandalay, Myanmar, Burma, Burmese, Photo

Graduated Filter (Lightroom 2.0)

Graduated Filter နဲ့ Exposure, Saturation, Brightness, Clarity, Contrast, Sharpness တို့ကို အနုအရင့် အလင်းအမှောင် gradient ပြေးသလို၊ ရေစိုပြေးသလို လုပ်လို့ရပါတယ်… Effect ရဲ့ တတန်းတည်း ညာဘက်ဆုံးမှာ ထောင့်မှန်စတုဂံ အကွက်လေး တစ်ခုရှိပါတယ်… အဲဒီအကွက်ထဲမှာ အဖြူတုံးလေးက ဘယ်ဘက်မှာ ရှိနေရင် ရွေးထားတဲ့ effect တစ်ခုအတွက်ပဲ အလုပ်လုပ်မှာဖြစ်ပြီး အဖြူတုံးက ညာဘက်မှာရှိ နေရင်တော့ ရှိသမျှ effect တွေ အကုန်လုံး အလုပ်လုပ်ပါတယ်… ချိန်ညှိလို့ ရပါတယ်… အောက်မှာ ပြထားတာ မူရင်းပုံပါ…. Effect မှာ Exposure ကိုရွေးပြီး ပမာဏကို -4 ထားပါတယ်… ပြီးတော့ ဓာတ်ပုံရဲ့အောက်ခြေကနေ မြားအနီ အဆုံးအထိ drag လုပ်ပြီး ဆွဲယူလိုက်တော့ အောက်က ပုံအတိုင်း ရပါတယ်… My Labels: howto, how-to, how to, Adobe PhotoShop Lightroom, Photos Editing Software, tutorial

Red Eye Correction Tool (Lightroom 2.0)

ဒီ tool ကိုရွေးပြီးရင် red eye ဖြစ်နေတဲ့ မျက်လုံးအလယ်တည့်မှာ mouse pointer ထားပြီး drag လုပ်ပြီး လိုချင်တဲ့ အကျယ်ဆွဲယူလိုက်ပါ… မျက်လုံးထဲမှာ ရှိနေတဲ့ အနီရောင်တွေ လျော့ကျအောင် ပျောက်သွားအောင် ပြင်သွားပေးပါလိမ့်မယ်… My Labels: howto, how-to, how to, Adobe PhotoShop Lightroom, Photos Editing Software, tutorial

Spot Removal Tool (Lightroom 2.0)

Spot Removal tool က သူ့နာမည် အတိုင်းပါပဲ ကျတော် တို့ မလိုချင်တဲ့ အစက်အပြောက်လေးတွေ ဖယ်ရှားချင်တဲ့ အခါ သုံးနိုင်ပါတယ်… DSLR camera တွေရဲ့ sensor တွေမှာ ဖုန်တွေ ကပ်ညှိတတ်ပါတယ်… အဲဒီလို ဖုန်တွေကပ် ညှိရင်ပဲဖြစ်ဖြစ်၊ မလိုချင်တဲ့ အစက်အပြောက်လေးတွေ ပါလာရင်ပဲ ဖြစ်ဖြစ် spot removal tool ကို သုံးနိုင်ပါတယ်… Spot Removal Tool ကိုရွေးလိုက်ရင် အောက်မှာ ထပ်ရွေးလို့ရတဲ့ option တွေ ထပ်ပေါ်လာပါလိမ့်မယ်… Brush အမျိုးအစားမှာ Clone လုပ်မှာလား Heal လုပ်မှာလား ဆိုပြီး ရေးနိုင်ပါတယ်… Brush Size နဲ့ Opacity ကိုလည်း ရွေးချယ်နိုင်ပါတယ်… ကျတော်ကတော့ အခု လုပ်ပြတဲ့ နေရာမှာ Heal Brush ရွေးပြီး Size ကို 76 ထားပြီး Opacity ကိုလည်း 100 ပဲထားပါတယ်… အဆင့် 1 - အစက်အပြောက် ရှိတဲ့ပေါ် Mouse pointer သွားပါတယ်… အဆင့် 2 – click ကိုဖိပြီး ပုံစံတူ ရှိတဲ့ နေရာ အထိ ဆွဲသွားပြီး click ကို ပြန်လွှတ်လိုက်ပါ… အစက်အပြောက်လေး ပြောက်သွားတာကို တွေ့ရပါလိမ့်မယ်… အစက်အပြောက်လေးတွေအများကြီးကို spot removal tool သုံးပြီး ဖာထားတယ်… အဲဒီထဲက အစက်အပြောက် ၁-ခုကို ပြန်လိုချင်ရင် spot removal tool ကိုရွေးပါ အစက်အပြောက် ရှိတဲ့ စက်ဝိုင်းကို click ၁-ချက်ခေ

Sony Ericsson မှာ...

Sony Ericsson မှာ Service mode ထဲကို ဒီလိုနည်းနဲ့ ဝင်လို့ရပါတယ်... * < * > *<<*<* < ဆိုတာ ဘယ်ဘက်သွားတဲ့ မြှားကို နှိပ်ရမှာပါ... > ဆိုတာက ညာဘက်သွားတဲ့ မြှားကို နှိပ်ရမှာပါ... အသံထွက် ဖတ်တဲ့ပုံစံ ပြောရမယ် ဆိုရင် “ စတား (*) ဘယ် စတား ညာ စတား ဘယ် ဘယ် စတား ဘယ် စတား ” ပါ... အဲဒီ လိုနှိပ်လိုက်ရင် service mode ထဲကို ရောက်သွားပါတယ်...ှService info Service Settings Service tests Text Labels ဆိုပြီး မြင်ရရင် service mode ထဲကို ရောက်နေပါပြီ... Service tests က ဖုန်းမှာ ပါဝင်တဲ့ function တွေ အလုပ် လုပ်မလုပ် စစ်ဆေးနိုင်ပြီး ဒီ handset ရဲ့ စုစုပေါင်း အသုံးပြု ခေါ်ဆို လက်ခံထားတဲ့ အချိန် (Total call time) ကို ပြန်ကြည့်နိုင်ပါတယ်... PIN နံပါတ်မေးလာတဲ့ လုပ်ဆောင်ချက်တွေကိုတော့ မသိဘဲနဲ့ မစမ်းစေချင်ပါဘူး... PIN နံပါတ်တွေ မှားထည့်မိရင် SIM card သုံးမရတော့ဘဲ အသစ်ပြန်လျှောက်ရပါလိမ့်မယ်... ကျတော်တို့ မြန်မာပြည်မှာ SIM card ပျက်လို့ အသစ် ပြန်လျှောက်ရင် စာရွက်စာတမ်းတွေ ဘာညာတွေ လုပ်ရပြီး မြန်မာကျပ်ငွေ ၁-သိန်းခွဲကနေ ၂-သိန်းလောက်အထိ ကုန်ပါတယ်... Sony Ericsson service mode ထဲကို ဝင်နည်းပြောပြပေး

Bokeh Photos

ဒီတစ်ခေါက် ရန်ကုန်မလာခင် အသစ်ဝယ်ထားတဲ့ ဟန်းဆက်လေးပေါ့ဗျာ... ညီမင်းစံ ဆိုတဲ့ ငနဲ လုပ်တာနဲ့ Sony Ericsson W660i ကို ခြစ်ချုပ်ပြီး ၀ယ်လိုက်တယ်... အသစ်မို့လို့လားတော့ မသိဘူး... လိုင်းဆွဲအား ပိုကောင်းတယ်... ယောက္ခမအိမ်မှာရှိတဲ့ မိုတိုရိုလာ၊ နိုကီယာတွေထက် လိုင်းပိုမိတယ်... အရင် Sony Ericsson K510i ထက်လည်း လိုင်းဆွဲအား ပိုမိတယ်... ဘက်ထရီလည်း ပိုခံတယ်... သီချင်း နားထောင်လို့လည်း ကောင်းတယ်... FM လည်း ဖမ်းလို့ရတယ်... ကင်မရာက 2.0 Megapixels ... မန္တလေး Anycall က ၀ယ်ထားတာလေ... NativeMyanmar ဖိုရမ်ထဲက ကိုကိုစာ၊ ကိုသခင်ကြီးတို့ရဲ့ သူငယ်ချင်းဆိုင်ပေါ့... အိတ်၊ လက်ကိုင်ကြိုးတွေရော လက်ဆောင်ပေးတယ်... အခု အဲဒီ ဟန်းဆက်ကို မနေ့ညက ဓာတ်ပုံ ရိုက်ထားပါ... နောက်က ဖိုးကပ် မပြတ်တဲ့နေရာတွေမှာ အလင်းပြန်တာလေးတွေက ကြယ်လိုလို၊ ငှက်လိုလို လေးတွေ ဖြစ်နေတာ တွေ့ရပါလိမ့်မယ်... My Labels: Photography, bokeh, DOF

ဓာတ်ပုံ စောင်းနေလား မပူပါနဲ့ (Lightroom 2.0) ...

အခု Straighten tool အကြောင်းပြောတဲ့နေရာမှာ Steven (Photo: http://stevenalexand.blogspot.com ) ရဲ့ ဓာတ်ပုံ အတည့်ကို မစောင်း စောင်းအောင် လုပ်ပြီး Steven မသိအောင် ယူသုံးထားကြောင်းပါ… Crop Overlay (Crop & Straighten) Tool ကိုရွေးလိုက်ရင် Angle လို့ပေါ်နေတဲ့ Straighten tool ကိုရွေး… ကျတော် နမူနာပြထားတဲ့ ပုံထဲက ပြထားတဲ့အတိုင်းပါပဲ ကျတော်က အဆောက်အဦကြီး စောင်းနေလို့ အဆောက်အဦနဲ့ ပြန်ချိန်မှာဆိုတော့ ချိန်ရတာလွယ်တဲ့ အဆောက်အဦ ဘေးမှာ mouse pointer သွားပြီး အဲဒီ အဆောက်အဦနဲ့ အပြိုင် drag လုပ်ပြီး မျဉ်း တစ်ကြောင်းဆွဲတယ်… ပုံထဲမှာ အနီရောင်နဲ့ ပြထားတဲ့ မျဉ်းကြောင်းပါ… ပြီးရင် click ကိုလွှတ်လိုက်တယ်… ဟော စောင်းနေတဲ့ ဓာတ်ပုံက တည့်သွားရော… အပေါ်က ပြောခဲ့တဲ့ အတိုင်း မလုပ်ချင်ရင် Angle ရဲ့ဘေးမှာရှိတဲ့ slide bar ကနေ ပြောင်းလို့ရသလို slide bar ရဲ့ပေးမှာ ဂဏန်းတွေရိုက်ထည့်ပြီး စောင်းတာ တည့်တာတွေ လုပ်လို့ ရကြောင်းပါ… My Labels: howto, how-to, how to, Adobe PhotoShop Lightroom, Photos Editing Software, tutorial

NEC + KMD @ Mandalay Swan Hotel

KMD နဲ့ NEC တို့ ပူးပေါင်း ကျင်းပတဲ့ ပြပွဲကို ဒီနေ့ မနက်ပိုင်း ရောက်ခဲ့ပါတယ်... NEC laptop, All-In-One Desktop Computer, Home Media Server များနှင့် အခြား ပစ္စည်းများ ပြသထားတာကို တွေ့ရပါတယ်... NEC ထုတ်ပစ္စည်းများကို ၁-နှစ်အာမခံ ချက်ပေးထားပြီး warranty ကာလအတွင်းမှာ ပစ္စည်း တစ်ခုခု ချို့ယွင်းမှု ရှိခဲ့လို့ လဲလှယ်ရန် လိုအပ်ပါက DHL အမြန်ချောပို့ စနစ်နဲ့ ပစ္စည်းများကို NEC မှ ပြန်လည် ပေးပို့ပေးမှာ ဖြစ်တဲ့အတွက် အမြန် ပြုပြင်လဲလှယ်ပေးမှာ ဖြစ်တယ်လို့ ဆရာဦးသောင်းတင် ကိုယ်တိုင် ပြောကြား ခဲ့ကြောင်းပါ... All-In-One PC မှာ စိတ်ဝင်စားဖွယ် ကောင်းသော်လည်း AMD CPU မဟုတ်ဘဲ Intel CPU ဖြစ်ခဲ့ရင် လူကြိုက်ပိုများ နိုင်ကြောင်းပါ... Home Media Server ကို စီးပွားရေး လုပ်ငန်းငယ်များမှာ Server တစ်လုံးအနေနဲ့ပါ အသုံးချ နိုင်ပါတယ်... CPU က Intel Core2Quad 2.5GHz, 6MB, 1333FSB | RAM က 2GB DDR2 | HDD က 250GB ပါဝင်ပါတယ်... HP Laptop တွေလည်း ရောင်းပါတယ်... NEC Laptop တွေ NEC All-In-One Desktop PC ဘုန်းဘုန်းတို့လည်း ဝယ်ဦးမယ်... My Lables: NEC Laptop Show at Mandalay, News, Myanmar, KMD Computer

ချဉ်ငံစပ်

29-Sep-08 နေ့က Cafe Seezar မှာကျင်းပ ပြုလုပ်တဲ့ Htan Ta Ya Entertainment Group က လုပ်တဲ့ စာနယ်ဇင်း အသိပေးပွဲကိုရောက်သွားပါတယ်.. Htan Ta Ya ကနေ အခုလာမယ့် သီတင်းကျွတ် လပြည့်နေ့မှာ ကျင်းပမယ့် ချဉ်ငံစပ် လို့ အမည်ပေးထားတဲ့ DJ Show အကြောင်းကို စာနယ်ဇင်းကို အသိပေးရှင်းပြတဲ့ ပွဲပါ... အဲဒီပွဲမှာ DJ Jay, Moe Moe, DJ Nicky, DJ Yan Naing, DJ Pu 2 တို့က ဖျော်ဖြေကြမှာ ဖြစ်ပြီး Rupar Mandalay Resort မှာ ကျင်းပမှာ ဖြစ်ကြောင်း သိရပါတယ်... Htan Ta Ya Entertainment Group ကို သခင်ကြီး နဲ့ သူငယ်ချင်းများ ဖွဲ့စည်းထားကြတာ ဖြစ်ပါတယ်... My labels: Mandalay News, DJ News

Crop Overlay Tool (Lightroom 2.0)

Crop Overlay (Crop & Straighten) Tool ကိုရွေးလိုက်ရင် သူ့အောက်မှာ Crop လုပ်ဖို့အတွက် အရွယ်အစားတွေ ပြောင်းဖို့ Aspect ရယ်… ဓာတ်ပုံ စောင်းတာ တည့်တာ လုပ်ဖို့ Angle ရယ်ဆိုပြီး ပါပါတယ်… ဓာတ်ပုံကို cropping လုပ်ဖို့ အတွက်ဆိုရင် Aspect ဘေးမှာ အခုပုံထဲမှာ ဆိုရင် Original ပေါ်မှာ click ခေါက်ပါ… Custom, Original, 1 x 1, 2 x 3, 4 x 5, 4 x 6, 5 x 7, 8 x 10, 8.5 x 11, Enter Custom… ဆိုပြီး မြင်ရပါတယ်… ကျတော်တို့ အခုရွေးထားတဲ့ ဓာတ်ပုံကို 4 x 6 အချိုးအစား ထားမယ်ဆိုရင် 4 x 6 ရွေးပေးရပါတယ်… ကျတော်က အခုပုံကို 16:9 အချိုး ထားချင်ပါတယ်… အဲဒီ အချိုးက default အနေနဲ့ Lightroom မှာ မပါပါဘူး… အဲဒါကြောင့် Enter Custom… ကို click ခေါက်ပြီး Aspect Ration မှာ 16 x 9 ရိုက်ပြီး OK နှိပ်လိုက်တော့ Original နေရာမှာ 16 x 9 ဆိုပြီး ဖြစ်သွားပါပြီ… ဓာတ်ပုံပေါ်ကို ကြည့်လိုက်ပါ… ကျတော့်ရဲ့ အပေါ်က ပုံမှာ ပြထားတဲ့အတိုင်း ဓာတ်ပုံကို ၃-ပိုင်း ပိုင်းထားတဲ့ အထက်အောက် မျဉ်း ၂-ကြောင်းနဲ့ ဘယ်ညာ မျဉ်း ၂-ကြောင်း ခပ်မှိန်မှိန်နဲ့ ပေါ်နေပြီး မျဉ်းအဖြူ ခပ်သေးသေးနဲ့ ခပ်ထားတဲ့ဘော်ဒါလေးတွေ ပေါ်လာပါလိမ့်မယ်…. ကျတော့်ပုံထဲမှာတော့ မြင်သာအောင