Skip to main content

Posts

Showing posts with the label Mandalay News

Blog Day 2007 @ Mandalay

မနေ့က မန္တလေးမှာ MCPA ကဦးစီးပြီး blogger များ ကျင်းပပြုလုပ်သည့် Blog Day အခမ်းအနားကို အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ပါတယ်... တက်ရောက်ခဲ့သူ စုစုပေါင်း လူဦးရေ ၃၀၀-ကျော် မယ်လို့ ခန့်မှန်း ရပါတယ်... အဲဒီအထဲမှာ blogger အယောက် ၃၀-ကျော် ပါဝင်ကြောင်းပါ... စာနယ်ဇင်းသမားများလည်း စုံလင်စွာ တက်ရောက်ကြပါတယ်... My more info: http://mdyblogshow.blogspot.com/ Labels: Mandalay News, Bloggers, Myanmar Bloggers, Mandalay Bloggers

http://wpd-mm.blogspot.com

ဓာတ်ပုံချစ်မြတ်နိုးသူတိုင်း အပျော်တမ်းရိုက်တာပဲ ဖြစ်ဖြစ် စီးပွားဖြစ်ရိုက်တာပဲဖြစ်ဖြစ် ၀ါသနာပါလို့ ရိုက်တာပဲဖြစ်ဖြစ် ဘယ်သူမဆို မိမိရဲ့ လက်စွမ်းပြဓာတ်ပုံများကို ဤ Blog (http://wpd-mm.blogspot.com) ၌ တင်ပေးခြင်းဖြင့် ကမ္ဘာ့ဓာတ်ပုံပညာနေ့ကို ကြိုဆိုဂုဏ်ပြုကြရအောင်ဗျာ ........ My Labels: Photo, Mandalay News, Myanmar News,

တက်ကုန်ပြီ...

မနေ့ကမှ ဆိုင်ကယ် ဆီထုတ်ခဲ့တာ ၁-ဂါလန်ကို ၁၅၀၀-ကျပ်တဲ့... အခုမနက် သွားထုတ်ပြီး ပြန်လာတဲ့သူတွေ ပြောတာ ဓာတ်ဆီက ၁-ဂါလန်ကို ၂၅၀၀-ကျပ်၊ ဒီဇယ်က ၃၀၀၀-ကျပ်တဲ့.... အမလေး... မောင်မင်းကြီး သားတို့ရေ... My Labels: Mandalay News, Myanmar News, မန္တလေး သတင်း, သတင်း, ရန်ကုန် သတင်း,

ဝါတွင်းကြီးမှာ Hotel Mandalay ၌ မချောအိမာန်(မန္တလေး) မင်္ဂလာပွဲတစ်ခု ကျင်းပခြင်း....

မနေ့က Hotel Mandalay မှာ မချောအိမာန်(မန္တလေး) ရဲ့ ဒုတိယမြောက် စာအုပ်ဖြစ်တဲ့ ကောင်းကင်အနမ်း စာအုပ်အသစ် ထွက်ရှိခြင်း အသိပေးပွဲ အခမ်းအနားကို နေ့လယ် ၂-နာရီမှ စတင်ကျင်းပခဲ့ပါတယ်... အခမ်းအနားမှူးအဖြစ် ဆရာ သင့်နော်က ဆောင်ရွက်ခဲ့ပါတယ်... ဆရာညီပုလေး၊ ဆရာ ဆူးငှက်၊ ဆရာမ ဖြူဖြူဝင်း (မြန်မာစာ)၊ ထုတ်ဝေသူ ကိုသီဟမောင်မောင်တို့က စာအုပ်နဲ့ ပတ်သက်ပြီး ရှင်းလင်း ပြောပြပေးပါတယ်... စာရေးဆရာမ မချောအိမာန်ကလည်း သူမ ဘယ်က ဘယ်လို စရေးဖြစ်ကြောင်းကိုလည်း ပြောပြပေးပါတယ်... ကျတော်ကတော့ နောက်ဆုံး အခမ်းအနား အစီအစဉ်ကို အကြိုက်ဆုံးပါ... ဒီစာအုပ် မိတ်ဆက်ပွဲလေးဟာလည်း မချောအိမာန်အတွက် မင်္ဂလာပွဲတစ်ခု ဆောင်ရွက်ခြင်း မဟုတ်ပါလား ခင်ဗျား... မချောအိမာန်ရဲ့ ယခုစာအုပ်ကို အမေ လူထုဒေါ်အမာမှ အမှာစာရေးထားပေးပါတယ်... အပျိုကြီး မချောရဲ့ စာအုပ် အောင်မြင်ပါစေလို့ ဆုတောင်းပေးပါလိုက်ပါတယ်... ချောအိမာန် (မန္တလေး) ရဲ့ ကောင်ကင်အနမ်း တက်ရောက်လာကြတဲ့ စာရေးဆရာများနဲ့ စာနယ်ဇင်းသမားများ မချောအိမာန်နဲ့ သူမကို ဝိုင်းရိုက်နေကြသူတွေ AD1971 စာအုပ်ထုတ်ဝေရေး လုပ်ငန်းတည်ထောင်သူ Graphic Designer ကိုသီဟမောင်မောင် စာရေးဆရာ ညီပုလေး ဆရာ ဆူးငှက် My Labels: Mandalay N

မန္တလေးမှာ...

၂၇-ရက်ကနေ ၂၉ရက်နေ့အထိ Skywalk Shopping Mall ပေါ်မှာ Digital Camera နဲ့ Laptop ဈေးရောင်းပွဲတော်ကို D-Corner မှ ကျင်းပပြုလုပ်မယ်လို့သိရပါတယ်... (ရက်စွဲ အမှားပြင်ထားပါတယ်... ဒီတလော လွဲလိုက်တဲ့ အလွဲတွေ) ဆရာကြီး ဒေါက်တာ အောင်ထွန်းသက် ကလည်း "Management Opportunity" အကြောင်း ဟောပြောပွဲကို ၂၀၀၇ ခုနှစ်၊ သြဂုတ်လ (၂) ရက်နေ့ နေ့လယ် ၁-နာရီမှာ ICT Park Hall မှာ ကျင်းပ ပြုလုပ်မှာ ဖြစ်ကြောင်းကို Alpha မှ ကိုရဲမြတ်သူက လက်တို့ထားကြောင်းပါ... My labels: Mandalay News, မန္တလေး သတင်း,

မန္တလေးမှာ ခေတ်စားနေတာ...

လျှပ်တစ်ပြက်ဂျာနယ် မှ special issue ဆိုပြီး ဒွေးရဲ့ နောက်ဆုံးခရီးနဲ့ ပတ်သက်ပြီး လျှပ်တစ်ပြက်ဂျာနယ် အရွယ်အစားအတိုင်း စာမျက်နှာ ၁၂-မျက်နှာခန့်ပါဝင်တဲ့ စာစောင်ကို ဒွေးကို ချစ်ခင်ကြတဲ့၊ ဒွေးကို ကြိုက်နှစ်သက်ကြတဲ့ ပရိတ်သတ်ကြီးက တစ်စောင်လျှင် ၈၀၀-ကျပ်ဖြင့် ၀ယ်ယူအားပေးနေကြောင်း သိရပါတယ်... ပုံမှန် လျှပ်တစ်ပြက်စာစောင်ရဲ့ ဈေးနှုန်းမှာ ၅၀၀-ကျပ်ဝန်းကျင် ဖြစ်ပြီး ယခု စာမျက်နှာ ၃၂-မျက်နှာကျော် ပါဝင်ပါတယ်... ဒါ့အပြင် ဒွေး အမှတ်ရနောက်ဆုံးခရီး ဗီစီဒီခွေကို တစ်ခွေလျှင် ကျပ်-၃၀၀ နှုန်းနဲ့ မန္တလေးမှာ ၀ယ်ယူရရှိနိုင်ပါပြီ... ယင်း ဗီစီဒီထဲမှာ ဒွေး ပါဝင် သရုပ်ဆောင်ခဲ့တဲ့ ဇာတ်ကားထဲမှ ဇာတ်ဝင်ခန်းများ၊ သီချင်းများနဲ့ ဓာတ်ပုံများ ပါဝင်ပါတယ်... ပါဝင်တဲ့ ဓာတ်ပုံအများစုဟာ အင်တာနက်ပေါ်မှာ တွေ့ရှိရတဲ့ ဓာတ်ပုံများ ဖြစ်ပါတယ်... My Labels: Mandalay News, မန္တလေး သတင်း, Dwe

သြော်... ချဉ်ပေါင်ကြော်...

မောင်လှရေ... မနေ့က ရုံးဆင်းတော့ ဆိုင်ကယ် ဆီသွားထုတ်ပြီး ပြန်လာတော့ တောင်ဘက်ကို ကြည့်လိုက်တော့ မိုးသားတွေ မည်းနေတာနဲ့ .. အိမ်ကို အမြန်ပြန်တာ ကီးမားတင်ဝင်းရှေ့လဲ ရောက်ရော ရွာချလိုက်တဲ့ မိုးတွေ မိုးတွေ... ရေတွေကလည်း အများကြီး ပါသလား မမေးနဲ့... မိုးသည်းနေတာနဲ့ ညစာ အတွက် ဟင်းတောင် ဝင်မဝယ်နိုင်ဘူး... အိမ်ပြန်ရောက်တော့ ဟိုနေ့က အမေ့ဆီခဏ သွားရင် အမေပေးလိုက်တဲ့ ချဉ်ပေါင်ရွက်ကြော်ရယ်... အိမ်သူ သက်ထား ဇနီး မယား မိန်းမ ကြော်ကျွေးတဲ့ ဝက်အူချောင်းကြော်နဲ့ ဂျင်းသုတ်ရယ်နဲ့ ညစာ စားရတာ ထမင်းစားလို့ ကောင်းလိုက်တာကွာ... ပြောမနေပါနဲ့တော့... သတိရလို့ ပြောရဦးမယ်... ချဉ်ပေါင်ကြော်သွားယူရင်းနဲ့ အမေကပြောတယ်... သား ကိုလှရေ... အခု ပဲဆီဈေးက ၁-ပိသာ ၃၈၀၀-ကျပ် ဖြစ်နေပြီ... မင်းကြိုက်တဲ့ ဝက်သားနဲ့ အမဲသားက ၄၈၀၀-ကျပ်၊ ကြက်သားကတော့ မစားသေးတော့ အမေလည်း မမေးမိဘူး... အရှေ့ဘက် ၂-အိမ်ကျော်က မူလတန်းကျောင်း သွားအပ်ဖို့မေးတာ အလှူငွေ ကျပ် ၅-ပုလင်း ထည့်ရမယ်တဲ့... မိန်းမကပြောတယ် ဓာတ်ဆီတွေ ဈေးကျတယ်တော်ရေ... တစ်ဂါလံ ၃၅၀၀-ကျပ်တဲ့... မိုးတွင်းဆိုတော့ ရွှေတူးတဲ့လူတွေ အလုပ်နားလို့ ဈေးကျတယ်တဲ့ တော်ရေ... ဓာတ်ဆီဆိုင်ကလူ ပြောလိုက်တာပဲ... အ

Seminar On Quality ကို ရောက်ခဲ့တယ်...

အခွင့်အလမ်း ဂျာနယ်ကနေပြီး မန္တလေးရုံးခွဲ ဖွင့်တဲ့ အထိမ်းအမှတ်အဖြစ် ကျင်းပတဲ့ Seminar On Quality ကို ဒီနေ့ မနက် ၉း၃၀ နာရီအချိန်မှာ မန္တလေး Swan Hotel မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်... ဟောပြောတဲ့ သူကတော့ ဆရာမကြီး Dr. ဒေါ်နုနုယဉ်ပါ... အခွင့်အလမ်းဂျာနယ် (မန္တလေးရုံးခွဲ)ကို အမှတ် A-6 ၊ ၈၂-လမ်း၊ ၂၃-လမ်း နှင့် ၂၄-လမ်းကြား၊ ရွှေကျီးမြင်ဘုရားအရှေ့ဘက် မုခ်မှာ ရုံးခန်း ဖွင့်လှစ်ထားကြောင်း သိရပါတယ်... ဟောပြောပွဲ တက်ရောက်လာသူတိုင်းကို ဂျာနယ် တစ်စောင်စီ လက်ဆောင်ပေးပြီး ကော်ဖီ၊ မုန့်များနဲ့လည်း ဧည့်ခံပါတယ်... ဒီဟောပြောပွဲကို မန္တလေးမြို့မှာ ရှိတဲ့ စာနယ်ဇင်းဆရာ တော်တော်များများ တက်ရောက်တာကိုလည်း တွေ့ရပါတယ်... ဆရာမကြီးရဲ့ ဟောပြောချက်များကလည်း အလွန်ကောင်းပါတယ်... ဒီပွဲမှာ ဟောပြောသွားတဲ့ အကြောင်းအရာများကို မေလ ၁၅-ရက်နေ့မှာ ထုတ်ဝေမယ့် အခွင့်အလမ်းဂျာနယ်မှာ ပြန်လည် ဖော်ပြပေးမှာ ဖြစ်ကြောင်း သိရပါတယ်... My Labels: မန္တလေး သတင်း, Mandalay News,

ပိတောက်တွေ ပွင့်ပြန်ပြီ...

မန္တလေးမှာ ပိတောက်တွေ ပွင့်ပြန်ပြီ... ဒီနေ့မနက် အိပ်ရာထတော့ ယောက္ခမအိမ်ရှေ့က ပိတောက်ပင်မှာ ပိတောက်တွေ ပွင့်နေတယ်ဆိုလို့ နောက်နှစ် သင်္ကြန်တွေမှာ ဒီဇိုင်းလုပ်ဖို့ ဓာတ်ပုံထရိုက်ဖြစ်ပါတယ်... နေရာ တော်တော် များများမှာ ပိတောက်ပွင့်ပုံရပါတယ်... ရုံးလာတော့ လူတော်တော်များများ လက်ထဲမှာ ပိတောက်ပန်းတွေ ကိုင်ထားလို့ပါ...

ဒါနဲ့စကားမစပ်...

ဒါနဲ့စကားမစပ်... (ယူသုံးတယ်ဟေ့ ဘုဃံဏက်) Blogspot ပေါ်တင်တဲ့ပုံတွေကို Picasa Web Album မှာ သိမ်းထားပေးတာကို ဒီနေ့မှ သတိထားမိတယ်... အရင်က ဖျက်ချင်ရင်တောင် ဘယ်နား ပြန်ရှာ ဖျက်ရမှန်းမသိဘူး... ဒါနဲ့စကားမစပ်... မနေ့ညက ၈-နာရီကျော်ကျော်မှာ လေတွေတိုက်ပြီး မိုးတွေရွာတယ်... ညဘက်အိပ်လို့ ကောင်းလိုက်တာ အေးအေးလေးနဲ့ အိပ်လိုက်တာ မနက် ၇-နာရီကျော်မှ နိုးတယ်... ဒါနဲ့စကားမစပ်... ကျတော် ညွှန်းထားတဲ့ နဝရတ် ဖူဂျီ ဓာတ်ပုံကူးဆိုင်က 4x6 ဆိုဒ် ၁-ပုံကို ၁၀၀-ကျပ် ဖြစ်သွားပြီ... My Labels: သတင်း, ဒါနဲ့စကားမစပ်, မန္တလေး သတင်း, Mandalay News,

မန္တလေးရောက်ရင်လေ...

ထပ်တစ်ရာ ကောင်းကောင်း၊ ဆိတ်စွပ်ပြုတ် ကောင်းကောင်း နဲ့ လက်ဖက်ရည် ကောင်းကောင်း သောက်ချင်တယ်ဆိုရင်ဖြင့် ၁၂-လမ်း၊ လမ်း-၈၀ နဲ့ ၈၁ လမ်းကြားမှာ ရှိတဲ့ လက်ရွေးစင် လက်ဖက်ရည်ဆိုင်မှာ မြည်းစမ်းကြည့်ကြပါ... ကျုံးရဲ့ အနောက်မြောက်ထောင့်ရောက်ရင် ဆိုရင်ဖြင့် လက်ရွေးစင် လက်ဖက်ရည် မေးမြန်းလို့ရပါပြီ... ညဘက်တော့ မဖွင့်ပါဘူး... ၅-နာရီ ဝန်းကျင်လောက်အထိပဲ ဖွင့်တယ် ထင်ပါတယ်... မန္တလေး မြောက်ပြင်ရဲ့ နာမည်ကြီး လက်ဖက်ရည်ဆိုင် တစ်ဆိုင်ပါ... ညနေစောင်းက စပြီး ညဘက်အထိ ချပါတီကောင်းကောင်း စားချင်တယ်ဆိုရင် ၈၂-လမ်းနဲ့ ၂၇-လမ်းထောင့်၊ Unity Hotel နဲ့ မျက်နှာချင်းဆိုင်မှာ တည်ရှိတဲ့ နေ လက်ဖက်ရည်ဆိုင်ကို ညွှန်းပါရစေဗျာ... အဲဒီ အနီးနား ပတ်ဝန်းကျင်မှာ ပုံတူရိုးမှား နာမည်ပေးထားတဲ့ ဆန်း လက်ဖက်ရည်ဆိုင်လည်း ရှိတယ်ဆိုတာ သတိပြုပါ... မြို့မ ရုပ်ရှင်ရုံကနေ နောက်ဘက် နောက်လမ်းထောင့်မှာ ရှိတာပါ... ချပါတီ အပြင် အခြား အိန္ဒိယ အစားအစာများလည်း ရနိုင်ပါတယ်... အပေါ်က လက်ဖက်ရည်ဆိုင် ၂-ဆိုင်သွားပြီး မောင်လှလည်း အိန္ဒိယ အမျိုးအနွယ်ဝင်လို့ မထင်လိုက်ပါနဲ့... မောင်လှ ဆိုတာ ဗမာစစ်စစ် အညာသားပါ... မန္တလေး ထမင်းပေါင်း၊ အနီရောင်ဆော့ မပါဘဲ သုတ်ထားတဲ့ ဝက်သားသုပ

ဟေး.... ပျော်လိုက်တာ... ဒါပေမယ့်... ဝမ်းလည်းနည်းတယ်...

ဟေး.... ပျော်လိုက်တာ... ရုံးက အရင်က 5-ရက်ခွဲပဲ ပိတ်မယ်လို့ ကြေငြာထားသည်... ခု ၁၂-ရက်ကနေ ၂၁-ရက်နေ့အထိ ၁၀-ရက် ပိတ်မယ်တဲ့... ပျော်လိုက်တာ... ဟာ... ဝမ်းနည်းလိုက်တာ... ကျတော်တို့လို လခစား ဝန်ထမ်းတွေ အတွက်တော့ မဟုတ်ပါဘူး... နေ့စား အလုပ်သမား ဝန်ထမ်းတွေ အတွက်ပါ... ဒါက နေးတစ်မှာ ရေးခဲ့ဖူးတာလေးပါ... Tue Mar 27, 2007 5:13 pm အစိုးရ ရုံးပိတ်ရက်တွေ လိုက်မပိတ်လို့ မကျေနပ်မိဘူး... ခုမှ ပြန်စဉ်းစားကြည့်တော့ ကျတော်တို့လို လခစားတွေအတွက် မကောင်းပေမယ့်... ဈေးချိုတို့ ဘာတို့မှာရှိတဲ့ တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့ နေ့စား အလုပ်သမားတွေဘက်ကို ပြန်ကြည့်ရင်တော့ ဟုတ်နေတယ်... သူတို့ တစ်ရက်ပိတ်လိုက်ရင် စားစရာ သောက်စရာ မရှိတဲ့ ဘ၀ကို ရောက်သွားနိုင်တယ်... သင်္ကြန်မှာလည်း ဈေးချို (၁၀)ရက် မပိတ်ဘူး... ၁၀-ရက် ပိတ်ရမယ်ဆို ၂၁-ရက်နေ့အထိ ပိတ်မယ်... ၂၃-ရက်နေ့ကလည်း ဥပုသ်နေ့... ၁၂၊ ၁၈၊ ၁၉၊ ၂၀၊ ၂၁ စုစုပေါင်း ၅-ရက်... အဲဒီ ၅-ရက်စာကို သူတို့ ဘယ်လို စားသောက်ကြမလဲ... သူတို့ တစ်နေ့လုပ်မှ တစ်နေ့စားရတာ အလျင်မီတာမဟုတ်ဘူး ခင်ဗျ... စုဆောင်းထားတာလေးတွေ ရှိမယ်လို့ မပြောနဲ့ဦး... မနက်နက်ဖြန်၊ သဘက်ခါ မရသေးတဲ့ လုပ်ခတွေကို အပေါင်ဆိုင်တွေမှာ ချေးငှာ

The First Mandalay DJ Concert

အခုပဲ Skywalk Shopping Mall ပေါ်က ပြန်လာခဲ့တာပါ... NativeMyanmar မှာ ကိုဂျေ (ခ) သခင်ကြီး သတင်းပေးလို့ The First Mandalay DJ Concert ပွဲကြည့်ပြီးပြန်လာတာပါ... DJ Yan Naing, DJ Mann, DJ Zay Ya Thaw, DJ Pauk, DJ KP နဲ့ မန္တလေးက အခြား ဒီဂျေများ၊ အကအဖွဲ့များ၊ Hip-Hop အဖွဲ့များ ပါပါတယ်... ဒီနေ့နဲ့ မနက်ဖြန် ၂-ရက်ကျင်းပမှာဖြစ်ပြီး... မနက် ၁၀ နာရီကနေ နေ့လယ် ၁-နာရီအထိ၊ ညနေ ၄-နာရီကနေ ည ၈-နာရီအထိ ဖျော်ဖြေမှာဖြစ်ကြောင်း သိရပါတယ်... ဒါနဲ့စကားမစပ်ပါ... NativeMyanmar.com ဒိုမိန်း နည်းပညာဆိုင်ရာ ပြသနာတက်နေလို့ http://forums.myanmarcommunity.com/ ကို အသုံးပြုပြီး နေးတစ်ထဲ ဝင်ရောက်နိုင်ကြောင်းပါ... My labels: Mandalay News, MDY, Mandalay, Myanmar News, Burma News, DJ Show

သီချင်းများမရပ်မယ့်နေ့... (Mandalay News)

မနက်ဖြန်မှာ သီချင်းဖျော်ဖြေပွဲ မန်းလေးမှာ ၂-ပွဲနဲ့ ပြင်ဦးလွင်မှာ ၁-ပွဲရှိပါတယ်... မန်းလေးမှာ လုပ်မယ့် ၂-ပွဲစလုံးက မြို့တော်ခန်းမမှာ ပြုလုပ်မှာဖြစ်ပြီး ၁-ပွဲက ညနေ ၅-နာရီ၊ တစ်ပွဲက ည ၇-နာရီမှာ စတင် ဖျော်ဖြေမှာ ဖြစ်ကြောင်း ယင်းတို့၏ ကြော်ငြာဘုတ်များ အရ သိရပါတယ်... ည ၇-နာရီ ဖျော်ဖြေမယ့်ပွဲကတော့ ယခင်က မဟာနွယ်စဉ်အားကစားကွင်းမှာ ကျင်းပပြုလုပ်မယ်လို့ ကြေငြာထားတဲ့ ကျားပေါက်ရဲ့ The Big Show in Bag ပွဲဖြစ်ပြီး ညနေ ၅-နာရီမှာ စတင်ဖျော်ဖြေမယ့်ပွဲကတော့ Rock Vs Hip Hop ပွဲဖြစ်ပါတယ်...ပြင်ဦးလွင်မှာ ကျင်းပပြုလုပ်မယ့် ပွဲကတော့ အိုင်စီရဲ့ ပွဲပါ... လက်မှတ် တန်ဖိုးက ၅၀၀၀-ကျပ်ပါ... ဒီနေ့မှာလည်း SkyWalk Shopping Mall တစ်နှစ်ပြည့်အထိမ်းအမှတ် အဖြစ်ကျင်းပ ပြုလုပ်တဲ့ သီချင်းဆို ပြိုင်ပွဲ နောက်ဆုံးပွဲစဉ် ရှိပါတယ်... 78th Shopping Mall မှာလည်း ကိုရီးယား မင်းသား၊ မင်းသမီးများနဲ့ တူသူများ ပြိုင်ပွဲကိုလည်း ကျင်းပပြုလုပ်မှာ ဖြစ်ကြောင်း သိရပါတယ်... "သီချင်းများမရပ်မယ့်နေ့..." ဆိုတဲ့ ခေါင်းစဉ်ရွေးပေးတဲ့ ကိုသခင်ကြီးကို ကျေးဇူးအထူးတင်ပါတယ်.. My Tags: Mandalay News, Myanmar News, Burma News

မီးဟေ့... မီး... မီး....

မနေ့က ညစာစားနေတုန်း ... မီးဟေ့ ... မီး... မီး... နီး နီးလေး ဆိုတာနဲ့ ကျတော် မောင်လှခင်ဗျာ... စားလက်စ ထမင်းပန်းကန်ကို ချ... အိမ်အပေါ်ထပ်ကို ပြေးတက်ပြီး ကြည့်လိုက်တော့ ဟောဗျာ... အနောက်ဘက် အရပ်မှာ မီးလောင်နေတဲ့ မီးအရှိန်တွေတွေ့... မီးခိုးတွေက အရှေ့ဘက်လာ နေတာဆိုတော့ စိတ်တွေ ဂရောက် ဂယက်ဖြစ်ပြီး .. လမ်းမပေါ်ထွက်ကြည့်မှ စိတ်နည်းနည်း သက်သာရတယ်... ကျတော်တို့ အိမ်နဲ့ ၅-ပြ ၆-ပြ လောက် ဝေးတဲ့ နေရာမှာ ဖြစ်နေလို့လေ... ဒါပေမယ့် စိတ်တော့ နည်းနည်းပူမိသား... မီးက လောင်နေတုန်းမို့ပါ... ည ၇-နာရီလောက်က စလောင်တာ ၇း၃၀-နာရီလောက်မှာ ငြိမ်းနိုင်လေရဲ့... အိမ် ၃-လုံးတော့ ပါသွားတယ်... စလောင်တာ ဗီဒီယိုပြတဲ့ အိမ်ကပါ... မီးစက်က ရှော့ဖြစ်ပြီး ထလောင်တာတဲ့... ကဲ... မီးရေ... မနေ့မနက်ကလည်း သရဲဈေးနားမှာ မီးလောင်ပါသေးတယ်... ရပ်ကွက်က ဝိုင်းငြိမ်းလို့ ငြိမ်းသွားတယ်ဆိုပဲ... အနီးအနား ၁-ပြမှာ မီးသတ်ကားရှိပေမယ့်... နှိုးမရလို့ တွန်းပြီး သွားရသတဲ့ဗျာ... ပြီးခဲ့တဲ့ အပတ်ကလည်း ဘုရားကြီးဘက်မှာ မီးလောင်တာ လူ ၁-ယောက် ပျက်စီးမှုဖြစ်တယ်လို့လည်း တစ်ဆင့် စကား တစ်ဆင့်နားဖြင့် ကြားရကြောင်းပါ... My Tags: Myanmar News, Mandalay News, မန်းလေး, မန္တလေ

The Big Show in Bag

၂၅-၃-၀၇ ရက်နေ့ ည ၇-နာရီမှာ မဟာနွယ်စဉ် အားကစားကွင်းမှာ လွယ်အိတ်ကြီးအဖွဲ့ရဲ့ The Big Show in Bag ဖျော်ဖြေပွဲရှိကြောင်းပါ... လက်မှတ်တန်းဖိုးက ၇၀၀၀-ကျပ်ဖြစ်ကြောင်း ကြော်ငြာများအရ သိရပါတယ်... My Tags: Mandalay News, မန္တလေး သတင်း, Myanmar News, မြန်မာ

ရွှေစာရံ ဘုရားပွဲသို့ တစ်ခေါက်တခါ...

မနေ့က NativeMyanmar Forum က သူငယ်ချင်းတွေနှင့် ရွှေစာရံ ဘုရားပွဲကို ရောက်ခဲ့ပါတယ်... Bagannat, NgweHninMyu, ကျတော့် သူငယ်ချင်း မောင်မိုး ၊ ကျတော်နှင့် မဒမ် မောင်လှ တို့ပေါ့ဗျာ... ကိုသခင်ကြီးကတော့ လိုက်ချင်ပေမယ့်လည်း အလုပ်အပြီး အပ်စရာရှိလို့ မလိုက်နိုင်ပါဘူး... ရွှေစာရံဘုရားပွဲကို တစ်ခေါက်မှ မရောက်ဖူးပါဘူး... အခုမှ ပထမဆုံးအကြိမ် သွားဖူးတာပါ... မေမြို့ကို ကားနဲ့ သွားတုန်းက ရွှေစာရံကို နီးနီးလေး ထင်ရပေမယ့်... ဆိုင်ကယ်နဲ့ ကိုယ်တိုင် သွားကြည့်မှ ဝေးပါလားဆိုတာ သိရပါတယ်... ဆိုင်ကယ်နဲ့ အဝေးဆုံး ခရီး သွားဖူးတာပါ... လူ နည်းနည်း ပဲ ရှိမယ် ထင်ပြီး သွားမိတာ ဘယ်ဟုတ်မလဲ များလိုက်တဲ့လူတွေ... ပျော်တော့ ပျော်စရာကြီးပါပဲ... ကာလသား ကိုကိုများကတော့ နားတောင်းချချောင်းထဲ ဆင်းပြီး ရေဆင်းဆော့ နေကြလေရဲ့... မမ ကာလ သမီးများကတော့ ကမ်းပေါ်ကနေ အားပေးကြလေရဲ့.... လူများတာ ယုံပြီလား... ဝယ်ကြပါဦး... ရှမ်းပြည်ကလာတဲ့ မုန့်ခေါင်းအုံးတွေ... ကာလသားတို့ ရေဆော့မယ်... မမတို့လည်း ကြည့်ဦးမယ်... ဒါက ဆိုင်ကယ်အပ်တဲ့ နေရာ ၁-ခု... ကားအပ်တဲ့ နေရာ ၄-ခုလောက် တွေ့ခဲ့တယ်... My Tags: Myanmar News, Mandalay News, Shwe Sar Yan, ရွှေစာရံ သတင်းြ

လတ်တလော မန္တလေး အကြောင်းများ...

မနေ့ နံနက်ခင်းစောစောက ၈၆-လမ်း၊ ၃၅-လမ်း ဝန်းကျင်မှာ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်... အလားတူ ၆-ရက်နေ့ ညနေ ၅း၁၅-နာရီ ဝန်းကျင်မှာလည်း သူနာပြု တက္ကသိုလ်ဘက်မှာလည်း မီးလောင် ကျွမ်းမှု ဖြစ်ခဲ့ပါတယ်... မန္တလေးမြို့ရဲ့ လူသွားလူလာများတဲ့ လမ်းမကြီးတွေ ပေးမှာ လမ်းဖြတ်ကြော်ငြာ တပ်ဆင်မှုများ အရမ်း များပြားနေပါတယ်... တချို့ မီးပွိုင့် နားမှာ ရှိတဲ့ လမ်းဖြတ် ကြော်ငြာများဟာ မီးပွိုင့်ကို မမြင်ရအောင် ကွယ်ထားသလို ဖြစ်နေပါတယ်... ဥပမာ - ၇၈-လမ်းနှင့် ၃၅-လမ်းထောင့်ရှိ သင်တန်းကျောင်း ကြော်ငြာ လမ်းဖြတ် ၂-ခု... ယခင်က လမ်းဖြတ် ကြော်ငြာများမှာ စီးပွားဖြစ် ကြော်ငြာများ မရှိသလောက် နည်းပါးခဲ့ပြီး ယခုအခါ စီးပွားဖြစ် လမ်းဖြတ် ကြော်ငြာ များပြားလာမှုကြောင့် မန္တလေးမြို့ရဲ့ လမ်းမကြီးများရဲ့ အလှကို ဖျက်ဆီး သလို ဖြစ်နေပြီး ရုပ်ဆိုးနေကြောင်းပါ... ယင်း လမ်းဖြတ် ကြော်ငြာများတင်မက အချို့ မီးပွိုင့် ဝန်းကျင်မှာ ယာယီ vinyl ကြော်ငြာများလည်း အထူးများ ပြားလျှက် ရှိကြောင်းပါ... ယာယီ vinyl ကြော်ငြာဆိုတာက vinyl စက်ကြီးများနဲ့ ထုတ်ထားတဲ့ ကြော်ငြာများ တပ်ဆင်မည့် ဘောင်များကို သံထည် ကွန်ကရစ်ဖြစ် အသေချာ ဖောင်ဒေရှင်းချပြီး လုပ်ဆောင

Fire & Mandalay

ဒီနေ့မနက် ၇-နာရီ ဝန်းကျင်မှာ ရေကြည်ညောင်ပင် အနီးတွင် မီးလောင်ကျွမ်းမှုဖြစ်ကြောင်း သိရပါသည်... ရေကြည် ညောင်ပင်ဆိုတာက မန္တလေး ဈေးချိုး အနီးမှာ တည်ရှိပါတယ်... မနေ့ မနက် ၃-နာရီ မီးလောင်သော နေရာမှာ အောင်ပင်လယ် အရပ်တွင် ဖြစ်ကြောင်းသိရသည်...

မန္တလေးမှာ ဒီလို ဒီလို... (Mandalay News)

လွန်ခဲ့တဲ့ ၄-ရက်လောက်က ၈၁-လမ်းမပေါ် ၁၂-လမ်းနဲ့ ၁၃-လမ်းကြားမှာ မီးလောင်မှု တစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရပါတည်... ကားထဲမှ ဆီထုတ်ရင်း မီးလောင်မှု ဖြစ်တာလို့ ရပ်ကွက်အပြောရ သိရပါတယ်... ကား ၂-စီး မီးလောင်ရာတွင် ပါဝင်သွားပြီး ယင်းမီးလောင်မှု စတင် ဖြစ်ပေးတဲ့ အိမ်ဟာ RC အမျိုးအစား တိုက်အိမ် ဖြစ်တာကြောင့် အခြားအိမ်များကို ကူးစက် လောင်ကျွမ်းခြင်း မရှိကြောင်းလည်း သိရပါတယ်... ဒီနေ့မနက် ၃-နာရီလည်း ဘယ်နား မီးလောင်လဲတော့ မသိပါဘူး... မီးသတ်ကား ဥသြသံများ ကြားရကြောင်းပါ... မန္တလေးရဲ့ ရာသီဥတုဟာ နွေဦးရာသီသို့ စတင်ကူးပြောင်းနေပါပြီ...