ဒါနဲ့စကားမစပ်... ရန်ကုန် တစ်ဖက်ကမ်း ရေဥက္ကံကျေးရွာကို ရောက်နေတာ ဒီနေ့နဲ့ဆို ၁၃-ရက်ရှိ နေပြီ... လာရင်း ကိစ္စ ဘာမှ မလုပ်သေးဘူး... ဒါနဲ့စကားမစပ်... မနေ့က ဘလော့ဂါ ဘိုးအေကြီး ညီလင်းဆက် နဲ့ တွေ့ဖြစ်တယ်... ပထမ နေးတစ်မြန်မာ က ဘော်ဒါ ၃-ယောက်နဲ့ ပြည်လမ်းက Moon Bakery မှာထိုင် စကားပြောဖြစ်တယ်... နေးတစ်မြန်မာက လူတွေ တွေ့ရင် နေးတစ်မြန်မာ အကြောင်းတွေ အများဆုံး ပြောဖြစ်တယ်... မြန်မာနိုင်ငံမှာ ယူရေနီယံတွေ နေရာတိုင်းမှာ တွေ့မိတယ်ဆိုတဲ့အကြောင်း... ဒါပေမယ့် စီးပွားဖြစ် မတွေ့သေးတယ် အကြောင်းရယ်... မော်ကြီး အကြောင်းရယ်... သခင်တင်မြ စာအုပ်အကြောင်းရယ်... အပျိုကြီးများအကြောင်းတွေကို ပြောဖြစ်တယ်... နောက် ခြေလျင်လျှောက်ပြီး ထူးအိမ်သင် ဆိုဒ်ကို ထူထောင်တဲ့ မောင်ဖိုးသား အိမ်သွားတယ်... သူတို့ လမ်းထိပ်က လက်ဖက်ရည်ဆိုင်မှာ ထိုင်ရင်း ထမင်းဆီဆမ်းစားရင်း ဟိုအကြောင်း ဒီအကြောင်းတွေ ပြောရင်း... ညီလင်းဆက်ကို လှမ်းခေါ်ဦးမှပဲဆို ဖုန်းဆက်... ဖုန်းက မကိုင်... ကံကောင်းချင်တော့ ညီလင်းဆက်က ကျတော်တို့ခေါ်တဲ့ ဖုန်းကို ပြန်ခေါ်... တည်နေရာသိသွားတော့ သြော် မောင်ဖိုးသား အိမ်နားပဲဆိုလိုက်လာတယ်... အဲဒီအချိန် ကျတော်ရယ်၊ ဖိုးသားရယ်၊ မောင်ရမ်းရယ...
MgHla's ဒိုင်ယာရီ