Skip to main content

Posts

Showing posts from May, 2008

USB Storage Device တွေ အသုံးပြုခွင့်ကို ပိတ်ရအောင်

ကျတော့်ရုံးမှာ ကွန်ပျူတာ တော်တော်များများကို security အရနဲ့ virus တွေ ဝင်မှာ စိုးတဲ့အတွက် USB Storage device တွေဖြစ်တဲ့ memory stick, MP3/MP4 Player, Digital Camera, USB portable harddisk တွေကို အသုံးပြုခွင့် ပိတ်ထားတယ်... ကျတော့် ရုံးမှာတော့ CMOS ထဲကနေ USB ကို disable လုပ်ထားတဲ့အပြင် USB port တွေကိုပါ physical အရပါ ပိတ်ထားရတယ်... အခုတော့ Windows XP မှာ USB storage device တွေကိုပဲ အသုံးပြုခွင့် ပိတ်ချင်တယ် ဆိုရင် ဘယ်လို ပိတ်ရမလဲ ဆိုတဲ့ နည်းကို google ကျေးဇူးနဲ့ ရှာတွေ့ပြီ... အခုရေးမယ့် အဆင့်တွေကတော့ USB storage device တစ်ခုခု အနည်းဆုံး ၁-ခါ တစ်ခါ တပ်ဆင် အသုံးပြုဖူးတဲ့ Windows XP သုံး ကွန်ပျူတာတွေ အတွက်ပါ... မိမိ အသုံးပြုနေတဲ့ user account ဟာ administrator အဆင့်တော့ ရှိစရာလိုပါတယ်... 1. ပထမအဆင့်အနေနဲ့ Start ကို click လုပ်ပြီး Run ကို ရွေးပါ... (Windows Key + R ကို နှိပ်ရင်လည်း ရပါတယ်...) 2. ပေါ်လာတဲ့ Open ရဲ့ဘေးမှာ ရှိတဲ့ text box ထဲမှာ regedit လို့ရိုက်ထည့်ပြီး OK ကို ကလစ်လုပ်ပါ... Registry Editor ပေါ်လာပြီဆိုရင်... 3. HKEY_LOCAL_MACHINE » SYSTEM » CurrentControlSet » Service

ဒီနေ့မနက်...

ဒီနေ့မနက် ၄-နာရီလောက်ကစပြီး မန္တလေးမှာ မိုးသည်းထန်စွာရွာသွန်းပါတယ်... လေမတိုက်တာကိုပဲ ကျေးဇူးတင်ရပါမယ်... ရေတော့ တော်တော်များပါတယ်... ၇း၃၀-နာရီလောက်မှာ မိုးစဲသွားပါတယ်... သို့သော်လည်း မန္တလေးရှိ လမ်းမများမှာ ရေများတင်ကျန်ခဲ့ပြီး ယင်းရေများကြောင့် ကားတွေ ဆိုင်ကယ်တွေ ထိုးရပ်ကုန်ပြီး ပြင်နေတာ တွေ့ရကြောင်းပါ... My labels: Mandalay Myanmar Burma Burmese News

မန္တလေးသား နဲ့ ပန်းမုန်တိုင်း (Nargis)

မန္တလေးသား နဲ့ ပန်းမုန်တိုင်း (Nargis) 2-May-2008 အဲဒီနေ့က ကျတော့် လုပ်ဖော် ကိုင်ဖက် တစ်ယောက်ရဲ့ မင်္ဂလာဆောင် ဓာတ်ပုံရိုက်ပေးမယ်လို့ ပြောထားတယ်... မနက်ကတည်းက စပြီး မိုးတွေ တဖွဲဖွဲရွာနေတယ်... မိုးလွှဲဖို့တောင် သတို့သားကို ပြောဖြစ်သေးတယ်... သတို့သားက ရန်ကုန်ကလူတွေ ဒီမိုးလောက် အပျော့ဆိုတာနဲ့ မိုးမလွှဲဖြစ်ခဲ့ဘူး... မုန်တိုင်း ဝင်မယ်ဆိုတာတောင် မသိခဲ့တဲ့ ကျတော်တို့ ဘဝ... ကျတော် ဧပြီ ၂၈-ရက် ရန်ကုန် ရောက်ကတည်းက ရုံးက အိုင်ပီစတားက ပျက်သလိုလိုနဲ့ အင်တာနက် သုံးလို့မရဘူး... အဲဒီတော့ မုန်းတိုင်း ဝင်မယ်ဆိုတဲ့ သတင်းကို ကျတော်တို့ မသိခဲ့ဘူး... မင်္ဂလာဆောင်က ညနေ ၃-နာရီ တဖြည်းဖြည်းနဲု့မိုးတွေ ပိုများလာတယ်... ညနေ ၅-နာရီလောက်မှာ မိုးစဲလာတယ်... မင်္ဂလာဆောင်ပြီးတော့ ရုံးက အဆောင်ပြန်တယ်... မိုးတွေ ရွာလာပြန်တာနဲ့ လှိုင်သာယာထဲက စားသောက်ဆိုင်တစ်ခုမှာပဲ bachelor night အတွက် ကျွေးတယ်... ည ၁၀-နာရီလောက်မှာ မိုးက တော်တော်သည်းနေပြီ... ကျတော်ကတော့ ရန်ကုန်မှာ ဒီလိုပဲ မိုးရွာတတ်တယ် ထင်နေတယ်... ဆိုင်ကလည်း သိမ်းနေတာမို့ ထပြန်ခဲ့တယ်... အဆောင်မှာ မအိပ်ချင်တာနဲ့ သူငယ်ချင်း ၂-ယောက် Suzuki Pickup ကားလေးနဲ့ လှိုင်သာယာ တစ်ဖက်ကမ်းက ကျေ

ရန်ကုန်သား တစ်ယောက်ရဲ့ ကိုယ်တွေ့ နာဂစ် (Myanmar Cyclone)

အောက်ဖော်ပြပါ အကြောင်းအရာများကို NativeMyanmar တွင် ကိုမင်းအို ရေးသားခဲ့ခြင်း ဖြစ်ပြီး ကိုမင်းအိုထံ ဖုန်းဖြင့် ခွင့်တောင်းကာ ပြန်လည် ဝေမျှခြင်း ဖြစ်ပါသည်.... ယခုလို ကျတော့် ဘလော့မှာ အသုံးပြုခွင့်ပေးတဲ့အတွက် ကိုမင်းအိုကို ကျေးဇူးအထူး တင်ရှိကြောင်းပါ... သောကြာနေ့ မုန်တိုင်းက လမ်းကြောင်းပြောင်းသွားပြီ...။ ဧရာဝတီတိုင်းကနေ ရန်ကုန်တိုင်းထဲကို ဖြတ်မတဲ့...။ အိမ်ကို ဖုန်းဆက်တယ်...။ ရိက္ခာနှစ်ရက်စာလောက် ၀ယ်ထားကွယ်ပေါ့...။ လေသံပျော့လေးနဲ့...။ စိတ်ထဲ သိပ်တော့မပူ...။ အင်တာနက်ကတော့ ပြင်းထန်သော မုန်တိုင်းကြီးဆိုလို့ သတိပေးစာလေးဘာလေးတော့ ရေးဖြစ်တယ်...။ လေတွေတိုက်မယ်ပေါ့...။ မိုးတွေရွာမယ်ပေါ့...။ သောကြာည ညနေကတည်းက မိုးကခပ်ဖွဲဖွဲစရွာတယ်...။ ညမိုးချုပ်တော့ မိုးသိပ်မရွာ...။ ဒီမုန်တိုင်းက ဘယ်လိုလဲပေါ့...။ အိမ်မှာတော့ ဟိုအကြောင်း ဒီအကြောင်းပြောကြရင်း စကားဝိုင်းဖွဲ့နေလိုက်ကြတယ်...။ လေက အသံနည်းနည်းပါလာတယ်...။ လေချွန်သလိုလိုေ>မတွန်သလိုလို အသံတွေ ကြားလာရတယ်...။ ပြတင်းကကြည့်တော့ သစ်ပင်တွေ ယိမ်းနွဲ့လို့...။ ည ၁၂နာရီကျော်တော့ လေသံက သိသိသာသာ ပြင်းလာတယ်...။ အုန်းပင်တွေက အုန်းလက်တွေက လေတိုက်လို့ လန်ထွက်သွားတဲ့ ထီ

Myanmar Cyclone 2008

ရန်ကုန်ကို ဧပြီ ၂၈ ရက်နေ့ကတည်းက ရောက်နေတာပါ... အဲဒါနဲ့ နာဂစ်ဆိုတာကြီးနဲ့တွေ့ရော ဆိုပါတော့... ဘီဘုတ်ပျံတွေ၊ သွပ်ပြားပျံတွေ တွေ့လိုက်ရတယ် ခင်ဗျ... မိုးတိတ်သွားတဲ့အချိန်မှာ ရုံးအခြေအနေ သိချင်တာနဲ့ လမ်းလျှောက်ပြီး ရုံးကို ရောက်အောင်သွားဖြစ်တယ်... န၀ဒေး မှတ်တိုင်မရောက်ခင်မှာ အသိအကို တစ်ယောက် နဲ့ တွေ့လို့ ကားနဲ့ လိုက်ပို့ပေးလို့ ရုံးကို ရောက်ခဲ့တယ်... သစ်ပင်တွေလဲ နေလို့ ကားလမ်းမဟာ တောကြီးထဲက လမ်းကြီးလိုပါပဲ... ပြိုကျနေတဲ့ တဲတွေ၊ အိမ်တွေ၊ သွပ်ပြားတွေ လှန်နေတဲ့ စက်ရုံတွေ ထမင်းမစားရသေးတဲ့လူတွေ တွေ့ခဲ့ရတယ်... ၀မ်းနည်းစရာ အရမ်းကောင်းတယ်ဗျာ... ဒေါသတွေထွက်ပြီး စိတ်တွေလည်း တိုမိတယ်.... စာရိုက်ရတာ အဆင်မပြေလို့ နောက်နေ့များမှ ဆက်ရေးပါ့မယ်... my labels: Nagis, Nargis, Myanmar Cyclone, Burma Cyclone, Myanmar News