Skip to main content

မန္တလေးသား နဲ့ ပန်းမုန်တိုင်း (Nargis)

မန္တလေးသား နဲ့ ပန်းမုန်တိုင်း (Nargis)

2-May-2008
အဲဒီနေ့က ကျတော့် လုပ်ဖော် ကိုင်ဖက် တစ်ယောက်ရဲ့ မင်္ဂလာဆောင် ဓာတ်ပုံရိုက်ပေးမယ်လို့ ပြောထားတယ်... မနက်ကတည်းက စပြီး မိုးတွေ တဖွဲဖွဲရွာနေတယ်... မိုးလွှဲဖို့တောင် သတို့သားကို ပြောဖြစ်သေးတယ်... သတို့သားက ရန်ကုန်ကလူတွေ ဒီမိုးလောက် အပျော့ဆိုတာနဲ့ မိုးမလွှဲဖြစ်ခဲ့ဘူး... မုန်တိုင်း ဝင်မယ်ဆိုတာတောင် မသိခဲ့တဲ့ ကျတော်တို့ ဘဝ... ကျတော် ဧပြီ ၂၈-ရက် ရန်ကုန် ရောက်ကတည်းက ရုံးက အိုင်ပီစတားက ပျက်သလိုလိုနဲ့ အင်တာနက် သုံးလို့မရဘူး... အဲဒီတော့ မုန်းတိုင်း ဝင်မယ်ဆိုတဲ့ သတင်းကို ကျတော်တို့ မသိခဲ့ဘူး...
မင်္ဂလာဆောင်က ညနေ ၃-နာရီ တဖြည်းဖြည်းနဲု့မိုးတွေ ပိုများလာတယ်... ညနေ ၅-နာရီလောက်မှာ မိုးစဲလာတယ်... မင်္ဂလာဆောင်ပြီးတော့ ရုံးက အဆောင်ပြန်တယ်... မိုးတွေ ရွာလာပြန်တာနဲ့ လှိုင်သာယာထဲက စားသောက်ဆိုင်တစ်ခုမှာပဲ bachelor night အတွက် ကျွေးတယ်... ည ၁၀-နာရီလောက်မှာ မိုးက တော်တော်သည်းနေပြီ... ကျတော်ကတော့ ရန်ကုန်မှာ ဒီလိုပဲ မိုးရွာတတ်တယ် ထင်နေတယ်... ဆိုင်ကလည်း သိမ်းနေတာမို့ ထပြန်ခဲ့တယ်... အဆောင်မှာ မအိပ်ချင်တာနဲ့ သူငယ်ချင်း ၂-ယောက် Suzuki Pickup ကားလေးနဲ့ လှိုင်သာယာ တစ်ဖက်ကမ်းက ကျတော် တည်းနေတဲ့ ဟိုတယ်ကို လိုက်ပို့ပေးမယ်... ကင်မရာ ရေစိုမှာစိုးတာနဲ့ သတို့သားဆီ အပ်ထားခဲ့တယ်... သောက်ထားစားထားတော့ လူကလည်း မူးနေပြီပေါ့... သည်းလိုက်တဲ့ မိုးတွေ... ဒီလိုနဲ့ပဲ ဟိုတယ်ကို ရောက်သွားတယ်...

3-May-2008
မနက် ၅-နာရီ မနေ့ညက သောက်ထားတဲ့ အရှိန်ကြောင့် လူလည်း ခေါင်းတွေကိုက်နေတယ်... တဝုန်း ဝုန်း... တဒိုင်း ဒိုင်းနဲ့ ဘာတွေ ဖြစ်နေတာလည်း မသိဘူးပေါ့... ၅း၃၀ နာရီမှာ ဆက် အိပ်လို့ မဖြစ်လို့ ထကြည့်တော့ ဟိုတယ်ဘေး ၅-ပေခန့် ကျယ်တဲ့ ရေမြောင်းက ရေပြင် အကျယ်ကြီးဖြစ်နေပြီ... သစ်ပင်တွေလည်း လဲနေပြီ... ဟိုတယ် အပေါ်ဆုံးက ဘေးနံရံမပါဘဲ သံတိုင်၊ သံကိုင်းနဲ့လုပ်ထားတဲ့ အမိုး လေအရှိန်ကြောင့် မြောင်းထဲ ကျနေတာ တွေ့ရတယ်... အဲဒီ သံပြားက ဟိုတယ် ခြံဝင်းကို ကာထားတဲ့ သံပြားကို ရိုက်ပြီး ထွက်လာတဲ့ အသံတွေကြောင့် ကျတော် အိပ်လို့ မရဖြစ်နေတာပဲ... စိုးရိမ်စိတ် များစွာနဲ့ အောက်ထပ်ကို ဆင်းကြည့်တယ်... အင်တာနက်သုံးဖို့ မေးကြည့်တော့ ဖုန်းလိုင်းတွေ ပြတ်သွားပြီ၊ ညက ရေတွေ တော်တော်လေး တက်လာလို့ အင်တာနက် သုံးမယ့် ကွန်ပျူတာတွေကိုလည်း သိမ်းထားလိုက်ပြီ ဆိုလို့ အင်တာနက် မကြည့်ရဘဲ... Nargis မှန်းမသိတဲ့ မုန်တိုင်းကို ငေးကြည့်နေမိတယ်... ဟော... သွပ်ပြားပျံတွေ၊ billboard ပျံ အပိုင်းအစတွေ မျက်စိနဲ့ မြင်ခဲ့ရတယ်...
၆း၃၀ နာရီလောက်နေတော့ မနက်စာ စားလို့ ရပြီဆိုတာနဲ့ မနက်စာ စားတယ်... သတင်းကြည့်မယ် ဆိုပြီး အခန်းထဲ ပြန်သွားတော့ တီဗီလိုင်းတွေ မရတော့... စလောင်းတွေ အကုန် nargis ယူသွားပြီတဲ့... ရုံးကလူတွေ ဖုန်းဆက်တော့ ဖုန်းလိုင်း မမိတော့... မန္တလေးကို ဖုန်းဆက်တော့လည်း မရ... ရများရမလားလို့ ကြိုးစားကြည့်တာ ဖုန်း ဘက်ထရီ ကုန်သွားတာပဲ အဖတ်တင်တယ်... မရဘူး... ဖုန်းအားသွင်းတဲ့ charger ကလည်း အဆောင်မှာထားခဲ့တဲ့ အိတ်ထဲမှာ ကျန်ခဲ့တယ်... ဘက်ထရီ လက်ကျန် နည်းနည်းထားပြီး ဖုန်းကို မသုံးပဲ ပိတ်ထားလိုက်တယ်... အပေါ်တက်လိုက် အောက်ဆင်းလိုက် ဟိုကြည့် ဒီကြည့် နေ့လယ်စာ စားချိန် ရောက်တော့ အပြင်လည်း ထွက်လို့မရတာနဲ့ နေ့လယ်စာ စားပြီးတော့ အိပ်လိုက်တယ်...
နေ့လယ် ၂း၁၅-နာရီလောက်မှာ နိုးတယ်... အပြင်ကိုကြည့်တော့ မိုးငြိမ်နေပြီ... အပြင်ထွက် သင့်၊ မထွက်သင့်စဉ်းစားတယ်... ရုံးကလူတွေ မဆက်သွယ်လာတာနဲ့ အပြင်ထွက်ပြီး ရုံးကို သွားကြည့်မယ်လို့ ဆုံးဖြတ်လိုက်တယ်... အဝတ်အစားလဲပြီး ထီးတစ်ချောင်းယူပြီး တည်ခိုးရာနေရာကနေထွက်လိုက်တယ်... လမ်းမပေါ်မှာ ရေတွေချည်းပဲ... လမ်းထိပ်မှာ သာသနာ့အလံထောင် ရေသန့်ဘူးကြီး စားပွဲပေါ်တင်ပြီး အရက်သောက်တဲ့လူတွေ သောင်းကျန်းနေကြတယ်... ဘုရင့်နောင် မီးပွိုင့်ကို ရောက်ဖို့ ဒူးအထက်ကျော်တဲ့ ရေတွေထဲကနေ လမ်းလျှောက်ရတယ်... ဘုရင့်နောင် မီးပွိုင့်မှာရှိတဲ့ billboard ကြီးတွေ ကျိုးပဲနေပြီ... အကောင်းပတိဆိုလို့ ၃-ခုပဲ ကျန်တော့တယ်... လိုင်းကားလာမလား၊ taxi လာမလားဆိုပြီး မီးပွိုင့်မှာ ရပ်စောင့်နေတယ်... လိုင်းကား မလာဘူး... လာတဲ့ taxi တွေကလည်း နောက်ခန်းအထိ လူတွေအပြည့်... ဘုရင့်နောင် တံတားဘက်ကားတွေ ခဏနေ ပြန်ပြန်လှည့်လာကြတယ်... ဒါဆိုရင် ဘုရင်နောင် တံတား လမ်းပိတ်နေပြီတယ်...
တံတားမကျိုးရင်တော့ တံတားဟိုဘက် ရောက်အောင် သွားနိုင်ရင် taxi ရှိနိုင်မယ်ဆိုပြီး လမ်းလျှောက်သွားလိုက်တယ်... လမ်းမှာ လဲနေတဲ့ သစ်ပင်တွေ သစ်ပင် တောကြီးမျက်မဲထဲ လမ်းလျှောက်နေရတဲ့ အတိုင်းပါပဲ... လှိုင်သာယာဘက် အခြမ်းရောက်တော့ မီးသတ်နဲ့ ကြက်ခြေနီတွေ လဲနေတဲ့ အပင်တွေ ရှင်းနေတာ တွေ့တယ်... ဘေးနားကပ်ရပ်မှာ ရှိတဲ့ အဖွဲ့အစည်းက လူတွေ ထွက်ရှင်းတာမတွေ့... FMI ထိပ်ရောက်တဲ့ အထိ ဘာကားမှ မတွေ့၊ ဆိုက္ကားလည်း မတွေ့... ဒါနဲ့ပဲ လမ်းထပ်လျှောက်တာ နဝဒေး မှတ်တိုင် မရောက်ခင် တစ်မှတ်တိုင်အလိုမှာ BaganNET Forum မှာကတည်းက သိလာတဲ့ အကိုကြီးကားနဲ့တွေ့လို့ ခြေမညောင်းတော့ဘဲ ရုံးက အဆောင်ကို ရောက်တော့တယ်... လမ်းမှာ သူ့အသိ အိမ်ကို ဝင်တယ်... ရေတွေက ပေါင်လယ် လောက်ရှိတယ်... အမိုးတွေလန်၊ တဲတွေပြိုတွေ့ခဲ့ရတယ်... မနက်ကတည်းက ညနေ ၃း၃၀နာရီ အထိ ဘာမှမစားရသေးဘဲ ငုတ်တုတ် ထိုင်နေရတယ် ဆိုတဲ့ အသံတွေ ကြားရတယ်...
အဆောင်ရောက်တော့ အဆောင်ခေါင်မိုး သွပ် ၄-ချပ်လောက်ပဲလှန်တယ်... ရုံးရှေ့က တဲတွေ ပြိုကျတယ်... ဆောက်လက်စ ကန်ထရိုက်တိုက်လည်း အမိုးတွေ လန်တယ်... ရုံးက အမိုးမလန်ပဲ လေဝင်ပေါက်က ရေတွေဝင်လို့ ဆာဗာခန်း မျက်နှာကျက်တွေ ပြိုကျတယ်... ဆာဗာကွန်ပျူတာလည်း ရေတွေစိုတယ်... ဆာဗာကွန်ပျူတာကို အခြောက်ခံ၊ Hair Dryer နဲ့မှုတ်တာ ပြန်သုံးလို့ရတယ်... ရုံးက လူတွေ ဘာမှ မဖြစ်တာ တွေ့မှ စိတ်ပူတာတွေ လျော့သွားတယ်... အဆောင်မှာလည်း စားစရာနဲ့ ရေမရှိလို့ တည်းတဲ့ ဟိုတယ်ကို ပြန်ဖို့စိတ်ကူးတယ်...
....

ရေးရင်းနဲ့ ပျင်းလာတယ် ဆက်ရေးချင်စိတ်မရှိတော့ဘူး... စိတ်ပါရင်တော့ ဆက်ရေးပါ့မယ်...

Myanmar Cyclone 2008 မှာ တင်ထားတဲ့ ဓာတ်ပုံတွေ မမြင်ရဘူး ဆိုရင်ဒီနေရာမှာ ကြည့်နိုင်ပါတယ်...

My labels: Nargis, Nagis, Myanmar Cyclone, Mg Hla, မောင်လှ နာဂစ် မုန်တိုင်း မြန်မာ ဗမာ , Mandalay Myanmar Burma Burmese News

Comments

Popular posts from this blog

မနေ့က...

ရုံးကနေ ည ၇-နာရီလောက်မှပြန်ဖြစ်တယ်... FMI ထဲဝင်ပြီး ထမင်းဝင်စားပြီးမှ တည်းတဲ့ ဟိုတယ်ကို ၈-နာရီကျော်မှ ပြန်ရောက်တယ်... အမျိုးသမီးက ဖုန်းဆက်လာတယ်... သမီးက သူပြောချင်လို့ဆိုပြီး ဖုန်းဝင်ပြောတယ်... မူကြိုတက်နေတာ ၂-ပတ်နီးနီးပဲရှိသေးတာ တော်တော်လေး စကားတွေ ပြောတတ်လာပြီ... ဖုန်းဆက်တိုင်း သမီးမှာတတ်တာက J Donuts ဝယ်ခဲ့ပေးဖို့ပဲ... သမီးက J Donuts ကြိုက်တယ်လေ... မန္တလေးမှာ J Donuts မရှိဘူး... ရှိတဲ့ M Donuts ကိုကျတော့ သမီးက မကြိုက်ဘူးလေ... ရုံးက ဝယ်ထားပေးတဲ့ laptop မှာ လိုတဲ့ drivers တွေတင်ရင်း ၁၁း၃၀-နာရီလောက်မှ အိပ်ဖြစ်တယ်... သြော် ... ဘာလိုလိုနဲ့ ... ဒီနေ့ဆို ရန်ကုန် ရုံးကို ရောက်နေတာ ၂၇-ရက်တောင် ရှိနေပြီ... ဒါနဲ့ စကားမစပ် web cam ပါတဲ့ laptop တွေမှာ login လုပ်တဲ့နေရာမှာ Face Recognition နဲ့ လုပ်ချင်တယ်ဆိုရင် Lenovo က သူ့ laptop တွေအတွက် ရေးထားတဲ့ Lenovo VeriFace recognition လေးကို ရှာပြီး သုံးကြည့်ပါ... acer, dell, hp laptop တွေမှာ သုံးကြည့်တာ အဆင်ပြေကြောင်းပါ...

WinKalaw NativeMyanmar Keyboard Layout BETA version

WinKalaw နှင့် အခြား Win Font များကို စာရိုက်ရာတွင် Alt နှင့် နံပါတ်များကို တွဲနှိပ်နေရ၍ စိတ်ညစ်နေရသူများ၊ Laptop ကို အသုံးပြုတဲ့အခါမှာ ပါဌ်ဆင့်တွေကို ရိုက်တဲ့အခါမှာ မရိုက်တတ်ဖြစ်နေသူ များအတွက် WinKalaw NativeMyanmar Keyboard Layout BETA version ပါ။ WinKalaw NativeMyanmar Keyboard Layout BETA version နဲ့ စာရိုက်ရာမှာ အဆင်ပြေနိုင်ပါပြီ။ WinKalaw NativeMyanmar Keyboard Layout BETA version ကို ဒီနေရာမှာ ဒေါင်းလုတ်ဒ် ရယူနိုင်ပါသည်။ WinKalaw NativeMyanmar Keyboard Layout သည် Zawgyi လက်ကွက်ကို အခြေခံထားသည်။ (ယခင် စထွက်ဖူးသော Win Myanmar လက်ကွက်များ အတိုင်းဖြစ်သည်။) Win Myanmar (-Win---Innwa ၊ WinKalaw ၊ Win စသော မြန်မာစလုံးများ)၊ Metrix-1 (Metrix မြန်မာစာလုံးများ) ၊ W01Art House (အနုပညာအိမ် မြန်မာစလုံးများ) ရိုက်ရာတွင် အသုံးပြုနိုင်သည်။ အင်္ဂလိပ်စာလုံးများနှင့် အခြား မြန်မာယူနီကုဒ်များစာလုံးများတွင် အသုံးပြုပါက အင်္ဂလိပ်စာလုံးများသာ ထွက်မည် ဖြစ်သည်။ ပါဠိ ပါဌ်ဆင့် အထပ်များကို သက်ဆိုင်ရာ စကာလုံးတည်ရှိရာ key ကို Ctrl+Alt သို့ Ctrl+Alt+Shift များ တွဲနှိပ်ပြီး ရိုက်နိုင်သည်။ ဥပမာ - ဓမ္မ ရို...


Helpdesk Ticketing System (Open Source) တွေ စမ်းနေတဲ့အထဲက ရိုးရိုးရှင်းရှင်းနဲ့ အကြိုက်ဆုံးကတော့ Trudesk https://trudesk.io/ ပဲ... User တွေ သုံးရတာ ရိုးရှင်းလွယ်ကူပြီးတဲ့အပြင် Administrator တွေအတွက်လည်း ရိုးရိုးရှင်းရှင်းလေးပဲ... Installation အဆင့်မှာတော့ အခန့်မသင့်ရင်တိုင်ပတ်တယ်... Trudesk ရဲ့ community edition (အခမဲ့) မှာ LDAP နဲ့ ချိတ်ဆက်တာ မပါလို့ နောက်တစ်ထပ်စမ်းရင် ကြိုက်နေမိတာက Zammad Community edition https://zammad.org/ ပဲ... Zammad က trudesk ထက် function တွေပုံများတယ်... စုံတယ်... User အတွက်တော့ လွယ်ကူပေမယ့် သုံးနေကြမဟုတ်တော့ Administrator ဘက်အခြမ်းကို configure သေချာမလုပ်တတ်သေးဘူး ဖြစ်နေတယ်... Zammad မှာ ကိုယ့်လုပ်ငန်း website မှာ feedback form နဲ့ chat function တွေ ထည့်လို့ရတဲ့ function တွေပါတယ်... VoIP service တွေနဲ့ပါ ချိတ်လို့ရတဲ့ function တွေအပြင် အခြား function တွေပါ အများကြီးပါသေးတယ်... ဒီ ၂ခုလုံးက ခေါင်းခြောက်ခံနိုင်ရင် community edition (အခမဲ့)သုံးလို့ရတဲ့အပြင် ခေါင်းခြောက် မခံချင်ရင်လည်း ဝယ်သုံးလို့ရတယ်...