Skip to main content

Posts

Showing posts with the label Shwe Sar Yan

ရွှေစာရံ ဘုရားပွဲသို့ တစ်ခေါက်တခါ...

မနေ့က NativeMyanmar Forum က သူငယ်ချင်းတွေနှင့် ရွှေစာရံ ဘုရားပွဲကို ရောက်ခဲ့ပါတယ်... Bagannat, NgweHninMyu, ကျတော့် သူငယ်ချင်း မောင်မိုး ၊ ကျတော်နှင့် မဒမ် မောင်လှ တို့ပေါ့ဗျာ... ကိုသခင်ကြီးကတော့ လိုက်ချင်ပေမယ့်လည်း အလုပ်အပြီး အပ်စရာရှိလို့ မလိုက်နိုင်ပါဘူး... ရွှေစာရံဘုရားပွဲကို တစ်ခေါက်မှ မရောက်ဖူးပါဘူး... အခုမှ ပထမဆုံးအကြိမ် သွားဖူးတာပါ... မေမြို့ကို ကားနဲ့ သွားတုန်းက ရွှေစာရံကို နီးနီးလေး ထင်ရပေမယ့်... ဆိုင်ကယ်နဲ့ ကိုယ်တိုင် သွားကြည့်မှ ဝေးပါလားဆိုတာ သိရပါတယ်... ဆိုင်ကယ်နဲ့ အဝေးဆုံး ခရီး သွားဖူးတာပါ... လူ နည်းနည်း ပဲ ရှိမယ် ထင်ပြီး သွားမိတာ ဘယ်ဟုတ်မလဲ များလိုက်တဲ့လူတွေ... ပျော်တော့ ပျော်စရာကြီးပါပဲ... ကာလသား ကိုကိုများကတော့ နားတောင်းချချောင်းထဲ ဆင်းပြီး ရေဆင်းဆော့ နေကြလေရဲ့... မမ ကာလ သမီးများကတော့ ကမ်းပေါ်ကနေ အားပေးကြလေရဲ့.... လူများတာ ယုံပြီလား... ဝယ်ကြပါဦး... ရှမ်းပြည်ကလာတဲ့ မုန့်ခေါင်းအုံးတွေ... ကာလသားတို့ ရေဆော့မယ်... မမတို့လည်း ကြည့်ဦးမယ်... ဒါက ဆိုင်ကယ်အပ်တဲ့ နေရာ ၁-ခု... ကားအပ်တဲ့ နေရာ ၄-ခုလောက် တွေ့ခဲ့တယ်... My Tags: Myanmar News, Mandalay News, Shwe Sar Yan, ရွှေစာရံ သတင်းြ