ထပ်တစ်ရာ ကောင်းကောင်း၊ ဆိတ်စွပ်ပြုတ် ကောင်းကောင်း နဲ့ လက်ဖက်ရည် ကောင်းကောင်း သောက်ချင်တယ်ဆိုရင်ဖြင့် ၁၂-လမ်း၊ လမ်း-၈၀ နဲ့ ၈၁ လမ်းကြားမှာ ရှိတဲ့ လက်ရွေးစင် လက်ဖက်ရည်ဆိုင်မှာ မြည်းစမ်းကြည့်ကြပါ... ကျုံးရဲ့ အနောက်မြောက်ထောင့်ရောက်ရင် ဆိုရင်ဖြင့် လက်ရွေးစင် လက်ဖက်ရည် မေးမြန်းလို့ရပါပြီ... ညဘက်တော့ မဖွင့်ပါဘူး... ၅-နာရီ ဝန်းကျင်လောက်အထိပဲ ဖွင့်တယ် ထင်ပါတယ်... မန္တလေး မြောက်ပြင်ရဲ့ နာမည်ကြီး လက်ဖက်ရည်ဆိုင် တစ်ဆိုင်ပါ... ညနေစောင်းက စပြီး ညဘက်အထိ ချပါတီကောင်းကောင်း စားချင်တယ်ဆိုရင် ၈၂-လမ်းနဲ့ ၂၇-လမ်းထောင့်၊ Unity Hotel နဲ့ မျက်နှာချင်းဆိုင်မှာ တည်ရှိတဲ့ နေ လက်ဖက်ရည်ဆိုင်ကို ညွှန်းပါရစေဗျာ... အဲဒီ အနီးနား ပတ်ဝန်းကျင်မှာ ပုံတူရိုးမှား နာမည်ပေးထားတဲ့ ဆန်း လက်ဖက်ရည်ဆိုင်လည်း ရှိတယ်ဆိုတာ သတိပြုပါ... မြို့မ ရုပ်ရှင်ရုံကနေ နောက်ဘက် နောက်လမ်းထောင့်မှာ ရှိတာပါ... ချပါတီ အပြင် အခြား အိန္ဒိယ အစားအစာများလည်း ရနိုင်ပါတယ်... အပေါ်က လက်ဖက်ရည်ဆိုင် ၂-ဆိုင်သွားပြီး မောင်လှလည်း အိန္ဒိယ အမျိုးအနွယ်ဝင်လို့ မထင်လိုက်ပါနဲ့... မောင်လှ ဆိုတာ ဗမာစစ်စစ် အညာသားပါ... မန္တလေး ထမင်းပေါင်း၊ အနီရောင်ဆော့ မပါဘဲ သုတ်ထားတဲ့ ဝက်သားသုပ...
MgHla's ဒိုင်ယာရီ