Skip to main content

Posts

Showing posts with the label how to

OBD II Scanner သုံးပြီး ကားအခြေအနေကို monitoring လုပ်မယ်...

ဘာတွေ လိုမလဲဆိုတော့ OBD II scanner, OBD II scanner တပ်ဆင် အသုံးပြုနိုင်မယ့် ကားနှင့် Android Phone/Tablet or iPhone/iPad/iPod Touch ၃-မျိုးလိုပါတယ်... OBD II scanner ဆိုတာ အောက်က ဓာတ်ပုံထဲကလို ဟာမျိုးလေးပါ... ကျတော် ဝယ်ထားတာက Vgate Scan တံဆိပ် bluetooth တစ်မျိုးပဲရတဲ့ OBD II scanner ပါ... ဘလူးတုပဲ ရတဲ့အတွက် android သုံး ပစ္စည်းတွေနဲ့ပဲ ချိတ်ဆက်လို့ရပါတယ်... iPhone တို့နဲ့ ချိတ်ဆက်လို့ မရပါဘူး... iPhone နဲ့ချိတ်ဆက်သုံးချင်ရင်တော့ WiFi ပါတဲ့ OBD II scanner ဝယ်ရပါ့မယ်...  OBD II scanner ကို ကားရဲ့ OBD II port မှာ တပ်ပါ... ကျတော့်ရဲ့ Demio မှာ စတီယာတိုင်ရဲ့ ညာဘက် အောက်နားလေးမှာ ရှိပါတယ်...  OBD II scanner ကို ကားမှာ တပ်ပြီးရင်တော့ ကားကို စက်နှိုးထားပါ... Android ဖုန်းရဲ့ bluetooth ကိုဖွင့်ပြီး OBD II scanner ကို ရှာပါ... pair code က 0000 သို့မဟုတ် 1234 အများဆုံး ဖြစ်နိုင်ပါတယ်...  OBD II scanner နဲ့ ဖုန်းနဲ့ ချိတ်သွားပြီဆိုရင် OBD monitoring လုပ်တဲ့ app ကို ဖွင့်ပါ...    ကျတော်ကတော့ OBD DroidScan ကို ကြိုက်တဲ့အတွက် အပေါ်ပုံမှာ ပြထားတဲ့ တတိယ အတန်း ညာဘက်ဆုံးက OBD DroidS

Rows အလိုက်ထည့်ထားတဲ့ data တွေကို Columns အလိုက်ပြောင်းခြင်း

Microsoft Excel မှာ အပေါ်က ပုံထဲက အတိုင်း row အလိုက် ထည့်ထားတဲ့ Data တွေကို အောက်မှာပြထားတဲ့ ပုံအတိုင်း column အလိုက် ဖြစ်ချင်တယ်ဆိုရင် လုပ်တဲ့နည်းက လွယ်ပါတယ်။ 1. cell တွေကို select ပေးပါ။ 2. copy ကူးပါ။ 3. လိုချင်တဲ့နေရာမှာ selector ချပြီး right click နှိပ်ပါ။  5. ပေါ်လာတဲ့ pop menu ထဲမှ Paste Special ကို click လုပ်ပါ။ အောက်မှာပြထားတဲ့ ပုံအတိုင်း Paste Special diaglog box ပေါ်လာပါလိမ့်မည်။ 6. Transpose ၏ ဘယ်ဘက်တွင် ရှိသော check box ထဲတွင် အမှန်ခြစ် လေးပေါ်အောင် click လုပ်ပြီး OK ကို နှိပ်ပါ။ row အလိုက် ထည့်ထားသည့် data များ column အလိုက်ပြောင်းသွားသည်ကို တွေ့ ရပါလိမ့်မည်။ ဒီနည်းနဲ့ Columns အလိုက်ထည့်ထားတဲ့ data များကို Rows အလိုက် ပြောင်းနိုင်ကြောင်းပါ။  

Dynamic Report in Microsoft Access

မောင်လှရေ... မှတ်ထားဦးကွယ့်... Microsoft Access မှာ Crosstab Query ကို Report ထုတ်မယ်ဆိုရင် ဒီလိုလေး ထုတ်ရတယ်... Table တွေ ရှိပြီးသား ဆိုရင်တော့ ပထမဆုံးလုပ်ရမယ့် အလုပ်က Crosstab Query တစ်ခု တည်ဆောက်ရမယ်... ဟော့ဒီမှာ crosstab query design ကို နမူနာကြည့်ပါဦး... အဲဒီမှာ OutletID, OutletName, VrNo, NetAmt တွေက Row Heading လို့ရွေးထားတယ်... Stock ဆိုတဲ့ field ကိုတော့ Column Heading ဆိုပြီး ရွေးထားလိုက်တယ်... NetQty ကိုတော့ Value လို့ရွေးလိုက်တယ်... ရက်အလိုက်ရွေးကြည့်လို့ ရအောင် Date ကို Where ဆိုပြီး ရွေးထားတယ်... အဲဒီ query ကို run ကြည့်မယ်ဆိုရင် အောက်က ပုံစံမျိုးပေါ်လိမ့်မယ်... အဲဒီမှာ Date တစ်ခု လာတောင်းလိမ့်မယ်... 6/27/2007 ဆိုပြီး ရိုက်ထည့်လိုက်တယ်... အဲဒီနေ့ဟာတွေပဲ ဖော်ပြပေးပါတယ်... query ကို ပိတ်ပြီး နောက်တစ်ခေါက် ပြန် run ကြည့်ပါဦး... ဒီတစ်ခါ 6/28/2007 လို့ရိုက်ထည့်ကြည့်ပါ... ဘာတွေ့ရမလဲဆိုတော့ Row Heading လို့ပြောထားတဲ့ OutletID, OutletName, VrNo, NetAmt တွေက data တွေ မတူနိုင်ပေမယ့် ပုံသေ column တွေ အနေနဲ့ ဖော်ပြပေးပြီး Column Heading လို့ ရွေးထားတဲ့ Stock ကတော့ အဲဒီနေ့မှာ ၁၀-မျို

ကိုယ့် Blog မှာ နောက်ဆုံး ရေးထားတဲ့ Comment များကို side bar မှာ ထည့်ရအောင်...

ပထမဆုံး လုပ်ရမယ့် အလုပ်က www.blogger.com ထဲကို login အရင်ဝင်ပါ.... Dashboard ထဲကို ရောက်ပြီဆိုရင် ကျတော်တို့ ပြင်ချင်တဲ့ blog ရဲ့ Manage: ဆိုတဲ့ နေရာမှာ ရှိတဲ့ Layout ကို click လုပ်ပါ.... ပုံထဲမှာ ပြထားတဲ့ အတိုင်း (၁) Page Elements ဟုတ်ရဲ့လား အရင်စစ်ပါ... ဟုတ်ပြီဆိုရင် (၂) Add A Page Element ကို click လုပ်ပါ... နောက်ထပ် windows တစ်ခုပေါ်လာရင် (၃) Feed ကို တွေ့အောင် ရှာပါ... တွေ့ပြီဆိုရင် ADD TO BLOG ကို နှိပ်ပါ... http:// your_site_name .blogspot.com/feeds/comments/default ထည့်ပေးပါ... your_site_name ဆိုတဲ့နေရာမှာ ကိုယ့် blog နာမည် ထည့်ပါ... MgHla လို့ သွားထည့်မိရင်တော့ ကျတော့် ဘလော့က comment တွေ လာပေါ်နေပါလိမ့်မယ်... OK ကို click နှိပ်လိုက်ရင် အောက်က ပုံအတိုင်း windows နောက်တစ်ခု ပြောင်းသွားပါလိမ့်မယ်... Title ဆိုတဲ့ နေရာမှာ Recent Comments or Latest Comments or ကိုယ်ကြိုက်တဲ့ စာသား ရိုက်ထည့်ပါ... show နေရာမှာ ကျတော်တို့ ပေါ်စေချင်တဲ့ comment အရေအတွက်ကို ရွေးပေးရမှာ ဖြစ်ပါတယ်... Item dates ဆိုတာက comment ပေးထားတဲ့ ရက်စွဲ ဖော်ပြချင်ရင် သုံးပါတယ်... Item sources/authors ရဲ့ ရှေ့မှာ အမှန်

မြန်မာလို ဘလော့စရေးမယ်ဆိုရင်...

ပထမဆုံး ကျတော် ရေးခဲ့ဖူးတဲ့ Blog မှာ မြန်မာလို ရေးရတာ အဆင် ပြေအောင်... ကို အရင်ဖတ်ပြီး စမ်းကြည့်ပါ... post အသစ်ရေးဖို့ အတွက် compose လုပ်တဲ့နေရာရောက်သွားရင် “ဒီစာကို Select ပေးပြီးရေးပါ...” လို့မြင်ရရင်၊ ဖတ်လို့ရရင် လုပ်ထားတာမှန်တယ်... စာကို select ပေးပြီး ကိုယ်ရေးချင်တာရေးပေတော့... select ပေးထားတဲ့အချိန် delete မလုပ်ပါနဲ့၊ backspace မနှိပ်ပါနဲ့... ဒါက post တွေကိုပဲ မြန်မာလို မြင်ရအောင် လုပ်ပေးတာပါ... title တွေ၊ heading တွေ၊ ဘာညာတွေကို မြန်မာလို မြင်ရအောင် မလုပ်ပေးပါဘူး... ဒါနဲ့ အဆင်မပြေဘူးဆိုရင် ကိုယ်ရေးချင်တဲ့စာတွေကို notepad (သို့မဟုတ်) Word ထဲမှာ ရိုက် copy ကူးပြီး post အသစ်တင်တဲ့ထဲမှာ လာပြီး paste လုပ်... blog စာမျက်နှာ တစ်ခုလုံးကို Zawgyi-One font နဲ့ ပေါ်စေချင်တယ် ဆိုရင် How to Assign Zawgyi-One font in Blog [NLS] ကို လေ့လာပါ... ဒီအပေါ် ၂-ခုကို အရင်လေ့လာပါ... အဲဒီ ၂-ခုရရင် ဘလော့စာမျက်နှာ တစ်ခုလုံး မြန်မာလို အဆင်ပြေပြေနဲ့ ပေါ်ပါလိမ့်မယ်... မရသေးဘူးဆိုရင်လည်း ပြင်ကြည့်ပါ... အကြိမ်ကြိမ်ကြိုးစားကြည့်ပါ... ခေါင်းတွေ သေရည် သေရက် မသောက်ရဘဲ ခေါင်းတွေ ချာချာလည်မူးနောက်လိမ့်မည်... ကျတော်လည်

Blogspot မှာ မြန်မာလို ရေးရတာ အဆင်ပြေအောင်...

လွယ်လွယ်လေးပါ... ၁. Blogger.com ကနေ login လုပ်ပြီး Dashboard ကိုသွားပါ... ၂. dashboard ထဲက Setting ကိုရွေးပါ... ၃. Formatting ကို ထပ်ရွေးပါ... ၄. Formatting စာမျက်နှာကို ရောက်ပြီဆိုရင် Post Template ဆိုတာကို ရှာပါ... အောက်ဆုံးမှာ ရှိပါတယ်... post template text box ထဲမှာ အောက်က code ကို ထည့်လိုပ်ပါ... ( font face="Zawgyi-One" ) ဒီစာကို Select ပေးပြီးရေးပါ... ( /font ) အပေါ်က code နဲ့ မရသူများ ခင်ဗျာ အောက်က code နဲ့ အစားထိုးကြည့်ပေးပါဦး ခင်ဗျား... ကျတော်တော့ အပေါ်က ကုဒ်နဲ့ အဆင်ပြေနေတာ blogspot စရေးကတည်းကပါ... ( span style="font-family:Zawgyi-One;" ) ဒီစာကို Select ပေးပြီးရေးပါ... ( /span ) မှတ်ချက် - ( ကို < အဖြစ်လည်းကောင်း၊ ) ကို > အဖြစ် ပြန်ပြောင်းပါ... ၅. Save Settings ကို နှိပ်ပြီး ပြီဆိုရင် ရပါပြီ... ၆. Post အသစ်တင်တဲ့နေရာကို သွားပါ... Edit Html ကို မရွေးဘဲ... Compose ကို ရွေးထားရင် စာရိုက်တဲ့ နေရာမှာ “ဒီစာကို Select ပေးပြီးရေးပါ...” ဆိုပြီး ပေါ်နေပါလိမ့်မယ်... ကဲဗျာ... အဲဒီစာကို Select ပေးပြီး ကိုယ်ကြိုက်တာ ရေးလို့ ရပါပြီ ခင်ဗျာ... မှတ်ချက် - Z

Windows XP သုံးတဲ့ ကွန်ပျူတာ နှစ်လုံးကို ဘယ်လို Network ချိတ်မလဲ...

ဘာတွေလိုမလဲ ဆိုတော့ Network card တပ်ဆင်ထားတဲ့ ကွန်ပျူတာ ၂-လုံး၊ ယင်း ကွန်ပျူတာ ၂-လုံးတည်းကိုပဲ အပြန်အလှန် ချိတ်ဆက်ချင်တယ် ဆိုရင်တော့ ကွန်ပျူတာဆိုင်ကနေ crossover network cable တစ်ချောင်း ဝယ်ပါ... ၂-လုံးထက် ပိုမယ် ဆိုရင်တော့ switch/hub ပါ ဝယ်စရာ လိုအပ်ပါတယ်... ကွန်ပျူတာမှာ Network card သို့မဟုတ် Network cable ကြိုးထိုးမယ့် အပေါက် မပါသေးဘူး ဆိုရင် Network Card (NIC - Network Interface Card) ဝယ်ပြီး ကွန်ပျူတာမှာ တပ်ဆင်ပါ... ယင်း NIC နဲ့ပါလာတဲ့ Driver Disk ကို အသုံးပြုပြီး Windows မှ NIC card ကို သိရှိစေရန် Install လုပ်ပေးပါ... Network card ကို သင့် windows က သိပြီလား... သိပြီ ဆိုရင်တော့... ၁. Start » Control Panel ထဲဝင်ပါ... ၂. Network Connections ဆိုတာ တွေ့အောင်ရှာပြီး double-click ခေါက်ပြီး ဖွင့်ပါ... ၃. Local Area Connection ဆိုတာ တွေ့ရင် ထပ်ပြီး double-click ခေါက်ပြီး ဖွင့်ပေးပါဦး... ၄. Properties button ကို ကလစ်နှိပ်ပေးပါ... ၅. Internet Protocol (TCP/IP) ဆိုတာကို click ခေါက်ပြီး select လုပ်ပါ... ပြီးရင် Properties button ကို click ခေါက်ပါ... ၆. Internet Protocol (TCP/IP) Prope