Skip to main content

Posts

Showing posts from February, 2012

iPhone 3GS Modem Firmware 06.15.00 အတွက် Custom Firmware လုပ်ခြင်း...

iPhone 3GS Modem Firmware 06.15.00 တွေက Apple က ထုတ်တဲ့ Stock Firmware ကို တိုက်ရိုက် update လုပ်လို့မရပါဘူး... အဲဒီတော့ custom firmware အရင်လုပ်ပြီးမှ version upgrade လုပ်ရပါတယ်... ကျတော်အတွက် အဆင်ပြေဆုံးဖြစ်တဲ့ Sn0wBreeze နဲ့ custom firmware လုပ်နည်းကို ပြောပါ့မယ်... iOS 4.3.3, 5.0, 5.0.1 သုံးမျိုးစလုံး လုပ်ခဲ့ဖူးတာ လုပ်တဲ့ အဆင့်တွေ မကွာပါဘူး... ပထမဆုံး သက်ဆိုင်ရာ iOS firmware နဲ့ http://ih8sn0w.com/ က Sn0wBreeze ကို download လုပ်ထားပါ... Sn0wBreezexxx.exe ကို double click နှိပ်ပြီး run ပါ... ဒီ software က ငွေကြေးနဲ့ ရောင်းစားဖို့ ထုတ်ထားတာ မဟုတ်ပါဘူး... အကယ်၍ မင်း အခကြေးငွေနဲ့ ဝယ်ယူခဲ့တယ်ဆိုရင်တော့ ငွေပြန်တောင်းပါ... ဒီဟာက ရောင်းတာမဟုတ်ပါဘူး... ဒီsoftware ကြောင့် မင်းရဲ့ ဖုန်းပျက်စီးသွားရင်တော့ ငါတာဝန်မယူနိုင်ပါဘူး... ဆိုပြီး သတိပေးတဲ့စာသားပါတဲ့ windows စတင်မြင်ရပါလိမ့်မယ်... ဆက်သွားမယ်ဆိုရင်တော့ OK ကိုနှိပ်ပေါ့ဗျာ... ပျက်မှာ စိုးရိမ်လို့ ဆက်မလုပ်တော့ဘူး ဆိုရင်တော့ close ကို နှိပ်ပေါ့...  OK နှိပ်ရင်တော့ အောက်ကပုံ အတိုင်း တက်လာပါလိမ့်မယ်... ကျတော် သုံးထားတဲ့ Sn0w

Barcamp Yangon 2012 ကို ရောက်ခဲ့တယ်...

၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၁၁-ရက် နှင့် ၁၂-ရက် နေ့များမှာ ကျင်းပပြုလုပ်တဲ့ barcamp Yangon 2012 ပွဲကို သွားမယ် မသွားဘူး လုပ်နေတာ အနားကပ်တော့မှ သွားမယ်ဆုံးဖြတ်ပြီး ရောက်ခဲ့ပါတယ်... ရုံးဖွင့်ရက်ဖြစ်တဲ့ ၁၁-ရက်နေ့ကို ခွင့်ယူပြီး ၁၀-ရက်နေ့ ညကားနဲ့ ရန်ကုန် ဘားကမ့် တက်ရောက်ဖို့ ကိုဂျေ (ခ) ကိုသခင်ကြီး၊ ရဲဘော်သူရိန်၊ ကိုထက်တို့ အဖွဲ့ နဲ့အတူ ရန်ကုန် ဆင်းဖြစ်ပါတယ်... ၁၁-ရက်နေ့ မနက် ၆-နာရီလောက် အောင်မင်္ဂလာ ကားကွင်းရောက်ပြီး ရန်ကုန်က barcamper တွေ booking လုပ်ထားပေးတဲ့ မြေနီကုန်းက ဟိုတည်ကိုသွားပြီး ရထားတဲ့ အခန်းတစ်ခန်းမှာ မျက်နှာ သစ်ပြီး barcamp ကျင်းပမယ့် ICT Park ထဲကို taxi နဲ့ ချီတက်ကြပါတယ်...  အဝင်ပေါက်ရောက်တော့ ဒေါ်အောင်ဆန်းစုကြည် ကားတန်းရောက်နေတဲ့ အတွက် ဖွင့်ပွဲ ကျင်းပတဲ့ Main Building ရှေ့ကို အပြေးအလွား သွားခဲ့ရပါတယ်... ဖွင့်ပွဲ ပြုလုပ်မယ့် စင်အောက် ရှေ့ဆုံးတန်းမှာ ရန်ကုန်က blogger တွေ barcamper တွေ ကင်မရာ ကိုင်ထားသူတွေနဲ့ ပြည့်နှက်နေပါတယ်...  ကျတော်လည်း အတည်ပေါက်နဲ့ စင်ပေါ်ကို ဝင်ပြီး ဓာတ်ပုံသမား နည်းမယ့်နေရာကို PhotoCamp Mandalay 2011 အင်္ကျီအားကိုးနဲ့ ဝင်ရောက် နေရာယူပါတယ်... သိပ်မကြာပါဘူး Barc