Skip to main content

Posts

Showing posts with the label Taunggyi

တောင်ကြီးမြို့ကို အလည် တစ်ခေါက်ရောက်ခဲ့တယ်...

အလုပ်ကိစ္စနဲ့ တောင်ကြီးမြို့ကို အလည်ရောက်ခဲ့ပါတယ်... အရမ်းအေးမယ်လို့ ထင်ထားခဲ့ပေမယ့် ထင်သလောက် မအေးပါဘူး... မန္တလေးထက်စာရင်တော့ အေးပါသေးတယ်... ညဘက်နဲ့ မနက်ပိုင်းမှာတော့ အအေးပို ပါတယ်... ဖိနပ်ဝယ်ဖို့ လိုက်ကြည့်တာ ကြိုက်တာတွေ့တော့ ကျတော်နဲ့ တော်တာ မရှိတာနဲ့ပဲ သမီးလေးအတွက်ပဲ ဖိနပ်ဝယ်ဖြစ်ပါတယ်... ဓာတ်ပုံတွေလည်း ရိုက်ဖြစ်ခဲ့ပါတယ်... အချိန်မှီ သွားရမှာမို့ ကားပေါ်ကနေပဲ ဓာတ်ပုံတွေ ရိုက်ဖြစ်ခဲ့တာများပါတယ်... ဒီ ၂-ပုံက ကားပေါ်ကနေ ရိုက်ထားတာပါ... တောင်ကြီးက ဘဏ်ကြီးတစ်ခု ရဲ့ ညဘက် အလှပါ... မြစိမ်းတောင်ပေါ်မှာရှိတဲ့ ရွှေဘုန်းပွင့် ဘုရားကနေ တောင်ကြီးမြို့ ရှုခင်းကို ရိုက်ထားတာပါ...