Skip to main content

Posts

Showing posts with the label IT

ကျော့်သိသမျှ Zabbix အကြောင်း- ၅ (e-Mail & Sound Notifications)

ကျော့်သိသမျှ Zabbix အကြောင်း- ၅ (e-Mail & Sound Notifications) Zabbix မှာ error တစ်ခုခုဖြစ်ခဲ့ e-mail ပို့ခိုင်းတာ.. အသံ notification ပေးခိုင်းတာတွေ လုပ်လို့ရပါတယ်... အဲဒါတွေ configure လုပ်ဖို့ zabbix server ရဲ့ web ui ထဲ ဝင်ပါ... (က) Administration ကိုနှိပ်... (ခ) Media types ကိုနှိပ်... (ဂ) Email ကိုနှိပ်... ဒီပုံက gmail ကိုသုံးပြီး Notification e-mail ပို့ခိုင်းတဲ့ configuration ပါ... အဲဒီမှာ တစ်ခုပြောချင်တာက SMTP email မှာရှိတဲ့ TestZabbix ပါ.. Notification လက်ခံမယ့် သူဆီရောက်သွားရင် TestZabbix ဆိုပြီးပေါ်ပါတယ်... အဲဒီတော့ TestZabbix နေရာမှာ ကိုယ်ပေါ်ချင်တာ ထားလို့ရပါတယ်... ဒီပုံထဲက ကျန်တာတွေ မရှင်းပြတော့ပါဘူး ပုံသာကြည့်ပါ... အောက်ဆုံးက Update ကို နှိပ်လိုက်ရင် ပထမပုံမှာ ပေါ်တဲ့ အဆင့်ရောက်သွားပါလိမ့်မယ်... e-Mail ပို့မပို့စမ်းရအောင် Email row ရဲ့ ညာဘက်ဆုံးက Test ကိုနှိပ်ပါ... Send to မှာ လက်ခံမယ့် e-mail address ထည့်ပါ... Test ခလုတ်ကို နှိပ်ပါ... ပုံထဲကလို error ပြလည်း မပူပါနဲ့ ပို့ထားတဲ့ e-mail ထဲသွားစစ်ပါ... စမ်းပို့ထားတဲ့ e-mail ရောက်နေပါလိမ့်မယ်....

ကျော့်သိသမျှ Zabbix အကြောင်း ၄ (How to add SNMP Client Device.)

ကျော့်သိသမျှ Zabbix အကြောင်း ၄ (How to add SNMP Client Device.) Browser တစ်ခုခုဖွင့်ပြီး address bar မှာ http://ကိုယ်ပေးခဲ့တဲ့IPaddress/zabbix/ ဆိုပြီး ရိုက်ထည့်ပြီး ဝင်ကြည့်ပါ.. ကျော့်က 192.168.88.254 ပေးခဲ့လို့ http://192.168.88.254/zabbix/ ဆိုပြီး ရိုက်ဝင်ပါတယ်... Username: Admin (A ၁-လုံးတည်း အကြီးပါ) Password: zabbix ရိုက်ထည့်ပြီး Sign in ခလုတ်ကို နှိပ်ပါ... ပုံထဲကလိုမျိုးပေါ်လာပါလိမ့်မယ်... ပုံထဲကလို Global View မှာ ကိုယ့်ရဲ့ zabbix server မှာ ထည့်ထားတဲ့ device တွေရဲ့ အခြေအနေကို ပြပါတယ်... Monitor အလုပ်ခံမယ့် device တစ်ခုကို အရင်ဆုံး SNMP agent ဖွင့်ရအောင် Configure လုပ်ရအောင်ပါ... ကျော့်ဆီမှာရှိနေတဲ့  ရှေးဟောင်း Ubiquiti Loco M5 ထဲက SNMP agent  ရှိတဲ့နေရာကို လိုက်ရှာပါတယ်... ဟော Services ထဲမှာ SNMP Agent ကိုတွေ့ပါပြီ... SNMP Agent ကို Enable လုပ်ပါ... SNMP Community နေရာမှာ စာသားတစ်ခုခု ရိုက်ထည့်ပါ... SNMP Community ဆိုတာ အရေးကြီးပါတယ်... ဘာလိုလဲဆိုတော့ Monitor လုပ်မယ့် Server နဲ့ အလုပ်ခံမယ့် device တို့ကြားမှာ password လို PreShared Key လို အလုပ် လ...

ကျော့်သိသမျှ Zabbix အကြောင်း - ၂ (Zabbix Installation)

https://www.zabbix.com/download ကိုဝင်ကြည့်မယ်ဆိုရင် Zabbix Installation နည်းလမ်းတွေကို မြင်ရပါတယ်... ကျော့်ကတော့ ကျော့်အတွက် အလွယ်ဆုံးဖြစ်တဲ့ Appliance နည်းနဲ့ပဲ Install လုပ်ခဲ့ပါတယ်... Installation လုပ်နည်း မပြောခင် Zabbix Installation နည်းလမ်းတွေ ကြည့်ကြည့်ရအောင်... Install from Packages  Install from Packages နည်းလမ်းကတော့ သက်ဆိုင်ရာ Linux OS တွေပေါ်မှာ Zabbix Installation လုပ်နည်းတွေပါ... သက်ဆိုင်ရာ OS ကို အရင် install လုပ်ထားရမှာ ဖြစ်ပါတယ်... ဥပမာ - ကိုယ်က Raspberry Pi ပေါ်မှာ Zabbix ကို Install လုပ်မယ်ဆိုပါတော့... Pi ပေါ်မှာ Raspbian OS ကို အရင် တင်ထားရမှာပါ... ပြီးရင် ကိုယ်တင်မယ့် Zabbix version ကို ရွေး >  Raspbian ကိုရွေး > OS Version ကိုရွေး > ကိုယ်သုံးမယ့် Database အမျိုးအစား ကိုရွေး > ကိုယ်သုံးချင်တဲ့ Web Server အမျိုးအစားကို ရွေးလိုက်မယ်ဆိုရင် 2 Install and configure Zabbix server for your platform အောက်မှာ Terminal မှာ Zabbix Install လုပ်ရမယ့် အဆင့်တွေကို ပြပေးထားပါတယ်... အဲဒီ အဆင့်တွေ အတိုင်း လိုက်လုပ်ပေးရမှာပါ... Zabbix Cloud Images ...

ကျော့်သိသမျှ Zabbix အကြောင်း - ၁

ကျော့်က Zabbix စပြီးသုံးတာ ၂-ပတ်ကျော် ၃-ပတ်လောက်ပဲ ရှိပါသေးတယ်... ဒါပေမယ့် အသုံးပြုရတာ အဆင်ပြေတဲ့ အတွက် Zabbix အကြောင်းကို မျှဝေပါရစေ... Zabbix ကို မြန်မာပြည်က Telecommunication ကုမ္ပဏီကြီးတွေ၊ ဘဏ်အချို့မှာ သုံးစွဲကြတယ်လို့လည်း သိရပါတယ်... Zabbix ဆိုတာဘာလဲ...? Zabbix ဆိုတာက Network Monitoring System တစ်ခုပါ... Network ထဲမှာ ရှိနေတဲ့ Devices တွေ Service တွေကို monitoring လုပ်လို့ရပါတယ်... အဲဒါတွေအပြင် IoT စနစ်တွေနဲ့ အခြားစနစ်တွေကို လည်း monitoring ပြုလုပ်လို့ရပါတယ်...  ဒီအပိုင်းမှာတော့ Zabbix.com web site ထဲမှာ ရေးထားတာတွေနဲ့ပဲ စလိုက်ရအောင်... အပေါ်ပုံထဲမှာမြင်ရတဲ့ အတိုင်းပါပဲ... Zabbix ရဲ့ Experience က ၂၁-နှစ်ရှိပြီ Open Source ဖြစ်တဲ့အတွက် အခမဲ့ အသုံးပြုလို့ ရပါတယ်... တစ်ကမ္ဘာလုံးမှာ Zabbix အင်စတောလုပ်တဲ့ အရေအတွက် ၃-သိန်းကျော် ရှိပါတယ်တဲ့... အပေါ်ပုံကတော့ Zabbix ကို ယုံကြည်စိတ်ချတဲ့ လုပ်ငန်းတွေရဲ့ နာမည်ကြီး brand တွေပါ... Zabbix ကို အာကာသနဲ ပတ်သက်တဲ့ လုပ်ငန်းတွေ၊ လက်လီအရောင်း လုပ်ငန်းတွေ၊ စွမ်းအင်နဲ့ ဓာတုပစ္စည်း ထုတ်လုပ်ရေး လုပ်ငန်းတွေ၊ ဘဏ်နဲ့ ငွေရေြးေ...

မြန်မာပြက္ခဒိန် RSS feed

မနေ့က ရတနာချို ရဲ့ seminar မှာ Alpha က ကိုရဲမြတ်သူနဲ့ တွေ့တော့ မြန်မာပြက္ခဒိန်ကို blog တွေမှာ RSS နဲ့ ယူသုံးလို့ရအောင် လုပ်ထားကြောင်း၊ အခုလောလောဆယ်ဆယ် ဖြိုးဝေကျော် ရဲ့ blog မှာ အစမ်း တင်ထားကြောင်း၊ ပြက္ခဒိန် ရက်စွဲပြောင်းလဲမှုမှာ အနည်းငယ် ပြသနာရှိနေသေးကြောင်း ပြောခဲ့လို့ ဒီနေ့မနက် ကိုဖြိုးဝေကျော်ရဲ့ ဘလော့မှာ တင်ထားတာ တွေ့တာနဲ့ ဥပုသ်နေ့မှာ ရုံးပိတ်တဲ့ ကျတော့်အတွက် အဆင်ပြေတာနဲ့ အခု ကျတော့် ဘလော့မှာ တင်ထားလိုက်ပါတယ်... ဘယ်လို သုံးရမလဲသိချင်ရင်တော့ ကိုဖြိုးဝေကျော်ရဲ့ ဘလော့ မှာ သွားကြည့်နိုင်ကြောင်းပါ... ဒီ မြန်မာပြက္ခဒိန်ကို ကိုဝဏ္ဏကိုမှ ရေးသားထားခြင်း ဖြစ်ကြောင်း သိရပါတယ်... Update: နာမည်အမှားပြင်ပေးတဲ့ ကိုရဲမြတ်သူကို ကျေးဇူး အထူးတင်ပါတယ်... My Labels: IT, Myanmar Calender, Alpha,

အရွယ်အစားသေးငယ်တဲ့ ဒစ်ဂျစ်တယ်ကင်မရာလေးသုံးကြမလား...

၁ လက်မခွဲ x ၂လက်မခွဲ အရွယ်စားရှိပြီး ဓာတ်ပုံကင်မရာ၊ ဗီဒီယိုနဲ့ webcam အဖြစ်ပါအသုံးနိုင်တဲ့ ကင်မရာလေးပါ... 2560 x 2048 pixels အရွယ်အစားရှိ ဓာတ်ပုံ ရိုက်ကူးနိုင်ပါတယ်... Internal memory 8 MB ပါပြီး SD memory card ထည့်သုံးလို့လည်းရပါတယ်... AAA အရွယ်အစားရှိ ဓာတ်ခဲကို အသုံးပြုတာဖြစ်ပြီး ဈေးနှုန်းကတော့ ၆၉ ဒေါ်လာပါတဲ့ဗျား... via newlaunches.com

www.ALPHAmandalay.com မှသည် www.mandalayALPHA.COM သို့...

မန္တလေး AIT (Alpha info-tech Co., Ltd.) ၏ web site လိပ်စာအား www.mandalayALPHA.com ဟု ပြောင်းလဲထားကြောင်း Alpha Computer ၏ တာဝန်ရှိသူ ကိုဇော်ရဲသူမှ ပြောကြားပါသည်... ယင်း Alpha Computer သည် ဇော်ဂျီမြန်မာ ယူနီကုဒ် စာလုံးကို ပူးတွဲတီထွင်သူ ဖြစ်ပြီး Gtalk သုံးပြုသူ မြန်မာလူမျိုးများ အတွက် Gtalk Myanmar add-ins ကို တီထွင် ထုတ်လုပ်ထားသူလည်း ဖြစ်ပါသည်...