Skip to main content

ကျော့်သိသမျှ Zabbix အကြောင်း - ၁

ကျော့်က Zabbix စပြီးသုံးတာ ၂-ပတ်ကျော် ၃-ပတ်လောက်ပဲ ရှိပါသေးတယ်... ဒါပေမယ့် အသုံးပြုရတာ အဆင်ပြေတဲ့ အတွက် Zabbix အကြောင်းကို မျှဝေပါရစေ... Zabbix ကို မြန်မာပြည်က Telecommunication ကုမ္ပဏီကြီးတွေ၊ ဘဏ်အချို့မှာ သုံးစွဲကြတယ်လို့လည်း သိရပါတယ်...

Zabbix ဆိုတာဘာလဲ...?
Zabbix ဆိုတာက Network Monitoring System တစ်ခုပါ... Network ထဲမှာ ရှိနေတဲ့ Devices တွေ Service တွေကို monitoring လုပ်လို့ရပါတယ်... အဲဒါတွေအပြင် IoT စနစ်တွေနဲ့ အခြားစနစ်တွေကို လည်း monitoring ပြုလုပ်လို့ရပါတယ်... 

ဒီအပိုင်းမှာတော့ Zabbix.com web site ထဲမှာ ရေးထားတာတွေနဲ့ပဲ စလိုက်ရအောင်...




အပေါ်ပုံထဲမှာမြင်ရတဲ့ အတိုင်းပါပဲ... Zabbix ရဲ့ Experience က ၂၁-နှစ်ရှိပြီ Open Source ဖြစ်တဲ့အတွက် အခမဲ့ အသုံးပြုလို့ ရပါတယ်... တစ်ကမ္ဘာလုံးမှာ Zabbix အင်စတောလုပ်တဲ့ အရေအတွက် ၃-သိန်းကျော် ရှိပါတယ်တဲ့...


အပေါ်ပုံကတော့ Zabbix ကို ယုံကြည်စိတ်ချတဲ့ လုပ်ငန်းတွေရဲ့ နာမည်ကြီး brand တွေပါ...



Zabbix ကို အာကာသနဲ ပတ်သက်တဲ့ လုပ်ငန်းတွေ၊ လက်လီအရောင်း လုပ်ငန်းတွေ၊ စွမ်းအင်နဲ့ ဓာတုပစ္စည်း ထုတ်လုပ်ရေး လုပ်ငန်းတွေ၊ ဘဏ်နဲ့ ငွေရေးကြေးရေး လုပ်ငန်းတွေ၊ ပညာရေး၊ အစိုး
ရအဖွဲ့အစည်းများ၊ ကျန်းမာရေးအဖွဲ့အစည်းများ၊ ဈေးကွက်ရှာဖွေရေးလုပ်ငန်းများ၊   IT & Telecommunications လုပ်ငန်းများမှာ အသုံးပြုနိုင်ပါတယ်...


Zabbix က Enterprice Ready ပါတဲ့... လုပ်ငန်းသေးတွေကစပြီး Enterprice Level အထိ အသုံးပြုနိုင်ပါတယ်...




ဒါက Zabbix ကရတဲ့ အဓိကလုပ်ဆောင်ချက်တွေပါ... အခြားရတဲ့ feature တွေ သိချင်သေးရင် Zabbix.com ထဲမှာ သွားရောက် ကြည့်လို့ရပါတယ်...



Zabbix မှာ Monitoring လုပ်နိုင်တဲ့ Network Device တွေပါ... ဒါပေမယ့် SNMP ပါတဲ့ device တွေဆို ဘာမှတော့ ပူစရာမရှိပါဘူး... အဲဒီ device တွေကို zabbix ထဲမှာ monitoring လုပ်နိုင်အောင် template မရှိရင် ကိုယ်တိုင်ရေးလို့ရပါတယ်... ဒီမှာသုံးကြတဲ့ Teltonika device ဆိုရင် zabbix မှာ ချိတ်ဖို့ အဆင်သင့်ရေးပြီးသား template ရှာတာ မတွေ့တာနဲ့ ကျော့်ကိုယ်တိုင်ပဲ ရေးပြီးသုံးတာ အဆင်ပြေပါတယ်...

စာရေးရမှာ ပျင်းလာလို့ ပုံတွေပဲ ဆက်ကြည့်ကြပါ...













ကျော့်သိသမျှ Zabbix အကြောင်း - ၁ ကိုတော့ ဒီမှာပဲ အဆုံးသတ်လိုက်ရအောင်... နောက်ထပ် အပိုင်းတွေကတော့ လာရင်လည်း လာမယ်/လာချင်မှလည်း လာမယ်... မျှော်နေရင် စိတ်မောရပါလိမ့်မယ်... ကျော့်ရဲ့ fb ဒါမှမဟုတ် blog ကို သတိရတိုင်း အသစ်ရေးပြီလားဆိုတာ ဝင်ကြည့်ပေးပါ...

Comments

Popular posts from this blog

ဇော်ဂျီစနစ်သုံးမြန်မာစာစနစ် နှင့် Gtalk Myanmar addin CD

မနေ့က ပြပွဲမှာ Alpha Computer က ကိုရဲနဲ့တွေ့တော့ “ဇော်ဂျီစနစ်သုံးမြန်မာစာစနစ် နှင့် Gtalk Myanmar addin” CD တစ်ချပ် လက်ဆောင်ပေးလိုက်ပါတယ်... ဒီ CD ထဲမှာ Zawgyi Installer, Gtalk Myanmar Addin installer ၂-မျိုး , Myanmar1 & Myanmar2 unicode fonts, Alpha ကရေးတဲ့ Win2Zawgyi ပြောင်းတဲ့ program , Lil Master ရေးတဲ့ Win2Zawgyi, Win2Zawgyi ကျတော် ပြင်ရေးထားတဲ့ Zawgyi2Win နှင့် အခြား အထောက်အကူပြု video ဖိုင်တွေနဲ့ နမူနာ ဘလော့ စာမျက်နှာတွေပါပါတယ်... ပြီတော့ အသုံးပြုနည်း စာအုပ်ငယ် တစ်အုပ်ပါဝင်ပါတယ်... download လုပ်ရမှာ ပျင်းသူများ Alpha မှာ တစ်ချပ်လျှင် ၁၀၀၀-ကျပ်နှုန်းဖြင့် ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ပါပြီ... ဇော်ဂျီ keyboard layout တောင်းနေသူများ ဒီနေရာ မှ ရယူပါ... Zawgyi-One Myanmar Unicode font နဲ့ စာရိုက်ဖို့ အသုံးပြုတဲ့ program ပါ... ဇော်ဂျီ font သီးသန့် ရယူလိုသူများ ဒီနေရာမှ ယူနိုင်ပါပြီ...


fb Security Features and Tips အပိုင်း-၂ ____________________________________________________________ စဆရက လုပ်ဖို့ လျှောက်ရေးထားတာ အခြား စဆရကတွေ အတွက်မရည်ရွယ်ပါဘူး အားမှ အပျင်းပြေ ဖတ်ပါ... https://www.facebook.com/help/285695718429403/ ကို မှီးငြမ်းရေးသားပါတယ်... ____________________________________________________________ Never Share Your Login Information • ကိုယ့်ရဲ့ password ကို ခိုးချင်တဲ့ Scammer တွေဟာ facebook နဲ့ အလားသဏ္ဍာန်တူတဲ့ website အတုတွေ ဖန်တီးပြီး ကိုယ့်ရဲ့ email နဲ့ password ထည့်သွင်းပြီး login လုပ်ခိုင်းတတ်ပါတယ်။ (Scammer အသုံးအနှုန်းကို ဘန်းကျော်မှာ လူသုံးနည်းပြီး hacker လို့ အသုံးများကြတယ်။ scammer နဲ့ hacker ဘာကွာလဲ ကျော့်လည်း မသိဘူး။ လိုက်ရှာလည်း မဖတ်ချင်ဘူး။ ဘာသာဆက်ပြန်မယ်။ ဆက်ရွှီးမယ်။) • ကိုယ့်ရဲ့ username, password တွေ အသုံးပြုပြီး facebook ကို login ဝင်မယ်ဆိုရင် facebook ရဲ့ login screen design နဲ့တူတယ် ဆိုပြီး username နဲ့ password တွေ အလောတကြီး မရိုက်ထည့်လိုက်ပါနဲ့။ • URL bar မှာ facebook.com ဟုတ်ရဲ့လား ပြန်စစ်ပါ။ ဒါက browser ကနေ အသုံးပြုတာကို အဓိကရည်ရွယ်ပ

ဒါနဲ့စကားမစပ်...

ဒါနဲ့စကားမစပ်... မနေ့က ညနေ ၅-နာရီကျော်လောက်မှာ မိုးခြိမ်းသံ ကြားလိုက်တာ လူကို လန့်သွားတာပဲ... ၄-ခါလောက်ကို မိုးကြိုးပစ်သွားတယ် ထင်ပါရဲ့... လျှပ်စီးလက်တာ ၂-ခါ မြင်လိုက်ရတယ်... အလင်းတန်း အရွယ်အစားက တော်တော် ကြီးတယ်... ခါတိုင်း ခပ်သေးသေးပဲ မြင်ဖူးတယ်... ဟိုတညက ညဘက်ကြီး မိုးခြိမ်းတာကလည်း ငလျင်တော်လဲသံအလားပဲ... အရှည်ကြီးကို ခြိမ်းလို့ မိန်းမကိုတောင် ငလျင်လှုပ်တာလား မသိဘူးလို့ အိပ်ချင်မူးတူးနဲ့ ထပြောမိတယ်... ဒါနဲ့စကားမစပ်... (Mandalay News) မန္တလေးမှာ လမ်းတွေ ပြန်ခင်းနေတယ်လို့ ကျတော် ရေးခဲ့ဖူးတယ်လေ... အခု ဘတ်ဂျက်ကုန်ခမ်း ခါနီး ဖြစ်နေလို့လားတော့ မသိဘူး... အချို့ ခင်းလက်စ လမ်းတွေကရပ်ထားပုံပေါ်ပြီး အချို့ လမ်းတွေက အပေါက်ဖာတဲ့ပုံစံမျိုးပဲ ပြန်ခင်းနေတယ်... ဒါနဲ့စကားမစပ်...  အောက်က ပေးထားတဲ့ link လေးတွေလည်း သွား ကြည့်ပါဦး... http://www.microsoft.com/athome/setup/wirelesstips.aspx Ydnb FC နဲ့ YgnUtd ပွဲအပြီးမှာ ရန်ကုန်ပရိတ်သတ်တွေကို ခဲနဲ့ပေါက်သူတွေကို ဖမ်းမိတဲ့ သတင်း... http://yanikphotoschool.com/tips/using-your-monitor-as-a-light-source-part-1/   http://lifehacker.com/5360150/install