Skip to main content

ကွန်ပျူတာမှ OBS Studio အသုံးပြုပြီး facebook ပေါ်တွင် Live လွှင့်ခြင်း

 ကွန်ပျူတာမှ OBS Studio အသုံးပြုပြီး ကွန်ပျူတာမှ တဆင့် facebook ပေါ်တွင် Live လွှင့်ခြင်း

အခုလို Covid-19 ဖြစ်နေတာ အချိန်ကာလမှာ အိမ်ကနေပြီး facebook ပေါ်မှ တဆင့် စာသင်လို့ရအောင်  ကွန်ပျူတာမှ OBS Studio အသုံးပြုပြီး facebook ပေါ်တွင် Live လွှင့်ခြင်းကို မျှဝေလိုက်ပါတယ်။

Step - 1


https://obsproject.com/ ကို သွားပြီး ကိုယ့်သုံးတဲ့ Operating System ပေါ်မူတည်ပြီး OBS Studio ကို download လုပ်ပြီး Install လုပ်ပါ။

Step - 2


Preview နဲ့ Program ၂-ခုပေါ်ချင်ရင် Studio Mode ထားရပါတယ်။
Program က Live တကယ်လွှင့်နေတဲ့ scence ဖြစ်ပြီးပါတယ်။

Step - 3


Scene တွေ ကြိုဆောက်ထားရအောင်ပါ။ အနည်းဆုံး Scence တစ်ခုတော့ ဆောက်ရပါတယ်။
(က) Senses အောက်က + ကိုနှိပ်ပါ။
(ခ) နာမည်တောင်းရင် ကြိုက်တာပေးလို့ရပါတယ်။ ကျော့် အခုက PowerPoint နဲ့ Web Cam သုံးမယ့် scence မို့  PowerPoint + Web Cam လို့ နာမည်ပေးလိုက်ပါတယ်။
(ဂ) OK နှိပ်ပါ။

Step - 4


(က) Sources အောက်က + ကိုနှိပ်
(ခ) Windows Caputre ကိုရွေး။
Windows Caputre က ကိုယ်က ကိုယ်ပြချင်တဲ့ Application တစ်ခုတည်းကိုပဲ ရွေးပြတာ၊ ကိုယ်ပြမယ့် Application ကို ကြိုဖွင့်ထားစရာလိုတယ်။ ကျော့်အခု PowerPoint နဲ့ နမူနာပြမှာမို့ PowerPoint ကို ကြိုဖွင့်ထားပါတယ်။
Display Capture ကတော့ ကိုယ့်ရဲ့ ကွန်ပျူတာ Screen မှာ ပေါ်နေတဲ့ အတိုင်းပြပါတယ်။ Windows Caputre ကတော့ ကိုယ်ရွေးထားတဲ့ Application မှာ ပေါ်တာကိုပဲ ပြပါတယ်။


Step - 5


(က) Create new မှာ ကြိုက်တဲ့နာမည်ထည်လို့ရပါတယ်။ နောက်ပိုင်းမှာ scence အသစ်လုပ်လည်း ဒါကို ပြန်ခေါ်သုံးလို့ရတယ်။ အခုကျတော်က PowerPoint ကို caputre လုပ်မှာမို့ PowerPiont လို့နာမည် ပေးလိုက်ပါတယ်။
(ခ) OK နှိပ်ပါ။

Step - 6


(က)  ကိုယ် caputre လုပ်မယ့် Application ကိုရွေးပါ။ ကျော့်က PowerPoint နဲ့ပြမှာမို့ PowerPoint ကိုရွေးပြီး OK နှိပ်ပါတယ်။

Step - 7


(က) Web cam က ပုံထပ်ထည့်မယ်ဆို Sources ရဲ့ + ကိုနှိပ်ပါ။
(ခ) Video Caputre Device ကိုရွေးပါ။
Step- 5 ကလို Create/Select Source dialog box ပေါ်လာရင် Create New မှာ နာမည်ကို WebCam လို့ပေးလိုက်ပါတယ်။


Step - 8


Device နေရာမှာ Web cam ကိုရွေးပြီး OK နှိပ်ပါ။

Step - 9


(က) Sources မှာ သက်ဆိုင်ရာ source ကို select လုပ်ထားရင်..
(ခ) Preview မှာ အနီရောင် box ပေါ်ပြီး size ချုံ့/ချဲ့ လုပ်လို့ရပါတယ်...

Step - 10


ကိုယ် live လွှင့်နေတဲ့ Scence ထဲက source တစ်ခုခုကို အရွယ်အစားပြောင်းတာ၊ နေရာရွှေ့တာတွေ လုပ်နေတာတွေက ဒီအတိုင်း တကယ့် Live မှာ မပြောင်းပါဘူး။ Preview မှာပဲ ကိုယ်ပြောင်းတဲ့ အတိုင်းဖြစ်နေပါလိမ့်မယ်။ ကိုယ်ပြောင်းတဲ့ အတိုင်း Live မှာ ပေါ်စေချင်ရင်...
(က) Transaction ကိုနှိပ်ပါ။

ဒီအဆင့်တွေက OBS Studio ထဲမှာ ကြိုတင်ပြင်ဆင်ထားရတာပါ။ တစ်ခါ ပြင်ဆင်ထားပြီးရင် ဒီအတိုင်း ပြန်လွှင့်မယ်ဆိုရင် နောက် အခေါက်တွေမှာ ထပ်လုပ်စရာ မလိုတော့ပါဘူး။

facebook မှာ Live စလွှင့်ရအောင်...

Step - 11


(က) facebook မှာ live လွှင့်ဖို့အတွက် fb ဝင်ထားတဲ့ browser ကနေ https://www.facebook.com/live/create ကိုသွားပါ။
(ခ) Create Live Stream ကို နှိပ်ပါ။ (ကျော့်ဆီမှာ ဘာကြောင့်လဲ မသိပါဘူး။ Facebook New Look နဲ့ဆို Create Live Stream မပေါ်ပါဘူး။)

Step - 12


(က) နာမည်အောက်မှာ Share to Your Timeline, Share to a Page You Manage, Share in a Group ထဲက တစ်ခုခုကိုရွေးပါ။ ကျော့်က အခု Group ထဲလွှင့်ပြမှာ ဖြစ်လို့ Share in a Group ကို ရွေးပါတယ်။
(ခ) လွှင့်မယ့် Group ကို ရွေးပါ။
(ဂ) Live video title Say something about this live video မှာ ကြိုက်တာထည့်ပါ။
(ဃ) Stream Key ကို Copy ကူးပါ။ Stream Key ကို အခြားသူတွေ သိလို့မရပါဘူး။
(င) နေရာမှာ Waiting for live video လို့ပြနေပါလိမ့်မယ်။

OBS Studio ထဲ ပြန်သွားပါ။

Step - 13


(က) OBS Studio ထဲက Setting ကိုနှိပ်ပါ။

Step - 14


(က) Stream ကို click နှိပ်ပါ။
(ခ) Service : Facebook live
(ဂ) Server : Default
(ဃ)Stream Key : မှာ facebook live က copy ကူးလားတာကို paste လုပ်ပါ။ Show ကိုနှိပ်ပြီး မှန်-မမှန်စစ်ပါ။
(င) OK နှိပ်ပါ။


Step - 15


Program ဘက်မှာ ကိုယ်လွှင့်မယ် scence ကို တင်ထားပြီးရင်..
(က) Start Streaming ကိုနှိပ်ပါ။

ကိုယ်လွှင့်တဲ့ Live ကို ကိုယ့်စက်ထဲမှာ video file အဖြစ် သိမ်းထားခြင်ရင် Start Recording ကိုပါ နှိပ်ပါ။

Step - 16


https://www.facebook.com/live/ ဝင်ထားတဲ့ browser ထဲသွားပြီး..
(က) OBS က လွှင့်တဲ့ဟာ ပေါ်ပြီးလားစစ်ပါ။အင်တာနက် speed ပေါ်မူတည်ပြီး delay ရှိတယ်။
(ခ)  OBS Studio Program ကဟာ ပေါ်နေပြီဆိုရင် Go Live ကို နှိပ်ပါ။

Live လွှင့်တာ ရပ်မယ်ဆိုရင် Stop Streaming ကိုနှိပ်။

Comments

Popular posts from this blog

မနေ့က...

ရုံးကနေ ည ၇-နာရီလောက်မှပြန်ဖြစ်တယ်... FMI ထဲဝင်ပြီး ထမင်းဝင်စားပြီးမှ တည်းတဲ့ ဟိုတယ်ကို ၈-နာရီကျော်မှ ပြန်ရောက်တယ်... အမျိုးသမီးက ဖုန်းဆက်လာတယ်... သမီးက သူပြောချင်လို့ဆိုပြီး ဖုန်းဝင်ပြောတယ်... မူကြိုတက်နေတာ ၂-ပတ်နီးနီးပဲရှိသေးတာ တော်တော်လေး စကားတွေ ပြောတတ်လာပြီ... ဖုန်းဆက်တိုင်း သမီးမှာတတ်တာက J Donuts ဝယ်ခဲ့ပေးဖို့ပဲ... သမီးက J Donuts ကြိုက်တယ်လေ... မန္တလေးမှာ J Donuts မရှိဘူး... ရှိတဲ့ M Donuts ကိုကျတော့ သမီးက မကြိုက်ဘူးလေ... ရုံးက ဝယ်ထားပေးတဲ့ laptop မှာ လိုတဲ့ drivers တွေတင်ရင်း ၁၁း၃၀-နာရီလောက်မှ အိပ်ဖြစ်တယ်... သြော် ... ဘာလိုလိုနဲ့ ... ဒီနေ့ဆို ရန်ကုန် ရုံးကို ရောက်နေတာ ၂၇-ရက်တောင် ရှိနေပြီ... ဒါနဲ့ စကားမစပ် web cam ပါတဲ့ laptop တွေမှာ login လုပ်တဲ့နေရာမှာ Face Recognition နဲ့ လုပ်ချင်တယ်ဆိုရင် Lenovo က သူ့ laptop တွေအတွက် ရေးထားတဲ့ Lenovo VeriFace recognition လေးကို ရှာပြီး သုံးကြည့်ပါ... acer, dell, hp laptop တွေမှာ သုံးကြည့်တာ အဆင်ပြေကြောင်းပါ...

Blogspot မှာ မြန်မာလို ရေးရတာ အဆင်ပြေအောင်...

လွယ်လွယ်လေးပါ... ၁. Blogger.com ကနေ login လုပ်ပြီး Dashboard ကိုသွားပါ... ၂. dashboard ထဲက Setting ကိုရွေးပါ... ၃. Formatting ကို ထပ်ရွေးပါ... ၄. Formatting စာမျက်နှာကို ရောက်ပြီဆိုရင် Post Template ဆိုတာကို ရှာပါ... အောက်ဆုံးမှာ ရှိပါတယ်... post template text box ထဲမှာ အောက်က code ကို ထည့်လိုပ်ပါ... ( font face="Zawgyi-One" ) ဒီစာကို Select ပေးပြီးရေးပါ... ( /font ) အပေါ်က code နဲ့ မရသူများ ခင်ဗျာ အောက်က code နဲ့ အစားထိုးကြည့်ပေးပါဦး ခင်ဗျား... ကျတော်တော့ အပေါ်က ကုဒ်နဲ့ အဆင်ပြေနေတာ blogspot စရေးကတည်းကပါ... ( span style="font-family:Zawgyi-One;" ) ဒီစာကို Select ပေးပြီးရေးပါ... ( /span ) မှတ်ချက် - ( ကို အဖြစ်လည်းကောင်း၊ ) ကို > အဖြစ် ပြန်ပြောင်းပါ... ၅. Save Settings ကို နှိပ်ပြီး ပြီဆိုရင် ရပါပြီ... ၆. Post အသစ်တင်တဲ့နေရာကို သွားပါ... Edit Html ကို မရွေးဘဲ... Compose ကို ရွေးထားရင် စာရိုက်တဲ့ နေရာမှာ “ဒီစာကို Select ပေးပြီးရေးပါ...” ဆိုပြီး ပေါ်နေပါလိမ့်မယ်... ကဲဗျာ... အဲဒီစာကို Select ပေးပြီး ကိုယ်ကြိုက်တာ ရေးလို့ ရပါပြီ ခင်ဗျာ... မှတ်ချက် - Zawgyi...

PonNya Myanmar Unicode Font

ပုည font ကို ဘယ်လို install လုပ်နပီး ဘယ်လို အသုံးင်္ိပရြမလဲ…? 1. http://mamboforge.net/frs/download.php/6224/PonNya_Web_v1.1.zip ထဲမဋ္ဋ PonNya_web Installer ကို Download လုပ်နပီး Install လုပ်ပြ။ 2. PonNya_Web font ကိုတော့ C:\Windows\Fonts folder အောက်ထဲ copy ကူးထည့်ပြ (သိုဿ) Control Pannel အတ့င်းရဋ္ဋိ Fonts မဋ္ဋလည်း Install လုပ်ြိုင်ပသြည်။ 3. Install လုပ်နပီးပကြ Start > All Programs > Tavultesoft Keyman > Keyman ကို click ခေက်ြနပီး run ပြ။ 4. Task Bar မဋ္ဋာ ရဋ္ဋိတဲ့ နာရီ ဘေးမဋ္ဋာ Tavultesoft Keyman 6.0 icon လေးတှေ့ရပလြိမ့်မယ်။ ၎င်း icon မဋ္ဋာ Keyman ၏ မူလ icon အတိုင်း K icon လေး င်္ိဖစ်နေသည့် အခ္လိန်တ့င် ပုည font ငေ်္ိပာင်းနပီး ရိုက်ထားသော စာမ္လားသည် English လို ပေပြလြိမ့်မည်။ 5. င်္ိမန်မာလို ရိုက်ခ္လင်ပကြ ၎င်း icon ပေတြ့င် click ဋ္ဋြိပ်ပြ။ ပေလြာမယ့် pop-up menu ထဲမဋ္ဋ myanmarmtn ကို ရေ့းပြ။ K icon မဋ္ဋ င်္အိဖရြောင် နောက်ခံင်္ိဖင့် P icon သိုဿ ငေ်္ိပာင်းလဲသ့ားပလြိမ့်မည်။ ယင်းအခ္လိန်တ့င် PonNya_Web စာလုံးမ္လားကို အသုံးင်္ိပနြပီး င်္ိမန်မာလို ရိုက်ြိုင်ပသြည်။ 6. English လို ရိုက်ခ္လင်ပကြ P icon ပေမြဋ္ဋာ click ဋ္ဋြိပ်ပြ။ ပေလြာမယ့် pop-up me...