Skip to main content

Posts

Showing posts with the label ဒါနဲ့စကားမစပ်

ဒါနဲ့စကားမစပ်...

အခု မန္တလေးပြန်ရောက်နေတာ ဒီနေ့ဆိုရင် ၁-ပတ်ပြည့်ပြီ... ရုံးက လူတွေ ရက်စက်လိုက်ကြတာ ကျတော် မရှိတုန်း ကျတော့်အခန်းထဲက Air-con ဖြုတ်ပြီး လူမနေသေးတဲ့ အပေါ်ထပ်က အခန်းတစ်ခန်းထဲမှာ တပ်ထားလို့ အခုတော့ ကျတော်လေ တောင်ဘက်နဲ့ အနောက်ဘက်က နေထိုးတဲ့ အခန်းထဲမှာ အလုံပိတ်နေရင်း ချွေးထုတ်နေရကြောင်းပါ... air-con မရှိရင် ပူလိုက်တဲ့ မန္တလေး နွေနေ့လယ်ခင်းများ၊ air-con မရှိရင် နေလို့မရတဲ့ လှိုင်သာယာ နေ့လယ်ခင်းများ ပါတကား... လှိုင်သာယာမှာ မနက်စောစောစီးစီး ကတည်းက ပူတယ်၊ အိုက်တယ်... မန္တလေးမှာတော်သေးတယ်... လှိုင်သာယာမှာ မနက်ခင်း ရေချိုးပြီးရင် ချွေးသီးချွေးပေါက်တွေ ထွက်တယ်... မန္တလေးမှာ တော်သေးတယ်... ဒါပေမယ့် ညဘက် တော်တော် ပူတယ်... အင်း ... လှိုင်သာယာ တစ်ဖြစ်လဲ ရေဥက္ကံရွာလေးရေ... ဒီတပတ်အတွင်း မင်းဆီ ငါလာခဲ့ပါဦးမယ်...

ဘာရယ်တော့ မဟုတ်ပါဘူး...

ဒီတလော ဘာမှလုပ်ချင်စိတ် သိပ်မရှိဘူးဖြစ်နေတယ်... စိတ်တွေ ထွေနေတယ်ပေါ့ဗျာ... အားအားရှိ အိပ်လိုက်စားလိုက် သူငယ်ချင်းတွေနဲ့ စကားပြောလိုက်ပဲ နေချင်တယ်... ဘလော့မှာလည်း ရေးချင်စိတ် နည်းနေသလို... ဖိုရမ်မှာလည်း ရေးချင်စိတ် သိပ်မရှိဘူးဖြစ်နေတယ်... ဘလော့ကို ဆက်မရေးတော့ဘဲ နေရင် ကောင်းမလားတောင် စဉ်းစားမိတယ်... ဘလော့လုပ်မယ့် အသစ်အသစ်တွေကို ကြိုဆိုပါတယ်... ကျတော် စလုပ်ခဲ့တုန်းကဆို ရှေ့ဆောင်လမ်းပြ ဘာလုပ်ရင် ဘာဖြစ်မယ်လို့ ပြောခဲ့တဲ့သူ မရှိသလောက်ရှားတယ်... စမ်းတဝါးဝါးနဲ့ စလုပ်ခဲ့ရတယ်... လုပ်လို့ရပြန်ရင်လည်း လွယ်အောင် သုံးလို့ရမယ့် နည်းတွေ လိုက်ရှာရတယ်... template ပြောင်းပြီဆို လူကို ၃-ရက်လောက် ခေါင်းတွေ ကိုက်လို့... ညအိမ်ပြန်ရောက်ရင် တချိုးတည်း အိပ်ရော... ခုလည်း template ပြောင်းရင် အဲဒီအတိုင်း ဖြစ်နေတုန်း... အရင်က CSS ဆိုတာ ဘာမှန်းကို မသိဘူး... blog template ပြင်ရင်းနဲ့မှာ CSS ဆိုတာကို နည်းနည်း တီးမိ ခေါက်မိလာတယ်... အဓိက ပြောချင်တာက (မေတ္တာရပ်ခံချင်တာက) အခုမှ ဘလော့ အသစ်စလုပ်မယ့်သူတွေ ရှေ့က ဘလော့လုပ်ပြီး အတွေ့အကြုံရှိတဲ့ လူတွေရေးထားတဲ့ post တွေကို ရှာဖတ်ပြီး သေချာစမ်းကြည့်ပါဦး... ဒီနည်းနဲ့ မရရင် နောက်တစ်

ဒါနဲ့စကားမစပ်...

ဒါနဲ့စကားမစပ်... (ယူသုံးတယ်ဟေ့ ဘုဃံဏက်) Blogspot ပေါ်တင်တဲ့ပုံတွေကို Picasa Web Album မှာ သိမ်းထားပေးတာကို ဒီနေ့မှ သတိထားမိတယ်... အရင်က ဖျက်ချင်ရင်တောင် ဘယ်နား ပြန်ရှာ ဖျက်ရမှန်းမသိဘူး... ဒါနဲ့စကားမစပ်... မနေ့ညက ၈-နာရီကျော်ကျော်မှာ လေတွေတိုက်ပြီး မိုးတွေရွာတယ်... ညဘက်အိပ်လို့ ကောင်းလိုက်တာ အေးအေးလေးနဲ့ အိပ်လိုက်တာ မနက် ၇-နာရီကျော်မှ နိုးတယ်... ဒါနဲ့စကားမစပ်... ကျတော် ညွှန်းထားတဲ့ နဝရတ် ဖူဂျီ ဓာတ်ပုံကူးဆိုင်က 4x6 ဆိုဒ် ၁-ပုံကို ၁၀၀-ကျပ် ဖြစ်သွားပြီ... My Labels: သတင်း, ဒါနဲ့စကားမစပ်, မန္တလေး သတင်း, Mandalay News,