Skip to main content

Posts

Showing posts from 2007

မနက်ဖြန်ဟာ...

ဪ... ကျတော်လည်း ဒီကမ္ဘာမြေပေါ်မှာ ရပ်တည်နေထိုင်ပြီး ဒီကမ္ဘာမြေကြီးကို ကောင်းအောင် မလုပ်နိုင်ဘဲ ဒုက္ခပေးမိသလို ဖြစ်တာ ဘာလိုလိုနဲ့ မနက်ဖြန်ည ၁၁း၃၀ နာရီဆိုရင် အနှစ် ၃၀ ပြည့်မြောက်လေပြီ... ကျတော် ကမ္ဘာမြေကြီးကို ဒုက္ခပေးနေမိတာကို ကမ္ဘာမြေကြီးတောင် သိရဲ့လား မသိ... ပထမဆုံး ကျတော့်ကို မွေးဖွားခဲ့တဲ့၊ ကျတော့်ကို ဒီလူ့လောကထဲကို အရောက်ခေါ်ခဲ့တဲ့ ကျတော် မိခင်ကို ကျေးဇူးတင်တယ်... ငယ်စဉ် ကလေးဘဝကနေစပြီး မိန်းမမယူခင်အချိန်အထိ ထမင်းဟင်း ချက်ကြွေး၊ အဝတ်အစားတွေ လျှော်ဖွတ်ပေး၊ မီးပူတိုက်ပေးတတ်တဲ့ မေမေ့ကို ကျတော် အရမ်းချစ်ပါတယ် မေမေ... ကွယ်လွန်သွားပြီ ဖြစ်တဲ့ ဖေဖေကိုလည်း ကျတော် အရမ်း ကျေးဇူးတင်တယ်... အရမ်းချစ်တယ်... ညီအကို သုံးယောက်ထဲမှာ အငယ်ဆုံးဖြစ်တဲ့ ကျတော့်ကို အလိုအလိုက်ဆုံးနဲ့ အများဆုံး ရိုက်ခဲ့၊ ဆူခဲ့ရတယ် မဟုတ်လားဖေဖေ... အဖေ့ကို ပိုပြီး ကျေးဇူးတင်တာက ကျတော် ဆယ်တန်းအောင်တော့ မေမြို့မှာ ရှိတဲ့ ကျောင်းတစ်ခု တက်ဖို့ လျှောက်လွှာ တင်မယ် ဆိုတော့ မင်းမတက်ပါနဲ့ကွာ မင်း ... ငါ့လို ဘာမှ ဘေးပေါက် မရှာတတ်ရင် ဆင်းဆင်းရဲရဲ နေရလိမ့်မယ်လို့ တားခဲ့တဲ့ အဖေ့ကို အခု အချိန်မှာ ကျေးဇူးအရမ်းတင်တယ်အဖေ... အဖေ့ ခြေရာ ဆက်မနင်းခဲမိတာ

ဘာရယ်တော့ မဟုတ်ပါဘူး...

မိန်းမက မွေးနေ့လက်ဆောင် အဖြစ် ကြိုဝယ်ပေးထားတဲ့ ဒီ၄၀ကို ၂၃ရက်နေ့ ညက လျှာရှည်ပြီး ဖုန်မှုတ်တာ ဖုန်မပြောင်ဘဲ ပိုတက်သွားလို့ ၂၄ရက်နေ့ မနက် နစ်ကွန်သွားပြီး ဆားဗစ် လုပ်လိုက်တာ ၂-ပုလင်း ထွက်သွားတယ်... ဗျဲ ဗြဲ... ဗျူးဖိုင်ဒါမှာ ဖုန်တွေရှိနေတုန်း ပုံရိုက်ရင်တော့ မပါတော့ဘူး... ဒါနဲ့စကားမစပ်... ဘလော့ဂါဒေါ့ကွန်းကို ပိတ်ထားကတည်းက ဘလော့ကို ကောင်းကောင်း မရေးဖြစ်ဘူး ဖြစ်နေတယ်... ဘလော့ဂါဒေါ့ကွန်းထဲ ဝင်ရေးလို့ မရတော့ ဘလော့ရေးတဲ့အရသာ ပျောက်ဆုံး ပျက်ဆီးသလို ဖြစ်နေတာနဲ့ မရေးဖြစ်ဘူး ဖြစ်နေတာ... သာသနာဖျက်များ ကျဆုံးပါစေ...

...အမေ အသက်ရာကျော် ရှည်ပါစေ...

အရင်က ကြီးပွားရေး ပုံနှိပ်တိုက်နဲ့ အလုပ်အနည်းငယ် လုပ်ခဲ့ဖူးတယ်... ရိုက်ချက်ကောင်းတယ်... အရောင်တွေမှန်တယ်... နောက်ပိုင်း ပုံနှိပ်တိုက်နဲ့ ပတ်သက်တဲ့ လုပ်ငန်းတွေ တာဝန်မယူ ဖြစ်လို့ ဆက်မလုပ်ဖြစ်ဘူး... လူထုက ဖိတ်စာ ဒီဇိုင်းတွေ ကူဆွဲပေးဖို့ ပြောတုန်းက ကျတော် ဘာဖြစ်လို့ မလုပ်ခဲ့မိတာပါလိမ့်... အဲဒီအလုပ်ကို လက်မခံခဲ့မိတာ ကျတော် နောင်တရမိတယ်... အကြီးအကျယ်ကို နောင်တ ရမိတယ်... အမေမာရဲ့ မြေးတွေ ၂-ယောက် ကွန်ပျူတာ သင်တန်း လာတက်လို့ ဘာသာရပ် တစ်ခုကို တာဝန်ယူ သင်ပေးခဲ့ဖူးတယ်... အခုအချိန်အထိ လင်းလင်းရဲ့အဖေ ကျတော့်ကို တွေ့တိုင်း -- -- နဲ့ ခေါ်နေသေးတာကို ကျတော် အခေါ်မခံချင်ဘူး... လင်းလင်းရဲ့အဖေ နဲ့ ကျတော်ဟာ မိုးနဲ့ မြေပြင်လို့ ကွားခြားလှပါတယ်... ဆရာ နောက်တစ်ခါ ကျတော့်ကိုတွေ့ရင် -- -- လို့ မခေါ်ပါနဲ့ ခင်ဗျာ... ကျတော့် နာမည်အရင်းကို ခေါ်ရင် ရပါပြီ ဆရာ... အခွင့်အရေး ထပ်ရဦးမယ်ဆိုရင် လူထုတိုက်မှာ အချိန်းပိုင်း အလုပ်လေး တစ်လောက်တော့ လုပ်ချင်သေးတယ်... လူထုတိုက်မှာ ပညာဆည်းပူးချင်သေးတယ်... ...လူထုတိုက် တစ်ခုတည်းရဲ့ အမေ မဟုတ်တဲ့ မြန်မာတွေ အားလုံးရဲ့ အမေ လူထု ဒေါ်အမာ အသက်ရာကျော် ရှည်ပါစေ...

မေမြို့ကိုရောက်ခဲ့တယ်...

၂၃-ရက် နေ့ကနေ ၂၆-ရက်နေ့အထိ ရုံးက တန်ဆောင်တိုင် ရုံးပိတ်ရက်ပေးတာနဲ့ ကိုသခင်ကြီး မိသားစုရယ်၊ ကျတော်တို့ မိသားစုရယ်၊ BaganNAT ခေါ် သခင်စိုးကြီးရယ် စုစုပေါင်း ၇-ယောက်  မေမြို့ကို ကိုသခင်ကြီး ကားနဲ့ တက်ပြီး အနားယူခဲ့ကြတယ်... မေမြို့ လျှပ်စစ်မီးဟာလည်း မန္တလေး လျှပ်စစ်မီးနဲ့ နင်လားပါပဲ... ၆-နာရီလာ ၁၂-နာရီပျက် ပုံစံနဲ့ မီးပေးနေပါတယ်... အလုပ်လုပ်ချင်တဲ့ ကိုသခင်ကြီး တစ်ယောက်မှာ လျှပ်စစ်မီးကြောင့် ဒုက္ခတော်တော် ရောက်ရပါတယ်... တန်ဆောင်မုန်းလပြည့်နေမှာတော့ အိမ်မှာပဲနေပြီး hot pot လုပ်စားကြတယ်...  ထမင်းမချက်လို့ မေမြို့မြို့ထဲ သွားပြီး ထမင်းကြော်နဲ့ ခေါက်ဆွဲကြော် သွားဝယ်တာ မေမြို့ကို အလည်လာကြတဲ့ များပြားလှတဲ့ လူတွေကြောင့် အချိန် တော်တော်လေး စောင့်ခဲ့ရတယ်... မန္တလေး-လားရှိုးလမ်းမပေါ်မှာလည်း ကားတွေကို တန်းစီပြီး ပိတ်နေပါတယ်... နောက်နေ့မနက်မှာ အမျိုးသားကန်တော်ကြီးကို ရောက်ခဲ့တယ်... ကန်တော်ကြီးမှာ ရိုက်ဖြစ်ခဲ့တဲ့ ဓာတ်ပုံတွေပေါ့... လက်ရာကတော့ ကျတော့်ဆရာ ကိုသခင်ကြီးကိုတော့ ဘယ်မှီပါ့မလဲဗျာ...

ဒါနဲ့ စကားမစပ်....

ဒါနဲ့ စကားမစပ်.... လှိုင်သာယာထဲမှာ ရှိတဲ့ သစ်အချောကိုင် စက်ရုံတစ်ခုမှ ဝန်ထမ်းများကို ၃-လစာပေးပြီး မိမိတို့ရဲ့ နေရပ်များကို ပြန်ဖို့အတွက် ကားဂိတ်၊ ရထားဂိတ်၊ သင်္ဘောဆိပ်ကမ်းများ အထိ စက်ရုံကားများနဲ့ လိုက်ပို့ကြောင်း သိရပါတယ်... အလျော့ခံရတဲ့ ဝန်ထမ်းဦးရေမှာ အနည်းဆုံး အယောက် ၅၀-ကျော် ရှိကြောင်း ကြားသိရကြောင်းပါ... ဒါနဲ့ စကားမစပ်.... မန္တလေးရဲ့ ဟိုးမြို့အစွန်မှာရှိတဲ့ သင်ပန်းကုန်းဆိုတဲ့ ဆင်းရဲသားတွေ အနေများတဲ့ ရပ်ကွက်လေး ရှိတယ်ဗျာ... အဲဒီဘက်မှာ အိမ်ဝယ်မိသူတစ်ယောက်ကတော့ ဒီလိုလေး ကြုံခဲ့ရတယ်... စာချုပ်ကို ရှေ့နေနဲ့ ဘာနဲ့ တရားရုံးမှာ သေချာချုပ်ပြီးသား... အရင်အိမ်ရှင်တွေ အိမ်ကနေ ထွက်ပေးတဲ့နေ့မှာ ကျန်တဲ့ငွေ အကြေပေးချေခြင်းကို ရယက လူကြီးတွေ အိမ်ရှင် အသစ်မှန်း သိရအောင် ရယကရုံးမှာ ပေးချေသတဲ့... အသိသက်သေမျိုး နေပေးရတဲ့ ရယက ရုံးက အလှူငွေ ၃-သောင်းကျပ်တောင်း သတဲ့ကွယ်... ရှေ့နေနဲ့ တရားရုံး၊ မြေစာရင်းရုံးမှာ စာချုပ်စာတမ်းကြေး၊ ဘာညာကြေးတွေ ပါတာတောင် ၂-သောင်းကျပ်ပဲ ပေးရသတဲ့ကွယ်... အဟွတ် ... အဟွတ်...  လေတွေကလည်း မသန့်လိုက်တာ... ယခု post ကို blogger.com ကို ဘန်းထားသဖြင့် ခေတ်မီဓာတ်ချောပို့စနစ်ဖြင့် ပေးပို့သ

Microsoft Word 2003 မှာ Zawgyi-One ရိုက်ရတာ အဆင်ပြေအောင်...

Microsoft Word 2003 မှာ Zawgyi-One သုံးပြီး စာရိုက်ရင် word ရဲ့ shortcut တွေကြောင့် အချို့စာလုံးတွေ ရိုက်လို့ မရပါဘူး... စာလုံးများ ရိုက်လို့ရအောင် ညိနေတဲ့ shortcut များကို ပြင်ပေးစရာလိုပါတယ်... Word 2003 မှာ Zawgyi-One font သုံးရတာ အဆင်ပြေအောင် ကျတော် ပြင်ထားတဲ့ normal.dot ဖိုင်လေးကို ဒီနေရာကနေ ရယူနိုင်ပါတယ်... ၁. အဲဒီဖိုင်ကို download အရင်လုပ်ပါ... download လုပ်ပြီးပြီ ဆိုရင် အဲဒီ ဖိုင်ကို copy လုပ်ပါ... Microsoft Office Suite ထဲမှာပါတဲ့ Program အကုန်ကို ပိတ်ထားပါ... ၂. C:\Documents and Settings\ ***user အမည်*** \Application Data\Microsoft\Templates ထဲကိုသွားပါ... ***user အမည်*** နေရာမှာ မိမိ လက်ရှိသုံးနေတဲ့ user name ဖြစ်ရပါမယ်... ၃. အဲဒီ folder ထဲမှာရှိနေတဲ့ normal.dot ဖိုင်ကို select ပေး၊ F2 လေး နှိပ်ပြီး normal_org.dot ဆိုပြီး ဖိုင်နာမည် ပြောင်းလိုက်ပါ... ၄. paste လုပ်ပါ... download လုပ်ထားတဲ့ normal.dot ဆိုတဲ့ ဖိုင်ရောက်လာပါလိမ့်မယ်... အဲဒီ folder ထဲမှာ normal.dot နဲ့ normal_org.dot ဆိုပြီး ဖိုင် ၂-ဖိုင် အနည်းဆုံးရှိရပါမယ်... ၅. ဒါဆိုရင် Microsoft Word ကို သုံးလို့ရပါပြီ

နေရာဟောင်းမှာပဲ လိပ်စာသစ်နဲ့ MgHla...

ကျတော် မောင်လှ နေရာဟောင်းဖြစ်တဲ့ blogspot.com မှာပဲ နေထိုင်လျှက်ရှိပြီး ပြည်တွင်းမှ ဆက်သွယ်မယ့်သူများအတွက် ကျော်ခွစရာမလိုတဲ့ http://blog.mghla.com ကနေ ဆက်သွယ်နိုင်ပါတယ်... ပြည်ပရောက်သူများကတော့ မူလ လက်ဟောင်း http://mghla.blogspot.com မှလည်း ဆက်လက် အလည်လာရောက်နိုင်ကြောင်းပါ... blogger.com ကို ဝင်ရောက် လော့အင်လုပ်နိုင်ခြင်းမရှိသေးသည့်အတွက် comment များကို ပြန်လည် ဖြေကြားခြင်းမပြုနိုင်သေးသည်ကို ခွင့်လွှတ်ပေးကြပါလို့ တောင်းပန်ပါသည်...

မနေ့က...

မနေ့က ပုဇွန်တောင်ဘက်မှာ နေ့တဝက်ကျော်ကြာအောင် နေဖြစ်တယ်... ပိတ်ရက်ဆိုတော့ လုပ်စရာ မရှိတာရော၊ အဆောင်မှာ တစ်ယောက်တည်း နေရမှာ ပျင်းတာကြောင့်ရော မောင်ရမ်းနဲ့ လိုက်သွားဖြစ်တယ်...  ကွန်ပျူတာသွားပြင်ပေးတာပါ... အပြန်မှာ နာမည်ကြီး ရွှေ့ဧည်သည် စီးဖြစ်တယ်... ထိုင်ခုံအပြည့်သာတင်တဲ့ ရွှေဧည့်သည်မှာ မတ်တပ်ရပ်ပြီး လိုက်စီးရတယ်... ၃-မှတ်တိုင်လောက်ရောက်မှ ထိုင်စရာ နေရာ ကြပ်ကြပ်တည်းတည်းရတယ်... နောက်ထပ် လူတွေ ထပ်တက်လာလိုက်တာ မတ်တပ်ရပ်တဲ့လူတွေ ကားအပြည့်ပဲ... မနေ့က အစ်နေ့မို့လို့လားတော့ မသိဘူး... ကားပေါ်မှာ မွတ်စလင်တွေ များတယ်... ဘာဖြစ်လို့လည်းမသိဘူး... ဘဲချီးစော်နံတယ်... အဲကွန်းလည်း မဖွင့်ဘူး... လှိုင်သာယာဘက် ပြန်တဲ့လူတွေများတယ်... ကြပ်ကြပ်တည်းတည်း၊ ဘဲချီးအနံ့ရှူပြီး မြန်မာကျပ်ငွေ ၃၀၀-ကျပ်ပေးပြီး ရွှေဧည်သည်ကြီးကို မနေ့က စီးခဲ့ရကြောင်းပါ...

blogspot.com ကို ban ပြီ...

blogspot.com ကို Myanmar Teleport (ယခင် BaganNET) မှ ပိတ်ပင်ထားဆီး လိုက်ပြီ ဖြစ်ပြီး MPT (မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း) အသုံးပြုနေသူများဘက်မှာတော့ ပိတ်ပင် တားဆီးမှု မရှိသေးကြောင်း သိရပါသည်… Access has been denied The access to requested URL has been denied. mghla.blogspot.com/ To have the rating of this web page re-evaluated please contact your administrator.

Google talk (Gtalk) Avatar #2

Gtalk Myanmar, Glass button, avatar,

Google talk (Gtalk) Avatar

မအားမယား ဒီနေ့မနက်ပိုင်း လုပ်လိုက်မိတဲ့ Gtalk avatar လေးတွေ... ... မည်သူမဆို လွတ်လပ်စွာဖြင့် အခမဲ့ ကူးယူ သုံးစွဲနိုင်ပါကြောင်း ... My Labels: Graphic Design, Glass button, avatar, Gtalk Myanmar,

Dynamic Report in Microsoft Access

မောင်လှရေ... မှတ်ထားဦးကွယ့်... Microsoft Access မှာ Crosstab Query ကို Report ထုတ်မယ်ဆိုရင် ဒီလိုလေး ထုတ်ရတယ်... Table တွေ ရှိပြီးသား ဆိုရင်တော့ ပထမဆုံးလုပ်ရမယ့် အလုပ်က Crosstab Query တစ်ခု တည်ဆောက်ရမယ်... ဟော့ဒီမှာ crosstab query design ကို နမူနာကြည့်ပါဦး... အဲဒီမှာ OutletID, OutletName, VrNo, NetAmt တွေက Row Heading လို့ရွေးထားတယ်... Stock ဆိုတဲ့ field ကိုတော့ Column Heading ဆိုပြီး ရွေးထားလိုက်တယ်... NetQty ကိုတော့ Value လို့ရွေးလိုက်တယ်... ရက်အလိုက်ရွေးကြည့်လို့ ရအောင် Date ကို Where ဆိုပြီး ရွေးထားတယ်... အဲဒီ query ကို run ကြည့်မယ်ဆိုရင် အောက်က ပုံစံမျိုးပေါ်လိမ့်မယ်... အဲဒီမှာ Date တစ်ခု လာတောင်းလိမ့်မယ်... 6/27/2007 ဆိုပြီး ရိုက်ထည့်လိုက်တယ်... အဲဒီနေ့ဟာတွေပဲ ဖော်ပြပေးပါတယ်... query ကို ပိတ်ပြီး နောက်တစ်ခေါက် ပြန် run ကြည့်ပါဦး... ဒီတစ်ခါ 6/28/2007 လို့ရိုက်ထည့်ကြည့်ပါ... ဘာတွေ့ရမလဲဆိုတော့ Row Heading လို့ပြောထားတဲ့ OutletID, OutletName, VrNo, NetAmt တွေက data တွေ မတူနိုင်ပေမယ့် ပုံသေ column တွေ အနေနဲ့ ဖော်ပြပေးပြီး Column Heading လို့ ရွေးထားတဲ့ Stock ကတော့ အဲဒီနေ့မှာ ၁၀-မျို

ဗိုလ်ချုပ် ပန်းခြံရောက်ခဲ့တယ်...

ဗိုလ်ချုပ် ပန်းခြံကနေ လှမ်းဖူးရတဲ့ ရွှေတိဂုံ စေတီတော် ဪ... ရွှေရောင်တောက်တဲ့ ကရဝိတ် Twin Tower ဒါလည်း ကရဝိတ်ပုံပါပဲ My Labels: Photo, Yangon, ဓာတ်ပုံ

ကိုယ့် Blog မှာ နောက်ဆုံး ရေးထားတဲ့ Comment များကို side bar မှာ ထည့်ရအောင်...

ပထမဆုံး လုပ်ရမယ့် အလုပ်က www.blogger.com ထဲကို login အရင်ဝင်ပါ.... Dashboard ထဲကို ရောက်ပြီဆိုရင် ကျတော်တို့ ပြင်ချင်တဲ့ blog ရဲ့ Manage: ဆိုတဲ့ နေရာမှာ ရှိတဲ့ Layout ကို click လုပ်ပါ.... ပုံထဲမှာ ပြထားတဲ့ အတိုင်း (၁) Page Elements ဟုတ်ရဲ့လား အရင်စစ်ပါ... ဟုတ်ပြီဆိုရင် (၂) Add A Page Element ကို click လုပ်ပါ... နောက်ထပ် windows တစ်ခုပေါ်လာရင် (၃) Feed ကို တွေ့အောင် ရှာပါ... တွေ့ပြီဆိုရင် ADD TO BLOG ကို နှိပ်ပါ... http:// your_site_name .blogspot.com/feeds/comments/default ထည့်ပေးပါ... your_site_name ဆိုတဲ့နေရာမှာ ကိုယ့် blog နာမည် ထည့်ပါ... MgHla လို့ သွားထည့်မိရင်တော့ ကျတော့် ဘလော့က comment တွေ လာပေါ်နေပါလိမ့်မယ်... OK ကို click နှိပ်လိုက်ရင် အောက်က ပုံအတိုင်း windows နောက်တစ်ခု ပြောင်းသွားပါလိမ့်မယ်... Title ဆိုတဲ့ နေရာမှာ Recent Comments or Latest Comments or ကိုယ်ကြိုက်တဲ့ စာသား ရိုက်ထည့်ပါ... show နေရာမှာ ကျတော်တို့ ပေါ်စေချင်တဲ့ comment အရေအတွက်ကို ရွေးပေးရမှာ ဖြစ်ပါတယ်... Item dates ဆိုတာက comment ပေးထားတဲ့ ရက်စွဲ ဖော်ပြချင်ရင် သုံးပါတယ်... Item sources/authors ရဲ့ ရှေ့မှာ အမှန်

ဒီနေ့ ရိုက်တဲ့ ဓာတ်ပုံတွေ

တံတား တစ်စင်း... ဘာကြီးလဲ...? ကုန်သည်ကြီးများ ဟော်တယ် ဆူးလေ... ဆူးလေ... သွားနေတဲ့ ကားပေါ်က ရိုက်ထားတဲ့ ဓာတ်ပုံတွေပါ... My Labels: Photo, Yangon, ဓာတ်ပုံ

ရိုးရှင်းသွက်လက် မြန်မာ SMS

bagannat ရေးတဲ့... GSM ဖုန်းတွေမှာ SMS ကိုမြန်မာဘာသာ အသုံးချပြီး ပို့နိုင်တဲ့ Software နောက်တစ်ခုပါ..။ MySm ပြီးတဲ့နောက်မှာ ပေါ်တဲ့ Software ဖြစ်ပါတယ်..။ Software နာမည် sm3 ဖြစ်ပါတယ်။ အရှည်ကောက်က Simple Myanmar Message ပါ..။ ........ ပို့လာမယ့် Message ကိုဖွင့်ဖတ်ဖို့အတွက် Software ကို အင်တာနက်မှာပဲဖြစ်ဖြစ် နီးစပ်ရာ ဖုန်းဆိုင်တွေမှာ ပဲဖြစ်ဖြစ် အခမဲ့ရယူနိုင်တာကို သိရပါတယ်..။ ကုန်ကျစရိတ် မရှိဘဲ လက်ခံ အသုံးပြုနိုင်ရန် အတွက် ရည်ရွယ်တဲ့ အတွက် ဒီလိုဖြန့်ချီရခြင်းပါလို့ sm3 အဖွဲ့ဝင် သူငယ်ချင်း လုပ်သူက ပြောပါတယ်..။ အသုံးပြုသူအနေနဲ့ Message ပို့ချင်တယ်ဆိုရင်တော့ Code Activate ကို ၅၅၀၀ကျပ်သာ ပေးသွင်းရမှာဖြစ်ပြီး တစ်ကြိမ်သာ လုပ်ဖို့ လိုအပ်ပါတယ်..။ ........ Download sm3 Here more info: http://bagannat.blogspot.com/ My Label:Myanmar News, GSM, SMS, Myanmar SMS

:(

ကျင်လည်နေရတဲ့ လောက တစ်ခုကနေ စွန့်ခွာထွက်သွားချင်နေတယ်.... မိတ်ဆွေများကို နှုတ်မဆက်ပဲ ထွက်သွားမိရင်တော့ တောင်းပန်ပါတယ် ...

Blog Day 2007 @ Mandalay

မနေ့က မန္တလေးမှာ MCPA ကဦးစီးပြီး blogger များ ကျင်းပပြုလုပ်သည့် Blog Day အခမ်းအနားကို အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ပါတယ်... တက်ရောက်ခဲ့သူ စုစုပေါင်း လူဦးရေ ၃၀၀-ကျော် မယ်လို့ ခန့်မှန်း ရပါတယ်... အဲဒီအထဲမှာ blogger အယောက် ၃၀-ကျော် ပါဝင်ကြောင်းပါ... စာနယ်ဇင်းသမားများလည်း စုံလင်စွာ တက်ရောက်ကြပါတယ်... My more info: http://mdyblogshow.blogspot.com/ Labels: Mandalay News, Bloggers, Myanmar Bloggers, Mandalay Bloggers

ကန်တော်ကြီးမှာ ရိုက်ထားတဲ့ ဓာတ်ပုံထဲက နောက်တစ်ပုံ

flickr ကနေ စမ်းတင်ကြည့်တာပါ...