Skip to main content

Posts

Showing posts from January, 2013

Gmail + Google Authenticator (ပိုမို စိတ်ချရတဲ့ Gmail Account ဖြစ်အောင်...)

ဒီ  Gmail + Google Authenticator (ပိုမို စိတ်ချရတဲ့ Gmail Account ဖြစ်အောင်...) ပြုလုပ်တာဟာ လုပ်ရင်း အဆင်မပြေမှုတွေဖြစ်ပေါ်နိုင်တဲ့ အတွက် အရေးမကြီးတဲ့ Gmail Account မှာ အရင်စမ်းစေချင်ပါတယ်။ Gmail Account locked ကျသွားတာမျိုး၊ ဝင်မရတာမျိုး ဖြစ်ခဲ့ရင်တော့ ကျွန်တော် တာဝန်ယူမည် မဟုတ်ပါကြောင်း ကြိုတင် အသိပေး မေတ္တာရပ်ခံပါရစေ။ ကျွန်တော်တို့ရဲ့ Gmail Account များကို ပိုမို စိတ်ချရတဲ့ Gmail Account ဖြစ်အောင် ပြောင်းကြရအောင်ပါ... အဲဒီလို ပြောင်းဖို့ အတွက် ဘာတွေလိုအပ်မလဲဆိုတော့ Google Authenticator အင်စတော လုပ်ထားတဲ့ Android/iPhone/Blackberry handset (၁)လုံး၊ Google က ပြန်လည် ခေါ်ဆိုလို့ရမယ့် ဖုန်းလိုင်း (သို့) sms လက်ခံနိုင်မယ့် ဖုန်းလိုင်း၊ ကွန်ပျူတာ၊ အင်တာနက် တွေလိုအပ်ပါတယ်... Google Authenticator ထည့်သွင်းထားသော android handset ကျွန်တော်တို့ အခုလုပ်မယ့်ဟာကို Gmail မှာ 2-Setup Verification လို့ google က သုံးနှုန်းပါတယ်... 1. ကွန်ပျူတာကနေ Gmail ထဲကို  ဝင်လိုက်ပါ။ mail စစ်လို့ရ၊ ပို့လို့ရတဲ့ နေရာကို ရောက်ပြီဆိုရင် screen ရဲ့ ညာဘက် အပေါ်ထောင့်က email လိပ်စာပေါ် click လုပ်ပြီး ပေါ်လာတ

မန္တလေးသားထုတ်တဲ့ ကမ္ဘာကျော် smart phone နဲ့ ကျွန်တော်...

credit:  http://www.htc.com/mm/smartphones/htc-butterfly/ HTC ရဲ့ CEO ဖြစ်သူ Peter Chou ခေါ် ဦးဝင်းသန်း ဟာ မန္တလေးမြို့မှာ မွေးဖွားခဲ့တဲ့ တရုတ်လူမျိုး တစ်ယောက်ဖြစ်ပြီး မန္တလေးမြို့ အ.ထ.က (၁၃) မှာ အထက်တန်း၊ ဒေသကောလိပ်၊ မန္တလေး တက္ကသိုလ်မှာ ရူပဗေဒ အဓိကဘာသာရပ်ဖြင့် ပညာသင်ယူဖူးကြောင်း 15-Jan-2013 ရက်နေ့က Sedona Hotel မှာ ပြုလုပ်ခဲ့တဲ့ Press Launch of HTC's first concept store and service center in Mandalay မိတ်ဆက်ပွဲမှာ ပြောကြားခဲ့ပါတယ်။ ယင်းအပြင် ကမ္ဘာပေါ်မှာ အကောင်းဆုံး၊ အဆင့်မြင့်ဆုံး မြန်မာ smart phone ကို မန္တလေးက လုပ်ခဲ့တာပါဆိုပြီး ယင်းမိတ်ဆက်ပွဲမှာ ပြောကြားခဲ့တဲ့ အတွက်  မန္တလေးသား ထုတ်တဲ့ ကမ္ဘာကျော် smart phone လို့ ကျွန်တော် သုံးလိုက်တာပါ။ ဦးသောင်းတင် (KMD)၊ ဦးသိန်းထွတ် (eVolver)၊ ဦးထွန်းမြင့် (စံမြန်မာစာ၊ မင်းကွန်ပျူတာ) တို့နဲ့ ကျောင်းနေဖက် သူငယ်ချင်းများ ဖြစ်တယ်လို့ ယင်းမိတ်ဆက်ပွဲမှာ ပြောကြားခဲ့ပါတယ်။ HTC CEO Peter Chou (ဦးဝင်းသန်း)နှင့် ဦးစိုးငွေရ (KMD)  မြန်မာနိုင်ငံအတွက် ထုတ်လုပ်ထားတဲ့ HTC Butterfly, HTC One X+, HTC One, HTC Desire X, HTC Desire VC, HTC Desire C