Skip to main content

မန္တလေးသားထုတ်တဲ့ ကမ္ဘာကျော် smart phone နဲ့ ကျွန်တော်...


HTC ရဲ့ CEO ဖြစ်သူ Peter Chou ခေါ် ဦးဝင်းသန်း ဟာ မန္တလေးမြို့မှာ မွေးဖွားခဲ့တဲ့ တရုတ်လူမျိုး တစ်ယောက်ဖြစ်ပြီး မန္တလေးမြို့ အ.ထ.က (၁၃) မှာ အထက်တန်း၊ ဒေသကောလိပ်၊ မန္တလေး တက္ကသိုလ်မှာ ရူပဗေဒ အဓိကဘာသာရပ်ဖြင့် ပညာသင်ယူဖူးကြောင်း 15-Jan-2013 ရက်နေ့က Sedona Hotel မှာ ပြုလုပ်ခဲ့တဲ့ Press Launch of HTC's first concept store and service center in Mandalay မိတ်ဆက်ပွဲမှာ ပြောကြားခဲ့ပါတယ်။ ယင်းအပြင် ကမ္ဘာပေါ်မှာ အကောင်းဆုံး၊ အဆင့်မြင့်ဆုံး မြန်မာ smart phone ကို မန္တလေးက လုပ်ခဲ့တာပါဆိုပြီး ယင်းမိတ်ဆက်ပွဲမှာ ပြောကြားခဲ့တဲ့ အတွက်  မန္တလေးသား ထုတ်တဲ့ ကမ္ဘာကျော် smart phone လို့ ကျွန်တော် သုံးလိုက်တာပါ။ ဦးသောင်းတင် (KMD)၊ ဦးသိန်းထွတ် (eVolver)၊ ဦးထွန်းမြင့် (စံမြန်မာစာ၊ မင်းကွန်ပျူတာ) တို့နဲ့ ကျောင်းနေဖက် သူငယ်ချင်းများ ဖြစ်တယ်လို့ ယင်းမိတ်ဆက်ပွဲမှာ ပြောကြားခဲ့ပါတယ်။

HTC CEO Peter Chou (ဦးဝင်းသန်း)နှင့် ဦးစိုးငွေရ (KMD)
HTC CEO Peter Chou (ဦးဝင်းသန်း)နှင့် ဦးစိုးငွေရ (KMD) 

မြန်မာနိုင်ငံအတွက် ထုတ်လုပ်ထားတဲ့ HTC Butterfly, HTC One X+, HTC One, HTC Desire X, HTC Desire VC, HTC Desire C model ၆-မျိုးကို ၁၅-၁-၂၀၁၃ ရက်နေ့မှ စတင် ရောင်းချမှာ ဖြစ်ကြောင်း သိရပါတယ်။ HTC Desire VC က GSM နဲ့ CDMA800 လိုင်းကဒ် ၂-ကဒ် ထည့်သုံးနိုင်တဲ့ အမျိုးစားဖြစ်ပြီး ကျန်အမျိုးအစားများကတော့ GSM/WCDMA လိုင်းကဒ် ထည့်သုံးရတဲ့ အမျိုး အစားတွေ ဖြစ်ပါတယ်။ ယခုစတင်ရောင်းချတဲ့ HTC အမျိုးအစားများမှာ မြန်မာစာ font များနဲ့ လက်ကွက် တစ်ပါတည်းပါဝင်လာမှာ ဖြစ်ကြောင်းလည်း သိရပါတယ်။ စာရိုက်တဲ့ လက်ကွက်အနေမှာ စံမြန်မာ လက်ကွက်ဖြစ်ပြီး Zawgyi-One, Myanmar 3 နဲ့ စံမြန်မာစနစ် အသုံးပြုထားတဲ့ web site များကို ကြည့်ရှုနိုင်မယ်လို့ သိရပါတယ်။ ယခင်က ပြည်တွင်းကိုရောက်နေတဲ့ HTC android handset များကို မြန်မာစာစနစ်ပါဝင်တဲ့ ROM ကို အဆင့်မြှင့်တင်ပေးဖို့ လတ်တလော အစီအဉ် မရှိသေးကြောင်းလည်း သိခဲ့ရပါတယ်။  တရားဝင်ဖြန့်ချိခွင့်ရှိသူ KMD နဲ့ စံမြန်မာ လက်လီရောင်းချတဲ့ ဆိုင်များ အပါအဝင် HTC Concept Store များမှ ဝယ်ယူပါက Warranty ၁၈-လ ပေးတယ်လို့လည်း သိရပါတယ်။

ဒီပွဲမှာ HTC ရဲ့ တီဗီကြော်ငြာကိုလည်း ပြခဲ့ပါတယ်။ မြန်မာလူငယ် တစ်ယောက်ရေးထားတဲ့ Android မြန်မာ လက်ကွက် စနစ်နဲ့ စံမြန်မာ လက်ကွက်စနစ်ကို နှိုင်းယှဉ်ပြတဲ့ ပြကွက်ကို ဘဝင်မကျမိတာက လွဲလို့  HTC ရဲ့ TV ကြော်ငြာကို သဘောကျပါတယ်။ ဒီကြော်ငြာကြောင့် Peter Chou (ဦးဝင်းသန်း) ကို အတုယူလေးစားပြီး ကြိုးစားမယ့် လူငယ်တွေ ပေါ်ထွက်လာနိုင်ပါတယ်။



မြန်မာပြည်တွင်းကို ဖြန့်ချိရောင်းချမယ့် HTC smart phone နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို http://www.htc.com/mm/ မှာ မြန်မာဘာသာဖြင့် ဖတ်ရှုနိုင်ပါတယ်။ 

ဒီပွဲတက်ရောက်ဖို့အတွက် ဖိတ်စာပို့ပေးတဲ့ မမြတ်မွန်ကိုလည်း အထူးကျေးဇူးတင်ပါတယ်။ 

Comments

Popular posts from this blog

မနေ့က...

ရုံးကနေ ည ၇-နာရီလောက်မှပြန်ဖြစ်တယ်... FMI ထဲဝင်ပြီး ထမင်းဝင်စားပြီးမှ တည်းတဲ့ ဟိုတယ်ကို ၈-နာရီကျော်မှ ပြန်ရောက်တယ်... အမျိုးသမီးက ဖုန်းဆက်လာတယ်... သမီးက သူပြောချင်လို့ဆိုပြီး ဖုန်းဝင်ပြောတယ်... မူကြိုတက်နေတာ ၂-ပတ်နီးနီးပဲရှိသေးတာ တော်တော်လေး စကားတွေ ပြောတတ်လာပြီ... ဖုန်းဆက်တိုင်း သမီးမှာတတ်တာက J Donuts ဝယ်ခဲ့ပေးဖို့ပဲ... သမီးက J Donuts ကြိုက်တယ်လေ... မန္တလေးမှာ J Donuts မရှိဘူး... ရှိတဲ့ M Donuts ကိုကျတော့ သမီးက မကြိုက်ဘူးလေ... ရုံးက ဝယ်ထားပေးတဲ့ laptop မှာ လိုတဲ့ drivers တွေတင်ရင်း ၁၁း၃၀-နာရီလောက်မှ အိပ်ဖြစ်တယ်... သြော် ... ဘာလိုလိုနဲ့ ... ဒီနေ့ဆို ရန်ကုန် ရုံးကို ရောက်နေတာ ၂၇-ရက်တောင် ရှိနေပြီ... ဒါနဲ့ စကားမစပ် web cam ပါတဲ့ laptop တွေမှာ login လုပ်တဲ့နေရာမှာ Face Recognition နဲ့ လုပ်ချင်တယ်ဆိုရင် Lenovo က သူ့ laptop တွေအတွက် ရေးထားတဲ့ Lenovo VeriFace recognition လေးကို ရှာပြီး သုံးကြည့်ပါ... acer, dell, hp laptop တွေမှာ သုံးကြည့်တာ အဆင်ပြေကြောင်းပါ...

Blogspot မှာ မြန်မာလို ရေးရတာ အဆင်ပြေအောင်...

လွယ်လွယ်လေးပါ... ၁. Blogger.com ကနေ login လုပ်ပြီး Dashboard ကိုသွားပါ... ၂. dashboard ထဲက Setting ကိုရွေးပါ... ၃. Formatting ကို ထပ်ရွေးပါ... ၄. Formatting စာမျက်နှာကို ရောက်ပြီဆိုရင် Post Template ဆိုတာကို ရှာပါ... အောက်ဆုံးမှာ ရှိပါတယ်... post template text box ထဲမှာ အောက်က code ကို ထည့်လိုပ်ပါ... ( font face="Zawgyi-One" ) ဒီစာကို Select ပေးပြီးရေးပါ... ( /font ) အပေါ်က code နဲ့ မရသူများ ခင်ဗျာ အောက်က code နဲ့ အစားထိုးကြည့်ပေးပါဦး ခင်ဗျား... ကျတော်တော့ အပေါ်က ကုဒ်နဲ့ အဆင်ပြေနေတာ blogspot စရေးကတည်းကပါ... ( span style="font-family:Zawgyi-One;" ) ဒီစာကို Select ပေးပြီးရေးပါ... ( /span ) မှတ်ချက် - ( ကို အဖြစ်လည်းကောင်း၊ ) ကို > အဖြစ် ပြန်ပြောင်းပါ... ၅. Save Settings ကို နှိပ်ပြီး ပြီဆိုရင် ရပါပြီ... ၆. Post အသစ်တင်တဲ့နေရာကို သွားပါ... Edit Html ကို မရွေးဘဲ... Compose ကို ရွေးထားရင် စာရိုက်တဲ့ နေရာမှာ “ဒီစာကို Select ပေးပြီးရေးပါ...” ဆိုပြီး ပေါ်နေပါလိမ့်မယ်... ကဲဗျာ... အဲဒီစာကို Select ပေးပြီး ကိုယ်ကြိုက်တာ ရေးလို့ ရပါပြီ ခင်ဗျာ... မှတ်ချက် - Zawgyi...

PonNya Myanmar Unicode Font

ပုည font ကို ဘယ်လို install လုပ်နပီး ဘယ်လို အသုံးင်္ိပရြမလဲ…? 1. http://mamboforge.net/frs/download.php/6224/PonNya_Web_v1.1.zip ထဲမဋ္ဋ PonNya_web Installer ကို Download လုပ်နပီး Install လုပ်ပြ။ 2. PonNya_Web font ကိုတော့ C:\Windows\Fonts folder အောက်ထဲ copy ကူးထည့်ပြ (သိုဿ) Control Pannel အတ့င်းရဋ္ဋိ Fonts မဋ္ဋလည်း Install လုပ်ြိုင်ပသြည်။ 3. Install လုပ်နပီးပကြ Start > All Programs > Tavultesoft Keyman > Keyman ကို click ခေက်ြနပီး run ပြ။ 4. Task Bar မဋ္ဋာ ရဋ္ဋိတဲ့ နာရီ ဘေးမဋ္ဋာ Tavultesoft Keyman 6.0 icon လေးတှေ့ရပလြိမ့်မယ်။ ၎င်း icon မဋ္ဋာ Keyman ၏ မူလ icon အတိုင်း K icon လေး င်္ိဖစ်နေသည့် အခ္လိန်တ့င် ပုည font ငေ်္ိပာင်းနပီး ရိုက်ထားသော စာမ္လားသည် English လို ပေပြလြိမ့်မည်။ 5. င်္ိမန်မာလို ရိုက်ခ္လင်ပကြ ၎င်း icon ပေတြ့င် click ဋ္ဋြိပ်ပြ။ ပေလြာမယ့် pop-up menu ထဲမဋ္ဋ myanmarmtn ကို ရေ့းပြ။ K icon မဋ္ဋ င်္အိဖရြောင် နောက်ခံင်္ိဖင့် P icon သိုဿ ငေ်္ိပာင်းလဲသ့ားပလြိမ့်မည်။ ယင်းအခ္လိန်တ့င် PonNya_Web စာလုံးမ္လားကို အသုံးင်္ိပနြပီး င်္ိမန်မာလို ရိုက်ြိုင်ပသြည်။ 6. English လို ရိုက်ခ္လင်ပကြ P icon ပေမြဋ္ဋာ click ဋ္ဋြိပ်ပြ။ ပေလြာမယ့် pop-up me...