Skip to main content

Posts

Showing posts from July, 2006

...တန်ဖိုးဖြတ်လို့မရတဲ့ ...

ကျတော့်ဆီမှာ အ၀တ်အစားတွေကို ဖြူစင်အောင် လျှော်ပေးတဲ့ အ၀တ်လျှော်စက်ကြီး ရှိတယ်... ရေရယ်၊ ဆပ်ပြာမှုန့်ရယ်တင်မကဘူး... စေတနာ၊ မေတ္တာတွေပါနဲ့ပါ ထည့်ပြီး လျှော်ပေးတယ်... ကျတော့်ဆီမှာ လျှော်ပြီးသား အ၀တ်အစားတွေ မီးပူ တိုက်ပေးတဲ့ စက်ကြီး ရှိတယ်သိလား... ညီညာ ပြန့်ပြူး ခေါက်ရိုး ကျိုးအောင်ကို မီးပူ တိုက်ပေးတယ်ဗျာ... ဘယ် သိပ္ပံပညာရှင်မှ တီထွင်နိုင်မှာ မဟုတ်တဲ့ စက်ကြီးတွေပါဗျာ...

...တန်ဖိုးဖြတ်လို့မရတဲ့ ...

ကျတော့်ဆီမှာ မနက်မနက် အချိန်မှန်နှိုးတတ်တဲ့ တန်ဖိုးဖြတ်လို့ မရတဲ့ နှိုးစက်တစ်လုံးရှိတယ်... အလုပ်ပိတ်ရက်ဆိုရင် မနှိုးဘူး... ကျတော် မနိုးမချင်း ခေါ်နှိုးတတ်တယ်... အိပ်ယာထ မျက်နှာသစ်ပြီးရင် ကျတော်ကြိုက်တတ်တဲ့ ကော်ဖီကောင်းကောင်း ဖျော်တတ်တဲ့ coffee maker စက်ကြီးရှိတယ်... ကျတော်ကြိုက်တဲ့ မေမြို့ထွက် ကော်ဖီမှုန့်ရယ်၊ သကြားရယ်၊ နို့ဆီရယ်၊ စေတနာ၊ မေတ္တရာတွေရယ် ပေါင်းစပ်ပြီး ကမ္ဘာမှာ ဘယ်သူမှ မဖျော်နိုင်တဲ့ ကော်ဖီတွေ ဖျော်ပေးတယ်... ဆက်ရန်...

Unicode Convertor

ဝင်း ကလော ကနေ ဇော်ဂျီပဲ ပြောင်းပြောင်း ဇော်ဂျီ ကနေ ၀င်းကလော ပဲပြောင်းပြောင်း ဘယ်လိုပဲ ပြောင်း ပြောင်းချင်သူများအတွက် အင်တာနက် ပြတ်တောက်နေလည်း မိမိ ကွန်ပျူတာထဲကနေ ပြောင်းလို့ရအောင် အောက်ပါ လင့်ခ် ထဲကနေ ဒေါင်းလုပ် လုပ်ပြီး မိမိ ကွန်ပျူတာထဲမှာ သိမ်းဆည်းထားနိုင်ပါပြီ... zip က ဖြေလိုက်ပါက .htm  ဖိုင်နှစ်ဖိုင် တွေ့ရပါလိမ့်မည်... http://maunghla.googlepages.com/UniConvertor.zip

Web Page ထဲမှာ Windows Media Player ထည့်ကြမယ်...

ဘန်နာအောက်မှာ သီချင်းဖွင့်လို့ ရတဲ့ windows media player လေး တတ်ချင်ရင်  အောက်မှာ ပြထားတဲ့ ကုတ်လေးတွေ body ထဲမှာ ထည့်ပေးလိုက်ရင် ရပြီ...  mms ဆာဗာတွေက သီချင်းတွေ ယူသုံးမှ Firefox မှာ အဆင်ပြေမယ်...  အခြားနေရာမှာ တင်ထားတဲ့ဟာတွေဆို download manger တင်ထားရင် ဒေါင်းလုပ် လုပ်မလားလို့ပဲ လာမေးလိမ့်မယ်... www.myanmarmp3.net နဲ့ www.planet.com.mm တွေမှာ mms ဆာဗာထိုင်ထားပါ... src နေရာမှာ သီချင်းလိပ်စာလေး ထည့်ပေးလိုက်ရုံပါပဲ... width, height တွေကတော့ ပြောစရာ လိုမယ် မထင်ပါဘူး... autostart = 0 ဆို play ခလုပ်နှိပ်မှ အသံထွက်မယ်... 1 ဆိုရင် သူ့ဘာသာသူ play ပေးမယ်... showcontrols = 1 က ခလုပ်တွေ ပေါ်အောင်လုပ်ပေးတယ်... ဖျောက်ချင်ရင် 0 ထားလိုက်ဗျာ... <EMBED type="application/x-mplayer2" pluginspage=" http://www.microsoft.com/Windows/MediaPlayer/ " SRC="mms://streamserv.myanmarmp3.net/mmp3/stream/Various/SarThoneKyee/07-Ngar Toe Lan Dae Nate-Myo Kyawt Myaing.wma" name="MediaPlayer1" width=945 height=30 autostart=0 showcontrols=1> </EMBED> ကျတော် blogger

ဟိုဟို ဒီဒီ...

အင်တာနက် မြန်နှုန်းတော့ မမေးနဲ့ဗျာ တင်ချင်တာတွေ တင်လို့မရလို့ ခု e-mail ကနေ ပို့ကြည့်တာ... ပျက်သွားလည်း ပျက်သွားဆိုပြီးတော့ပေါ့ဗျာ... သတင်းကောင်းလေး တစ်ခု လက်ဆင့်ကမ်းချင်လို့ပါ... မန္တလေးရှိ နေရာတော်တော်များများများ နေ့တိုင်း လျှပ်စစ်မီးလာနေပါပြီ... လာလိုက်ပျက်လိုပ်ပေါ့ခင်ဗျာ... ဘယ် အချိန် ပျက်မလဲ ဆိုတာတော့ မှန်းလို့ရပါဘူး... ကျတော်တို့ အိမ်ဘက်မှာဆို တစ်နေ့ကို ၃-နာရီလောက်ပဲ ပျက်တယ်ထင်ပါတယ်... ပျက်ရင် နာရီဝက် ၁-နာရီလောက်ပါပဲ... မီးနေ့တိုင်းလာလို့ ပေါ်တယ်ဗျာ... အိမ်က အင်ဗာတာတောင် အားပြည့်လွန်းလို့ ပိတ် ပိတ်ထားရတယ်... မယုံမရှိနဲ့ တကယ်ပါခင်ဗျ... ဂျီမေးလ်တွေ ဂျီတော့ခ်တွေ ပြန်ပွင့်နေတာတော့ သိပြီးသား ဖြစ်မှာပါ... ခုဂျီမေးလ်ကို speed ကောင်းရင် http://www.gmail.com ကနေတောင် ၀င်လို့ရပါတယ်... gmail lite တွေ ဘာတွေတောင် သုံးစရာ မလိုပါဘူး... မန္တလေးမှာ အိမ် ၀င်းခြံကာမယ်ဆိုရင် အပိတ်ဖြစ်မယ်ဆို မြေပြင်မှ အမြင့် ၆-ပေထက်မပိုရ၊ အတွင်းနဲ့ အပြင် မြင်ရမယ့်ဟာမျိုးနဲ့ ကာမယ်ဆို မြေပြင်မှ အမြင့် ၈-ပေထက် ပိုမမြင့်ရဘူးလို့ စည်ပင်မှ သတင်းထုတ် ပြန်ထားကြောင်း ကြားသိရပါတယ်... ...e-mail ဖြင့် ပေးပို့သည်...

ပြည်တွင်းကနေ ရဟုသုံးမယ် လာထား...

Run command (Windows Key + R) ထဲမှာ regedit ကိုဖွင့်ပါ... HKEY_CURRENT_USER ရှေ့မှာ + ဖြစ်နေရင် အဲဒီပေါ်မှာ ကလစ်ခေါက်ပါ... Software ကိုရှာပါ...ယင်းရှေ့မှာ ရှိတဲ့ + လေးကို ကလစ်ခေါက်လိုက်ပါ... ထပ်ရှာပေးပါဦး Y! ရာဟုကို တွေ့ပြီဆိုရင် အဲဒီထဲက Pager ... ယင်းထဲကမှ HTTP server ကို ရှာပေးပါ... ယင်း HTTP Server နေရာမှာ httpes1.msg.vip.dcn.yahoo.com/notify/ လေးကို အစားထိုးလိုက်ရင်ရပါပြီ... ပိတ်သွားရင် ကျတော်နဲ့ မဆိုင်ဘူးဗျာ...

ရှာဖွေလေ ... တွေ့ရှိလေ

မျိုးကျော်မြိုင်နဲ့ ဒိုးလုံးတွဲဆိုထားတဲ့ စားသုံးကြည့်လေး နားဆင်ရင်း ရေးရမှာ ပျင်းလို့ Blog ညွှန်းပဲ လုပ်ပေးပါရစေ... သိပြီးသား ဖြစ်မယ်ထင်ပါတယ်မန္တလေးကပဲ... အရင်တုန်းကတော့ မိုးကုတ်မှာ နေတယ်ပြောတယ်... ဘယ်ပြေးမလဲ မောင်သာဂိ... အော်လံမောင်ရဲ့ blog မှာ ညီညီတာနဲ့ မမ တို့ မင်္ဂလာဆောင် ဖိတ်စာရှိတယ်ဗျ... ကျန်တဲ့ စိတ်ဝင်စားစရာတွေလည်း ရှိတယ်... မရောက်ဖူးသေးရင် သွားလည်ကြည့်ကြပါဦး... ဘောပွဲကိုက်ထားလို့ keyboard တောင် ကောင်းကောင်း မရိုက်နိုင်တော့လို့ ဒီနေ့တော့ ဒီလောက်နဲ့ ကျေနပ်ကြပါဗျာ...

မန္တလေးသားတွေ...

မန္တလေးကနေ ခုတော့ အင်္ဂလန်ရောက်နေတဲ့ မန္တလေးသား တစ်ယောက်ရဲ့ ရန်ခုန်သံတွေ နားထောင်ကြည့်ပါဦး... မောင်နှမ ၂-ယောက်တွဲရိုက်ထားတာပါ... http://cmsmdy.blogspot.com/ မောင်မျိုးအောင် ဆိုတာလေးက မန္တလေး-မေမြို့ (ယခုအခေါ် ပြင်ဦးလွင်)သွားတဲ့ လမ်းပေါ်က ၂၁-မိုင်ဇာတိပါ... ၂၁-မိုင် တစ်ရွာလုံး သူတို့ အမျိုးတွေချည်းပဲ ထင်တာပဲဗျာ... ခုတော့ မန္တလေးမှာ ပျော်နေတဲ့ မောင်မျိုးအောင်ရဲ့ ရင်ဖွင့်ချက်တွေ ဖတ်ကြည့်ကြပါဦး... http://myoaung-mdy.blogspot.com/

ငပျင်း = မောင်လှ

ဒီရက်ပိုင်း ဘာအလုပ်မှ လုပ်စရာမရှိ အရမ်းပျင်းနေသည်... ဘလော့လည်း မရေးဖြစ်အောင် ပျင်းနေသည်... အလုပ်များရင်တောင် ဘလော့ရေးဖြစ်သေးသည်... ဘာမှ လုပ်စရာမရှိမှ ပျင်းပြီး မရေးဖြစ်... ဒီနေ့ကစပြီး နောက် သုံးရက်လောက် အလုပ်များဦးမယ် ထင်တယ်... ဘာဖြစ်လို့လဲဆိုတော့ တောက်တိုမယ်ရလုပ်ရတဲ့ ကောင်လေး မောင်လှ မီးသမားတွေခေါ်ပြီး CCTV ကင်မရာတွေ ထပ်ဆင်ပေးရဦးမည်... အထင်တော့ မကြီးလိုက်ပါနဲ့ ရုပ်ပေါ်ရင် ပြီးရောတော့ မောင်လှ လုပ်တတ်သည်... မန္တလေးအချို့ ရပ်ကွက်တွေမှာ မီး ၂၄-နာရီ စလာနေပြီ... မောင်လှ နေတဲ့ဘက်မှာတော့ ၂၄-နာရီတော့ မဟုတ် နေ့တိုင်း မီးလာသည်... ဘယ်အချိန်လာမလဲဆိုတာတော့ မမှန်းတတ် လာချင်တဲ့အချိန် လာသည်... မန္တလေးမှာ ကွန်ပျူတာပစ္စည်းတွေ ရှားပါး ပစ္စည်းဖြစ်နေသည်... ကွန်ပျူတာ ဆိုင်တွေ ငုတ်တုတ် ထိုင်နေကြရသည်... UTP Cable တောင်မှ ပုံးလိုက် ၀ယ်လို့မရ... ပြီးတဲ့ ၆-ရက်လောက် network card တောင် ၀ယ်လို့မရ...