Skip to main content

Posts

Showing posts from March, 2012

ဒေါ်အောင်ဆန်းစုကြည် မန္တလေး စည်ရုံးရေး ခရီးစဉ် ၃-မတ်-၂၀၁၂

၃-မတ်-၂၀၁၂ (စနေနေ့)မှာ ဒေါ်အောင်ဆန်းစုကြည် မန္တလေးကို စည်းရုံးရေး ခရီးစဉ်လာပြီး လူထုဟောပြောပွဲ လုပ်မယ်ဆိုတာနဲ့ ရုံးဖွင့်ရက် ဖြစ်တဲ့ အတွက် ခွင့်ကြိုယူထားပြီး ၃-မတ် နေ့ မနက် ၆-နာရီ ခွဲဝန်းကျင် လောက်ကတည်းက ကားကြုံခေါ်တဲ့ အကို တစ်ယောက်ရဲ့ ကားနဲ့ လေယာဉ်ကွင်းကို သွာဖြစ်ပါတယ်... အမြန်လမ်းမ တလျှောက် လေယာဉ်ကွင်ဆီ သွားနေတဲ့ ကားတွေ၊ ဆိုင်ကယ်တွေ အပြင် စက်ဘီးတွေကိုပါ အဆက်မပြတ် တွေ့ရပြီး လေယာဉ်ကွင်းရောက်တော့ ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဖို့ရောက်နေတဲ့ ကားတွေ ဆိုင်ကယ်တွေ အများကြီး တွေ့ရပါတယ်... ကျတော် ဓာတ်ပုံကိုတော့ လေယာဉ်ကွင်းကနေ ကျွဲဆည်ကန် ကားကြီး ဝင်းနားအထိလောက်ပဲ ရိုက်ဖြစ်ပါတယ်... အဲဒီ နောက်ပိုင်း ဗီဒီယို ရိုက်ရတာ စိတ်ပါလာလို့ ဗီဒီယိုပဲ ရိုက်ဖြစ်ပါတော့တယ်... ရိုက်ဖြစ်ခဲ့တဲ့ ဓာတ်ပုံထဲက အချို့ကို အားပေးကြပါဦး... ကျန်တဲ့ ပုံအချို့ကို https://www.facebook.com/media/set/?set=a.10150653863274784.413656.691314783&type=1 မှာ သွားကြည့်နိုင်ပါတယ်... My Labels: Daw Aung San Suu Kyi, Nobel Prize Winner, Myanmar, Burma, Mandalay, Ava, Innwa