Skip to main content

Posts

Showing posts from April, 2009

ကောလဟလ သာလျှင်ဖြစ်

မန္တလေး မဟာမုနိ ရုပ်ရှင်တော်မြတ်ကြီး မျက်လုံးတော်တစ်ဘက် ဖွင့်တော် မူနေသည် ဟု မန္တလေး မြို့သူ မြို့သားများကြားတွင် ကောလဟလများ ထွက်ပေါ်နေပြီး ဘုရားကြီးအား သွားရောက် ဖူးမျှော်သူများဖြင့် စည်ကားနေကြောင်းသိရပါသည်... ယင်းမှာ ကောလဟလသာလျှင် ဖြစ်ပြီး ဧပြီ ၂၀-ရက်နေ့က ဘုရားကြီးအား ပူဇော်သော ဆလိုက်မီးများ ပြောင်းလဲ တပ်ဆင်ခြင်းကြောင့် ယင်းသို့ ထင်ယောင် ထင်မှား ဖြစ်ကြခြင်း ဖြစ်ကြောင်း သိရပါသည်... ဪ... အဲဒါ ကျတော်တို့ မြန်မာ...

မန္တလေး မဟာမုနိ ရုပ်ရှင်တော်မြတ်ကြီး မျက်လုံးတော်တစ်ဘက် ဖွင့်တော်မူနေ (Mandalay News/Gossip)

မန္တလေး မဟာမုနိ ရုပ်ရှင်တော်မြတ်ကြီး မျက်လုံးတော်တစ်ဘက် ဖွင့်တော် မူနေသည်ဟု မန္တလေး မြို့သူ မြို့သားများကြားတွင် ကောလဟလများ ထွက်ပေါ်နေပြီး ဘုရားကြီးအား သွားရောက် ဖူးမျှော်သူများဖြင့် စည်ကားနေကြောင်းသိရပါသည်... ယနေ့ နံနက် ၈-နာရီ မိနစ် ၃၀ ခန့်က ရိုက်ကူးခဲ့သည့် မဟာမုနိ ရုပ်ရှင်တော်မြတ်ကြီး၏ ပုံတော် My Labels: Mandalay News/Gossip, Mahamuni Image

Mandalay Thingyan 15-Apr-2009

မနေ့က ညနေပိုင်း ထွက်ပြီး ရိုက်ခဲ့တဲ့ ပုံတွေပါ... မဏ္ဍပ်တွေကနည်းပြီး လည်တဲ့သူတွေ ပိုများပါတယ်... ကားတွေလည်း နေရာရွှေ့ဖို့ အကြာကြီးရပ်စောင့်နေတာကို တွေ့ရပါတယ်... My Labels: Mandalay, Myanmar, Thingyan, Water Festival

Mandalay Thingyan 14-Apr-2009

မနေ့က မနက်ပိုင်းက ကျုံးဘေး ထွက်ပြီး ဓာတ်ပုံရိုက်ဖြစ်တယ်... ဒီနှစ် မန္တလေး သင်္ကြန်က မဏ္ဍပ်နည်းပြီး လည်တဲ့သူပိုများ နေသလိုပဲ... Mandalay Swan Hotel မျက်နှာချင်းဆိုင်မှာရှိတဲ့ Premier ကော်ဖီ မဏ္ဍပ်မှာတော့ လူတော်တော်စည်တယ်... လမ်း ၂-ဖက်စလုံး လူအပြည့်ပါပဲ... My Labels: Mandalay, Myanmar, Thingyan, Water Festival

ornagai.com

မြန်မာလူငယ်များ တည်ထောင်ထားတဲ့ MysteryZillion ကနေ အခုထပ်မံပြီး http://ornagai.com/ ဆိုပြီး Online English <> Myanmar Dictionary ကို အင်တာနက်ထဲမှာ ထပ်မံ လွှင့်တင်လိုက်ပါပြီ... ornagai.com မှာ Online Dictinary သာမက Mobile Phone နဲ့ ကွန်ပျူတာများအတွက် Offline အသုံးပြုနိုင်မယ့် English - Myanmar Dictionary များကိုလည်း download ရယူနိုင်ပါတယ်... Online Dictionary မှာတော့ အင်္ဂလိပ် မှာ မြန်မာ ၊ မြန်မာ မှ အင်္ဂလိပ်သို့  အပြန်အလှန် ရှာဖွေပေးနိုင်ပြီး Offline Dictionary မှာတော့ အင်္ဂလိပ် မှ မြန်မာ ဘာသာသို့ပဲ ရှာဖွေပေးနိုင်ပါတယ်... ယခင်က Mobile Phone များအတွက် dictionary ကို MZ Mobile Dictionary Version 0.1.8 Beta နာမည်ဖြင့် ထုတ်ဝေခဲ့ပြီး ယခုအခါ Ornagai Mobile Dictionary Version 1.1 အနေဖြင့် ထုတ်ဝေလိုက်တာ ဖြစ်ပါတယ်... Mobile Dictionary မှာ ရှာမယ့် စလုံးရိုက်ထည့်ရတာ အဆင့်များတာကလွှဲရင် အလွန် အသုံးတည့်တဲ့ Mobile Dictionary တစ်ခု ဖြစ်ကြောင်းပါ... Ornagai Mobile Dictionary ကို အခမဲ့ အသုံးပြုခွင့်ပေးထားပြီး http://www.ornagai.com/site/mobile ကနေ download ရယူ သုံးစွဲနိုင်ကြောင်းပါ... Java (CLDC 1.1 An