Skip to main content

Posts

Showing posts from May, 2006

Current Mandalay Status

အင်တာနက်ကလည်းနှေး … မီးကလည်းပျက်… ရေကလည်းမလာ … ဒါ ကျတော်တို့ဘ၀ပါ… အင်တာနက် နှေးပုံများကတော့ ပြောပြချင်တော့ပါဘူး… google.com တောင် တက်လို့မရအောင်ကို နှေးပါပေ့… အ ရင်က ၃ ရက်ပေါင်းရင် မီး ၂၄-နာရီလာနေရာက အခု ၄-ရက်ပေါင်းမှ ၂၄-နာရီ လျှပ်စစ်မီးလာတဲ့ စနစ်ကို မန္တလေးသူ/သား တွေ ခံစားနေရပါပြီ… ကျတော်တို့ဘက်တော့ ထရန်စဖော်မာအိုး ပေါက်လို့ မီးပျက်တာ (၁၀) ရက်လောက် ရှိပြီပေါ့… ဟိုဘက် အိုးပေါက်တဲ့လူတွေ ကျတော်တို့အိုးဘက် လာချိတ်ကြတာ မနိုင်လို့ ပေါက်တယ် ပြောတာပဲ… မီတာရေကလည်း … ဒီလိုနဲ့ပဲ မန္တလေးမှာ သဘာဝရဲ့ အရသာကို ခံစားရင်း ကျတော် ပျော်ပျော်ကြီး နေပါတယ်… မောင်လှ http://mghla.blogspot.com ကို ၀င်လို့ မရသဖြင့် ဓာတ်ချောစာဖြင့် ပေးပို့သည်....

စမ်းကြည့်တာပါ...

အင်တာနက်က ပျက်တာမှ ဟုတ်ရဲ့လားမသိဘူး… အခု ပြန်ပွင့်လာတယ်… အရမ်းနှေးတာပဲ လိပ်ကတောင် အဖေခေါ်ရလိမ့်မယ်… မဟုတ်ဘူး.. ပက်ကျိကတောင် အဖေ ခေါ်ရလိမ့်မယ်… ပြန် ပိတ်ဦးမလား မသိ…

Google & Myanmar Unicode

သိပြီးကြပြီလား မသိ.... အရင်တုန်းက မြန်မာယူနီကုတ်နဲ့ ရိုက်ထားတဲ့ စာတွေကို Google မှာ ရှာလို့မရဘူးလေ... ဒီနေ့ ရှာကြည့်တာ ရှာလို့ရပြီဗျာ... ဒီမှာ ကြည့်ကြည့်ပါဦး...

ဝင်းသူဇာ အရောင်းဆိုင် ဈေးနှုန်းများ ပြင်ဆင် သတ်မှတ်....

စက်မှု (၁) ၀န်ကြီးဌာနမှ ဖွင့်လှစ်ရောင်းချလျှက်ရှိတဲ့ ၀င်းသူဇာအရောင်းဆိုင်များတွင် ရောင်းချလျှက် ရှိသော ကုန်ပစ္စည်းများကို ဈေးနှုန်းတိုးမြှင့် သတ်မှတ်မှု ပြုလုပ်ခဲ့ကြောင်း ဒီအပတ်ထုတ် လူထုအသံ အပတ်စဉ်ထုတ် သတင်းစာမှာ ဖော်ပြထားပါတယ်... ထုတ်လုပ်မှု စရိတ်မြင့်တက်မှာမှုနဲ့ ၀န်ထမ်းများကို လစာတိုးမြှင့်ပေးရခြင်းတို့ကြောင့် ဈေးနှုန်း ပြင်ဆင် သတ်မှတ်ခဲ့ရခြင်းဖြစ်တယ်လို့ အမှတ် (၁) စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားကြောင်း ယင်း အပတ်စဉ်ထုတ် သတင်းစာမှာ ကိုးကား ဖော်ပြထားကြောင်းပါ... ပစ္စည်းအပေါ်မူတည်ပြီး မူလတန်းဖိုးမှ ၁၀ ရာခိုင်နှုန်း မှ ၂၀ ရာခိုင်နှုန်းအထိ အသီးသီး တိုးမြှင့်ခဲ့ကြောင်း သိရပါတယ်... source: The VOICE weekly journal

ဆံပင် နှင့် နောက်ခံ သီးသန့် ခွဲထုတ်ခြင်း (Photoshop Tutorial)

ဆံပင် နှင့် နောက်ခံ သီးသန့် ခွဲထုတ်ခြင်း (Photoshop Tutorial) ၁. ဓါတ်ပုံကို ဖွင့်ပါ… Color Mode ကို CMYK မှာ ထားပေးပါ… ဖိုင်ကို Save As နှင့် ပြန်သိမ်းပါ… ဖိုင်နာမည်ကို HairCutout ဟုပေးပါ… ၂. Channel palette ထဲမှ Black channel ကို Duplicate လုပ်ပေးပါ… (ဆံပင် အနီရောင်များပါက Magenta ၊ အ၀ါရောင်များပါက Yellow ကို ပွားပေးပါ) Duplicate Channel dialog box ပေါ်လာလျှင် Name တွင် HairOnly ဟု ရိုက်ထည့်ပြီး OK ခလုတ်ကို နှိပ်ပါ… ၃. Color Mode ကို Grayscale သို့ပြောင်းပေးပါ… ၄. Curve command ကိုသုံးပြီး နောက်ခံအရောင်နှင့် ဆံပင်အရောက် ကွဲပြား ခြားနား အောင်လုပ်ပါ… ၅. Color Range command ကို သုံးပြီး ဆံပင်နောက်မှာ ရှိနေတဲ့ နောက်ခံ အရောင်တွေကို select ပေးပါ… Color Range dialog box ထဲမှာ select လုပ်ပေးမယ့် ဧရိယာကို အဖြူရောင်နဲ့ ပြပေးပါတယ်… စိတ်ကြိုက် select ပေးပြီးပြီ ဆိုရင်တော့ OK ခလုတ်ကို နှိပ်လိုက်ပါ… နောက်ခံတွေကို select လုပ်ပြီးသား တွေ့ရပါလိမ့်မယ်… ၆. Feather လေး 1 pixels လောက် ထည့်ပေးပါဦး… (Select menu -> Feather) ၇. Delete လုပ်လိုက်ပါ… ပြီးရင် ဒီ အဖြူအမည်း ဓာတ်ပုံ လေယာက

ဖြူဖွေးသန့်စင်တဲ့ သွားကလေးတွေ လုပ်ရအောင်… (Photoshop Tutorial)

ဖြူဖွေးလှပတဲ့ သွားကလေးတွေ ရဖို့အတွက် သွားတိုက်ဆေး အကောင်းစား သုံးစရာမလိုပါဘူး... အပြင်မှာ တကယ်မသုံးရင်တော့ သွားတွေပိုး စားကုန်လိမ့်မယ်နော်... ကဲ ဓာတ်ပုံထဲမှာ သွားတွေ ဘယ်လို ဖြူအောင် လုပ်ရမဲဆိုတာ ကြည့်ရအောင်... ၁. ဓာတ်ပုံမှာ ရှိတဲ့ သွားတွေကို Magic Wand Tool ကို အသုံးပြုပြီး select လုပ်ပါ… (Select menu ထဲက Feather ပမာဏ နည်းနည်းလောက်ထည့်ရင် ပိုကောင်းပါတယ်…) ၂. Layer Properties box အောက်ဘက်ပိုင်းက Create New Fill or Adjustment layer -> Hue/Saturation ကို ကလစ်ခေါက်ပါ… ၃. Hue/Saturation dialog box ပေါ်လာရင် Hue 10, Saturation -40, Lightness 40, ပြောင်းလိုက်ပါ… မိမိ ဓာတ်ပုံပေါ်မူတည်ပြီး စိတ်ကြိုက် ပြောင်းလို့ရပါတယ်… ၄. စိတ်ကြိုက်ရပြီဆိုရင်တော့ OK ခလုတ်ကို နှိပ်လိုက်ပါတော့…

ဟက်ကတ် လို အသားအရည် ချောမွေ့ချင်လား (Photo Retouching Tutorial)

ဟက်ကတ် လို အသားအရည် ချောမွေ့ချင်လား (Photo Retouching Tutorial) အပေါ်ပုံနဲ့ အောက်က ဓာတ်ပုံ ၂-ခုကို သေချာ နှိုင်းယှဉ်ကြည့်ပါ… အဘောက် အသား အရေထက် ဟက်ကတ်ရဲ့ အသား အရည်က ပိုမို ချောမွေ့နေတာကို တွေ့ရပါလိမ့် မယ်… ဒီလို အသားအရည် ချောမွေ့နူးညံ့အောင် ပြင်တဲ့နည်းကို အဆင့်လိုက် တင်ပြပေးပါ့မယ်…. ၁. ပြင်ချင်တဲ့ ဓာတ်ပုံဖိုင်ကို Photoshop နဲ့ ဖွင့်လိုက်ပါ… ဓာတ်ပုံ Layer ကို duplicate layer လုပ်လိုက်ပါဦး… Duplicate layer ဘယ်လို လုပ်ရသလဲ ဆိုတော့ မူရင်း layer ပေါ Right Click လုပ်ရင် Pop-up Menu ကျလာပါလိမ့်မယ်… အဲဒီထဲက Duplicate Layer ဆိုတာကို ရွေးလိုက်ရင် ရပါပြီ… မူရင်း ဓာတ်ပုံ layer အမည်ကို Org လို့ပေးပြီး … ပွားထားတဲ့ layer ကို edit လို့အမည် ပေးလိုက်ပါ… ၂. Edit လို့ အမည်ပေးထားတဲ့ Layer ကို Properties box ထဲက နေ select လုပ်ထားပေးပါ… ၃. Filter -> Blur -> Gaussian Blur ကိုရွေးပါ… Gaussian Blur dialog ပေါ်လာပါလိမ့်မယ်… အဲဒီထဲက Radius ထဲမှာ 6 pixels လို့ ရိုက်ထည့်ပေးပါ… ပြီးရင် OK နှိပ်ပါ… Edit Layer မှာရှိတဲ့ ပုံဟာ မှုံဝါးဝါး ဖြစ်သွားပါလိမ့်မယ်… ၄. Edit Laye

Ludu Sein Win

ကြော်ငြာလုပ်ငန်း၊ ဒီဇိုင်းလုပ်ငန်း ဆိုတာ ပန်းချီပညာ၊ ကာတွန်းပညာတို့လို ပညာရပ် တစ်ခုပါ။ သီးခြားလေ့လာ ဆည်းပူးဖို့ လိုအပ်ပါတယ်။ ၀တ္ထု၊ ကဗျာ အရေောစးးကောင်းတိုင်း ကြော်ငြာစာသား အရေးကောင်း မဖြစ်ပါဘူး။ ပန်းချီ၊ ကာတွန်း ရေောစးးတတ်တာနဲ့လည်း ဒီဇိုင်းသမား မဖြစ်ပါဘူး။ အသေအချာ လေ့လာဆည်းပူးမှ ကျွမ်းကျင်တတ်မြောက်တဲ့ ဒီဇိုင်းသမား ဖြစ်နိုင်ပါတယ်။ အောင်မြင်တဲ့ ကြော်ငြာတစ်ခု၊ ဒီဇိုင်းတစ်ခု ဖန်တီးဖို့အတွက် စီးပွားရေး လုပ်ငန်းရှင်တွေကလည်း အရေးကြီးပါတယ်။ စီးပွားရေးသမားဘက်က နေရာတကာ ၀င်ပြီး သြဇာပေးနေရင် ဘယ်တော့မှ ကြော်ငြာ ဒီဇိုင်းကောင်း ဖြစ်မလာနိုင်ပါဘူး။ ... ကြော်ငြာကောင်း၊ ဒီဇိုင်းကောင်း ဖြစ်မလာရင် နစ်နာရမှာက စီးပွားရေး လုပ်ငန်းရှင်သာ ဖြစ်တယ်ဆိုတာကို သဘောပေါက်ထားဖို့လိုပါတယ်။ မိမိကိုယ်တိုင် မလုပ်တတ်လို့၊ လုပ်တတ်တဲ့သူကို အပ်ပြီဆိုရင် သူ့ကို စိတ်တိုင်းကျ လုပ်ခွင့်ပေးရမယ်ဆိုတာကို စီးပွားရေး လုပ်ငန်းရှင်တိုင်း ခံယူထားသင့်ကြပါတယ်။ စိတ်မချရင်လည်း အစကတည်းက မအပ်နဲ့ပေါ့။ ကြော်ငြာသမား၊ ဒီဇိုင်းသမားဘက်ကလည်း ကိုယ့်အလုပ်ကို ပြောင်ပြောင်မြောက် မြောက်ဖြစ်အောင် လေးလေးစားစား လုပ်ရပါမယ်။ ကိုယ်က အကောင်းဆုံးဖြစ်အောင် လုပ်ထားတဲ့

U can change Font in Gtalk Program.....

Gtalk မှာ hack လုပ်ထားတဲ့ Arial font မရှိပေမယ့်လည်း မြန်မာလို သုံးလို့ရပြီ... မြန်မာလိုတင်မဟုတ် ကိုယ်ကြိုက်နှစ်သက်ရာ စာလုံးများ ပြောင်းလို့ ရနေပါပြီ... Gtalk program ရဲ့ Setting -> General -> Change Font button ပါလား မပါလား ကြည့်ပါ... ပါတယ်ဆိုရင် ကိုယ့်ကွန်ပျူတာထဲမှာ ရှိတဲ့ font များကို အလွယ် တကူ ပြောင်းလို့ ရပါတယ်ခင်ဗျား... မပါသေးဘူးဆိုရင်တော့ http://www.google.com/talk ကနေ ဗားရှင်းအသစ်ကို ဒေါင်းလုပ်လုပ်ပြီး ပြန်အင်စတောလုပ် သုံးပါ... မြန်မာလို ပြောင်းမယ် ဆိုရင်တော့ Unicode ဖြစ်မှ အဆင်ပြေပါလိမ့်မယ်... ဘာဖြစ်လို့လဲ ဆိုတော့ Gtalk program တစ်ခုလုံး ပြောင်းလိုက်တဲ့ font ဖြစ်သွားလို့ပါပဲ...

မောင်လှ ပျောက်ချက်သား ကောင်းနေခြင်း

မောင်လှရေ... ၁၀ ရက်နေ့ကပဲ ရန်ကုန်က ပြန်ရောက်တယ်ကွ... ရန်ကုန်မှာ ကိုယ်ပိုင်သုံးစရာ ကွန်ပျူတာကလည်း မရှိတော့.. ကပ်သုံးရတဲ့ ဘ၀ဆိုတော့ အင်တာနက်ဆိုတာကြီးကို ဖတ်ရုံပဲ ဖတ်နိုင်ခဲ့တယ်... အင်း ... ခေါင်းလျှော်ရည် လုပ်သားတစ်ယောက်အကြောင်း အနည်းငယ် ရေးချင်သေးတယ်... ငါ့ထိုင်ခုံက ခပ်လှုပ်လှုပ်ဖြစ်နေတော့ မရေးသေးပါဘူး... သင်္ကြန်တွင်းတုန်းကလည်း ရန်ကုန်ကလာတဲ့ သူဌေးလေးက ထိုင်ခုံဘယ်ထိုင်မှန်း မသိပါဘူး... ခြေတစ်ချောင်း ကျိုးသွားလေရဲ့လေ...
ဒီနေ့ မြန်မာတိုင်းမ်ကို ၀င်ကြည့်တော့ အောက်က ပြထားသလိုပဲဗျာ... ဘယ်တုန်းက ၂.၅ကျပ် ကနေ ၂၅ကျပ် ဖြစ်သွားလဲမသိ... သြော်.. မီတာခ တက်ထားတာ သတင်းစာ ရှင်းလင်းပွဲ မတိုင်ခင် ကတည်းကကိုး... မီတာခများနှင့် ဓာတ်ဆီ ဈေးနှုန်း တက်ရန် မရှိသေး နွယ်နွယ်အေးနှင့် သက်ခိုင် ဧပြီလ ၉ ရက်နေ့က ကျင်းပသည့် သတင်းစာ ရှုင်းလင်းပွဲတွင် ပြန်ကြားရေးဝန်ကြီးဌာန၀န်ကြီး ဗိုလ်မှူးချုပ်ကျော်ဆန်းက သတင်းထောက်များ၏ မေးမြန်းချက်များကို ပြန်လည်ဖြေကြားနေစဉ်။ ဓာတ်ပုံ-လွင်မောင်မောင် ဓာတ်ဆီနှင့် ဒီဇယ်များကို တစ်ဂါလန်လျှင် ကျပ် ၁ç၅၀၀ မှ ကျပ် ၂ç၅၀၀ အထိသို့ လည်းကောင်း၊ လျှပ်စစ် တစ်ယူနစ်လျှင် ၂၅ ကျပ်မှ ၇၅ ကျပ်သို့ လည်းကောင်း တိုးမြှင့် ကောက်ခံ တော့မည် ဆိုသည့် သတင်းများသည် ကောလာဟလသာ ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၀န်ကြီး ဗိုလ်မ·းချုပ် ကျော်ဆန်းက္ဘပြီလ ၉ ရက်နေ့က ရန်ကုန်မြို့တွင်ကျင်းပသည့်သတင်းစာ ရှင်းလင်း ပွဲသို့တက်ရောက်လာသည့် သတင်းစာဆရာများအား ပြောကြား သည်။ လွန်ခဲ့သည့်လက ကုန်သွယ်ခွန်နှင့် ၀င်ငွေခွန်များ ပြင်ဆင်သည့် ဥပဒေများထွက်ပေါ်ပြီးနောက် မြန်မာနိုင်ငံရှိ ကုန်သည်အချို့က နိုင်ငံတော်မှ ၀န်ထမ်း တစ်သန်းကိုလစာပေးရန် ယင်းတို့အား အခွန်များတိုးမြှ

Myanmar News .. MALA & Hlaing Thar Yar Tsp

မာလ၀င်မွှေသွားတဲ့ လှိုင်သာယာမှ ဓာတ်ပုံများ http://pg.photos.yahoo.com/ph/gratuitousgunner/album?.dir=/51a6re2 NativeMyanmar Forum မှာ Limaster က လင့်ခ်ပေးထားတာပါ...

Myanmar News

လျှပ်စစ် မီတာခ အနိမ့်ဆုံး ၂.၅ ကျပ်(နှစ်ကျပ်ပြားငါးဆယ်)ကနေ ၂၅ ကျပ် (နှစ်ဆယ့်ငါးကျပ်) သို့ တိုးမြှင့်လိုက်ပြီဖြစ်ကြောင်း မီတာလာဖတ်သူမှ ပြောကြားသွားပါတယ်... ယခု မေလမှ စတင် အကျုံးဝင်ပါသတဲ့ဗျာ... မန်းလေး-ရန်ကုန် နှင့် နိုင်ငံခြား အိုင်အက်စ်ပီ များနှင့် ချိတ်ဆက်ရာတွင် ယခင်က switch ကို အသုံးပြုသည့်နေရာတွင် ပိုမိုကောင်းမွန်သော router များကို အစားထိုးအသုံးပြုလိုက်ရာ နည်းပညာ အခက်အခဲအရ အင်တာနက် မြန်နှုန်းများ ယခင်ကထက် ကျဆင်းသွားရခြင်း ဖြစ်ကြောင်း မန္တလေးရှိ မြန်မာတယ်လီပို့ အတွင်းသတင်းအရ သိရှိရပါသည်...