gallery.MgHla.net

gallery.MgHla.net - ေ မာ င် လှ ရဲ့  ဓာ တ် ပုံ ပြ ခ န်း

ကျွန်တော် ဖန်တီးခဲ့သော / ဖန်တီးလျှက်ရှိသော / ဆက်လက် ဖန်တီးမည့် ဓာတ်ပုံ၊ ရုပ်ပုံ၊ လှုပ်ရှားမှု ပုံများ၊ စာသား စသည့် ဖန်တီးမှုများ အားလုံးအား a Creative Commons Attribution-NonCommercial-NoDerivs 3.0 Unported License. လိုင်စင် ရယူထားပါကြောင်း အသိပေးအပ်ပါသည်။
http://creativecommons.org/licenses/by-nc-nd/3.0/

ဆံပင် နှင့် နောက်ခံ သီးသန့် ခွဲထုတ်ခြင်း (Photoshop Tutorial)

ဆံပင် နှင့် နောက်ခံ သီးသန့် ခွဲထုတ်ခြင်း (Photoshop Tutorial)

၁. ဓါတ်ပုံကို ဖွင့်ပါ… Color Mode ကို CMYK မှာ ထားပေးပါ… ဖိုင်ကို Save As နှင့် ပြန်သိမ်းပါ… ဖိုင်နာမည်ကို HairCutout ဟုပေးပါ…

၂. Channel palette ထဲမှ Black channel ကို Duplicate လုပ်ပေးပါ… (ဆံပင် အနီရောင်များပါက Magenta ၊ အ၀ါရောင်များပါက Yellow ကို ပွားပေးပါ)

Duplicate Channel dialog box ပေါ်လာလျှင် Name တွင် HairOnly ဟု ရိုက်ထည့်ပြီး OK ခလုတ်ကို နှိပ်ပါ…

၃. Color Mode ကို Grayscale သို့ပြောင်းပေးပါ…

၎. Curve command ကိုသုံးပြီး နောက်ခံအရောင်နှင့် ဆံပင်အရောက် ကွဲပြား ခြားနား အောင်လုပ်ပါ…

၅. Color Range command ကို သုံးပြီး ဆံပင်နောက်မှာ ရှိနေတဲ့ နောက်ခံ အရောင်တွေကို select ပေးပါ…

Color Range dialog box ထဲမှာ select လုပ်ပေးမယ့် ဧရိယာကို အဖြူရောင်နဲ့ ပြပေးပါတယ်…

စိတ်ကြိုက် select ပေးပြီးပြီ ဆိုရင်တော့ OK ခလုတ်ကို နှိပ်လိုက်ပါ… နောက်ခံတွေကို select လုပ်ပြီးသား တွေ့ရပါလိမ့်မယ်…

၆. Feather လေး 1 pixels လောက် ထည့်ပေးပါဦး… (Select menu -> Feather)

၇. Delete လုပ်လိုက်ပါ… ပြီးရင် ဒီ အဖြူအမည်း ဓာတ်ပုံ လေယာကို duplicate လုပ်ပြီး HairCutout လို့အမည်ပေးထားတဲ့ ဖိုင်ထဲကို ပို့ပေးပါ…

၈. မူလ အရောင်နဲ့ ဓာတ်ပုံ လေယာနာမည်ကို color လို့ပေးပြီး၊ အဖြူအမည်း ဓာတ်ပုံ လေယာကိုတော့ bw လို့ပေးပေးပါ…

၉. Color layer ကို duplicate လုပ်ပြီး color 1 လို့ အမည်ပြောင်းပေးပါ

၉-၁. ဒီ color 1 layer ကိုရွေးထားပြီး Add Layer Mask ခလုပ်လေးနှိပ်ပေးပါဦး…

၉-၂. နောက်ခံမလိုတဲ့ဟာတွေကို select ပေး၊ color 1 layer Mask ကို click နှိပ်၊

Foreground color ကို အနက်‌ ရောင်‌ရွေးပြီး Paint bucket tool နဲ့ ထည့်လိုက်ပါ…

Select ပေးထားတဲ့ ဧရိယာ ပျောက်သွားပါလိမ့်မယ်…

Color 1 အောက်မှာ ရှိတဲ့ layer တွေ အကုန်လုံးကို မမြင်ရအောင် ခဏပိတ်ထားမယ် ဆိုရင်
အောက်ပုံထဲမှာ မြင်ရတဲ့အတိုင်း မြင်ရပါလိမ့်မယ်…


၁၀. Layer Palette ထဲက bw လေယာရဲ့ thumbnail ပြတဲ့နေရာပေါ် Control key ဖိထားပြီး click တစ်ချက် နှိပ်လိုက်ပါ…

၁၁. Color 1 Layer Mask thumbnail ပေါ်ကျတော့ Control နဲ့ Shift Key ၂-ခု တွဲနှိပ် ထားပြီး click တစ်ချက် နှိပ်ပေးပါ…
Bw နဲ့ color 1 Layer Mask ၂-ခုက ဧရိယာတွေကို ပေါင်းပြီး select လုပ်ပေးသွားတယ် ဆိုတာ တွေ့ရပါလိမ့်မယ်…

၁၂. မူရင်းဓာတ်ပုံရှိတဲ့ color layer ကို Layer Palette ထဲကနေ select ပေး ပေး ပါ… ပြီးရင်တော့ Add Layer Mask ဆိုတဲ့ ခလုတ်လေးကို နှိပ်ပေးပါ…

၁၃. ခု Bw layer ကို ဖျက်လို့ရပြီဗျာ…

၁၄. Color လို့ အမည်ပေးထားတဲ့ လေယာကို duplicate လုပ်ပေးပါ… လေယာ နာမည်က color copy လို့ပဲ ထားလိုက်ပါ… ပြီးရင် အဲဒီလေယာကို Multiply လုပ်ပေးပါ…

ပိုပေါ်ချင်သေးတယ်ဆိုရင်တော့ ဒီ color copy လေယာကို duplicate ထပ်လုပ်လိုက်ပါ…


Comments

Ad