gallery.MgHla.net

gallery.MgHla.net - ေ မာ င် လှ ရဲ့  ဓာ တ် ပုံ ပြ ခ န်း

ကျွန်တော် ဖန်တီးခဲ့သော / ဖန်တီးလျှက်ရှိသော / ဆက်လက် ဖန်တီးမည့် ဓာတ်ပုံ၊ ရုပ်ပုံ၊ လှုပ်ရှားမှု ပုံများ၊ စာသား စသည့် ဖန်တီးမှုများ အားလုံးအား a Creative Commons Attribution-NonCommercial-NoDerivs 3.0 Unported License. လိုင်စင် ရယူထားပါကြောင်း အသိပေးအပ်ပါသည်။
http://creativecommons.org/licenses/by-nc-nd/3.0/

ဝင်းသူဇာ အရောင်းဆိုင် ဈေးနှုန်းများ ပြင်ဆင် သတ်မှတ်....

စက်မှု (၁) ၀န်ကြီးဌာနမှ ဖွင့်လှစ်ရောင်းချလျှက်ရှိတဲ့ ၀င်းသူဇာအရောင်းဆိုင်များတွင် ရောင်းချလျှက် ရှိသော ကုန်ပစ္စည်းများကို ဈေးနှုန်းတိုးမြှင့် သတ်မှတ်မှု ပြုလုပ်ခဲ့ကြောင်း ဒီအပတ်ထုတ် လူထုအသံ အပတ်စဉ်ထုတ် သတင်းစာမှာ ဖော်ပြထားပါတယ်...
ထုတ်လုပ်မှု စရိတ်မြင့်တက်မှာမှုနဲ့ ၀န်ထမ်းများကို လစာတိုးမြှင့်ပေးရခြင်းတို့ကြောင့် ဈေးနှုန်း ပြင်ဆင် သတ်မှတ်ခဲ့ရခြင်းဖြစ်တယ်လို့ အမှတ် (၁) စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားကြောင်း ယင်း အပတ်စဉ်ထုတ် သတင်းစာမှာ ကိုးကား ဖော်ပြထားကြောင်းပါ... ပစ္စည်းအပေါ်မူတည်ပြီး မူလတန်းဖိုးမှ ၁၀ ရာခိုင်နှုန်း မှ ၂၀ ရာခိုင်နှုန်းအထိ အသီးသီး တိုးမြှင့်ခဲ့ကြောင်း သိရပါတယ်...
source: The VOICE weekly journal

Comments

Ad