Skip to main content

Posts

Showing posts from March, 2006

Myanmar News (မြန်မာအိုင်တီမြို့တော်)

မြန်မာပြည်မှာ အကြီးဆုံး အိုင်တီမြို့တော်ကို မန္တလေး - ပြင်ဦးလွင်မြို့ (မေမြို့) လမ်းမပေါ်ရှိ ၂၁-မိုင် အနီးမှာ တည်ဆောက်မယ်လို့ သိရှိရပါတယ်... ၎င်း အိုင်တီမြို့တော်ဟာ ဧက ၃၀၀၀ ကနေ ဧက ၁၀၀၀၀ အထိကျယ်ဝန်းနိုင်ပြီး အိုင်တီနဲ့ ပတ်သက်သော လုပ်ငန်းနှင့် ၀န်ဆောင်မှုများ လုပ်ဆောင်မှာ ဖြစ်ကြောင်းနဲ့ အင်တာနက် ၀န်ဆောင်မှုပေးရန်အတွက် မြန်မာတယ်လီပို့ ကိုပါတည်ဆောက်မည် ဖြစ်ကြောင်းသိရပါတယ်...

Ah Pyin Ah Pyay - 3.1 (အပျင်းအပြေ - ၃.၁)

Ah Pyin Ah Pyay - 3.1

ဗုဒ္ဓဘာသာဝင်ဆိုတာ ဘုရားစကား နားထောင်တာ

အားလုံးသော ဒကာ ဒကာမတွေ ဘယ်ဘာသာဝင်လဲ? “ဗုဒ္ဓဘာသာဝင်ပါဘုရား” ကိုင်း - ကလေးတွေက မေးမေး၊ တိုးရစ်တွေကမေးမေး၊ ... ဘာသာခြား ဘယ်လို ပုဂ္ဂိုလ်က မေးမေး ဖြေတတ်အောင် သင်ပေးမယ်နော်။ ဗုဒ္ဓ ဆိုတာ ဘာလဲ - ဘုရား ၊ သာသာ ဆိုတာ ဘာလဲ - စကား ၊ ၀င် ဆိုတာဘာလဲ - နားထောင်တာ ။ ဒီတော့ ဗုဒ္ဓဘာသာဝင်ဆိုတာ ဘာလဲဆိုတော့ ဘုရားစကားနားထောင်တာနော်။ မိုးကုတ်မြို့ ကုန်းမြင့်သာယာရပ် ဓမ္မရံသီရိပ်သာ ပဓာနနာယက ကမ္မဋ္ဌာနာစရိယ နယ်လှည့်ဓမ္မကထိက ဘဒ္ဒန္တ သုနန္ဒ ဟောကြားသော “ဗုဒ္ဓဘာသာ ငါးမျိုးနှင့် သစ္စာလေးပါးတရားတော်” စာအုပ်မှ ကောက်နှုတ်သည် . . .

Ah Pyin Ah Pyay - 3 (အပျင်းအပြေ - ၃)

Ah Pyin Ah Pyay - 3 အပျင်းအပြေမှ တကယ့်အပျင်းအပြေပါပဲ... ခင်ဗျားတို့ အမြင်မှာ ရှုပ်နေမလားမသိ...

Thanks My Friends...

ကျတော့်ရဲ့ blog လေးကို လူသိများအောင် link တင်ထားပေးသူများကို ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျား... အထူးသဖြင့် မဒီဂျွန် နဲ့ ကိုညီလင်းဆက် ကို ပိုပြီး အထူးကျေးဇူးတင်ရှိပါတယ်... ၀င်ရောက် ဖတ်ရှုနေသူ သူငယ်ချင်းမိတ်ဆွေ အပေါင်းအားလည်း အထူးအထူး ကျေးဇူးတင်ရှိကြောင်း ပြောကြားပါရစေဗျာ... မောင်လှ ဟာ ငပျင်းပါ... မောင်လှ အသစ် အသစ်တွေ မတင်နိုင်တဲ့ အချိန်ကာလများမှာ ၀င်ရောက်ဖတ်ရှုသူတွေကို အရမ်းအားနာတယ်ဗျာ... မောင်လှ ပေးတဲ့ သတင်းတွေ မှာ သတင်းအမှားတွေပါလာရင် ပြည်သူထဲကထွက်လာတဲ့ ကောလဟာလလို့ပဲ သတ်မှတ်ပေးကြပါ... ဘာဖြစ်လို့လဲဆိုတော့ မောင်လှဟာ သတင်းထောက် တစ်ယောက်မဟုတ်လို့ပါပဲ... အင်တာနက် သုံးဖို့ အခွင့်အလမ်း ရှိနေသ၍ မောင်လှရဲ့ စိတ်ထွက်ပေါက်တွေ ၊ မန္တလေးနဲ့ ပတ်သက်တဲ့ သတင်းတွေ ၊ အတင်းတွေ ၊ မောင်လှ အာရုံရသလို လုပ်ထားတဲ့ ဒီဇိုင်းတွေကို ဆက်လက်လုပ်ကိုင် ရေးသားနေဦးမယ်ဆိုတာ အသိပေးရင်း သူငယ်ချင်း ရောင်းရင်း အပေါင်းတို့ကို ကျေးဇူးအထူးတင်ရှိကြောင်းပါခင်ဗျား... P.S. Search Engine ထဲကရှာဖွေပြီး လာရောက် ဖတ်ရှုသူများကိုလည်း ကျေးဇူးတင်ရှိကြောင်းပါ... အားမလို အားမရ ဖြစ်ကြရင် မောင်လှကို ဆဲဆိုနိုင်ကြောင်းပါ...

Ah Pyin Ah Pyay - 2.5 (အပျင်းအပြေ - ၂.၅)

Ah Pyin Ah Pyay - 2.5 ရေးဆေးထူလပြစ်နဲ့ ဆွဲထားတာပေါ့ဗျာ...

Ah Pyin Ah Pyay - 2 (အပျင်းအပြေ - ၂)

Ah Pyin Ah Pyay - 2 ကျတော့် ဓာတ်ပုံကို စုတ်ချက် ကြမ်းကြမ်းနဲ့ ပြန်လည် ရေးဆွဲပြီး မူးရင်းဓာတ်ပုံနဲ့ ပေါင်းစပ်ထားတာပါ... ခုဘာစိတ်ကူး ပေါက်မှန်း မသိပါဘူးဗျာ... စုတ်ချက်ကြမ်းကြမ်းရေးချက်တွေကို ကြိုက်နေတယ်ဗျ...

Ah Pyin Ah Pyay - 1 (အပျင်းအပြေ - ၁)

Ah Pyin Ah Pyay - 1

Mandalay, Myanmar News or Gossip ... ?

အမှန်တကယ်လား ကောလဟာလလားတော့ မသိပါ... ၀က်သားမှာလည်း ပိုးတွေ့လို့ (ဘာပိုးလဲတော့မသိပါ) မန္တလေးမြို့ အချို့ဈေးများမှာ အရောင်းပိတ်ထားတယ်လို့ ကြားသိရကြောင်းပါ...

Photo Exhibition of Saya Nyi Pu Lay (Son of Ludu Daw AhMar), Mandalay News

မန္တလေးမြို့ရဲ့ အဆင့်အမြင့်ဆုံး Skywalk Shopping Mall အသစ်ကြီးမှာ စာရေးဆရာ ညီပုလေး (အမေ လူထု ဒေါ်အမာရဲ့သား) ရဲ့ ဓါတ်ပုံပြပွဲကို Orange supermarket ရဲ့ အ၀င်ဝ promotion area မှာ ပြုလုပ်နေပါတယ်... မတ်လ (၃၁) ရက်နေ့အထိ ပြုလုပ်မယ်လို့ ဆရာ ညီပုလေးကိုယ်တိုင် ပြောကြားခဲ့ပါတယ်... ဆရာ ညီပုလေးရဲ့ ခွင့်ပြုချက်ရရင် ပြပွဲမှာ ပြသထားတဲ့ ဓါတ်ပုံများကို တောင်းပြီး တင်ပေးပါ့မယ်...

Salaries Rise, Not Gossip (Myanmars News)

အစိုးရ ၀န်ထမ်းတွေရဲ့ လစာ အမှန်တကယ်တိုးတာပါ... ဧပြီလ (၁) ရက်နေ့ကနေ စပြီး ခံစားခွင့်ရှိမှာဆိုတော့ ဧပြီလအတွက် လစာထုတ်တဲ့ အချိန်မှ ယခု တိုးတဲ့ လစာကို ခံစားရမယ်ထင်ပါတယ်... ဒီကောလဟာလ လိုလို သတင်းလိုလို ထွက်တဲ့ အချိန်ကစပြီး တက်တာက ကုန်ဈေးနှုန်းပါ... မန်းလေးက ရွှေဆိုင်တွေဆို အရမ်းစည်တယ်ဆိုပဲ... စသတင်းပြန့်တဲ့နေ့မှာ ရွှေဈေး ၃.၅သိန်း ကနေ ၃.၆ သိန်းထိရောက်သွားတယ် ဆိုပဲဗျ... မနေ့ကတော့ ၃.၈၈ သိန်းလောက်ရှိတယ်လို့ သိရတယ်... ဒီနေ့တော့ ဒီထက် ပိုတက်လိမ့်မယ် ထင်တယ်ဗျ... မနေ့က အချိုမှုန့် ၀ယ်တာ မနက်ပိုင်းက ၆၀၀-ကျပ်တဲ့ ညနေဘက် ၀ယ်တော့ ၆၅၀-ကျပ်တဲ့... အစိုးရ ၀န်ထမ်းတစ်ယောက်ကို ဗျူးကြည့်တော့ လစာမတိုးချင်ပါဘူးတဲ့... ဘာဖြစ်လို့လည်း ဆိုတော့ ကုန်ဈေးနှုန်းတွေ လိုက်တက်ပြီး ပိုက်ဆံအရေအတွက် အများကြီး ကိုင်ရမှာပဲတဲ့... ဘာမှ သိပ်ထူးမှာ မဟုတ်ဘူးလို့ သူထင်တယ်တဲ့လေ... ကျတော်တို့ ကုမ္ပဏီ ၀န်ထမ်းတွေတော့ လစာ မတိုးသေးဘူးဗျာ... ဆုတောင်းပေးကြပါဦး... ကျတော်တို့ အရပ်သားတွေ လစာတိုးဖို့နဲ့ ကုန်ဈေးနှုန်းဆက် မတက်စေဖို့ ...

Banner Design

for banner

Salary (Myanmar News)

အင်း ၁၀-ဆ ဖြစ်သွားပြီတဲ့... ကျတော်တို့တော့ မဖြစ်သေးပါဘူး... သူတို့ ဖြစ်သွားကြတာလေ... ခဏနေ လက်ဖက်ရည်ဆိုင်မှာ ကော်ဖီသောက်ရင်း မုန့်စားသွားလိုက်ဦးမယ်... ခါတိုင်းတော့ ၃-ယောက်သွားရင် အလွန်ဆုံးမှ ၁၂၀၀-ကျပ်လောက်ပဲ... နောက်ကျရင် တစ်သောင်းလောက် ကုန်မလဲ မသိ... နောက် ၁၀-နှစ်လောက်မှ ဖြစ်ပါစေလို့ ဆုတောင်းနေတယ်ဗျာ... ဘာထူးလဲ...

ကျတော် နဲ့ အလုပ် (Job)

ကျတော်တို့ မန်းလေးမှာ ပြီးခဲ့တဲ့နှစ် သင်္ကြန်ကစပြီး ဗီနိုင်းထုတ်တဲ့ စက်ကြီးတွေ ရောက်လာပြီး အပြိုင်အဆိုင် ဈေးလျော့ပြီး လုပ်ပေးကြတာ... တစ်ပေ ပတ်လည်ကို ၂၅၀-ကျပ် ၀န်းကျင်လောက်အထိ ဈေးတွေ လျော့ကြကုန်ရော... အမြဲတမ်းအပ်နေကြသူတွေဆို တစ်ပေ ပတ်လည်ကို ၁၈၀-၂၀၀ ကျပ်ဝန်းကျင်နဲ့ လုပ်ပေးကြတယ်ဗျ... သိန်း ၁၀၀ ပတ်ဝန်းကျင်ရှိတဲ့ ဗီနိုင်းထုတ်တဲ့ စက်ကြီးတွေ ရင်းပြီး လျော့ဈေးနဲ့ သူတို့ ဘယ်လို အလုပ် ဖြစ်နေကြလဲတော့ ကျတော် ဥာဏ်မမှီပါ... အဲဒီ လုပ်ငန်းတွေမှာ ကိုယ်ပိုင် ဒီဇိုင်းနာတွေ ထားကြတယ်ဗျ... အဲဒီ ဒီဇိုင်နာတွေရဲ့ လစာက ကျတော်သိသလောက် တစ်ကို ၅၀၀၀၀-ကျပ် မှ ၁၀၀၀၀၀-ကျပ် အတွင်းပဲ ရကြတယ်ဗျ...အမြဲအပ်နေတဲ့ ကုမ္ပဏီတွေဆို တစ်ပေပတ်လည်ကို ၁၈၀-ကျပ်ထုတ်ခ ယူပြီး ဒီဇိုင်းတောင် အလကားမတ်တင်း လုပ်ပေးကြတယ်ဗျ... ကျတော်တောင် စဉ်းစားနေတာ ကွန်ပျူတာအလုပ် မလုပ်စားတော့ဘဲ... ဆိုက္ကားနင်းစားရင် ကောင်းမလားလို့ပါ... ဟိုနား ဒီနား ၅၀၀-ကျပ်ဖြစ်နေတာ ဆိုတော့လေ... ဂုဏ်မရှိတာကလွဲရင် သူတို့က ကျတော်တို့လို ၀န်ထမ်းတွေထက် ပိုက်ဆံပိုရတယ်ဗျ... ကျတော် အခု ဘာအလုပ်လုပ်နေလဲ ဆိုတော့ နည်းနည်းပါးပါး တတ်ထားတဲ့ ကွန်ပျူတာ ပညာနဲ့ လုပ်တတ်တဲ့ အောက်ခြေသိမ်းအလုပ် အကုန်

ကြက်ငှက် တုတ်ကွေး ကာကွယ်နည်းအချို့ (Bird Flu)

Native Myanmar Forum မှာ Pretty Princess ရေးထားတာကို ပြန်လည် ကူးယူ ဖော်ပြတာပါ ...[ Link ] လူလူချင်းကူးစက်နိုင်တဲ့ နည်းလမ်းတွေကတော့.. နှာချေလို့ထွက်တဲ့ အရည်အစက်တွေ ကနေ ၊ နှပ်ရည်တို့ သလိပ်တို့ကနေ.. ဗိုင်းရပ်စ်တွေ ပါနိုင်ပါတယ်။ အဲဒါကြောင့် သည်ရောဂါ ပြန့်ပွားမှု ကာကွယ်နိုင်တဲ့ နည်းလမ်းကောင်းတစ်ခုဟာ"လက်ဆေးပါ" ဆိုတာဖြစ်နေတာပါ။ သည်ဗိုင်းရပ်စ်ဟာ လေထဲမှာ မရှိပါဘူး.. ဒါကြောင့် အသက်ရှူရင်း ကူးမှာမဟုတ်ပါ..။ ငှက်တွေခေါင်းပေါ်က ပျံနေရုံနဲ့ ကိုယ့်ဆီကူးမှာ မဟုတ်ပါဘူး..။ လူလူချင်း ကူးနိုင်တာတွေ ပြောပါမယ်။ သိသလောက် ပြောတာမို့ ပိုသိသူများက ပြင်ဆင် ဖြည့်စွက်ပေးကြပါ။ မသိသေးသူများက ဖတ်ပြီး ရှောင်ရန် ဆောင်ရန်များ လုပ်နိုင်ရန်ပါ။ သည်လိုနည်းနဲ့ ရောဂါ ပျံ့ပွားမှု ကို တစ်ဘက်တစ်လမ်းက လျှော့ချနိုင်သလို.. အကြောက်မလွန်ကြဖို့လည်း ရည်ရွယ်ပါတယ်။ နည်းနည်း နည်းနည်း ပြန်ဖတ်သွားပြီး၊ အချိန်ရသလို တင်ပေးသွားပါမယ်။ ဘတ်ဒ်ဖလူ(Bird Flu) ဖြစ်နေတယ် လို့ သံသယရှိနိုင်တဲ့ လူတစ်ယောက် (နှာစေး၊ ချောင်းဆိုး ဖြစ်နေတဲ့လူပေါ့၊ ရိုးရိုးနှာစေးတဲ့လူဆိုလည်း သံသယထားလိုက်) က ပါးစပ်နဲ့ နှာခေါင်းကို မအုပ်ဘဲ နှာချေလိုက်တယ်။ အစက်အမွှားလေးတွေ က

ကျတော် နဲ့ ဆေးခန်း

မောင်လှရေ ... အမေ ဆေးရုံတက်ရတဲ့ အကြောင်း ရေးဦးမှပဲ ... အမေ့ကို ဆေးရုံတင်စရာလိုလားလို့ အိမ်နားဆေးခန်းက ဆရာဝန်ကိုမေးတော့ ဆေးရုံကြီးက ပစ်ထားလိမ့်မယ် ဘာမှ မထူးဘူး... အပြင်ဆေးခန်း တင်ဆိုတာနဲ့ ညိမ်း ဆေးခန်းသွားတာလေ ... ပိုက်ဆံတတ်နိုင်တဲ့ လူတွေ အတွက် ကောင်းပါရဲ့ ... ရေအိမ်ထဲမှာ ဘယ်သူ လက်ကမြင်းပြီး ရေးသွားလဲမသိ... ´သိန်း မပါရင် ညိမ်း မလာနဲ့` ဟုတ်တယ်ဗျ ... တော်တော်မှန်တယ်... ဘယ်လောက် ကုန်မယ် မသိသေးဘူး စပေါ် (၁) သိန်းတင်ပါတယ်... အမေ ဆေးခန်းဆင်းတော့ တကယ်ကုန်တာ ၄-သောင်း ကျော်ကျော်လေးပါ... စိတ်မကျေနပ်တာ တစ်ခုက ဆေးရုံဆင်းဖို့ ဆရာဝန်စောင့်နေရတာ နေ့လည် (၁၂) နာရီကျော်သွားတာနဲ့ပဲ နောက်တစ်ရက်စာ အခန်းခ ထပ်ယူလိုက်လေရဲ့... ဘယ်လိုပြောရမလဲဆိုတော့ တည်းခိုခန်းနဲ့ကို တော်တော် တူနေပြီ... မနက်ကတည်း လူနာက ဆေးရုံဆင်းချင်တာကို ဆရာဝန်ကြီးဆီ ဖုန်းဆက်ပြီး လှမ်းမေးပေးလို့ မရဘူးလားမသိ... ၂-နာရီလောက် ကျော်သွားတာကို နောက်တစ်ရက်စာ အခန်းက ထပ်ယူတာတော့ လောဘကြီးလွန်းတယ် ထင်တာပဲဗျာ... ပြီးတော့ သမီးမွေးတုန်းက ဆေးခန်းကြီးလိုလည်း မဟုတ်ဘူး... အခန်းကတင်မက service fees ဆိုပြီးတော့လည်း ထပ်ယူထားလေရဲ့... ဒါပေမယ့် အမေ ကျန်းမာတာ မြင်တော့ ဘာ

Mandalay News (Mandalay Electricity)

ကျတော်တို့ မန်းလေးမှာ လျှပ်စစ်မီးပေးတဲ့ ပုံစံက ဒီလိုပါ... ပထမနေ့ ညနေ (၆)နာရီ ကနေဒုတိယနေ့ နေ့လယ် (၁၂) နာရီအထိပါ... မီးလာပါတယ်... ဒုတိယနေ့ နေ့လယ် (၁၂)နာရီကနေတတိယနေ့ နေ့လယ် (၁၂)နာရီ အထိ မီးပျက်ပါတယ်... တတိယနေ့ နေ့လည် (၁၂)နာရီ ကနေ အဲဒီနေ့ ညနေ (၆) နာရီ အထိမီးလာပါတယ်... တတိယနေ့ ညနေ (၆)နာရီက မီးပျက်တာ နောက်နေ့ ညနေ (၅) နာရီအထိပါ... ပြီးရင်တော့ တစ်ပတ်ပြန်လည်ပါမယ်... သုံးရက်ပေါင်း (၂၄) နာရီ လျှပ်စစ်မီးပေးတဲ့ စနစ်ပါ... ခုနောက်ပိုင်း လာချိန်ထက် ပျက်ချိန် ပိုများပါတယ်... ညဘက် လာမယ့်ရက်တောင်မှ လာတဲ့အချိန်ထက် ပျက်တဲ့ အချိန် ပိုများပါတယ်...

Mandalay News

လမ်းဘေး ပလက်ဖောင်းများပေါ်တွင် ထားရှိသော မီးစက်များကြောင့် ခြေကျင်ခရီးသွား ပြည်သူများ ယာဉ်အန္တရာယ်ရှိနိုင်သည့်အပြင် လျှပ်စစ်အန္တရာယ်များလည်း ဖြစ်လာနိုင်သောကြောင့် ပလက်ဖောင်းပေါ်ရှိ မီးစက်များကို အမြန်ဆုံးရှင်းလင်း ဖယ်ရှားကြရန် မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ (MCDC) က သတိပေးနှိုးဆော် ထားကြောင်း သိရပါသည်...

Mandalay News (Bird Flu in Mandalay)

မန္တလေးမှာ နေတဲ့ ကျတော် မောင်လှက ဘာမှ မသိပါဘူး.... ကိုညီလင်းဆက်ရဲ့ blog ကနေ ပြန်ကူးယူတင်ထားတာပါ... Tuesday, March 14, 2006 Bird Flu in Myanmar မြန်မာပြည်မှာ ကြက်ငှက်တုပ်ကွေး ဖြစ်နေတာကို အစိုးရက ပထမဆုံး ကြေငြာပါပြီတဲ့ ခင်ဗျား။ မန်းလေးက အောင်မြေသာဇံမှာ ကြက်တွေ ကြက်တွေ သေလိုက်ကြတာ သောက်သောက်လဲပါတဲ့။ လူအသေအပျောက် ကိုတော့ မကြေငြာပါဘူးတဲ့။ ဒါပေမယ့် လွန်ခဲ့တဲ့လက မန်းလေးက သူငယ်ချင်းတစ်ယောက် ရဲ့ မောင်လေး အဲဒီရောဂါနဲ့ ဆုံးပါးသွားတယ်လို့ သတင်းရရှိပါတယ်။ ရန်ကုန်မှာလည်း ဖြစ်လာနိုင်ပါတယ်။ အားလုံး ခုအချိန်မှာ ကြက်သားလုံးဝ မစားသင့်ပါဘူး။ ကျွန်တော်တို့ဆီက ဘယ်လို ထိန်းချုပ်သလဲ ဆိုတာ မသိရတော့ အလွန် စိုးရိမ်ဖို့ ကောင်းပါတယ်။ သေရင်တောင် ဒါနဲ့ သေတယ်ဆိုတာ သိကြပါ့မလား ထုတ်ပြန်ပါ့မလား မသိပါဘူးဗျာ။ သတင်းအစုံအလင်ကို ဒီနေရာမှာ ဖတ်ပါခင်ဗျား။ [ Click ]

Mandalay News

မနေ့က မနက် (၁၀)နာရီလောက်ကဖြစ်မယ်ထင်တယ်ဗျ .... မေမြို့သွားတဲ့ လမ်း မြို့အထွက်နားမှာရှိတဲ့ ဓာတ်ဆီဆိုင်တန်း မီးလောင်တာ ဓာတ်ဆီဆိုင် ၂-ဆိုင်ပါသွားတယ်လို့ ကြားတယ်... မနေ့ရဲ့ မနေ့ကလည်း ဗြစ်စက်ရုံနား (ဘီယာစက်ရုံ) က လက်ဖက်ရည်ဆိုင် တစ်ဆိုင်လည်း မီးလောင်တယ်တဲ့ဗျို့.... သင်္ကြန်စာမှာ သိကြားမင်းက မီးတုတ် ၂-ခု ကိုင်ပြီးဆင်းလာတယ် ပြောတာပဲ.... သေချာအောင် သင်္ကြန်စာ သွားကြည့်လိုက်ဦးမယ်... ခဏစောင့်ဗျာ... ဟုတ်ပါဘူးဗျာ.... နွားလားဥသဘစီးပြီး လက်တစ်ဖက်က ပုဆိန်၊ တစ်ဖက်က တံစဉ်းကိုင်ပြီး ဆင်းတာပါ... လူတွေများ လျှာအရိုး မရှိတိုင်း ပြောတတ်လိုက်ကြတာ...

Aye Chan Nyein's Photos

ကျတော့် သမီးလေး အေးချမ်းငြိမ်းရဲ့ ဓါတ်ပုံပါ... ဒီလ (၇)က်နေ့က (၇) လပြည့်တာပါ...

အိမ်ဖော် ...

မောင်လှရေ... ပြောဖို့ မေ့နေတဲ့ အကြောင်းတွေ ပြောချင်ပါသေးတယ်... မေ့နေတာလည်း မဟုတ်ပါဘူး... အားတဲ့အချိန်မှာ အင်တာနက်နှေးကွေးလို့ မတင်ဖြစ်တာလည်း ပါတာပေါ့...အင်း .. သမီး ၂-လ သားလောက်ကတည်းက အိမ်ဖော် ရှာတာ ၆-လခွဲသားလောက်အထိ ရကို မရနိုင်ဘူး... တော်တော် ရှားတဲ့ အိမ်ဖော်ပဲ... ရမယ့်ရတော့ နှစ်ယောက်တောင်ရတယ်... တစ်ယောက်က သမီးအတွက် ... တစ်ယောက်ကိုတော့ ယောက္ခမအိမ်ပို့လိုက်တယ်... ယောက္ခမအိမ်ပို့လိုက်တဲ့ တစ်ယောက်က တစ်ည အိပ်ပြီး နောက်နေ့ တောင်းဆိုတာတွေများလို့တဲ့ ယောက္ခမက ပွဲစားအိမ်ပြန်ပို့ လိုက်လေရဲ့... အဲဒီ တစ်ယောက်က ကလေးပဲ ထိန်းချင်တာတဲ့လေ... သင်္ကြန်လည်း လည်ချင်သေးတယ်တဲ့... သူငယ်ချင်းတွေလာတွေ့ရင်လည်း လိုက်လည်ချင်သေးတယ်တဲ့... ရွာလည်းပြန်ချင်တယ်တဲ့.... တောင်းဆိုမှုတွေ များမှများတဲ့... အိမ်မှာခေါ်ထားတဲ့ တစ်ယောက်က စကားများတာကလွဲရင် မဆိုးပါဘူး... အရာရာကို သိတဲ့ တတ်တဲ့ ဆရာမကြီး စတိုင်နဲ့ပေါ့... မေ့တတ်တာလေးတွေလည်း ရှိသေးတယ်ပေါ့... အင်း .. သူလည်း ဘယ်တော့ တောင်းဆိုမှုတွေ လုပ်မလဲမသိ ... သြော် အိမ်ဖော် ... အိမ်ဖော် ...

WordPress & Me

ကိုညီလင်းဆက် ရဲ့ blog ကို ဖတ်ပြီးမှ wordpress ကို download လုပ်ပြီး သုံးလို့ ရတာသိခဲ့ရတယ်... အခုစမ်းကြည့်တာ မဆိုးဘူးပဲ... ကြိုက်တော့ ကြိုက်နေပြီ... ကိုယ်ပိုင် hosting မတင်နိုင်သေးဘူးဆိုတော့ စမ်းပဲ စမ်းကြည့်ဦးမယ်... အခုတော့ http://www.htooeainthin.com/mghla မှာ ကပ်တင်ထားတယ်... စမ်းသပ် အဆင့်ပဲ ရှိသေးတယ်...

ဒေါက်တာသန်းထွန်း ပြောတဲ့ ရိုးရာ ၀တ်စုံ

တို့ဘိုးဘွားတွေ ဘောင်းဘီ ၀တ်တယ်။ ဘောင်းဘီ ၀တ်ခဲ့တာ အနှစ် ၄၀၀၀ ဆိုရင် လုံချည်ဝတ်တာ အနှစ် ၆၀၀ လောက်ပဲရှိသေးတယ်။ ဘောင်းဘီ ၀တ်တာ ရိုးရာ၊ လုံချည်ဝတ်တာ ကုလား (Tamil) စရိုက်၊ ရှပ် ၀တ်တာ ဥရောပ စရိုက် ဒီလောက်တော့ သိထားသင့်တယ်။ ဒေါက်တာ သန်းထွန်း ရဲ့ "ငါပြောချင်သမျှ ငါ့အကြောင်း" စာအုပ်မှ ...

NativeMyanmar.com

ကျတော်အရင်တုန်းကနေ ခုထက်ထိပေါ့ဗျာ... ပုဂံနက်ရဲ့ Forum မှာ မွေ့ပျော်ခဲ့တယ်ဗျ... ဒါပေမယ့် နောက်ပိုင်း တဖြည်းဖြည်း အဲဒီမှာ ရေးရတာ တော်တော်လေး ငြီးငွေ့လာခဲ့တယ်... ခုတင်လိုက်တဲ့ post ဟာ နောက် ၂-ရက် ၃-ရက်လောက် နေမှ ပေါ်တာမျိုးတွေ ဖြစ်လာလို့လေ... ပြီးတော့ တင်ပေမယ့် တက်ချင်မှလည်း တက်တာကိုး ... အဲဒါနဲ့ ရတနာမှာ သွားရေးကြည့်တယ် ကျတော်နဲ့ အဆင် သိပ်မပြေချင်ဘူးဗျာ... စိတ်ပိန်နေတဲ့အချိန်မှာ မောင်ဇန် က ၂၀၀၆ ခုနှစ်ရဲ့ နှစ်သစ်ကူး လက်ဆောင်ဆိုပြီး Native Myanmar Forum လေး လက်ဆောင်ပေးခဲ့တယ်ဗျ... ခုရေး ခုတက်တဲ့ နေးတစ်မြန်မာမှာ ကျတော် အခု ပျော်မွေ့နေပြီဗျာ... ပုဂံကိုလည်း ကျတော် လက်မလွှတ်သေးဘူးဗျ... ကဲ .. သူငယ်ချင်းများ ကျတော်တို့ရဲ့ Native Myanmar Forum ကို အလည်လာရောက်ကြပါဦးလို့ ဖိတ်ခေါ်ပါတယ်ဗျာ...